Tuesday, January 14, 2020

အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်ပြုခြင်းမှာ ခေတ်အဆက်ဆက်တွင်ရှိခဲ့ဟု ဆို

Image may contain: car and outdoorImage may contain: 1 person, sitting and indoor

အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်ပြုခြင်းမှာ ခေတ်အဆက်ဆက်တွင်ရှိခဲ့ကြောင်း မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း(ရန်ကုန်)မှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးက ပြောသည်။

စီးပွားရေးမပြေလည်ရင် ငြိမ်းချမ်းရေးမခိုင်မာနိုင်ဟု ကရင်ဝန်ကြီးချုပ်ပြော

ငြိမ်းချမ်းရေး ဘယ်လောက်ပဲ လိုအပ်နေပါစေ စီးပွားရေးမပြေလည်ရင် ငြိမ်းချမ်းရေး မခိုင်မာနိုင်ဘူးလို့  ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံသားဥပဒေသစ်သည် မဟတ္တမဂန္ဒီနှင့် လွတ်လပ်ကြိုးပမ်းခဲ့ကြသော အာဇာနည်များ၏ ဆန္ဒဟုဆို

Image may contain: one or more people

အိန္ဒိယနိုင်ငံသားဥပဒေသစ်ဟာ နိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်တွေဖြစ်ကြတဲ့ မဟတ္တမဂန္ဒီနဲ့ တခြားခေါင်း ဆောင်ကြီးတွေရဲ့ ဆန္ဒအရဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ပြောပါတယ်။

တရုတ်သမ္မတ ချစ်ကြည်ရေးခရီးစဉ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေဖို့ အားသစ်လောင်းခြင်းဖြစ်

Image may contain: people standing
မကြာမီလာရောက်လာမယ့် တရုတ်သမ္မတရဲ့ ချစ်ကြည်ရေးခရီးစဉ်ဟာ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေဖို့ အားသစ်လောင်းပေးခြင်း ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ ဥက္ကဌဦးညွန့်မောင်ရှိန်က ပြောပါတယ်။ 

ဘဝမှာ အခက်အခဲအရမ်းကြုံနေရရင် ဒီဂါထာလေးရွတ်ကြည့်၊တစ်နေ့ ( ၇ ) ခေါက် ပုံမှန်ရွတ်ရုံနဲ့ထူးခြားလိမ့်မယ်

Image may contain: 3 people

မယုံမရှိနဲ့၊ ဘဝမှာ အခက်အခဲတွေ နဲ့ အရမ်း ကြုံနေရရင် ဒီဂါထာလေးကို ရွတ်ပွားကြည့်ပါ တစ်နေ့ ၇ ခေါက် ပုံမှန်ရွတ်ပေးရုံနဲ့ ထူးခြားပါလိမ့်မည် ပါဠိအနက် အဓိပ္ပါယ်ကို သိရှိသဘောပေါက်စေရန် အရင်ဖတ်ထားမှတ်ထားပြီးနောက်မှ ရွတ်ပွားပါ ။

ပြည်ပရောက်မြန်မာနိုင်ငံသားများ၊ နိုင်ငံသားဟောင်းများ နိုင်ငံအတွက်အကျိုးပြုလိုက သက်ဆိုင်ရာ သံရုံးအသီးသီးကိုဆက်သွယ်ဖို့ ဖိတ်ခေါ်

Image may contain: 7 people, people smiling
ပြည်ပရောက်မြန်မာနိုင်ငံသားများ၊ နိုင်ငံသားဟောင်းများ နိုင်ငံအတွက်အကျိုးပြုလိုက သက်ဆိုင်ရာ သံရုံးအသီးသီးကိုဆက်သွယ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ၊နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က တရားဝင်စာဖြင့် ဖိတ်ခေါ်လိုက်ကြောင်းသိရသည်။

ကျောင်းများတွင် ပြည်သူ့နီတိ ပြန်လည်သင်ကြားသင့်ကြောင်း နေပြည်တော်မြို့တော်ဝန်ပြော

Image may contain: 1 person, standing

လူငယ်များ၏ စာရိတ္တမဏ္ဍိုင် မြင့်မားလာစေရန်အတွက် စာသင်ကျောင်းများတွင် ပြည်သူ့နီတိသင်ခန်းစာများ ပြန်လည်သင်ကြားပေးသင့်ကြောင်း နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်က ပြောသည်။

ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာအပေါ် ကျေနပ်အားရမှုရှိဟု ဘဏ္ဍာရေးနှင့် စီမံကိန်းကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း ပြော


Image may contain: 1 person, sitting and indoor
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂ဝ၁၇-၂ဝ၁၈ ခု ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ (အကျဉ်းချုပ်) အပေါ် ကျေနပ်မှုရှိကြောင်း တိုင်းလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောကြားလိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေဖြင့် ကော်မတီတွင်း အကြံပြုချက်များနှင့် ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ပြီးဖြစ်ကာ ဝန်ကြီးဌာနနှင့် ပညာရှင်များ၏ အကြံပြုချက်များအပေါ် ဆက်လက်ဆွေးနွေးမည်

ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော်)
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေဖြင့် လာမည့်လွှတ်တော်တွင် တင်သွင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့်မူကြမ်း ထွက်ပေါ်လာရေး ကော်မတီတွင်း အကြံပြုချက်များအပေါ်  ဆွေးနွေးဆောင်ရွက်ပြီးဖြစ်ကာ ဝန်ကြီးဌာနနှင့် ပညာရှင်များ၏ အကြံပြုချက်များအပေါ် ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း ပူးပေါင်းကော်မတီထံမှ သိရသည်။

တစ်နှစ်ကျော် တစ်ဆို့နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဂျေအိုင်စီအမ်အစည်းအဝေးကနေ လမ်းဖွင့်ပေးလိုက်ပြီဟုဆို


Image may contain: 2 people, people sitting, table and indoor
တစ်နှစ်ကျော် တစ်ဆို့နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပုံမှန်ပြန်လည်ကျင်းပသွားနိုင်ရန် JICM အစည်းအဝေးက လမ်းဖွင့်ပေးလိုက်ပြီဖြစ်ေြကာင်း NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းကဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားသည်။

ဂျော်ဒန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဂျက်လေယာဉ်မှူးဖြစ်လာတဲ့ တော်ဝင်မင်းသမီး

Image may contain: 2 people, people standing and suit
တော်ဝင်မင်းသမီး Salma ဟာ ဂျော်ဒန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ လေယာဉ်မှူး သင်တန်းကို တက်ရောက်ပြီးဆုံးခဲ့ပြီးနောက် ဂျော်ဒန်ဘုရင် Abdullah II က သမီးဖြစ်သူကို လေယာဉ်မှူးဘွဲ့တံဆိပ်ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ တော်ဝင် Hashemite ရုံးတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် မင်းသမီးဟာ ပဏာမ လေယာဉ်မှူးသင်တန်းကို အောင်မြင်ခဲ့တဲ့ ပထမဆုံး ဂျော်ဒန်အမျိုးသမီးဖြစ်ပါတယ်။

ပလက်ဝ ဒေသခံရွာသားများကို ရိုက်နှက်ခဲ့ကြောင်း AA ဝန်ခံ


Image may contain: outdoor
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျီးလေကျေးရွာမှ ရွာသားအချို့အား စစ်ဆေးမေးမြန်းစဉ်တွင် ရိုက်နှက်မှုများ ရှိကြောင်း AA အဖွဲ့က ၁၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

AA အကြမ်းဖက်သောင်းကျန်းသူများက ပလက်ဝမြို့နယ် အတွင်းရှိ ကျောင်းဆရာ တစ်ဦးနှင့် အရပ်သားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်


Image may contain: text that says 'AA အကြမ်းဖက်သောင်းကျန်းသူများက ပလက်ဝမြို့နယ် အတွင်းရှိ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်'

AA အကြမ်းဖက်သောင်းကျန်းသူများက ပလက်ဝမြို့နယ် အတွင်းရှိ ကျောင်းဆရာ တစ်ဦးနှင့် အရပ်သားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်စည်ပင်ထုတ်သည့်သတင်းစာ အရှုံးပေါ်၍ ရပ်ဆိုင်းခြင်း မဟုတ်ဟုဆို

Image may contain: 6 people, people sitting, table and indoor
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှညထုတ်ဝေသည့် မြို့တော်သတင်းစာသည် အရှုံးပေါ်၍ ရပ်ဆိုင်းခြင်း မဟုတ်ကြောင်း ဇန်နဝါရီလ ၁၃ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် သတင်းမီဒီယာ တွေ့ဆုံပွဲတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

၆၈ နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားတက်မည့် ဒေါ်အောင်ဆန်းစုကြည်ကို မကြိုဆိုဟု ကရင်နီလူငယ်များပြောဆို၊ နှစ်ခါ အလိမ်မခံနိုင်ဟုဆို

Image may contain: 7 people, people smiling, people standing, child and outdoor
ဗိုလ်ချုပ်အောင်ဆန်း ကတိပြုခဲ့သော တိုင်းရင်းသားတန်းတူရေးကိစ္စကို လျစ်လျူရှုထားသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်နေ့အခမ်းအနား လာရောက်တက်မည်ကို မကြိုဆိုကြောင်း ကရင်နီလူငယ်ခေါင်းဆောင် ကိုဒီးဒီကပြောဆိုသည်။

နိုင်ငံအကျိုးပြုလုပ်ငန်းများကို ကူညီပံ့ပိုးလိုသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကိုဖိတ်ခေါ်

Image may contain: textImage may contain: text
နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် ဆန္ဒအလျောက် ကူညီပံ့ပိုးလိုသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားဟောင်းများကို အစိုးရက ဇန်နဝါရီ ၁၃ ရက် ကဖိတ်ခေါ်လိုက်သည်။

Monday, January 13, 2020

ပြဿနာများကို အပြောမဟုတ်ဘဲ လက်တွေ့ဖြေရှင်းသွားမည်ဟု ဒေါက်တာသက်သက်ခိုင်ပြော

Image may contain: 1 person, text
မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှုများ ပြဿနာများကို အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ဖြေရှင်း သွား မည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က ပြောသည်။

