Friday, March 23, 2012
မြေပိုင်ရှင်များကို ပြန်လည် တရားစွဲဆိုသည့် ရွှေနဂါးမင်း ကုမ္ပဏီ
ရွှေနဂါးမင်းကုမ္ပဏီမှမန်နေးဂျင်းဒါရိုက်တာနှင့်ဇေယျာရွှေမြေဘောလုံးအသင်းပိုင်ရှင်ဖြစ်သူဦးသူရိန်သည်စစ်ကိုင်းတိုင်းမုံရွာတောင်ကူးတို့ကုန်းကွင်းတွင်ရှိသည့်မြေပိုင်ရှင်ကိုးဦးတို့၏မြေနေရာများတွင်မုံရွာခရိုင်အားကစားကွင်းဆောက်လုပ်ရန်ဟုဆိုကာမြေပိုင်ရှင်များကိုကာလပေါက်ဈေးထက်နိမ့်ကျသောလျော်ကြေးငွေသာပေး၍၂၀၁၀ခုနှစ်တွင်အဆိုပါမြေနေရာများအားသိမ်းယူခဲ့ပါသည်။
အခုချိန်ထိသိမ်းယူထားသောမြေနေရာ
များတွင်ခရိုင်အားကစားကွင်းတည်ဆောက်ခြင်းမရှိပဲမြို့ပြအိမ်ယာစီမံကိန်းဟုဆိုကာကျပ်သိန်း၎ဝဝ၊ကျပ်သိန်း၅ဝဝစသည့်ဈေးနှုန်းများဖြင့်မြေနေရာများကိုရောင်းချခဲ့ကြသည်။ထို့ကြောင့်ထိုမြေပိုင်ရှင်ကိုးဦးအနက်သုံးဦးဖြစ်သည့်ဒေါ်စန်း၊ဦးစိုးနိုင်နှင့်ဦးလှိုင်မြင့်တို့၏မြေနေရာများသည်ကာလပေါက်ဈေးသိန်း၅ဝဝနှင့်အထက်ရှိသည့်အတွက်ထိုမြေပိုင်ရှင်များမှ၎င်းတို့၏မြေနေရာများကိုကျပ်သိန်း၎ဝဝပေးရန်တောင်းဆိုခဲ့ကြသည်။သို့သော်ရွှေနဂါးမင်းကုမ္ပဏီမှပထမအကြိမ်တွင်ကျပ်၂၅သိန်း၊ဒုတိယအကြိမ်တွင်ကျပ်သိန်း၆ဝနှင့်တတိယအကြိမ်တွင်ကျပ်သိန်း၈ဝသာပေးခဲ့သည့်အတွက်မြေပိုင်ရှင်များနှင့်ညှိနှိုင်းမှုအဆင်မပြေသောကြောင့်မြေပိုင်ရှင်များက၄င်းတို့၏မြေနေရာများမှဖယ်ရှားမပေးဘဲနေခဲ့ကြသည်။ထိုသို့ဖယ်ရှားမပေးသောကြောင့်ရွှေနဂါးမင်းကုမ္ပဏီဥက္ကဌဖြစ်သူဦးသူရိန်မှကျူးကျော်မြေဖယ်မပေးမှုဟုဆိုကာထိုမြေပိုင်ရှင်သုံးဦးအားမုံရွာခရိုင်တရားရုံး၌၂ဝ၁၁ခုနှစ်တွင်စတင် တရားစွဲဆိုခဲ့ပါသည်။ ” ဒီမြေကကျွန်မတို့ဘိုးဘွားပိုင်မြေပါ၊ကျူးကျော်မြေမဟုတ်ဘူး၊ဒီမြေနေရာမှာနေလာတာနှစ်ပေါင်း၆ဝ၊၇ဝလောက်ရှိပြီ။နှစ်တိုင်းလည်းခြောက်လတစ်ခါကျပ်၅ဝဝနဲ့တစ်နှစ်ကိုနှစ်ခါမြေစာရင်းရုံးမှာအခွန်ဆောင်ရတယ်။ဟိုးတစ်ကျပ်နှစ်ကျပ်ခေတ်ကတည်းကဆောင်လာတာအခုထိပဲ။အဲ့ဒီစာရွက်တွေလည်းရှိတယ်”ဟုမြေပိုင်ရှင်သုံးဦးအနက်ဒေါ်စန်း၏သမီးဖြစ်သူကဘားမားဗီဂျေမီဒီယာကိုပြောပါသည်။
“အခုလိုကုမ္ပဏီကတရားစွဲတော့မြေပိုင်ရှင်သုံးဦးဘက်ကဦးဝင်းဗိုလ်ဆိုတဲ့ရှေ့နေကိုငှားတယ်။သူ့ကိုငှားရမ်းခကကျပ်၁ဝသိန်းပေးရတယ်။အဲ့ဒီ၁ဝသိန်းအပြင်စာရွက်စာတမ်းကြေးဘာကြေးညာကြေးဆိုပြီးနောက်ထပ်၁ဝသိန်းလောက်ထပ်ပေးရတယ်”ဟု၎င်းအမှုကိုဝိုင်းဝန်းအကူအညီပေးနေသူတစ်ယောက်ဖြစ်သည့်မသီတာဝင်းမှပြောပြခဲ့သည်။
အဆိုပါအမှုကိုတစ်နှစ်ကျော်ကြာရင်ဆိုင်ခဲ့ရပြီး၂ဝ၁၂ခုနှစ်မတ်လ၉ရက်နေ့တွင်မုံရွာခရိုင်တရားသူကြီး
ဦးအုန်းသောင်းမှမြေပိုင်ရှင်များကိုမည်သည့်လျော်ကြေးငွေမှမပေးဘဲ၂လအတွင်းဖယ်ရှားပေးရန်အမိန့်ချမှတ်ခဲ့သည့်အတွက်မြေပိုင်ရှင်သုံးဦးမှာအမှုရှုံးနိမ့်ခဲ့ရပါသည်။ထို့ ကြောင့်မြေပိုင်ရှင်များကမကျေနပ်၍နေပြည်တော်အထိဆက်လက်ပြီးအယူခံဝင်ရန်ပြင်ဆင်နေကြပါသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment