Wednesday, May 16, 2012
၈၈ ကျောင်းသားခေါင်းဆောင်များ ထားဝယ်ခရီးစဉ် ဟန့်တားမှုဆက်တိုက်ကြုံ
ယနေ့နံနက်၈နာရီခန့်ကထားဝယ်မြို့သို့ ရောက်ရှိလာသော၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ခရီးစဉ်အတွင်းကြိုဆိုရေးဆိုင်းဘုတ်များ ဖြုတ်ခိုင်းခြင်းခရီးစဉ်များအတွက် နေရာအခက်အခဲများကြုံရခြင်းတို့ကိုဆက်တိုက်ဆိုသလိုရင်ဆိုင်နေရကြောင်းထားဝယ်၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှကိုကျော်ကျော်သက်က ပြောကြားသည်။
ထားဝယ်မြို့မှ တဆင့် လောင်းလုံမြို့နယ်သို့ ယနေ့ နံနက်တွင် ထွက်ခွာသွားသော ၈၈ မျိုးဆက်ကျောင်းသား များ၏ ယာဉ်တန်းကို ကြိုဆိုရန် ချိတ်ဆွဲထားသည့် “၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးခရီးစဉ် “ ကို ကြိုဆိုကြောင်း ဆိုင်းဘုတ်များအား အာဏာပိုင်များမှ ဖြုတ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။
“ သူတို့ပြောတာက တရားဝင်အဖွဲ့အစည်းလဲမဟုတ်ဘူး၊ ပါတီလည်းမဟုတ်ဘူး၊ NGO လဲမဟုတ်ဘူးဆိုတော့ ဆွေးနွေးပွဲလုပ်ရင် ပရ၀ုဏ်တစ်ခုထဲမှာပဲ လုပ်ဖို့ပြောတယ်။ ခယက ဥက္ကဌ ဆီကိုတော့ ပြန်တင်ပြထားတယ်၊ ခုထိတော့ အကြောင်း မပြန်သေးဘူး “ ဟု ၎င်းက ဆက်လက်ပြောကြားသည်။
၁၆ ရက်နေ့ ကံပေါက်ခရီးစဉ်တွင်လည်း လူထုနှင့် တွေ့ဆုံဆွေးနွေးမည့် ကျောက်ကညာကျေးရွာ မှ ဘုန်းကြီးကျောင်း အတွင်း ပြင်ဆင်ထားသည့် စင်ကိုလည်း ဖျက်ခိုင်းလိုက်ကြောင်း၊ ကံပေါက်ဘောလုံးကွင်း ကို အသုံးပြုခွင့်မရသည့်အတွက် အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း ထားဝယ် ၈၈ ကျောင်းသားများအဖွဲ့မှ သိရသည်။
“ ရေဖြူ မယက ကတော့ ကံပေါက်အုပ်ချုပ်ရေးမှုးကတဆင့် ကျနော်တို့ကို ဆိုင်ကယ်နဲ့ နှစ်ယောက်လောက်ပဲ သွားကြိုစေ ချင်တဲ့ သဘောပြောတယ်။ သိုက်သိုက်ဝန်းဝန်းမဖြစ်စေချင်တဲ့ သဘောပေါ့ဗျာ “ ဟု ၈၈ ကျောင်းသားများ၏ ကံပေါက်ခရီးစဉ်အား စီစဉ်ပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။
ကံပေါက်ရှိ ဘောလုံးကွင်းနေရာအစား ပုဂ္ဂလိကပိုင် ခန်းမတစ်ခုကို စီစဉ်ထားပြီးဖြစ်ကာ ကံပေါက်ဒေသရှိ လူထု၏ လက်ရှိအခြေအနေ နှင့် အခက်အခဲများအား စာတမ်းတစ်ခုအနေဖြင့် ဖတ်ကြားဆွေးနွေးရန် စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။
“ အောက်ခြေမှာ အပြောင်းအလဲမရှိသေးဘူး ဆိုတာ ဒါတွေက သက်သေပြနေတယ် “ ဟု ထားဝယ်ဒေသခံ လူငယ်တစ်ဦး က ဝေဖန်ပြောဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားများ၏ ထားဝယ်ခရီးစဉ်အတွင်း ပထမနေ့ခရီးစဉ်အဖြစ်လောင်းလုံမြို့နယ်၊ ဒုတိယနေ့တွင် ကံပေါက်ဒေသ၊ တတိယနေ့တွင် နဘုလယ်ဒေသနှင့် မောင်းမကန်တို့သို့ သွားရောက်မည်ဖြစ်ကာ ထားဝယ်ဒေသရှိ လူမှုရေး အသင်းအဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု ထားဝယ် မျိုးဆက် ကျောင်းသားများအဖွဲ့မှ ထုတ်ပြန်သည့် လက်ကမ်းစာစောင်များတွင် ဖော်ပြထားသည်။
ယခင်သီတင်းပတ်က ၈၈ မျိုးဆက်ကျောင်းသားများ၏ ဧရာဝတီတိုင်း ပုသိမ်ခရီးစဉ်တွင်လည်း အလားတူဖြစ်ရပ်မျိုးကြုံတွေ့ခဲ့ရသည်
ဒေါင်မာန်ဟုန်(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment