မူလစာမျက်နှာ
သတင်း
ဆောင်းပါး
အိတ်ဖွင့်ပေးစာ
NLD
၈၈ မျိုးဆက်
ကာတွန်း
နိုင်ငံတကာရေးရာ
စီးပွားရေးသတင်း
နည်းပညာ
အထူးသတင်း
အနုပညာ
ဓာတ်ပုံ
အထွေထွေ
Tuesday, October 30, 2012
ဘင်္ဂလီ-ရခိုင်အဓိကရုဏ်းသင့် ရခိုင်ဒုက္ခသည်များ ကယ်ဆယ်ရေး အကူညီများလိုအပ်နေ
အောက်တိုဘာလ (၂၂)ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းကြောင့်ဒုက္ခရောက်နေကြသော ရခိုင် ဒုက္ခသည်များမှာ ကယ်ဆယ်ရေးအကူညီများ လို အပ်နေကြောင်းသိရှိရပြီး ဒုက္ခသည်များမှာ ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအတွင်း အိုးအိမ်တိုက်တာအဆောက်အအုံ များပျက်စီးသွားခြင်းကြောင့်နီးစပ်ရာရွာများသို့ ပြောင်းရွှေ့ ပြီး ဘုန်းကြီးကျောင်းများတွင် ဒုက္ခသည်အဖြစ် တည်းခိုနေ ကြ ရကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုရန် »
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု အတွက် ဆန်ကာတင် စာရင်းထွက်ပေါ်
၂၀၁၁ တုန်းက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့တဲ့ မက်ဆီ ဆုပေးပွဲ တက်ရောက်လာစဉ် (ဓာတ်ပုံ – Reuters)
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုနဲ့ နည်းပြဆုအတွက် ဆန်ကာတင်စာရင်းကို ဖီဖာအဖွဲ့ချုပ်က မနေ့က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဆန်ကာတင် လူစာရင်းထဲမှာ ယူရို ၂၀၁၂ ချန်ပီယံ စပိန်အသင်း
သားတွေ အများစုပါဝင်လာပြီး အလွန်ဆို၊ ဘက်စကွက်၊ ပီကေး၊ ရာမို့စ်၊ ဇာဗီ၊ ကာဆီးလက်၊ အင်နီယေစတာတို့ အားလုံးပေါင်း ၇ ယောက်တိတိ ပါဝင်လာခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည
သီတင်းကျွတ်ည ရွှေတိဂုံစေတီတော်ရင်ပြင် မြင်ကွင်းတခု (ဓာတ်ပုံ – theglobeandmail.com)
ရောင်စုံလျှပ်စစ်မီးများနဲ့ အသားကျနေပြီဖြစ်တဲ့ ရန်ကုန်မြို့ကြီးရဲ့ သီတင်းကျွတ်ညတွေကို ကြည့်လိုက်မယ်
ဆိုရင် ပုံမှန်အတိုင်းပဲ သွားလာလှုပ်ရှားကြသူတွေကို တွေ့မြင်ကြရမှာပါ။ သူတို့အများစုဆီမှာ သီတင်းကျွတ် နဲ့ပတ်သတ်တဲ့ စိတ်အာရုံခံစားမှုတွေ သိပ်ကပ်ငြိမနေဘူးဆိုတာ သူတို့တွေရဲ့လှုပ်ရှား၊ သွားလာ၊ ပြောဆို ပုံတွေကိုကြည့်ရင် သိသာမြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ဆွစ်ဇာလန်သံရုံး ရန်ကုန်တွင် ဖွင့်မည်
သံအမတ်ကြီး ခရစ်တော့ ဘာဂနာနှင့် ဇနီး (ဓာတ်ပုံ – Rhone Zeitung)
မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးကို နိုဝင်ဘာလ ၃ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်တော့မည်ဖြစ်
ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး မစ္စတာ ခရစ်စတော့ဘာဂနာ (Christoph Burgener) က ပြောသည်။
ဆက်လက်ဖတ်ရှုရန် »
ကျောက်နီမော်ဒေသ နှစ်ဘက်တင်းမာမှု ဖြစ်ပွား
ရခိုင်ဒေသတွင်း တကျော့ပြန် ပဋိပက္ခများကြောင့် နှစ်ဘက် ထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် သေကြေ ပျက်စီး ဆုံးရှုံးမှုများ သာ ရရှိ(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသရှိ မွတ်စလင်ကျေးရွာအား ပြောင်းရွှေ့နေရာချပေး
ရန် ဒေသခံ တိုင်းရင်းသားများက လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ရာ လုံခြုံရေးတပ်ဖွဲ့မှ ပစ်ခတ်သည့်အတွက် အခြေအနေ တင်းမာနေကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုရန် »
SSA မြောက်ပိုင်းတပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ် ဖမ်းထား
အစိုးရတပ်က ဖမ်းဆီးထားသည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်သားသစ်များ (ဓာတ်ပုံ – မြဝတီ / Facebook)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်ထဲတွင် စစ်သင်တန်းပြုလုပ်နေသော ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း (SSA-N) တပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ်များက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုရန် »
ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြောင်းမထူး
ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့၏ ပထမဦးဆုံးအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့ ကျင်းချန်းဟိုတယ်တွင် ယနေ့ ကျင်းပရာ သဘောတူညီချက် တစုံတရာမထုတ်ပြန်နိုင်ဘဲ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားရန် နှစ် ဘက်ကိုယ်စားလှယ်များက ပြောဆိုကြသည်။
ဆက်လက်ဖတ်ရှုရန် »
Monday, October 29, 2012
“ မစားရတဲ့အမဲသဲနဲ့ပက်ချင်သူ ဦးမင်းအောင်သို့ ”
ပြည်ခိုင်ဖြိုးပါတီပထမအကြိမ်ဗဟိုညီလာခံ(၂၀၁၂)ကို အောက်တိုဘာလ ၁၄ ရက်ကနေ ၁၇ ရက်နေ့ အထိ နေပြည်တော်၊ ပါတီဌာနချုပ်ရုံးမှာ ပြုလုပ်ခဲ့တာကို ရုပ်မြင်သံကြားကနေတွေ့လိုက်ရပါတယ်---
ဆက်လက်ဖတ်ရှုရန် »
ကျောက်တော်မြို့အဓိကရုဏ်းအတွင်း ကျဆုံးသူ ရခိုင်(၂)ဦးအား သဂြိုလ်ပြီးစီး၊ ဒေသခံ တစ်သောင်းကျော် လိုက်လံပို့ဆောင်
ကျောက်တော်မြို့တွင် အောက်တိုဘာလ (၂၅)ရက်နေ့က ဖြစ်ပွားခဲ့သော အဓိကရုဏ်းအတွင်း သေဆုံး သွားသော ရခိုင်အမျိုးသား(၂)ဦးအား မြို့ပေါ်မှဒေသခံလူအင်အား (၁၀၀၀၀)ကျော်ခန့် က အောက်တို ဘာလ (၂၆)ရက်နေ့ နေ့လည် (၂)နာရီတွင် လိုက်လံပို့ဆောင် သင်္ဂြိုလ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုရန် »
စမ်းချောင်းမြို့နယ် ကျွန်းလယ်သမ၀ါယမရုံးရှေ့တွင် ဆန္ဒပြ
စမ်းချောင်းမြို့နယ် သမ၀ါယမရုံးရှေ့တွင် ဆန္ဒပြနေသူတစ်ဦး
ကျွန်းလယ်သမဝါယမအသင်း ခေါင်းဆောင်ဟောင်းတွေရဲ့ ငွေကြေးအလွဲသုံးစားမှု၊ အသင်းသားတွေရဲ့ ဆန္ဒမပါဘဲ အသင်းပိုင်အဆောက်အဦးကို ဖျက်သိမ်းပြီး လူနေကန်ထရိုက်တိုက်တွေ တည်ဆောက်မှု စတာတွေကိုမကျေနပ်တဲ့အတွက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းမှာရှိတဲ့ အဲဒီသမဝါယမ အသင်းရုံးရှေ့မှာ အသင်းသားတွေ ဒီကနေ့ မနက်ပိုင်းက သွားရောက် စုရုံးဆန္ဒပြခဲ့ကြပါတယ်။
ဆက်လက်ဖတ်ရှုရန် »
တိုင်းရင်းသား တပ်ဖွဲ့များ တပ်ပေါင်းစု စစ်ဆင်ရေးကို အဆင့်မြှင့်နေ
ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင် (ပလောင်) ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (TSLA)နှင့် ရှမ်းပြည်တိုး တက်ရေး တပ်မတော် (SSA)တို့ ပူးပေါင်း တပ်ဖွဲ့က အစိုးရ ခမရ (၅၀၁)နှင့် ခလရ (၁၄၄) ပူးပေါင်း စစ်ကြောင်းကို ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်နှင့် ကွပ်ခိုင်မြို့နယ်ခြားရှိ စယ်နေ ကျေးရွာ အနီးတွင် ယမန်နေ့ (၉) နာရီတွင် တိုက်ခိုက်ခဲ့ကြောင်း တအာင် (ပလောင်) ပြည်လွတ်မြောက်ရေး တပ်မတော် ပြောခွင့် ရသူ မိုင်ဖုန်းကျော်က ဆိုပါသည်။
ဆက်လက်ဖတ်ရှုရန် »
ဆန္ဒပြပွဲတွေကြောင့် တရုတ် ဓာတုစက်ရုံ စီမံကိန်း ဆိုင်းငံ့
Zhejing ဒေသ၊ Ningbo မြို့မှာ ဓာတုစက်ရုံ တိုးချဲ့ တည်ဆောက်မယ့် အစီအစဉ်ကို ကန့်ကွက် ဆန္ဒပြနေကြတဲ့ ဒေသခံတချို့။ (အောက်တိုဘာလ ၂၈ ရက်၊ ၂၀၁၂)။
တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ရေနံ ဓာတုစက်ရုံတခု တည်ဆောက်မယ့် စီမံကိန်းကို ဒေသတွင်း လေထု ညစ်ညမ်းမှုတွေ ဖြစ်လာမှာကို စိုးရိမ်ကြတဲ့ ဒေသခံတွေက ရက်တွေနဲ့ချီ ဆန္ဒပြခဲ့ကြတာမို့ အဲဒီဒေသက အာဏာပိုင်တွေက စီမံကိန်းကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ဗဟိုဘဏ် အပ်ငွေ-ချေးငွေ အတိုးနှုန်းကို စောင့်ကြည့် သတ်မှတ်မည်
ရန်ကုန် ။ ။ မူဝါဒများနှင့် ကိုက်ညီသော ဗဟိုဘဏ်အတိုးနှုန်းအား သတ်မှတ်ပြီး ဘဏ်များ၏ အပ်ငွေ
နှင့် ချေးငွေများအပေါ် အတိုးနှုန်းများကို စောင့်ကြည့် သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုရန် »
သမ္မတဆုံးဖြတ်ချက်ကို ကြိုဆိုဆန္ဒပြ
၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်က ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်တွင် ပြုလုပ်သော ရခိုင်ပြည်နယ်က လက်ရှိပဋိပက္ခကြောင့် သေဆုံးသွားသူများအတွက် ဆုတောင်းပွဲအခမ်းအနားသို့ တက်ရောက်လာသူများကို တွေ့ရစဉ်။
အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရုံးဖွင့်ခွင့်မပြုဘူးလို့ သမ္မတကြီး ဦးသိန်းစိန်က ဆုံးဖြတ်ချက် ချလိုက်တာကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ရဟန်းသံဃာတချို့အပါအဝင် လူ ၁၅၀၀ ကျော်လောက် ငြိမ်ချမ်းစွာ စီတန်း လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ဒီလို ဖြစ်နေသလား
ရခိုင်ပြည်က အနီးကပ်ဆုံးရန်သူ ဆိုတာာ ရခိုင် တဲ့လား …
ကာတွန်း ကူမိုးကြိုး – ရခိုင်ပြည်က အနီးကပ်ဆုံးရန်သူ ဆိုတာာ ရခိုင် တဲ့လား …
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း တိမ်းရှောင်သူ အရေအတွက်တိုး
စစ်တွေမြို့က ဒုက္ခသည်စခန်းကို ရောက်လာကြတဲ့ မူစလင် ဒုက္ခသည်တချို့။ (အောက်တိုဘာလ ၂၈ ရက်၊ ၂၀၁၂)။
ရခိုင်ပြည်နယ်တွင်း သီတင်းတပတ်ကြာ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ အနည်းဆုံး ၆၀ ကျော် ရှိသွားပြီလို့ ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာအစိုးရက ကြေညာခဲ့သလို လူပေါင်း ၂ သောင်းကျော် အိုးအိမ်မဲ့ အတိ ဒုက္ခရောက်နေ ကြတဲ့အကြောင်း ကုလသမဂ္ဂကလည်း ပြောဆိုထားပါတယ်။
ဆက်လက်ဖတ်ရှုရန် »
Sunday, October 28, 2012
သစ်ချောထည် စက်ရုံ အလုပ်သမားသပိတ်ဆင်နွှဲ
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုံမှာရှိတဲ့ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမား(၂၀၀)ကျော်ဟာ တောင်းဆိုထားတဲ့ အချက် (၅) ချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောမချင်း နေ့ရောညပါ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေတာ ဒီကနေ့ဆိုရင် သုံးရက်မြောက်ရှိသွားပြီလို့ သိရပါတယ်။
၂၀၁၂ ခုနှစ် မေလ ၂၁ ရက်က အခြေခံလုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆက်လက်တောင်းဆိုနေကြသည့် လှိုင်သာယာစက်မှုဇုန်က ဆန္ဒပြ အလုပ်သမားများ
ဆက်လက်ဖတ်ရှုရန် »
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း တိုက်ပွဲပြင်းထန်နေဆဲ
