၂၀၁၂ခုနှစ် မေလ(၁၂)ရက်နေ့မှာ NLD ပါတီဥက္ကဌ (ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်၊ ပိန္နဲကုန်း ကျေးရွာအုပ်စု၊ ဆင်ခြံကျေးရွာ မှာရှိတဲ့
အောင်ဇမ္ဘူ (ပရိယတ္တိစာသင်တိုက်) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာရှိတဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကို လာရောက်မှာမယ်လို့သိရပါတယ်။ လာရောက်တဲ့ကိစ္စကတော့ အဲဒီ ဘုန်းတော်ကြီး ဂေဟာ မှာ ကော့မှူးမြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း (၁၂၅) ရွာက ဘွဲ့ရအလုပ်လက်မဲ့ တစ်ရွာကို တစ်ယောက်စီ တွေ့ဆုံဖို့အတွက် ကော့မှူးမြို့နယ် NLD အောင်နိုင်ရေးအဖွဲ့က စီစဉ်ဖိတ်ကြား ထားလိုလာရောက်မှာဖြစ်တယ်လို့သိရပါတယ်၊ အဲဒီလိုလာရောက်ရင်းနဲ့ ပညာရေးဝန်ထမ်း ဆရာတွေ၊ ဆရာမတွေကို တွေ့ဆုံဖို့ ကော့မှူးမြို့နယ်က ပညာရေးမှူး ဦးသိန်းအောင်ကို မေလ(၄) ရက်နေ့ထဲက ဖိတ်ကြားထားပေမဲ့ ဦးသိန်းအောင်က မအားလပ်လို့တာဝန်ယူနိုင်မှာမဟုတ်ဘူးလို့ အကြောင်းပြန် ထားတယ်လို့သိရပါတယ်။
ဗွီအိုအေ မြန်မာနံနက်ခင်း
-
အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇
နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့
နိုင်ငံ...
2 days ago
No comments:
Post a Comment