Thursday, June 07, 2012
အချိန်ပြည့် လျှပ်စစ်မီး ပေးတော့မည်ဟု ဆို
ယမန်နေ့က စတင်ကာ ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်ပြင်ပနဲ့ မန္တလေးတိုင်း မြို့နယ်တချို့ကလွဲရင် ကျန်ဒေသအားလုံးနီးပါးမှာ ၂၄ နာရီအပြည့် လျှပ်စစ်မီး ရရှိမှာဖြစ်တယ်လို့ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနက ထုတ်ပြန်ချက်ကို MRTV-4 အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။
မကြာသေးခင်က မန္တလေးမြို့မှ စတင်ခဲ့တဲ့ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ဖယောင်းတိုင် ထွန်းက ငြိမ်းချမ်းစွာ ဆန္ဒပြမှုများက မြန်မာပြည် မြို့ကြီးတွေပါမက မြို့နယ်ပေါင်း ၂၀ ကျော်လောက်ထိ ပြန့်နှံ့လာခဲ့ပါတယ်။ဒီနောက်ပိုင်း အစိုးရကလည်း မီးစက်တွေ ပေးဝေတဲ့ အစီအစဉ်နဲ့ လတ်တလော အားချင်း ဖြေရှင်းပေး မှုတွေလည်း လုပ် လာတာတွေ့ရပါတယ်။
ဒီနောက်ပိုင်း အစိုးရက လျှပ်စစ်ဖြန့်ဖြူးမှုတွေကို ပုဂ္ဂလိက လုပ်ကိုင်နိုင်ဖို့ ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံပိုင် သတင်းစာတွေက ဖိတ်ခေါ်မှုတွေလည်း ဆက်တိုက်လုပ်လာပါတယ်။
ဒါကတော့ နောက်ဆုံး ၀န်ကြီးဌာနက ပြောလာတာကတော့ ဇွန်လ ၅ ရက်က စပြီး တနိုင်ငံလုံးနီးပါး ၂၄ နာရီ အပြည့် လျှပ်စစ်မီး ရတော့မယ့် သဘောဖြစ်ပါတယ်။
တာဝန်ရှိသူ တဦး အဆိုအရတော့ ရန်ကုန်တိုင်း အတွင်းက စက်မှုဇုံတွေတော့ လျှပ်စီးမီး အချိန်ပြည့် မပေးနိုင်သေးပါဘူးတဲ့။
အခုလို အစိုးရဘက်က ကြိုးစားပေးလာတာကတော့ မင်္ဂလာသတင်းတခုလည်းဖြစ်ပါတယ်။ ဆက်လက်စောင့်ကြည့်ရအုံး မှာလည်း ဖြစ်ပါတယ်။
ဧရာဝတီ(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment