Friday, November 22, 2013

ကုလဆုံးဖြတ်ချက် မြန်မာကန့်ကွက်

Friday, November 22, 2013 
ရိုဟင်ဂျာလို့ ကိုယ့်ကိုကိုယ်ခေါ်နေကြတဲ့ အစ္စလာမ်ဘာသာဝင် မျိုးနွယ်စုကို နိုင်ငံသားအဖြစ် အသိအမှ တ်ပြုဖို့ ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချပြီး ဖိအားပေးတာကို လက်မခံကြောင်း မြန်မာအစိုးရက တုံ့ပြန်ြေ ပာဆိုလိုက်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေေ ထွညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြ တ်ချက်တစ်ရပ် ချမှတ်ခဲ့ရာမှာ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးေ လးစားစားနဲ့ အပြည့်အ၀လိုက်နာမှု သေသေချာချာ ရှိအောင်ဆောင်ရွက်ဖို့၊ ရိုဟင်ဂျာလူ နည်းစုကို နိုင်ငံ သားအဖြစ် အပြည့်အ၀ အသိအမှတ်ပြုဖို့ တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂ ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ခေါင်းေ ဆာင် မြန်မာသံအမတ်ကြီး ဦးကျော်တင်က ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာလို့ သုံးစွဲထားတဲ့အပေါ် ကန့်ကွက်ခဲ့ ပါတယ်၊ ဒါ့ပြင် ဆုံးဖြတ်ချက်မှာ ထည့်သွင်းထားတဲ့အတွက် ဒီကိစ္စကို အသိအမှတ်ပြုတယ်လို့ မယူဆ သ င့် ကြောင်း ပြောကြားခဲ့ပြီး၊ နိုင်ငံသားဖြစ်ခွင့် အပါအ၀င် မြေပိုင်ဆိုင်ခွင့်၊ ရွှေ့ပြောင်းသွားလာခွင့် စတဲ့ တော င်း ဆို ချက်တွေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ဥပဒေတွေ၊ လုံခြုံရေးအခြေအနေတွေအရ သင့်တော် သ လို စဉ်းစားဆင်ခြင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကုလသမဂ္ဂအစည်းအဝေးအတွင်း တုန့်ပြန်ပြော ကြား ခဲ့ပါတယ်။

ဒါ့ပြင် သမ္မတ ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကလည်း
အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို လုံးဝလက်မခံပါဘူး။ ရခိုင်ပြည်န ယ်အတွင်း မှာရှိနေတဲ့ ဘဂါင်္လီလူမျိုးတွေထဲက ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ကိုက်ညီသူတိုင်း နိုင်ငံသားပြုခွင့် ရမှာဖြစ်ပါ တ ယ်၊ မကိုက်ညီသူတွေကိုတော့ ဘယ်သူက ဖိအားပေးပေး နိုင်ငံသားပြုခွင့်မပေးနိုင်ပါဘူး၊ ဒါဟာ အချုပ် အခြာ အာဏာပိုင်ခွင့်ဖြစ်ပါတယ်၊ အမေရိကန်၊ ဗြိတိန် စတဲ့ အနောက်ဒီမိုကေ ရစီ နိုင်ငံတွေမှာ လည်း နိုင် ငံသာြး ဖစ် ခွင့်ဆိုင်ရာ ဥပဒေစည်းမျဉ်းတွေရှိကြပြီး၊ အဲဒီ ဥပဒေတွေနဲ့ မကိုက်ညီရင် ဘယ်သူကပြေြာေ ပာ နိုင်ငံသားဖြ စ်ခွင့်ပေးကြမှာ မဟုတ်ပါဘူး၊ မြန်မာမှာလည်း ဒီသဘောပဲဖြစ်ပါတယ်၊ ပြီးတော့ အစိုးရ ကေ ဆာင်ရွ က်နေတဲ့ စာရင်းကောက်ယူရေးလုပ်ငန်းတွေမှာ ဘင်္ဂါလီလူမျိုးတွေက ပူးပေါင်းဆောင် ရွက်ဖို့ ငြင်းဆန်ေ နတာကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ ထောက်ပြဖို့လိုပါမယ်လို့ သူ့ ရဲ့ Facebook စာ မျ က်နှာမှာ ဖေါ်ပြထားပါတယ်။

ဒါ့ပြင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီရဲ့ ဆုံးဖြတ်ချက်ဟာ မလိုက်နာမနေရ၊ မလုပ်မ နေ ရတဲ့ သဘောမဟုတ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List