ပြည်ထောင်စု မြန်မာနိုင်ငံမှ နေ၍ အမေရိကန်နိုင်ငံ ၊ပြည်နယ် ဒေသ
အနှံ့အပြားသို့ လှည့်လည် ကြွရောက်ကာတရားဟောသာသနာပြုလျက်ရှိ သောဓမ္မာစရိယ၊ဂဏဝါစကနိုင်ငံကျော်ဓမ္မကထိက
ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟ သည်
ယခု စနေ၊
တနင်္ဂနွေ သီတင်းပတ် အောက်တိုဘာ ၁၃၊ ၁၄ ရက်များတွင် အယ်လ်အေမြို့တော်၊
လပွန်တေးရပ်ရှိ (ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်း (710 Grandview Lane, La Puente, CA 91744, tel.
တရားပွဲကျင်းပရခြင်းရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော် အား မေးမြန်းလျောက်ထားရာ …
“အမာရီလို
ဒေသမှာ အခြေချ နေထိုင်ကြတဲ့ မြန်မာနိုင်ငံဖွား ဗုဒ္ဓဘာသာ အများစုရဲ့
ရင်ထဲမှာ ဓမ္မအသိ ဉာဏ် တွေ ရင့်သန်လာစေဖို့အဓိကရည်ရွယ်ပါတယ်။ ကျွဲကူး ရေပါ
အနေနဲ့ သမဏာနဥ္ဒ ဒဿန မင်္ဂလာ ကာလေန ဓမ္မသ၀နံ အစရှိသည့် မင်္ဂလာကျက်သရေ အပေါင်းနဲ့
ခညောင်း ပြည့်စုံစေကြာင်း စေတ နာကောင်းနဲ့ ဆရာတော်တွေရဲ့ တရားတော်များ
ကြားနာရပြီးနောက်မှာ မျိုးဆက်သစ် လူငယ်လေးများ ဘာသာတရား အဆုံးမများနဲ့
ရင်းနှီးကျွမ်းဝင်လာကာ မိဘမေတ္တာ သိရှိနားလည်လာစေချင်တဲ့အတွက်ပါ။ အခြေခံ
ကတော့ အမျိုး ဘာသာ သာသနာ အကျိုး ဂုဏ်ရောင်တိုးဖို့ ဒီတရားပွဲကို
စီစဉ်ကျင်းပကြမှာပါ”
ဟု မိုးမသို့ မိန့် ကြားသည်။
ရွှေည၀ါဟု မည်တွင်ရခြင်း အနက်အဓိ ပ္ပာယ်နဲ့ ပတ်သက်ပြီး ဥူးနန္ဒ၀ံသကို ဆက်လက်မေးမြန်း လျောက်ထား ရာ
“ရွှေည၀ါ
ဆိုတာ က သီးခြား အဓိပ္ပါယ်ရှိပါတယ်။ ရွှေဆိုတာက ဆရာတော်နေခဲ့တဲ့
ရွှေဟင်္သာေ ကျာင်းတိုက် ကို ကိုယ်စားပြုတယ်။ ည၀ါ ဆိုတာ ဆရာတော်
ဦးစီးဖွင့်ခဲ့တဲ့ သင်တန်းသား သံဃာတော်တွေ ညအခါ ရွတ်ဆိုလေ့လာ သင်အံတဲ့
ယမိုက် ပဋ္ဌာန်း စာဝါတွေကို ညဝါ လို့ ခေါ်တယ်။ အဲ နှစ်ခု ပေါင်း
ပြီး ရွှေည၀ါ လို
့ ခေါ်တာပါ။ သင်တန်းအကျယ်က အဘိဓမ္မာ ရွှေညဝါ သင်တန်းပါ” ဟု ဆရာတော်က
မိုးမခသို့ ရှင်းလင်းမိန့် ကြားသည်။
ရွှေည၀ါဆရာတော်၏
ဓမ္မသဘင်ပွဲများတွင် ဆရာတော်က သစ္စာလေးပါးတရားအပြင် လက်ရှိ မြန်မာနိုင်ငံရဲ
့အခြေအနေတွေ၊ သံဃာတော်တွေရဲ့ အခြေအနေများကိုပါ
ထည့်သွင်းဟောကြားသဖြင့် တရားနာပုဂ္ဂိုလ်များအတွက် အသိအမြင် ဗဟုသုတလည်း
ရရှိကြကြောင်း ယနေ့ မြန်မာ (Burma Today) သတင်းအရ သိရှိရသည်။
အမာရီလိုမြို့ရှိ
ဇေယျသုခ ဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းသည် မြန်မာနိုင်ငံအပါအ၀င်
ကမ္ဘာ့ဒေသအသီးသီးမှ နိုင်ငံကျော် ဓမ္မကဓိက တရားဟော တရားပြ အကျော်အမော်
ဆရာတော်ကြီးများ နှစ်စဉ်နှစ်တိုင်းနီးပါး ကြွရောက်ကာ တရားဟော တရားပြနေသည့်
မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ကျောင်းဖြစ်ပြီး ၂၀၁၂ စက်တင်ဘာလ
၂ ရက်နေ့ ကလည်း နိုင်ငံကျော် ဓမ္မကထိက တရားဟောတရားပြအကျော် ဆရာတော်
ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်)၏ ဓမ္မဒါန ဓမ္မပူဇာ တရားအလှူ ဓမ္မသဘင်ပွဲတော်ကို
အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
ရွှေညဝါဆရာတော်သည်
ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလနဲ့ အတူ ပြည်တွင်းတရားဟောခွင့်များကို
ပိတ်ပင်ခံခဲ့ရသည့် ဆရာတော်တပါးဖြစ်ပြီး ရန်ကုန်ဗုဒ္ဓတက္ကသိုလ် တည်ရှိရာ
ကြည့်မြင်တိုင် သာဓု ပရိယတ္တိ စာသင်တိုက်မှ ထွက်ခွာကာ ယခုအခါ ရန်ကုန်တိုင်း
မှော်ဘီမြို့နယ် တွင် ရွှေည၀ါ ကျောင်းတိုက်တော်ကို တည်ထောင်လျှက် သာသနာအကျိုး
သယ်ပိုးနေသည့် ဆရာတော် တစ်ပါး ဖြစ်သည်။
No comments:
Post a Comment