ICJ ၊ ICC နှင့် အာဂျင်တီးနား တရားရုံး ၃ ခုတွင် မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ဖြင့် တရားစွဲဆိုမှုသည် မြန်မာစစ်တပ်၏ ကျူးလွန်မှုကို ခံရသူများအတွက် တရားမျှတမှုကို ဆောင်ကြည်း ပေးနိုင်သည့် စင်မြင့်များ ဖြစ်တည်လာပြီး ကျူးလွန်သူများကို ရပ်တန့်ရမည်ဖြစ်ကြောင်း လူထုအခြေပြု ကရင်အမျိုးသမီးများ ကွန်ရက်က ကြေညာချက် တစ်စောင် ထုတ်ပြန်၍ တရားစွဲဆိုမှုများကို ကြိုဆိုလိုက်သည်။