Thursday, January 09, 2014

သြစီက မိသားစု ပေါင်းစည်းရေး ဗီဇာစနစ် ပိုမိုတင်းကြပ်


သြစတြေးလျနိုင်ငံကို ​ဒုက္ခသည်အဖြစ်ရောက်ရှိလာသူတွေ ​မိမိရဲ့ ​မိသားစုတွေကို ​ပြန်ခေါ်ဖို့ ​ကြိုးစားတဲ့ နေရာမှာ ​ပိုမိုခက်ခဲသွားမယ့် ​အစီအစဉ် ​တခုကို ​သြစတြေးလျ ​ပြည်နယ်အစိုးရက ​လုပ်ဆောင်လိုက် ပါတယ်။

အဲဒါကတော့ ​လှေနဲ့ ​ရောက်ရှိလာတဲ့ ​ဒုက္ခသည်တွေဟာ ​မိသားစု ​ပြန်လည် ​ဆုံဆည်းခွင့် ​ဗီဇာကို ​လျှောက် မယ်ဆိုရင် ​အစကနေပြန်ပြီး ​တန်းစီရမယ်လို့ ​လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ​Scott ​Morrison ​က ​ဆိုလိုက် ပါတယ်။

အဲဒါကြောင့် ​၂၀၀၁ ​ခုနှစ်က ​စပြီး ​ရောက်လာတဲ့ ​ဒုက္ခသည်တွေကနေ ​စလို့ ​အကျိုးသက်ရောက်မှာ ​ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံကို ​တရားဝင်ရောက်ရှိလာသူတွေထက်ပိုပြီး ​လှေနဲ့ ​ရောက်လာတဲ့ ​သူတွေကို ​ဦးစားပေး သွားမှာ ​မဟုတ်ဘူးလို့ ​လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ​Scott ​Morrison ​ရဲ့ ​အစီရင်ခံစာထဲမှာ ​ပါရှိပါတယ်။

ABC

No comments:

Post a Comment

My Blog List