Friday, June 01, 2012

ကမ္ဘာမှာ တံခါးပိတ်ဆန္ဒပြ

(ဓာတ်ပုံများ-ဧရာဝတီ)

ဒညှင်းကုန်းမြို့နယ် ကမ္ဘာ အထည်ချုပ်စက်ရုံက အလုပ်သမား တထောင် နီးပါးကတော့ တခြားစက်ရုံတွေနဲ့ မတူဘဲ စက်ရုံဝန်းတံခါးကို ပိတ်ပြီး ဆန္ဒပြလိုက်ကြပါတယ်။

စက်ရုံဝန်းတံခါးကို ပိတ်ဆို့ပြီး ဆန္ဒပြနေတာကြောင့် စက်ရုံပိုင်ရှင်၊ မန်နေဂျာတွေ ၊ တာဝန်မှူး တာဝန်ခံတွေ၊ ဂိတ်စောင့် လုံခြုံရေးတွေ၊ တခြား အလုပ်သမားတွေ အားလုံးကို အပြင်ထွက်ခွင့် မရဘူးလို့ သိရပါတယ်။

ကမ္ဘာ့ဆံပင် အရှည်ဆုံး ဂင်းနစ်မှတ်တမ်းဝင် အမျိုးသမီး


တရုတ်နိုင်ငံ၊ ဂွမ်ချီ ပြည်နယ်က အသက် ၅၀ အရွယ် မစ္စ Xie Qiuping သည် ၂၀၀၄ ခုနှစ် မေလ ၈ ရက်နေ့ကတည်း က ကမ္ဘာ့ ဆံပင် အရှည်ဆုံး အမျိုးသမီးအဖြစ် ယနေ့ထိ ကမ္ဘာ့ ဂင်းနစ် မှတ်တမ်းတွင် စံချိန်တင်ခံထားရသူဖြစ်သည်။

ဂရိတ်ဝေါဆန္ဒပြသူများ သွေးခွဲခံရ


လှိုင်သာယာမြို့နယ် ဂရိတ်ဝေါစက်ရုံ ဆန္ဒပြမှုကို သွေးခွဲ လှုံ့ဆော်ကာ သပိတ်ခွဲမှုများ ရှိနေကြောင်း အလုပ်သမားတချို့က ပြောသည်။

စက်ရုံမှ ဆန္ဒပြ အလုပ်သမား ကိုယ်စားလှယ်တစ်ဦးက ပြောကြားရာတွင် '' ညီမတို့ဆီကို အဖွဲ့အစည်းလည်း မဟုတ်ဘူး၊ ပါတီကလည်း မဟုတ်ဘူး၊ ဒီတိုင်း ကူညီတယ် ဆိုပြီး လူ ၂ ယောက် ရောက်လာတယ် ။ သူတို့မှာ ရုံးလည်း မရှိဘူးလို့ သိရတယ်။

ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ စတင်ဖွဲ့စည်း


ကျောင်းသား သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီကို ရန်ကုန်မြို့ လှိုင်နယ်မြေရှိ ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ဒီကနေ့ ၂၀၁၂ ခုနှစ် ဇွန်လ ၁ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် ကျင်းပဖွဲ့စည်းခဲ့ပါသည်။

ရန်ကုန်ဆိပ်ကမ်း ကားခိုးသွင်းမှု ဆက်လက်ဖြစ်ပွား

ရန်ကုန်မြို့ ဆိပ်ကမ်းတခု (ဓာတ်ပုံ - ပေါ်ပြူလာဂျာနယ် - http://popularmyanmar.com)

လိုင်စင်မဲ့ကား တင်သွင်းမှုများတွင် ပါဝင်ပတ်သက်သူ
ရန်ကုန်ဆိပ်ကမ်း အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများ အရေးယူခံရခြင်း မရှိသေးဘဲ တရားမ၀င် ကားတင်သွင်းမှု ဆက်လက် ပေါ်ပေါက်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

