Wednesday, December 11, 2019

တပ်ကိုယ်စားလှယ်တစ်ဦးနှင့်NLDအမတ်တစ်ဦးတို့၏ ပြောကြားချက်အချို့လွှတ်တော် မှတ်တမ်းမှနုတ်ပယ်ခံရပြန်

Image may contain: 4 people, people standing and text

“ယခင်ကတက်ကြွစွာဆွေးနွေးခဲ့ကြသည့် ပါတီကြီးတစ်ခုမှ ကိုယ်စားလှယ်များ ယခုထူးဆန်းစွာဖြင့် တိတ်ဆိတ်နေ“ဆိုသည့် စကားရပ်ပြောကြားခဲ့သည့် တပ်ကိုယ်စားလှယ်ဗိုလ်မှူးကျော်စိုးဦးနှင့်၊“ကာလုံကို ဘယ်လိုဖွဲ့စည်းထားတယ်၊ ဘယ်သူက မဲအသာစီးယူထားသလဲ ဆိုတာ အားလုံးအသိပါ“၊ဟုဆိုသည့် စကားရပ်ပြောကြားခဲ့သည့် NLDအမတ်ဦးအောင်ကျော်လွင်၏ စကားရပ်တို့ကို လွှတ်တော် မှတ်တမ်းမှနုတ်ပယ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကဦးတီခွန်မြတ်က ယနေ့တွင်ကြေညာသည်။

ဂမ်ဘီယာ တရားစွဲမှုကို ရိုဟင်ဂျာစခန်းမှာ ထောက်ခံပွဲကျင်းပ

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ် ခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာ အပြည်ပြည်ဆိုင်ရာတရားရုံးက ကြားနာတဲ့ပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသက ဒုက္ခသည်စခန်းတွေက ရုပ်မြင်သံကြားတွေမှာ ရိုဟင်ဂျာတွေ မနေ့က စုဝေးကြည့်ရှုခဲ့ကြပါတယ်။

လိုအပ်၍ဝယ်ယူမည့်အပေါ်အလေးအနက်ထောက်ခံပါသော်လည်း ကျည်ကာကား ၆စီးလိုပါသလားဟု ယခင်သမ္မတရုံးဝန်ကြီးဟောင်းမေးခွန်းထုတ် ကင်းလွတ်ခွင့်ပေးလိုက်၍ လျှော့နည်းသွားသည့် နိုင်ငံခြားငွေ၄သိန်းကျော်ကို အခွန်ဌာနအနေဖြင့် အစားထိုးဝင်ငွေရအောင် ကြိုးပမ်းရန်လိုအပ်ဟု NLD အမတ်အကြံပြု

Image may contain: 1 person, standing and text

ဒီဇင်ဘာလ ၅ရက်နေ့က တင်ပြခဲ့သော နိုင်ငံတော်အကြီးအကဲများ၊ပြည်ပဧည့်သည်တော်များ အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၇သိန်းကျော် တန်ဖိုးရှိကျည်ကာမော်တော်ယာဉ် ၆စီးဝယ်ယူမည့်ကိစ္စအပေါ် ယနေ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂ဦးဆွေးနွေးရာ ကန့်ကွက်မှုမရှိသော်လည် မေးခွန်းထုတ်မှု၊အကြံပြုမှုအချို့ ရှိခဲ့သည်။

မြစ်ကြီးနား ကျောက်မျက်ရောင်းပွဲမှ နိုင်ငံသို့ပေးရန် အခွန်ငွေ ကျပ်သိန်း ၅၀၀၀ ကျော် ကျန်ရှိ

78796372_2569599253137856_7118991456571752448_n80186026_2569599303137851_6623407193309839360_n
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ကျောက်မျက် အရောင်းပြပွဲ ရောင်းချမှုကနေ နိုင်ငံတော်ကိုပေးသွင်းရမယ့် အခွန်ကြွေးကျန်စုစုပေါင်း ကျပ်သိန်း ၅၀၀၀ ကျော်  ကျန်ရှိနေသေးတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို မြောက်ကိုရီးယား သတိပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ပတ်သက်လို့ ရင့်သီးကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေ ပြောတာ ရပ်သင့်တယ်လို့ မြောက်ကိုရီးယား အကြီးတန်းအရာရှိတယောက်က ဒီဇင်ဘာ ၉ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။  

ထိုင်းနိုင်ငံရာဘာခြံလုပ်သားမြန်မာ ၃ ဦးကို ပိုင်ရှင်၏တူဖြစ်သူက သေနတ်ဖြင့်အဆောင်အတွင်းဝင်ရောက်ပစ်ခတ်

Image may contain: one or more people

ရော်ဘာခြံလုပ်သားမြန်မာ ၃ ဦးတို့အဆောင်၌အိပ်နေစဉ်တွင် ခြံပိုင်ရှင်၏တူဖြစ်သူက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုဖြစ်စဉ်တစ်ခု ထိုင်းနိုင်ငံတွင်ဖြစ်ပွားကြောင်း သတင်းရရှိသည်။

အတိုင်ပင်ခံ ပုဂ္ဂိုလ် အား ဝန်းရံရန် အင်္ဂလန် အခြေစိုက် မြန်မာလူမျိုးများ သည်ဟိတ်မြို့သို့ သွားရောက်


Image may contain: 17 people, people smiling, outdoorImage may contain: 1 person, bus and outdoor
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) မှာ တရားစွဲထားတာကို ဦးဆောင်ဖြေရှင်းဖို့ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဝန်းရံဖို့ အင်္ဂလန်အခြေစိုက် မြန်မာနိုင်ငံသား တွေဟာ မနေ့က စတင်ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။ သည်ဟိတ်မြို့မှာ အခြားဥရောပနိုင်ငံတွေက ဝန်းရံသူတွေနဲ့ ပူးပေါင်းစုဝေးပြီး ICJ တရားရုံး‌ရှေ့ ထောက်ခံဝန်းရံကြမည်လို့ သိရပါတယ်။

ICJ တွင် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲမှုများကို UEHRD က တုံ့ပြန်ငြင်းဆန်

Image may contain: text

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားသည့် ကြားနာမှုအတွင်း တရားလိုရှေ့နေ၏ စွပ်စွဲချက်ကို “ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း” (UEHRD) က ပြန်လည် တုံ့ပြန်လိုက်သည်။

အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှု၊မြန်မာ့၏ အောက်၌ အားကစား အဆင့်နိမ့်ကျသည့် နိုင်ငံများသာရှိ

No photo description available.

မြေငလျင်သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၃၂)မိနစ်၊ (၁၉) စက္ကန့် အချိန်တွင် ကသာမြေငလျင်စခန်းမှ မြောက်ဘက် (၅၇)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံပြည်တွင်း၊ (ဟိုပင်မြို့၏ အနောက်-အနောက်မြောက်ဘက် (၆) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၀၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၄၃)ဒီဂရီ၊ အနက်(၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

အကယ်ဒမီအတွက် ဇာတ်ကား ၉၆ ကားရှိနေပြီး ယခင်နှစ်များထက် ပြိုင်ဆိုင်မှု ပြင်းထန်မည်

Image may contain: 1 person, smiling, standing
၂၀၁၉ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ဇာတ်ကားများကို နိုဝင် ဘာလအတွင်းက စတင်စိစစ်ကြည့်ရှုနေပြီဖြစ်ရာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပပြုလုပ်မည့်အကြောင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော တပ်မတော် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အဓိက တာဝန်ရှိပြီး မြန်မာအစိုးရက သတ်ဖြတ်မှုများကို ဟန့်တား ကာကွယ်ရန် ပျက်ကွက်ဟု ဂမ်ဘီယာ တင်ပြ

Image may contain: 2 people, eyeglasses and closeup
ရခိုင်ပြည်နယ်မှ လူနည်းစု မွတ်စလင် (ခေါ်) ရိုဟင်ဂျာများ လူမျိုးတုန်းသတ်ဖြတ်ခံရမှုတွင် တပ်မတော်က အဓိက တာဝန်ရှိပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဗိုလ်ချုပ်များကို ICC တရားရုံး တွင် တင်သင့်ဆိုသော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး UN FFM အဖွဲ့၏ အစီရင်ခံစာကို ကိုးကား၍ ဂမ်ဘီယာ နိုင်ငံက ယနေ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် စတင် လျှောက်လဲချက် ပေးသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုချုပ် စိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနှင့် ဗိုလ်မှူးချုပ် အောင်အောင်တို့ ၄ ဦးကို အမေရိကန်က အမည်ပျက်စာရင်းသွင်းပိတ်ဆို့ အရေးယူ