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊လက်ပန်း တောင်းတောင် ကြေးနီစီမံကိန်းအနီးအနားက လယ်မြေတွေ မှာ တရုတ်နိုင်ငံသားပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီဖက်က အဆောက်အဦးတွေ နေ့ ည ဆက်လက် ဆောက်လုပ်နေတာကို ရပ်ဆိုင်းပေးဖို့ အောက်တိုဘာလ ၂၇ ရက် မနက်ပိုင်းက ဒေသခံ (၅၀၀) နီးပါးဟာ အဲဒီအဆောက်အဦးတွေ ဆောက်လုပ်နေတဲ့နေရာကို သွားရောက်တားမြစ်ခဲ့ကြပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်နှင့် ဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးရန် ဒေသခံ ပြည်သူများ တောင်းဆို ဆန္ဒပြနေကြစဉ်။
ဆက်လက်ဖတ်ရှုရန် »
တရားလွှတ်တော်ချုပ် အဆောက်အဦး ထိန်းသိမ်းရေး ညှိနှိုင်းဆောင်ရွက်မည်
နှစ် ၁၀၀ ကျော်ကြာလာပြီ ဖြစ်တဲ့ ရန်ကုန်မြို့က တရားလွှတ်တော်ချုပ်ရုံး။ (စက်တင်ဘာလ ၁၀ ရက်၊ ၂၀၁၂)။
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဟာ ရှေ့နေကွန်ယက် ဦးဆောင်သူတွေနဲ့ တွေ့ဆုံ ခဲ့ပြီးတော့ ရှေးဟောင်း အဆောက်အဦးတွေ ဖြစ်တဲ့ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်နဲ့ ရန်ကုန်တိုင်း တရားရုံးတွေကို ပြတိုက်နဲ့ ဟိုတယ်လုပ်မယ့် စီမံကိန်း ကိစ္စကိုပါ ပြောဆို ဆွေးနွေး ခဲ့ကြပါတယ်။ ရှေ့နေတွေက ဒီစီမံကိန်းကို ရပ်ဆိုင်းဖို့ လိုလားတာကြောင့် အများသဘောမတူရင် မလုပ်တော့ဘူးလို့ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက တုံ့ပြန်ခဲ့ပါတယ်။ ဒီလို ရှေးဟောင်း အဆောက်အဦးတွေ ထိန်းသိမ်းရေးအတွက်လည်း ပညာရှင်တွေနဲ့ တိုင်ပင်မှုတွေ ရှိနေတယ်လို့ ဒီကနေ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ လုပ်ခဲ့တဲ့ အဲဒီဆွေးနွေးပွဲမှာ ပြောပါတယ်။ ဒီအကြောင်းကို သွားရောက် သတင်းယူခဲ့တဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ရခိုင်ပဋိပက္ခ ဒုက္ခသည်များ အကူအညီတွေ အရေးပေါ် လိုအပ်
စစ်တွေမြို့ အောင်မင်္ဂလာအရပ်မှာ စုဝေးနေကြတဲ့ မူစလင်တချို့။
ရခိုင်ပြည်နယ်တွင်း တကျော့ပြန် လူမျိုးစုပဋိပက္ခတွေကြောင့် သီတင်းတပတ်အတွင်း လူ ၆၀ ကျော် သေဆုံးခဲ့ရပြီး အိုးအိမ်ထောင်ချီ မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ အခုရက်ပိုင်း မှာတော့ ရခိုင်ပြည်နယ်တွင်း အချို့နေရာတွေမှာ အခြေအနေတွေဟာ အနည်းငယ် အေးချမ်း၊ တည်ငြိမ်သွားပြီဖြစ်ပေမဲ့ ထောင်ချီတဲ့ ဒုက္ခသည်တွေ အတွက် ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ အရေးတကြီး လိုအပ်နေပါတယ်။ နောက်ဆုံးရ ရခိုင်ပြည်နယ် သတင်းတွေကို မဆုမွန်က စုစည်း တင်ပြပေးထားပါတယ်။
ဆက်လက်ဖတ်ရှုရန် »
Friday, October 26, 2012
ရခိုင်ပြဿနာ အခြေခံကိုဖြေရှင်းဖို့ ကင်တားနားတိုက်တွန်း
ရခိုင်ပြည်နယ်မှာ လူတွေ အတော်များများသေဆုံးပြီးတော့ အိမ်ခြေ တထောင်ကျော် မီးရှို့ခံခဲ့ ရတာကို ကြည့်မယ်ဆိုရင် အခြေခံအကြောင်းရင်း တွေကို ဖြေရှင်းဖို့ လိုအပ်နေတယ် ဆိုတာ ပြသ လိုက်တာပဲဖြစ် တယ်လို့ ဆိုပါတယ်။“ဗုဒ္ဓဘာသာနဲ့ မူဆလင်အဖွဲ့အစည်းတွေကြား ဖြစ်ပွားနေတဲ့ တင်းမာ မှုတွေနဲ့ ပဋိပက္ခတွေအတွက် အရိုးစွဲနေတဲ့ ဘာသာရေး၊ လူမျိုးရေးခွဲခြားမှုတွေ မုန်းတီးမှုတွေ အပါအဝင် အခြေခံ အကြောင်းအရင်းတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းရမယ်လို့ ကျနော်ယုံကြည်ပါ တယ်။
ဆက်လက်ဖတ်ရှုရန် »