အခြေခံပညာရေးစာသင်ကာလ မတ်လကုန်အထိ တိုးမြှင့်ခြင်းအား ကန့်ကွက်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှု ရန်ကင်းပညာရေးကောလိပ်တွင်ပြုလုပ်

No photo description available.Image may contain: 1 person, smiling
အခြေခံပညာရေးစာသင်ကာလ မတ်လကုန်အထိ တိုးမြှင့်ခြင်းအား ကန့်ကွက်သည့်အနေဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရန်ကင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ယနေ့ ( ဇန်နဝါရီလ ၁၃ရက်) နံနက်ပိုင်းက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ရန်ကင်းပညာရေးကောလိပ်တွင်ပြုလုပ်ခဲ့သည်။

ပထမအကြိမ် မြန်မာကျောင်းသားများပွဲတော် စိန်ရတုခန်းမ၌ ကျင်းပ


Image may contain: 2 people, people standing

မြန်မာနိုင်ငံ ကိုယ်ပိုင်ကျောင်းများ အသင်းချုပ် (MPSF) ၊ အပြည်ပြည်ဆိုင်ရာ ကိုယ်ပိုင်ကျောင်းများ အသင်း (PISA) နှင့် နေအုပ်ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ကျင်းပသော ၂၀၂၀ မြန်မာကျောင်းသားများပွဲတော် (STUDENTS FESTIVAL MYANMAR 2020) ကို ဇန်နဝါရီ ၁၂ ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပထမဆုံးအကြိမ် ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ ကျော် ပါဝင်ခဲ့သည်။

အခြေခံပညာအတန်းများ၏ စာသင်ကာလတိုးမြှင့်ခြင်းကို ကန့်ကွက်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှု ရန်ကင်းပညာရေးကောလိပ်တွင် ပြုလုပ်

Image may contain: 2 people, people smiling, people standingImage may contain: one or more people
အခြေခံပညာအတန်းများ၏ စာသင်ကာလတိုးမြှင့်ခြင်းကို ကန့်ကွက်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ဇန်နဝါရီ၁၃ရက် နံနက်ပိုင်းက ရန်ကင်းပညာရေးကောလိပ်တွင် ပြုလုပ်ခဲ့သည်။

ထိုင်ဝမ်ရွေးကောက်ပွဲ လက်ရှိသမ္မတ ချိုင်အင်းဝမ် အနိုင်ရ


ထိုင်ဝမ်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ချိုင်အင်းဝမ်က  ပြိုင်ဘက် ကူမင်တန်ပါတီက ဟန်ကို့ယွီကို အနိုင်ရသွားပါတယ်။

နိုင်ငံ့ဝန်ထမ်းများကို အရစ်ကျကားရောင်းသည့်စနစ် ကားဈေးကွက်ကို ထိခိုက်မည်မဟုတ်

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို မော်တော်ယာဉ်ချေးငွေဖြင့် အရစ်ကျရောင်းချရေး အစီအစဉ်သည် ကားဈေးကွက်ကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်မည်မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ကျေးရွာမီးလင်းရေး ကြန့်ကြာအောင်လုပ်ပြီး ဒေသခံများထံမှ ပိုက်ဆံတောင်းနေသဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်

Image may contain: 2 people, people sitting, table and indoor
ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် စပါးကိုင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ မီးလင်းရေးနှောင့်နှေးကျန့်ကြာနေသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းကြပ်မတ်ကူညီပေးရန် ဒေသခံများကတောင်းဆိုလိုက်သည်။

သမ္မတညွှန်ကြားချက်နှင့် တည်ဆဲဥပဒေ ချိုးဖောက်ပြီး မန္တလေးတက္ကသိုလ် Food Court တည်ဆောက်မှု အရေးယူပေးရေး ဒုတိယအကြိမ် သပိတ်မှောက်နေ

Image may contain: one or more people, tree, shoes, sky, table and outdoor
နိုင်ငံတော်သမ္မတညွှန်ကြားချက်နှင့် တည်ဆဲဥပဒေ ချိုးဖောက်ပြီး မန္တလေးတက္ကသိုလ် Food Court တည်ဆောက်မှုနှင့်ပတ်သက်၍ အရေးယူပေးရေး မန္တလေးတက္ကသိုလ်ကျောင်းသားများက ဒုတိယအကြိမ် သပိတ်မှောက်နေပြီး မန္တလေးတက္ကသိုလ် သပိတ်ကျောင်းသူကျောင်းသားများအနေဖြင့် တောင်းဆိုချက် ၄ ချက် မရမချင်း ဆန္ဒပြမည်ဖြစ်ကြောင်း သပိတ်မှောက်ဦးဆောင်မူကော်မတီအဖွဲ့ဝင်မယမင်းသူကပြောသည်။

မြောက်ဦးတွင် ရဲမော်တော်ယာဉ်၂စီးကို AA က မိုင်းခွဲ တိုက်ခိုက်

Image may contain: sky and outdoor
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ် ၂ စီးကို ရခိုင်တပ်မတော်AA က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

My Blog List