သုံးလေးနှစ် အရွယ်ကတည်းက သီချင်းဆိုခဲ့တဲ့ (ဝိုင်းစုခိုင်သိန်း)



သုံးလေးနှစ် အရွယ်ကတည်းက လက်ကိုင်ပပါကို ခေါက်ပြီး ခုံပေါ်တက် သီချင်းဆိုခဲ့တယ် (ဝိုင်းစုခိုင်သိန်း)


လူတိုင်းမှာ ပထမဆုံး ဆိုတာတွေတော့ ရှိတယ်လို့ ထင်မိပါတယ်။ အဲဒီလိုပဲ အခုလက်ရှိ ပရိသတ် စိတ်ဝင်စားခြင်း ခံနေရတဲ့ အနုပညာရှင်တွေကလည်း ငယ်စဉ်ဘဝမှာ ပထမဆုံး စိတ်ဝင်စားပြီး လှုပ်ရှားခဲ့တဲ့ အနုပညာ လုပ်ငန်းတွေလည်း ရှိတယ်ထင်မိပါတယ်။

မြစ်ဆုံစီမံကိန်းပြန်စရန် CPI ကြိုးစား


ဆိုင်းငံ့ထားတဲ့ မြစ်ဆုံရေကာတာ စီမံကိန်း ပြန်စနိုင်ဖို့ CPI က ကြိုးစားနေတယ်လို့
မြစ်ဆုံအရေး စောင့်ကြည့်နေသူတွေက ဆိုလိုက်ပါတယ်။
ဒီကနေ့ သူတို့ ထုတ်ပြန်တဲ့ ကြေညာချက်ကို ဖော်ပြပေးလိုက်ပါတယ်။


ထုတ်ပြန်ကြေညာချက်
ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့
ဇွန်လ၊ ၁၊ ၂၀၁၂

တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သည် ဇွဲနပဲကြီးစွာဖြင့် မြစ်ဆုံရေကာတာ စီမံကိန်းကို ရှေ့ဆက်ပြန်လည်လုပ်ဆောင်နိုင်ရေးအတွက် စိုင်းပြင်းနေသည်ဟု နိုင်ငံတကာရေကာတာအဖွဲ့မှ အတည်ပြုပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒေါ်ယဉ်လတ်

ကာတွန်း - Stephff
ကမ္ဘာ့စီးပွားရေးညီလာခံရောက် ဒေါ်အောင်ဆန်းစုကြည် နဲ့ ထိုင်းဝန်ကြီးချုပ်ပုံတွေပါ။
ထိုင်းဝန်ကြီးချုပ်က တွေးနေတာက ဘယ်လိုဖြစ်တာလဲ??? သူက ငါ့ထက်လည်း အသက်ကြီးသေးတယ်၊ အိုင်းရှဲဒိုးလည်း မဆွဲဘူး တဲ့။

သားစိုးနဲ့ ဖိုးချစ်တို့ရဲ့ ပညာဒါန


သတင်းဓာတ်ပုံ - Popular Journal
ရောသမမွှေ ဂီတနဲ့ မြန်မာကို ကမ္ဘာနဲ့ ချိတ်ဆက်ပြသူလို့ လူသိများတဲ့ အဆိုတော် ဂီတဖန်တီးရှင် သားစိုး နဲ့ မင်းသား ဖိုးချစ်တို့ရဲ့ သာဓု အခါခါ ခေါ်ရမယ့် သတင်းတပုဒ်ကို ပေါ်ပြုလာ ဂျာနယ်မှာဖော်ပြထားပါတယ်။

ကိုမြအေးပြောတဲ့ လယ်သမားအရေး

ရွှေနံ့သာ လယ်သမားများနဲ့ ကိုမြအေး
( ဓာတ်ပုံ- Mya Aye's facebook)

"လယ်သမားဆိုတာ တိုင်းပြည်ရဲ့ကျေးဇူးရှင်တွေဖြစ်တယ် တနည်းအားဖြင့် ကျွန်တော်တို့ရဲ့ ထမင်းရှင်တွေလည်းဖြစ်တယ်..လယ်သမားတွေရဲ့ အရေးဟာ ကျွန်တော်တို့တွေရဲ့ အရေးဖြစ်တယ်.." ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ပြောဆိုတာပါ။

မွန်တိုင်းရင်းသားတွေ အများစု နေထိုင်ကြတဲ့ ရွှေနံ့သာရွာက လယ်ယာမြေ လက်လွတ်ဖြစ်ခဲ့ရတဲ့ လယ်သမားများ အရေးနဲ့ ကိုမြအေးဆက်ပြောထားတာ ကတော့----

အလုပ်တော့ ရပါတယ် ... ဒါပေမဲ့ :(:(


ကာတွန်း - လိုင်လုဏ် 

ဧရာဝတီ(Blog) 

မြို့ကြီးသုံးမြို့တွင် Stock Exchange ပေါ်ပေါက်ရေး ဂျပန်နိုင်ငံနှင့် လက်မှတ်ရေးထိုး

 
မြန်မာနိုင်ငံ၏ မြို့ကြီးသုံးမြို့ဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် Stock Exchange Data Center များ ပေါ်ပေါက်ရေးအတွက် ၂၀၁၂ မေလ ၂၉ ရက်နေ့တွင် နေပြည်တော်ရှိ အမရာပိာုတယ်၌ ဂျပန်နိုင်ငံ တိုကျို စတော့အိတ်ချိန်း၊ Diawai Institute of Research Ltd နှင့် မြန်မာ နိုင်ငံတော်ဗပိာုဘဏ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း Bi-Weekly Eleven ဂျာနယ်၏ ဖော်ပြချက်အရ သိရှိရသည်။ 

ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ ရပ်နားရန် ညွှန်ကြားမှုကြောင့် ကျောက်တူးသမား သိန်းချီ ဒုက္ခရောက်

မကြာသေးမီကာလအတွင်းကကချင်ပြည်နယ်၊ဖားကန့်မြို့နယ်အတွင်းကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းအားလုံးကိုရပ်နားရန်သတ္တုတွင်းဝန်ကြီးဌာနမှညွှန်ကြားခဲ့သည့်အတွက်ယင်းဒေသရှိကျောက်စိမ်းတူးဖော်သည့်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသောကျောက်တူးသမားသိန်းချီဒုက္ခရောက်နေရကြောင်းယင်းမြို့နယ်၌ကျောက်တူးလုပ်ငန်း၌ဝင်ရောက်လုပ်ကိုင်နေသည့်သူတစ်ဦး၏ပြောကြားချက်အရသိရသည်။“အခုဖားကန့်ကကျောက်တူးဖော်တဲ့ကုမ္ပဏီတွေကိုရပ်နားရမယ်ဆိုပြီးသတ္တုတွင်းကညွန်ကြားချက်ထုတ်ပြန်ထားပါတယ်။

ဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်သည့် နိုင်ငံရေးပါတီငါးခုအား ကော်မရှင်မှ ခေါ်ယူတွေ့ဆုံ


မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသည့်အလုပ်ရှင်၊အလုပ်သမားပြဿနာများ၊လယ်သမားကိစ္စရပ်များနှင့်လျှပ်စစ်မီးအပြည့်အဝရရှိနိုင်ရေးအတွက်ပြည်သူများ၏ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများတွင်ပါဝင်ကူညီပတ်သက်ခဲ့သည့်နိုင်ငံရေးပါတီငါးခုအား၂၀၁၂မေလ၂၉ရက်နေ့တွင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ခေါင်းဆောင်တချို့ WEF ညီလာခံမှာ သီးခြားတွေ့ဆုံမည်

Bangkok National Verification Centre သို့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာစဉ်(AFP Photo)
ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာဒီကနေ့မှာတော့ဘန်ကောက်မြို့မှာကျင်းပနေတဲ့အရှေ့အာရှကမ္ဘာ့စီးပွားရေးညီလာခံကိုတတ်ရောက်မှာဖြစ်ပါတယ်။ညနေပိုင်းမှာအရှေ့အာရှစီးပွားရေးညီလာခံကျင်းပရာနေရာကိုဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာတာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှနာဝတ်နှင့် ဒေါ်အာင်ဆန်းစုကြည်တို့တွေ့ဆုံ


ဲမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်ထိုင်းဝန်ကြီးချုပ်မစ္စယင်းလတ်ရှနာဝတ်တို့ဟာကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ဧည့်သည်တော်ကြီးများအတွက်ဂါလာညစာစားပွဲမစတင်ခင်RoyalThaiNavyConventionHallထိုင်းဘုရင့်ရေတပ်မတော်ညီလာခံခန်းမမှာယနေ့မေလ၃၁ရက်နေ့ကတွေ့ဆုံခဲ့ကြပါတယ်။

မြန်မာအလုပ်သမားများအရေး ထိုင်း ဒုဝန်ကြီးချုပ်နှင့် ဒေါ်စု ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဒုတိယ ၀န်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးနေစဉ် - ဓာတ်ပုံ -Natty Tangmeesan

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့နေ့ခင်းပိုင်းက ထိုင်း ဒုတိယ ၀န်ကြီးချုပ် Dr. Chalerm Yubamrung နှင့် တွေ့ဆုံကြရာတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား များနှင့် ဒုက္ခ သည်များအကြောင်း ဆွေးနွေးပြောဆိုကြတယ်လို့ သိရပါတယ်။

ဥပဒေမဲ့ မင်းမဲ့ စရိုက်ဆန်ဆန်လုပ်ရပ်..........


သို့
ဗျူဟာမှူး ရှမ်းအရှေ့ ၊ တာချီလိတ်မြို့

တာချီလိတ်မြို့ ၊ ရီဂျီးနားဂေါက်ကွင်းတွင် လုံခြုံရေးတာဝန်ကျနေသော စစ်သားများ၏ဥပဒေမဲ့ ၊ မင်းမဲ့စရိုက်ဆန်ဆန်လုပ်ရပ်များအား တင်ပြခြင်း။

ကြိုးကြာသံ

တကယ်တော့ ဘ၀မှာ မထင်မှတ်ဘဲ သီချင်းရေးသူတယောက် ဖြစ်လာတာပါ။ ကျွန်တော် မူလတန်းကျောင်းသား အရွယ်တုန်းက စန္ဒရားတီးတတ်ချင်လို့ အဖေ့ကို ပူဆာပါတယ်။ အဖေက ဘကြီးသန့် (ဦးသန့်၊ ဒါးတန်း)ကို အကူအညီတောင်းတော့ ဆရာဦးသိမ်းမောင်ဆီမှာ စန္ဒရားတီးသင်ဖို့ ဘကြီးသန့်က စီစဉ်ပေးပါတယ်။

မိုဘိုင်းဖုန်းအသုံးဝင်ပုံ

(ဓာတ်ပုံ - အောင်အောင် / ဧရာဝတီ)
ဒီကနေ့ မြန်မာ့အလင်း သတင်းစာ အယ်ဒီတာ့အာဘော်မှာ မိုဘိုင်းဖုန်းအသုံးဝင်ပုံကို ဖော်ပြထားပါတယ်။