Image may contain: 2 people, hat
အမေရိကန်ပြည်ထောင်စုက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနှင့် ဗိုလ်မှူးချုပ် အောင်အောင်တို့ကို မွတ်စလင်များနှင့် လူနည်းစု များအပေါ် လူ့အခွင့်ရေးချိုးဖောက်မှု ကျူးလွန်မှုဖြင့် အမည်ပျက်စာရင်းသွင်းကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ချီလီ၌ ခရီးသည် ၃၈ ဦးလိုက်ပါလာသည့် စစ်လေယာဉ်တစ်စင်း မြေပြင်နှင့် အဆက်အသွယ် ပြတ်တောက်

ဆန်တီယာဂို ဒီဇင်ဘာ ၁၀ ချီလီ၌ လေယာဉ်အမှုထမ်းများအပါအ၀င် လူ ၃၈ ဦး လိုက်ပါလာသည့် စစ်လေယာဉ်တစ်စင်း အန္တာတိကသို့ ပျံသန်းထွက်ခွာလာစဉ် မြေပြင်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ချီလီလေတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဘင်္ဂါလီမူဆလင်များကို အိန္ဒိယနိုင်ငံသားအဖြစ် ဘယ်တော့မှလက်မခံဟု အိန္ဒိယပြည်ထဲရေးဝန်ကြီး အတိအလင်းပြောကြား

Image may contain: 5 people, beard

အိန္ဒိယလွှတ်တော်မှာ တနင်္လာနေ့က နိုင်ငံသားပြုမှုဥပဒေပြင်ဆင်ချက်ကို ဆွေးနွေးခဲ့ရာမှာ ပြည်ထဲရေးဝန်ကြီး အာမစ်ရှာက မြန်မာနိုင်ငံက ဘင်္ဂါလီမူဆလင်တွေကို အိန္ဒိယနိုင်ငံသားအဖြစ် ဘယ်တော့မှ လက်ခံမှာ မဟုတ် ကြောင်း အတိအလင်းပြောကြားလိုက်ပါတယ်။

ICJ တရားရုံးရောက် နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်သော မြန်မာ့ကိုယ်စားလှယ်အဖွဲ့ကို လုံခြုံရေးလိုက်ပါဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင်များ

Image may contain: 1 person, standing
(၁)ဒု-ရဲအုပ် ပြည့်ဖြိုးနိုင်၊အဖွဲ့ခေါင်းဆောင်၏ လုံခြုံရေးအရာရှိ
(၂)ဒု-ရဲအုပ် နေမင်းထွန်း၊အဖွဲ့ခေါင်းဆောင်၏ လုံခြုံရေးအရာရှိ
(၃)ဒု-ရဲအုပ် ကျော်ဇင်ဦး၊အဖွဲ့ခေါင်းဆောင်၏ လုံခြုံရေးအရာရှိ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ဂမ်ဘီယာနိုင်ငံက ပထမအကြိမ်နှုတ်ဖြင့်လျှောက်လဲမှုအား တက်ရောက် နားထောင်

Image may contain: 9 people
နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ‌ဒေသစံတော်ချိန် ၁၀ နာရီတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ပြုလုပ် သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆိုခဲ့သည့်အမှုအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures)အတွက် နှုတ်ဖြင့်လျှောက်လဲခြင်း (Oral Proceedings) ပထမနေ့အစီအစဉ်ဖြစ်သည့် ဂမ်ဘီယာနိုင်ငံက ပထမအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုအား တက်ရောက်နားထောင်သည်။

Tuesday, December 10, 2019

အင်းစိန်နှင့်မင်္ဂလာဒုံတွင် ကျီးလန့်စာစား ထိပ်လန့်နေရသည့် မှုခင်းများအရေးလွှတ်တော်တွင်မေး ယခင်နှစ်ကာလများထက် ယခု မှုခင်းဖြစ်မှု ကျဆင်းသွားပြီဟုအဖြေပေး


ရန်ကုန် အင်းစိန် နှင့် မင်္ဂလာဒုံတွင် နေ့စဉ် လုယက်မှုများ၊ ဖောက်ထွင်းမှုများ၊ ခိုးမှုများဖြစ်နေ၍ ရဲတပ်ဖွဲ့အနေဖြင့် မည်ကဲ့သို့ စီမံခန့်ခွဲပေးမည်နည်းဆိုသည့် မေးခွန်းတစ်ခုကို ယင်းဒေသ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ နော်လှလှစိုးက လွှတ်တော်တွင် ယနေ့မေးခွန်းထုတ်ခဲ့သည်။