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ လုပ်ဆောင်မှု ပုံသဏ္ဍာန် သဲကွဲမှုမရှိကြောင်း SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ လုပ်ဆောင်မှု ပုံသဏ္ဍာန် သဲကွဲမှုမရှိကြောင်း SNLD (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်)ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက Eleven Media Groupသို့ ပြောပါသည်။ဦးခွန်ထွန်းဦး သည် အောက်တိုဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော SNLD တည်ထောင်ခြင်း (၂၄)နှစ်ပြည့် အထိမ်းအမှတ် မိတ်ဆုံစားပွဲတွင် Eleven Media Group နှင့် တွေ့ဆုံရာ၌ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဆက်လက်ဖတ်ရှုရန် »
မြန်မာသစ်တောထွက်ကုန် ဥရောပတင်ပို့နိုင်ရန် စတင်ဆောင်ရွက်
မြန်မာနိုင်ငံ၏ သစ်တောထုတ်ကုန် ပစ္စည်းများအား ဥရောပနိုင်ငံများသို့ တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုရန် »
ရခိုင်ပဋိပက္ခနှင့် ပတ်သက်သည့် အရေးကြီးအဆို လွှတ်တော်က မှတ်တမ်းတင်
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ် အေးချမ်းရေး ကော်မတီက ဆွေးနွေးဆုံးဖြတ်ပြီး ပန်းတနော်မြို့နယ်က ဦးမောင်မောင်ဥာဏ် တင်သွင်းတဲ့ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ အရေးကြီး
အဆိုကို အမတ် ၁၀ ဦးက ထောက်ခံဆွေးနွေးခဲ့ပေမယ့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့် သွားမှာ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)
My Blog List
VOA News: သတင်း
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube...
1 week ago
DVB
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ်
-
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...
3 years ago
သစ်ထူးလွင်
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...
3 years ago
ဒေါက်တာလွဏ်းဆွေ
နောက်ဆုံးရ မြန်မာသတင်းများ
-
နောက်ဆုံးရ မြန်မာသတင်းများအား ပုံပေါ် ကလစ်၍ ဖတ်ရှုပါ။
5 years ago
ဒေါင်းမာန်ဟုန်
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန်
-
[image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...
7 years ago
Narinjara News Burmese Online 24 X 7
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို
-
နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...
7 years ago
ဒီမိုဝေယံ
-
အမေ့သမီးတွေနဲ့ အတူ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နဲ့ အတူရှိနေကြမယ် photo credit Eleven Media Group
7 years ago
မြန်မာ့သားကောင်း
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင်
-
၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...
10 years ago
The Irrawaddy's Blog
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ
-
ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...
10 years ago
ဆုံနေကြ
-
*A Father's Tear (အဖေ့မျက်ရည်) * လူတစ်ယောက်မိခင်များနေ့မှာနှင်းဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့ စည်းပြီးဈေးအ၀မှာသွာ...
13 years ago
မြန်မာပြည်သား
-
ဒေါက်တာမျိုးချစ်
-