Saturday, October 06, 2012
ဂီတ အစည်းအရုံးသစ်ရဲ့ ပွင့်ပွင့်လင်းလင်း အကြွေးစာရင်း
လက်ရှိ ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ဂီတအစည်းအရုံးသစ်ရဲ့ ပထမဆုံး လုပ်ဆောင်ချက်ကတော့ ရရန်ရှိ အကြွေးစာရင်း ထုတ်ပြန်ချက် ဖြစ်ပါတယ်။
ပြည်တွင်း FM ရေဒီယိုလိုင်းတွေကနေ ဂီတအစည်းအရုံးကို တေးသီချင်း အသုံးပြုခွင့်အနေနဲ့ ငွေကျပ် သိန်းထောင်နဲ့ချီပြီး အကြွေးပေးဖို့ ကျန်နေတယ်လို့ သိရပါတယ်။
ဒီလို အကြွေးကျန်နေတဲ့ FM တွေထဲက အများဆုံးဖြစ်တဲ့ မန္တလေး FM ကတော့ ကျပ်သိန်းပေါင်း ၁၇၄၀ ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က လာဆပ်သွားပြီလို့ ဂီတအစည်းအရုံး စည်းရုံးရေးမှူးဖြစ်တဲ့ အဆိုတော် သားစိုးက ဧရာဝတီကို ပြောပါတယ်။
“မြန်မာနိုင်ငံ ဂီတအစည်းအရုံးအဟောင်းနဲ့ ဈေးညှိတာတွေ ဘာတွေပေါ့၊ အဲဒီလို ညှိနှိုင်းနေဆဲ ကာလနဲ့ ကြာသွားပြီးတော့ အဲဒီလောက် ကျသွားတာပါ။ တခြား FM တွေလည်း ကျနော်တို့ ဂီတအစည်းအရုံးကို ပေးစရာတွေ ရှိပါသေးတယ်။ အရင်က ၀န်ကြီးဌာန အောက်မှာ ရှိတဲ့အခါကျတော့ ဌာနနဲ့ ညှိနှိုင်းပြီး ဖြည်းဖြည်းချင်း လုပ်ရတာ၊ ဗဟိုစနစ်နဲ့ အုပ်ချုပ်တော့ အဆင့်ဆင့် သွားရတာနဲ့ ကြာတာတွေရှိပါတယ်။ အခုကျတော့ တိုက်ရိုက် ဖြစ်လာတော့ ပိုမြန်လာတာပါ” လို့ သူက ဆိုပါတယ်။
ဂီတ အစည်းအရုံးဟောင်းလက်ထက်မှာ အကြိမ်ပေါင်း ၂၀ မက တောင်းခဲ့တဲ့ အကြွေးတွေကို မပေးသွင်းခဲ့ဘဲ အခုမှ
စပြီး လာပေးတာဖြစ်တယ်၊ တခြား FM တွေလည်း လာပေးကြလိမ့်မယ်လို့ ကိုသားစိုးက ပြောပါတယ်။
ဒါ့အပြင် ရှေ့ဆက်ပြီး ဂီတအစည်းအရုံးရဲ့ လုပ်ဆောင်ချက်တွေကို ဘာမှ ထိန်ချန်ထားခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်း လုပ်ဆောင်သွားတော့မှာ လို့လည်း ကိုသားစိုးက ဆိုတယ်။
“ဂီတအစည်းအရုံး Facebook လည်းရှိလည်း။ ၀က်ဘ်ဆိုက်လည်း မကြာခင်ဖွင့်တော့မယ်။ ဂီတအစည်းအရုံးနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက်တွေကို အကုန်လုံး ပွင့်ပွင့်လင်းလင်း ဆက်လုပ်သွားမယ်။ ဘာမှ ထိန်ချန်ထားမှာ မဟုတ်ဘူး။ ကျနော်တို့ ထိန်ချန်စရာ အကြောင်းလည်းမရှိဘူး။ အကုန်လုံး ကောင်းကျိုးအတွက် လုပ်နေတဲ့အတွက် ထိန်ချန်စရာလည်းရှိမှာမဟုတ်ဘူး” လို့ သူက ရှင်းပြတယ်။
မစပ်စု သဘောကျမိတာကတော့ ပွင့်လင်းမြင်သာမှုတွေ ရှိလာတဲ့ ဒီခေတ်ကြီးမှာ ဂီတအစည်းအရုံး အသစ်ရဲ့ ပွင့်ပွင့်လင်းလင်း ကြွေးစာရင်း ဖော်ပြမှုကြောင့် ရလဒ်အဖြစ် အကြွေးတချို့ စရလာပြီ ဆိုတဲ့အကြောင်း …။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment