Friday, August 10, 2012

ရွှေည၀ါဆရာတော်၏ တရားပွဲစဉ်များနှင့် ခရီးစဉ် ထွက်ရှိ

ရွှေည၀ါဆရာတော်၏ တရားပွဲစဉ်များနှင့် ခရီးစဉ် ထွက်ရှိ
မိုးမခ၊ သြဂုတ် ၁၀၊ ၂၀၁၂
လက်ခံရရှိသော အချက်အလက်များအရ ယခုလဆန်းမှ ဆန်ဖရန်ဘေးဧရိယာသို့ ခရီးကြွချီလာသော ရွှေည၀ါဆရာတော် ဦးပညာသီဟသည် အောက်ပါ ခရီးစဉ်အတိုင်း ပြည်နယ်များသို့ ကြွရောက်ပြီး တရားပွဲများ လက်ခံချီးမြှင့် ပေးမည်ဟု သိရသည်။

အပစ်ရပ်ကာလအတွင်း ကရင်နီစာပေ ပထမဆုံး စတင်ပို့ချ



ယခင်က သင်ကြားပို့ချခွင့်မရခဲ့သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူးထဲဘူးဖဲ ထီထွင်ခဲ့သည့် ကရင်နီစာပေကို အပစ်ရပ်ကာလအတွင်း ပထမဆုံး စတင်သင်ကြားပို့ချနေပြီး ဖြစ်သည်။

ပြုတ်သွားလည်း လုပ်စားဖို့ လွယ်တဲ့ မင်းသားကြီး ကျော်ဆန်း

မြန်မာနိုင်ငံရဲ့ စာပေစိစစ်ရေးဆိုတဲ့ စာပေကင်ပေတိုင်ဆိုတာကြီး ပျက်ဆီးသွားတဲ့သင်္ကေတ အနေနဲ့ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းလိုက်တဲ့ သတင်းထွက်ပေါ်လာပါပြီ။

မြန်မာပြည် လမ်းဘေးဝပ်ရှော့က ထိုင်းဝပ်ရှော့ထက် သာတယ်



ဥရောပမော်တော်ကားတွေကို အထူးပြုပြင်တဲ့ ထိုင်းနိုင်ငံက
SMRT မြန်မာပြည် လာမယ်၊ ၀ပ်ရှော့ဖွင့်မယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စာဖတ်သူတဦးက သူ့အမြင်ကို အခုလို ရေးသားထားပါတယ် -

ပိုင်ဆိုင်မှုကြေညာရေး အဆို ဘာကြောင့်ရှုံး

ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင် သော ပစ္စည်းနှင့် အကျိုးစီးပွားများ ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ရန် အဆိုပြုချက်ကို ယမန်နေ့ ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ်သွားသည်။

ကောင်းမွန်သော အုပ်ချုပ်ရေး (Good governance)၊ သန့်ရှင်းသောအစိုးရ (Clean government) ဖြစ်ပေါ်စေရေး ရည်ရွယ်ပြီး ယင်းအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ပုသိမ်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် က ပြီးခဲ့သည့် ဇူလိုင် လ ၂၅ရက်နေ့ ဆွေးနွေးရန် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ရခိုင်တွင် ညမထွက်ရအမိန့် ထပ်မံ ထုတ်ပြန်

ရခိုင်ပြည်နယ် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့များတွင် ယမန်နေ့ညက စတင်၍ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။

ကျောက်တော်မြို့၌ ည ၇ နာရီမှ နံက် ၅ နာရီ အထိ ညမထွက်ရ ထုတ်ပြန်ထားပြီး မင်းပြားနှင့်မြောက်ဦး မြို့များတွင် ည ၁၀ နာရီမှ နံက် ၄ နာရီအထိ အသီးသီး ထုတ်ပြန်ထားကြောင်း၊ ထိုအမိန့်အား ဗဟိုမှ လမ်းညွန်ချက်အရ ဒေသဆိုင်ရာ အာဏာ ပိုင်များက မြို့အနှံ့ လိုက်လံကြေညာခဲ့ကြောင်း ဒေသခံများ က ဧရာဝတီကို ပြောသည်။

နိုင်ငံသား ပြန်လည်စိစစ်ရေး အဆို လွှတ်တော်ပယ်ချ

နိုင်ငံသား စိစစ်ရေး ကတ်များကို မသမာသော နည်းလမ်းသုံးကာ ကိုင်ဆောင်ထားသည့် အိမ်နီးချင်းနိုင်ငံများမှ စိမ့်ဝင် လာသူ များအား ဖော်ထုတ် အရေးယူသွားရန် တိုက်တွန်းသည့် အဆိုကို ယမန်နေ့က အမျိုးသား လွှတ်တော်က ဆက်လက် မဆွေးနွေး သင့်ကြောင်း ကြေညာလိုက်သည်။

သြဂုတ်လ ၈ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်မြေ အမှတ် ၄ မှ ဒေါက်တာ မြတ်ဉာဏစိုးက “အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံတွင် စိမ့်ဝင် ရောက်ရှိနေခြင်း၊ မသမာ သော နည်းလမ်းများဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေး အတွက် အမျိုးသားရေး တာဝန် အဖြစ် အထူး စီမံချက်တရပ် ချမှတ် ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်း” သည့် အဆိုတင်သွင်းရာ လွှတ်တော် ကိုယ်စားလှယ် တဦးက ထောက်ခံခဲ့သည်။

အသက်မပြည့်သေးသည့် တပ်သားသစ်အား မိဘထံ ပြန်လည်ပေးအပ်

အသက် (၁၆) နှစ်သာ ရှိသေးသည့် တပ်သားသစ်ဖြစ်သူ မောင်ထက်မြတ်လင်းအား အမှတ် (၉၀၄) အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ တပ်ကြပ်ကြီး တင်စိုးက (၃၊ ၈၊ ၁၂) ရက်နေ့တွင် မိဘများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ထက်မြတ်လင်းနှင့် တပ်ကြပ်ကြီး တင်စိုးမောင်ထက်မြတ်လင်းနှင့် တပ်ကြပ်ကြီး တင်စိုး
အဆိုပါ အမှတ် (၉၀၄) အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ကိုယ်ပိုင်အမှတ် (၉၅၁၉၇၉) တပ်ကြပ်ကြီး တင်စိုးဆိုသူက မောင်ထက်မြတ်လင်းအား (၂၃၊ ၇၊ ၁၂) ရက်နေ့တွင် တပ်သားသစ်အဖြစ် စုဆောင်းပြီးမှ လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့တဖွဲ့၏ တောင်းဆိုမှုကြောင့် ယခုကဲ့သို့ ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ရိုဟင်ဂျာများအားအဖွဲ့၃ခုကထောက်ပံ့မှုဖြတ်တောက်


  

အရက်၏ အကျိုး အပြစ်များ

 

အရက် အလွန် အကျွံ သောက်ခြင်း က သွေးပေါင်ချိန် ကို တက်စေ တယ်၊ အသည်း ကို ထိခိုက်စေတယ်။ အခြား ကျန်းမာရေးအ္တရာယ်များကိုလည်း တိုးမြှင့်ပေးတယ်။ ဒါတွေကတော့ လေ ဖြတ်ခြင်း၊ ယာဉ်မတော်တဆမှုများမှ သည် အူမကြီးနှင့် အစာရေမြွိုပန် ကင်ဆာများအထိ ပါဝင်တယ်။ လူအများအပြားအတွက် အရက်ကို အသင့်အတင့်သောက်ခြင်း (In Moderation) က ကျန်းမာရေးကို အမှန်တကယ်တိုးတက်ကောင်းမွန်စေ တယ်လို့ သုတေသီတို့က တွေ့ရှိထား တာရှိတယ်။

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ လောင်းကစားဝိုင်း ၀င်ဖမ်း


သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ စွမ်စော်ရပ်ကွက် ကောင်းထက်တည်းခိုခန်းအနီး ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းတခုအား ယခုလ ၈ ရက်နေ့ နေ့လည်ပိုင်းက မူစယ်အုပ်ချုပ်ရေးမှူး ဦးမြဟန် ဦးဆောင်သည့် အဖွဲ့မှ ၀င်ရောက် ဖမ်းဆီး ခဲ့ကြောင်း သိရသည် ။
game
မူစယ်မြို့၌ လောင်းကစားဝိုင်း ၄၀ ကျော်ခန့်ဖွင့်လှစ်ထားရာ ၄င်းသတင်း လွန်ခဲ့သည့်လလယ်ပိုင်းက သျှမ်းသံ တော်ဆင့်မှ ဖေါ်ပြခဲ့ပြီးနောက် လောင်းကစားရုံ အများစု ရပ်နားခဲ့ပြီး ကျန်ရှိသည့် ကစားဝိုင်းအား ဖမ်းဆီးမှု ပြုလုပ်ခြင်း ဖြစ်ကြောင်း မူစယ်မြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သမီးလေးအတွက်တစ်လမှာ အချိန် တစ်ဝက်ပေးထားတဲ့ အိန္ဒြာကျော်ဇင်

 

လွတ်လပ်ပေါ့ပါးတဲ့ အနုပညာရှင် တစ်ယောက်ရဲ့ ဘဝနဲ့ အိမ်ထောင်ရှင်
ဖြစ်လာခဲ့တဲ့အချိန်တွေရဲ့ နောက်မှာ အပြေးအလွှားလှုပ်ရှားနေရ တဲ့ အနုပညာအလုပ်တွေကြား ရှားရှား ပါးပါး အားလပ်ချိန်လေးများ မရှိပေ မယ့် ကိုယ်ပိုင်အချိန်တွေရဲ့ တစ်ဝက် သမီးလေးအတွက်ပါဆိုတဲ့ အကယ် ဒမီအိန္ဒြာကျော်ဇင်ရဲ့ မိခင်မာတာရင် တွင်းမေတ္တာကို နားထောင်ကြည့်တဲ့ အခါ-
“သမီးလေးကို ပြေသုဒြာ ဆိုတဲ့အမည်လေးကတော့ ပရိသတ်နဲ့ ကိုယ့်လောကသားတွေကြားမှာ တော့ အတည်ဖြစ်သွားပြီပေါ့နော်။ အိမ်မှာနဲ့ အမျိုးတွေကြားမှာတော့ ချစ်စနိုးနဲ့ အမျိုးမျိုးခေါ်ကြတာပေါ့။ အူဝဲကား ရိုက်သွားရင် အိမ်မှာအစ်မနဲ့ အမေရှိတယ်။ သူ့ကိုထိန်းတဲ့ကလေးထိန်းရှိ တယ်။ကျန်းမာရေးကလည်း ကောင်း ပါတယ်။ အခုဆို (၉) လကျော်သွား ပြီ။သမီးကို ဘာဖြစ်စေချင်တယ်၊ ဘာ လုပ်ပေးချင်တယ် ဆိုတာမျိုးကတော့ အများကြီးပါပဲ။ခုချိန်မှာ သူ့ရဲ့ဝါသနာ၊ ဗီဇဆိုတာဘယ်လေ့လာလို့ရပါဦးမလဲ။

ဂျပန်ကား အစီး ၃,၀၀၀ အောက်တိုဘာ လအတွင်း တင်သွင်းရန်ရှိ

ကုန်းလမ်း ပို့ဆောင်ရေးနှင့် ဂျပန်ကား ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း၍ ဂျပန်နိုင်ငံထုတ် ခရီးသည်တင် ယာဉ်များနှင့် အငှားယာဉ် အစီး ၃,၀၀၀ ခန့်ကို ယခုနှစ် အောက်တိုဘာလမှ စတင်၍ တင်သွင်းရန် ရှိသည်ဟု ဂျပန်ကားကုမ္ပဏီ ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ (MD) ဦးတင်အောင်မြင့် က ပြောသည်။

“အခုလောလောဆယ်တော့ တင်သွင်းမယ့် ယာဉ်စီးရေကို သုံးထောင်လို့ပဲ မှန်းထားပြီး အဲဒီယာဉ်တွေကို တပြိုင်နက်တည်း မဟုတ်ဘဲ နည်းနည်းစီ အသုတ်လိုက်ခွဲပြီး တင်သွင်းဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။

လှိုင်သာယာ(၁) ထိပ်တွင် မြေအောက်ဂတ်စ်ပိုက်လိုင်းပေါက်၍အသေးစား မီးလောင်မှုဖြစ်ပွား

 ရန်ကုန်တိုင်းဒေသကီးလိင်သာယာမြို့နယ် (၁)ထိပ်မှတ်တိုင် အနီးရှိ မြေအောက်ဂတ်စ်ပိုင်းလိုင်းမှ ဂတ်စ်ငွေများယိုစိမ့်ကာ အသေးစား မီးလောင်မတစ်ခုဖြစ်ပွားခဲ့ကောင်း သိရှိရသည်
 
အဆိုပါ မီးလောင်မမှာ ယနေ့သြဂုတ်လ (၉)ရက်နေ နေလည် (၁)နာရီ(၃ဝ)မိနစ်တွင်ဖြစ်ပွားခဲ့ကောင်း မီးလောင်မ ဖြစ်ပွားခဲသည်ကို တွေရှိခဲသည် မျက်မြင်သက်သေတစ်ဦးက ပြောသည်

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ စည်းဝေး

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီရဲ့ ဒီကနေ့ အစည်းအဝေးမှာ လုပ်ငန်းတာဝန်တွေ ခွဲဝေ ချမှတ်ခဲ့ကြောင်း ကော်မတီ အတွင်းရေးမှူး NLD လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်က တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေစဉ်။ 

မြန်မာ့သစ်လုပ်ငန်း ပြည်ပရောင်း/စက်ဌာနကြီး မသမာမှုအား တိုင်ကြားခြင်း

အယ်ဒီတာခင်ဗျား

၁။ နိုင်ငံပိုင်သစ်စက်များ/သစ်လုံးဆိပ်များတွင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်ပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပါက အထက်သို့တင်ပြရန်မလိုပဲ တာဝန်ရှိသူများအနေဖြင့် ရဲစခန်းသို့ တိုက်ရိုက်သွားရောက်အဖမ်းခံကြရန် ပတ်ဝန်းကျင်ထိမ်းသိန်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန(ယခင်သစ်တောရေးရာဝန်ကြီးဌာန)မှ အငြိမ်းစားဝန်ကြီးတစ်ဦးက မိန့်ကြားခဲ့ဘူးသည်ကို ယနေ့အချိန်တွင် အသက်(၅၀)ဝန်းကျင်ရှိနေပြီဖြစ်သော တာဝန်ထမ်းဆောင်ဆဲ သစ်တောဌာနဝန်ထမ်းအားလုံးလိုလို သိရှိမှတ်သားခဲ့ဘူးပြီးဖြစ်ပါလိမ့်မည်။

Skype သုံးနိုင်မည့် TV Cam HD ကို Logitech ဖြန့်ချိ

 

Skype video-chat ကင်မရာများ သည် ယခု အခါတွင် အိမ်သုံးTV များ သို့ တဖြည်းဖြည်း ကူပြောင်းရောက် ရှိလာခဲ့ပြီး အဆင့်မြင့်အရန်ပစ္စည်း တစ်ခုအဖြစ် ရွေးချယ်အသုံးပြုနိုင် မည်ဖြစ်သည်။ အိမ်သုံး TV များနှင့် တွဲဖက် အသုံးပြု နိုင်သည့်TV Cam HD ကို တန်ဖိုးဒေါ်လာ၂၀ဝနှုန်းဖြင့် Logitech ကထုတ်လုပ်ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
အဆိုပါကင်မရာမှာ့ high-definition video များကို ဖမ်းယူနိုင်ပြီးံHDMI input တပ်ဆင်ထားသောHDTV များတွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့အပြင်အဆိုပါ TV Cam HD တွငှ်ုSkype software နှင့်WiFi စနစ်တို့တစ်ပါတည်း built-in ပါဝင်မည်ဖြစ်ပြီး တ ခြားသောကွန်ပျူတာတစ်လုံးလုံးနှင့် တပ်ဆင်အသုံးပြုရန်လိုအပ်မည် မဟုတ်ပေ။ ထိုကင်မရာ၏ပံ့ပိုးမှု ကြောင့် မိမိTV ရှေ့တွင်ရှိသော ဆိုဖာခုံပေါ်မှနေ၍ HD Skype video calls များကိုသက်သောင့်သက်သာ ဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

မကြာမီမှာ ဒုတိယအခွေထွက်တော့မယ့် အောင်လ

 

စာနယ်ဇင်းပွဲ တစ်ခုမှာ တွေ့ရတဲ့ အောင်လနဲ့ ပြောဖြစ် သမျှက- “ကျွန်တော့်ရဲ့ ဒုတိယ ခွေလေး အတွက် ဒီရက်ပိုင်းမှာ စီစဉ်နေပါ တယ်။နယ်ရှိုးပွဲက ဒီလထဲမှာ မော်လမြိုင်ပွဲပဲ ရှိပါတယ်။ ကျွန်တော့် အခွေက အတီးတွေအကုန်ပြီးသွားပါပြီ။
အဆိုပဲကျန်တော့တယ်။ ထွက်သွားတဲ့ မိုင်လေး အခွေမှာလေးပုဒ်ရေးပေးထားတယ်။ အခုရက်ပိုင်းဆို ကျွန်တော်ကြော်ငြာ သီချင်းတွေရေးတာပိုများနေတယ်။အဲ့လိုမျိုးစီးပွားရေးကြော်ငြာပိုင်းကို ရေးပေး နေတော့ တစ်ဖက်မှာတော့အားလျှော့သွားတာရှိတယ်။ကျွန်တော် အခုနောက် ပိုင်းသီချင်းကိုမရေးပေးတော့ဘူး။ ကိုယ်နဲ့ခင်တဲ့သူပဲရေးပေးတယ်။

မလေးရှား ကားကုမ္ပဏီ တစ်ခု စက်ရုံ တည်ထောင်ရန် မြေနေရာ လိုက်ရှာနေ


 
မလေးရှားနိုင်ငံ အခြေစိုက် ကား ထုတ်လုပ်သည့် Tan Chong ကုမ္ပဏီက ကားပစ္စည်းများ ထုတ်လုပ် တပ်ဆင်သည့် စက်ရုံ တစ်ရုံကို တည်ထောင်ရန် ပဲခူးတိုင်းဒေသ ကြီးအတွင်းရှိ မြေဧက ၁၀ဝ အ ကျယ်အဝန်းရှိ မြေနေရာတစ်ခု ကိုလိုက်လံ ရှာဖွေနေကြောင်း ရန်ကုန် သို့ ရောက်ရှိနေသည့် အကြီးတန်း မန်နေဂျာ ဦးဇော်မင်း ကပြောသည်။
" ရန်ကုန်မှာ လိုချင်တာ။ ရန် ကုန်မှာမရှိလို့ ပဲခူးသွားတာ။ ဘာ မှမဆုံးဖြတ်ရသေးဘူး"ဟု အကြီး တန်းမန်နေဂျာကပြောသည်။ လတ်တလောအခြေအနေ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော် မရှင်သို့ လျှောက်ထားမှုမရှိသေး သော်လည်းတည်ဆောက်မည့်မြေ နေရာရရှိပါက လုပ်ငန်းလည် ပတ်လုပ်ကိုင်ရန် ၄င်းကော်မရှင်၏ ခွင့်ပြုချက်ရရှိရန် တင်ပြသွားမည် ဖြစ်ကြောင်း ဦးဇော်မင်းက ပြော သည်။

သမ္မတဦးသိန်းစိန် ရခိုင်ခေါင်းဆောင်များနှင့် ပြည်နယ်တည်ငြိမ်ရေး ဆွေးနွေး

သမ္မတဦးသိန်းစိန်ဟာ မနေ့က ရခိုင်တိုင်းရင်းသားပါတီခေါင်းဆောင်နှစ်ဦးကို အလွတ်သဘောတွေ့ဆုံပြီး ရခိုင်ပြည်နယ် တွင်း တည်ငြိမ်းအေးချမ်းရေးကိစ္စကို ဆွေးနွေးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ဥက္ကဋ္ဌ ဦအေးသာအောင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဩဂုတ်မှ နိုဝင်ဘာအတွင်း MDIS တွင် ကျောင်းလျှောက်ပါက Tution Grand S$2000 ရရှိမည်

 

စင်ကာပူနိုင်ငံရှိ MDIS ကျောင်းတွင် ယခု ဩဂုတ်လမှ လာမည့် နိုဝင်ဘာလ အတွင်း ကျောင်း လျှောက်ထား သူများ အတွက် Tution Grand S$2000 ကို ပေးအပ် ချီးမြှင့်မည် ဖြစ်ပြီး ထူးချွန် ကျောင်းသားကျောင်းသူများ အနေဖြင့် Merit Scholarship S$10000 ကိုလည်း လျှောက်ထားရယူနိုင် ကြောင်းသိရသည်။
အဆိုပါ Tution Grand အတွက် Qualification သီးသန့်တင်ပြစရာမ လိုဘဲ MDIS သို့ကျောင်းဝင်ခွင့်ရသူ တိုင်းကိုပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး Diploma တန်းမှ Bachelor တန်း၊ Master တန်းများအထိ အားလုံးပါ ဝင်မည်ဖြစ်သည်။

University of Hertfordshire ၏ စက်တင်ဘာကျောင်းဝင်ခွင့်အတွက် လျှောက်ထားနိုင်

 

အင်္ဂလန် ပညာရေးကို စိတ် ပါဝင်စားသော မြန်မာ ကျောင်းသူ ကျောင်းသားများ အနေဖြင့် University of Hertfordshire ၏ Foundation သင်တန်းအတွက် ယခုနှစ်စက်တင် ဘာလကျောင်းဝင်ခွင့်များကို ဩဂုတ်လ ၂၄ ရက် နောက်ဆုံးထား၍ STUDY ABROAD တွင် လျှောက်ထား နိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်တွင် စီး ပွားရေးနှင့် စီမံခန့်ခွဲမှု၊ ဥပဒေပညာ ရပ်များအတွက်BA (Hons) ဘွဲ့သင် တန်းများ၊ အိုင်တီနှင့် ကွန်ပျူတာ နည်းပညာဘာသာရပ်များအတွက် B.Sc (Hons) သင်တန်းများအပြင် Ranking 20 တွင် ရပ်တည်နေသောံHertfordshire ၏ နာမည်ကျော် Automotive Engineering ဘာသာရပ် ကိုလည်း လေ့လာသင်ယူနိုင်မည် ဖြစ်သည်။

တောင်သမန်အင်း ဦးပိန်တံတားမှာ မြစ်ရေတိုးတဲ့ မြင်ကွင်း။

Pepsi မြန်မာပြည်ပြန်လာပြီ


ကမ္ဘာ့အကြီးဆုံး အချိုရည် ကုမ္ပဏီကြီးဖြစ်တဲ့ Pepsi ကုမ္ပဏီကြီးက မြန်မာနိုင်ငံအပေါ် အမေရိကန် အပါ အ၀င် နိုင်ငံကြီးတွေ ရဲ့ အမျိုးမျိုးသော စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှာပြီးတဲ့နောက် တချိန်က သူ့ ဈေးကွက်ဖြစ် ခဲ့တဲ့ မြန်မာနိုင်ငံကို ပြန်လည် ၀င်ရောက်မယ်ဆိုတဲ့အကြောင်း ကြေညာလိုက်ပါပြီ။

ဝက်သားတင်တဲ့ နတ်ပွဲ

ဓာတ်ပုံ- မျက်ရှု့ သုတ၊ ရသမဂ္ဂဇင်း

စစ်ကိုင်းမြို့နယ် သာဒွန်းကျေးရွာ၌ ၀က်သားများကို အမျိုးစုံစွာ စီရင်ပြုလုပ်ပြီး ပူဇော် ပသသော ထူးထူးခြားခြား နတ်ပွဲကို ဇွန်လ ၂၁ ရက်နေ့က အစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့သည်။

My Blog List