ကုသိုလ်တော်ဘုရားတွင် ဖိနပ်စီးဝင်သည့် ဓာတ်ပုံရိုက်ကူးသူအား တရားစွဲဆိုမည်မဟုတ်

Image may contain: 1 person, standing
မန္တလေးမြို့၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်၌ ပါဝင်ခဲ့သည့် လူအချို့ ဖိနပ်စီးဝင်သည့် ပုံကို ရိုက်၍ လူမှုကွန်ယက်တွင်တင်ခဲ့သူအား တရားစွဲဆိုမည် မဟုတ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာ အနီး၌ ရီမုမိုင်းသုံးလုံး သိမ်းဆည်းရမိ

Image may contain: shoes

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ပြင်ရှည်ကျေးရွာ၏ တောင်ဘက် မီတာ ၃၀၀ ခန့်အကွာ ဝါးခုတ်ချောင်း - တောင်ဘဇာ ကားလမ်းနေရာသို့ အရောက်၌ အလျား ၁၂ ဒသမ ၅ လက်မ၊ အနံ ၉ လက်မ၊ အမြင့် ၄ လက်မရှိ ရီမုမိုင်းသုံးလုံးအား တွေ့ရှိခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထောက်ခံပွဲ ဖျာပုံမြို့တွင်ပြုလုပ်


Image may contain: 6 people, people smiling, people standing and outdoor
မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ တရားစွဲဆိုထားတာကို သွားရောက် ဖြေရှင်းမယ့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ လူထုထောက်ခံပွဲကို ဒီဇင်ဘာ(၁၀)ရက် မနက်ပိုင်းက ဖျာပုံမြို့ မှာပြုလုပ်ပါတယ်။ အဲဒီထောက်ခံပွဲကို ဖျာပုံမြို့ ဒုတိယလမ်းကနေစတင်ပြီး မြို့တွင်းသို့် လှည့်လည် စီတန်းလှည့်လည် ခဲ့တာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီးစွဲချက်တင်ထားတာကို နိုင်ငံတော်အတိုင်ပင်ခံက သွားရောက်ဖြေရှင်းမှာလည်း ဖြစ်ပါတယ် ။

ဆူးလေစေတီတော် အင်္ဂါထောင့်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် ဆုတောင်းပွဲပြုလုပ်

Image may contain: 1 person, crowd and outdoor
ရန်ကုန်မြို့ ၊ ဆူးလေစေတီတော် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ မွေးနေ့ထောင့်ဖြစ်သည့် အင်္ဂါထောင့်တွင် ဒီဇင်ဘာ ၁၀ရက်မနက်ပိုင်းက ဆုတောင်းမေတ္တာပို့ပွဲတရပ်ပြုလုပ်ခဲ့သည်။

အိုင်စီဂျေ၌ မြန်မာနိုင်ငံအား တရားစွဲဆိုထားခြင်းသည် နိုင်ငံနှင့်တပ်မတော်အပေါ် ရေရှည်ဖိအားတစ်ခုဖြစ်ဟုဆို

Image may contain: 1 person, eyeglasses
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ)၌ မြန်မာ နိုင်ငံအား တရားစွဲဆိုထားခြင်းသည် နိုင်ငံနှင့်တပ်မတော် အပေါ် ရေရှည်ဖိအားတစ်ခုဖြစ်ကြောင်း အမျိုးသားတိုး တက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်က ဒီဇင်ဘာ ၉ ရက်တွင် ပြောဆိုသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာနိုင်ငံအား တရားစွဲဆိုထားခြင်းသည် နိုင်ငံနှင့်တပ်မတော်အပေါ် ရည်ရှည်ဖိအားတစ်ခုဖြစ်ဟုဆို

Image may contain: 1 person, eyeglasses and phoneImage may contain: one or more people, people sitting and indoor
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာနိုင်ငံအား တရားစွဲဆိုထားခြင်းသည် နိုင်ငံနှင့်တပ်မတော် အပေါ် ရည်ရှည်ဖိအားတစ်ခုဖြစ်ကြောင်းအမျိုးသားတိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာနေဇင်လတ်က ပြောသည်။

“အစားမတော်တလုတ် အသွားမတော်တလှမ်းဖြစ်သဖြင့် သီတင်းကျွတ်ကာလတွင်ပင် ဆရာသမားဆီ မရောက်ဖြစ်တော့”(သူရဦးရွှေမန်း သတင်းစာရှင်းလင်းပွဲ ကောက်နှုတ်ချက်)

Image may contain: 1 person, closeup
မေး - လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ လွှတ်တော်ထဲဖြစ်ပေါ်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အငြင်းပွားနေမှုတွေရယ်၊ အဲဒီအပေါ် ဘယ်လိုများရှုမြင်သုံးသပ်ပါသလဲ။

My Blog List