သုံးတတ်ရင် အင်မတန် အကျိုးရှိမယ်လို့ အကြံပြုထားပါတယ်။

ရန်ကုန်က လယ်သိမ်းခံများအတွက် ဆန္ဒပြမှု

အိုးအိမ်ဦးစီးရုံးရှေ့ ဆန္ဒပြနေသော ဦးဝင်းချိုနဲ့ လယ်သမားတချို့


ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ အိုးအိမ်ရုံးရှေ့တွင် ဦးဝင်းချိုနှင့် လယ်ယာမြေများ အသိမ်းခံရတဲ့ လယ်သမား များ ဆန္ဒပြနေကြောင်းသိရပါတယ်။

Thursday, May 31, 2012

ရဲတပ်ကြပ် တစ်ဦးရိုက်နှက်မူကြောင့် ဒေသခံ လူကြီးတစ်ဦး ခေါင်းကွဲ၊ ငါးချက် ချုပ်ရ

ရဲဒုတပ်ကြပ်အဆင့်ရှိသူတစ်ဦး၏ရိုက်နှက်မူကြောင့်တောင်ကုတ်မြို့နယ်မှအသက်၅၅နှစ်ရှိလူကြီးတစ်ဦးမှာဦးခေါင်းတွင်ဒဏ်ရာရရှိကာဆေးရုံတွင်ငါးချက်တိတိ ချုပ်လိုက်ရကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောသည်။


ဦးခေါင်းမှချုပ်ဒဏ်ရာနှင့်ဦးထွန်းနုရဲဒုတပ်ကြပ်၏ရိုက်နက်၍ဦးခေါင်းကိုငါးချက်တိတိချုပ်လိုက်ရသူမှာတောင်ကုတ်မြို့နယ်ပေါက်ပြင်ကျေးရွာမှ ဦးထွန်းနု ဖြစ်သည်။

ပညာရေးလား ဓါးမြတိုက် ပညာပေးလား ! ! !


မြန်မာ့ ပညာရေး---- အခမဲ့ ပညာရေးလား ဓါးမြတိုက် ပညာပေးလား မေးစရာပါ။
ဇွန်လ၁ရက်နီးတော့မြန်မာပြည်မှာအခုဆိုရင်သူငယ်တန်းမှအထက်တန်းအထိကျောင်းအပ်နေကြပါသည်။မေလ ၂၈ရက်နဲ.မှမေလ၃၁ရက်အထိကျောင်းအပ်ရမယ်လို့ကျာင်းတွေကကြေညာထားပြီးကျောင်းသားမိဘတွေကလေးငယ်တွေကို ကျောင်းအပ်တဲ့အချိန်ပါ။

မျက်ရည်တွေကို ဖေးမကူပေးနေတဲ့ မင်းကိုနိုင်ရဲ့ လက်

ဆန္ဒပြ စက်ရုံအလုပ်သမား မိန်းကလေးငယ်များရဲ့ မျက်ရေတွေ သူ့လက်နဲ့ ခြောက်သွေ့စေဖို့ ကြိုးစားနေတဲ့ ကိုမင်းကိုနိုင်

အလုပ်သမားဆန္ဒပြမှုတွေဖြစ်နေတဲ့ လှိုင်သာယာစက်မှုဇုံ မှာ သွားရောက်အားပေးစကားပြောဆိုရင်း
ကျောင်းသူ အရွယ် မိန်းကလေးငယ်လေးတွေရဲ့ စိုစွတ်နေတဲ့ မျက်ရည်တွေကို သူ့ ရဲ့လက်နဲ့ ခြောက်သွေ့စေဖို့ ကြိုးစားနေတဲ့ လူထုကြားထဲက ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပါ။

ကမ္ဘာ့ စီးပွားရေးဖိုရမ်ကို တိုက်ရိုက်ကြည့်ရှု့နိုင်



ဒေါ်အောင်ဆန်းစုကြည်တက်ရောက်နေသည့်ဒီကနေ့ကျင်းပတဲ့ကမ္ဘာ့စီးပွားရေးဖိုရမ်ကိုတိုက်ရိုက်ကြည့်ရှု့နိုင်ပါတယ်။

My Blog List