Thursday, February 06, 2014

တိုင်းရင်းသား တပ်မတော်များ ထူထောင်ခွင့် ပြုရမည်ဟု KNLA ဒု ဗိုလ်ချုပ်ကြီး ပြော




မြန်မာအစိုးရအနေဖြင့် အပစ်ရပ်ရေးနှင့်ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် တိုင်းရင်းသား ပြည်နယ် တပ်မတော်များ ထူထောင်ခွင့် ပြုရမည်ဖြစ်ကြောင်းကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၏ ဒု စစ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ က ပြော သည်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ၀ဲကြီးကျေးရွာတွင် ဇန်န၀ါရီ ၂၅ ရက်က ဧရာဝတီ သတင်းဌာနနှင့် ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ သီးသန့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

သံလွင်မြစ်ပေါ်က ရေကာတာ စီမံကိန်းများကို ကန့်ကွက်သွားမည်



သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများကို လူထု ဆန္ဒသဘောထား ကောက်ခံပြီး မော်လမြိုင်မြို့တွင် ကန့်ကွက်မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် သံလွင်မြစ် တလျှောက် နေထိုင်ကြသည့် ကျေးရွာ ဒေသခံများထံမှ လူထုဆန္ဒ သဘောထားကို ဇန်န၀ါရီလက စတင်ကောက်ယူရာတွင် ယခုအချိန်အထိ လက်မှတ်ပေါင်း ၂၁၀၀၀ ခန့်ရရှိထားပြီးဖြစ်ကြောင်း ကရင် မြစ်ချောင်းများ စောင့်ကြည့်ရေး အဖွဲ့မှ စောသာဘိုးက ဧရာဝတီသို့ ပြောသည်။

မီဒီယာကို စိန်မခေါ်ဟု ဦးအုန်းမြင့်ပြော




မကွေးတိုင်းဒေသကြီး ခရီးစဉ်အတွင်း ပြောကြားချက်များမှာ သတင်းမီဒီယာများကို ရည်ရွယ်ချက်ရှိရှိ စိန်ခေါ်ပြောကြားခြင်း မဟုတ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က မကွေးတိုင်းဒေသကြီး သစ်ရာကောက် ကျေးရွာတွင် ကျေးရွာ လူထုနှင့် တွေ့ဆုံရန် ထပ်မံသွားရောက်သည့် ခရီးစဉ်တွင် မီဒီယာများကို ပြောကြားသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏သဘောထား ထုတ်ပြန်ချက် ၁/၂၀၁၄




၁။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်ထုတ် ယူနတီဂျာနယ်၊ စာမျက်နှာ ၂၃ နှင့် ၂၄ ပါ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာ/ချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတု လက်နက်စက်ရုံ” ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါး ရေးသားဖော်ပြမှုသည် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယူဆသဖြင့် ၎င်းဂျာနယ်မှ သတင်း ထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ်တစ်ဦးကို ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ဖမ်းဆီး စစ်ဆေးနေကြောင်း သိရပါသည်။

ယာယီထိန်းသိမ်းခံရသည့် လက်ပံတောင်းတောင်အရေး လှုပ်ရှားသူ မသွဲ့သွဲ့ဝင်းနှင့် ဒေသခံခုနစ်ဦး ပြန်လွတ်




လက်ပံတောင်းတောင်နှင့် ဝက်မှေးရွာကြားရှိ ယာမြေများအား စီမံကိန်း တာဝန်ရှိသူများက ယနေ့နံနက် အစောပိုင်းတွင် ခြံစည်းရိုး ကာရံသည့် လုပ်ငန်းများ လုပ်ကိုင်သည်ကို ရွာခံများက သွားရောက် တားမြစ်ရာမှ ၁၀ နာရီခန့်အချိန်တွင် ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း အပါအဝင် ဒေသခံခုနစ်ဦး ထိန်းသိမ်းခံခဲ့ရပြီး ညနေ ၆ နာရီကျော်တွင် ပြန်လွတ်မြောက်ခဲ့ကြောင်း ဝက်မှေးရွာမှ ဒေသခံများက ပြောကြားသည်။

ပြည်သူများကို တပ်မတော်က အခမဲ့ ခိုင်းစေခြင်းမရှိဟု ကာကွယ်ရေး ဒုဝန်ကြီးဆို




တပ်မတော်က ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူလူထုကို အခမဲ့ ခိုင်းစေခြင်း မရှိကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။

သိမ်းထားသည့်မြေများအနက် မြေဧက ၁၅၀၀၀၀ ကျော် စွန့်လွှတ်ရန် ကာကွယ်ရေးဦးစီးချုပ်က အတည်ပြုပြီးဖြစ်ကာ တပ်မတော်တွင် မြေသိမ်းလုပ်ငန်းစဉ်များ မရှိတော့ကြောင်း ကာကွယ်ရေးဒုတိယ၀န်ကြီး ပြောကြား




သိမ်းထားသည့် လယ်မြေများအနက်မှ မြေဧက ၁၅၄၁၁၆ ဒသမ ၄၈၆ ဧကအား ပြန်လည်စွန့်လွှတ်ရန် အတွက် တပ်မတော် အကြီးအကဲထံမှ အတည်ပြုပြီးဖြစ်ကာ တပ်မတော်တွင် မြေသိမ်းလုပ်ငန်းစဉ်များ မရှိတော့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။

တယ်လီနောက ပထမအသုတ်အဖြစ် ဆင်းမ်ကတ်သန်း ၃၀ စတင်ရောင်းချမည်ဖြစ်ပြီး ဖုန်းနံပါတ်မှာ ၀၉၅ နှင့် စတင်ဖွယ်ရှိကြောင်း သိရ



မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင် ရရှိသွားပြီဖြစ်သည့် တယ်လီနောကုမ္ပဏီက လာမည့်ရှစ်လအတွင်း စတင်ရောင်းချမည့် ဖုန်းနံပါတ်များမှာ ၀၉၅ နှင့် စတင်ဖွယ်ရှိပြီး ပထမအသုတ်အဖြစ် ဆင်းမ်ကတ် သန်း ၃၀ ရောင်းချသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ စီအီးအို မစ္စတာပတ်တာဖားဘတ် က ဖေဖော်ဝါရီ ၅ ရက်က ပြောကြားသည်။

ဦးသိန်းစိန်အစိုးရ နိုင်ငံရေးပြဿနာကို ဖြေရှင်းလိုစိတ်မရှိဟု ကေအိုင်အိုဥက္ကဋ္ဌ ဝေဖန်




သမ္မတ ဦးသိန်းစိန်အစိုးရသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းချင်စိတ်မရှိဟု ကချင်လွတ် လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ လညော်ဇောင်းဟရားက ဖေဖော်ဝါရီ ၅ ရက်တွင်ကျရောက်သည့် ကချင့်တော် လှန်ရေးနေ့မိန့်ခွန်းတွင် ထည့်သွင်း ဝေဖန်ပြောကြားလိုက်သည်။

လက်ပံတောင်း အက်စစ်စက်ရုံကို ပိတ်ရန် တောင်းဆို




စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းဒေသ မိုးကြိုးအက်စစ်စက်ရုံက အက်စစ်ငွေ့တွေဟာ ရွာသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်တယ်ဆိုပြီး စက်ရုံ ပိတ်သိမ်းဖို့ တောင်းဆိုကြပါတယ်။

ဘားအံ ဆွေးနွေးပွဲ ရွှေ့ဆိုင်း



တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့ရဲ့ ကရင်ပြည်နယ် ဘားအံမှာ ဆွေးနွေးမယ့်ရက်ကို ရွှေ့ဆိုင်း လိုက်ပါတယ်။

စည်းကမ်းမဲ့ ရပ်နားထားမှုကြောင့် ကရိန်းယာဉ်ဖြင့် ဖယ်ရှားအရေးယူခံရပြီး လာရောက်ဖြေရှင်းခြင်း မရှိသည့် ယာဉ်ပိုင်ရှင်များရှိနေ



ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများပေါ်၌ စည်းကမ်းမဲ့စွာ ရပ်နားထားသော မော်တော်ယာဉ်များကို ကရိန်းယာဉ်များဖြင့် ဖယ်ရှားအရေးယူရာတွင် ယာဉ်ပိုင်ရှင်အချို့မှာ လာရောက်ဖြေရှင်းခြင်း မရှိမှုကြောင့် အဆိုပါယာဉ်ပိုင်ရှင်များကိုအကြောင်းကြားသွားမည်ဖြစ်ကြောင်း 
အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်၏ ပြောကြားချက်အရ သိရသည်။

UNITY ဂျာနယ်က ၅ ဦး ဖမ်းဆီးထားတဲ့ ကိစ္စ အစိုးရ အခုလို ထုတ်ပြန်



UNITY အပတ်စဉ် ဂျာနယ်ပါ လျှို့ဝှက်ဓာတုလက်နက် စက်ရုံဆောင်းပါးကြောင့် ဖမ်းဆီးထိမ်းသိမ်း အရေးယူမှုနဲ့ ပတ်သက်ပြီး မြန်မာ့အသံက ထုတ်ပြန်ကြေညာမှုနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဖော်ပြချက်ကို
 ဖေဖော်ဝါရီလ ၅ ရက်နေ့ ညပိုင်းက ထုတ်ပြန်ပါတယ်။ 

ဘီလ်ကလင်တန်နဲ့ အဲလီဇဘက် ဟာလေတို့ရဲ့ လိင်ဇာတ်လမ်း





စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ဆေးရုံရောက်နေ



စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေတာ နည်းနည်း သက်သာ လာပြီလို့ သိရပါတယ်။ အသက် ၉ဝ ရှိပြီဖြစ်တဲ့ လီကွမ်ယု ရောက်နေတဲ့ဆေးရုံကတော့  Singapore General Hospital ဖြစ်ပါတယ်။

ဝက်မှေးရွာမှာ အကြမ်းဖက်မှုများ မဖြစ်ရေး ဦးဝီရသူ သတိပေး




မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်က ဆရာတော် ဦးဝီရသူက စစ်ကိုင်းတိုင်း  ဝမ်ပေါင်ကြေးနီစီမံကိန်း ဒေသ ဝက်မှေး ကျေးရွာမှာ အစိုးရက အကြမ်းဖက်ဖို့ ပြင်ဆင်နေမှုတွေကို ရပ်တန့်ဖို့ သတိပေးလိုက်ပါတယ်။ 

ထိုင်းနိုင်ငံအိမ်စောင့်အစိုးရ နဲ့ မြန်မာအလုပ်သမားအရေး



ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အများအပြား ၄ နှစ် ဗီဇာသက်တမ်း ကုန်ဆုံး၍  ဖမ်းဆီးခြင်း နှင့် အလုပ်လက်မဲ့ ပြဿနာတို့ကို ရင်ဆိုင်နေကြရကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

ဒုချီးရားတန်းရွာ မီးလောင်မှုကိစ္စ လွှတ်တော်အမတ် အမေးခံရ




ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာ မီးလောင်မှုဖြစ်စဉ်အပေါ် ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကို ပြည်ထဲရေးဝန်ကြီး ဌာနက နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှာ မနေ့ညက သွား ရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

NLD ဂီတ ဖျော်ဖြေပွဲဝင်ငွေ ခွဲစိတ်ခန်းအတွက် သုံးမည်




လာမယ့် ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှာ ကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျန်းမာရေးကွန်ရက် ရံပုံငွေဂီတ ဖျော်ဖြေပွဲက ရရှိလာမယ့်ငွေတွေကို ကျန်းမာရေးကွန်ရက်ရဲ့ နယ်လှည့်လူနာတင်ယဉ် ပေါ်မှာထားရှိမယ့် အသေးစားခွဲစိတ်ခန်း တစ်ခုအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။

၅၃ နှစ်မြောက် KIO တော်လှန်ရေးနေ့ မြစ်ကြီးနားမှာ ကျင်းပ




ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ၅၃ နှစ်မြောက် လက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်းအနားတွေကို ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့နဲ့ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

ဘဂ္ဂဒက် Green zone အနီး ဗုံးကွဲ ၂၇ ဦးသေ




အီရတ်နိုင်ငံ မြို့တော် ဘက်ဂ္ဂဒက် ရဲ့ အချက်အခြာ ကျတဲ့ နေရာတွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ အများအပြား ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၇ ဦး သေဆုံးသွားပြီး လူ ၄၀ ကျော် ဒဏ်ရာ ရရှိသွားပါတယ်။

Wednesday, February 05, 2014

ထိုင်းနိုင်ငံ ရွေးကောက်ပွဲ၌ ၉ ခရိုင် မဲမပေးနိုင်သော်လည်း ရွေးကောက်ပွဲ အောင်မြင်မှု ၉၀ ရာခိုင်နှုန်းရှိ


ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂)ရက်နေ့က ထိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သည့်ရွေးကောက်ပွဲ၏ ရလဒ်သည် ပြင်းထန်သော ဆန္ဒပြမှုများကြားက(၉၀)ရာခိုင်နှုန်း အောင်မြင်မှုရှိကြောင်း ထိုင်းသတင်းဌာနများမှရေးသား ဖော်ပြထားတာကို တွေ့ရှိရသည်။

လက်ပံတောင်းဒေသတွင် မသွဲ့သွဲ့ဝင်းအပါအဝင် ဒေသခံ၇ဦး ခေတ္တထိန်းသိမ်းခံရ




မန္တလေးတွင် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် အခမ်းအနားများ ကျင်းပမည်



မန္တလေးမြို့တော်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ ကျရောက်သော ၉၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနား ကျင်းပမည့် တာဝန်ရှိသူများထံမှ သိရှိရသည်။

ရှေးဟောင်း သစ်သားအဆောက်အအုံများ ထိန်းသိမ်းရန် ဂျပန် နည်းပညာ ကူညီမည်



ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အများအပြားတည်ရှိရာ မြန်မာနိုင်ငံတွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် သစ်သားအဆောက်အအုံ ထိန်းသိမ်းခြင်း နည်းပညာများကို ဂျပန်နိုင်ငံ အခြေစိုက် အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နှင့် ပြည်တွင်းပညာရှင်များ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ အခြေစိုက် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဒါရိုက်တာ Mr.Kamei က ပြောကြားသည်။

My Blog List