Tuesday, November 26, 2019

၄၅ ဦး ပူးပေါင်းကော်မတီ မယောင်ရာ ဆီလူးနေ၊ အချိန်သာကုန် ရောဂါမပျောက် အန္တရာယ်ရှိလာမည်ဟု ဝေဖန်


Image may contain: 1 person, text
ဥပဒေကြမ်းလေ့လာစီစစ်ရေးပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်ဖြစ်သည့် ဗိုလ်မှူးချုပ်မောင်မောင်တင်သော ဥပဒေမူကြမ်းကို လွှတ်တော်တွင် ဆွေးနွေးပြီး ဆုံးဖြတ်မည့်ကိစ္စအား သဘောမတူ ကန့်ကွက်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးသောင်းထိုက်စိုးက ပြောသည်။

ခြေဥပြင်ရေးဥပဒေကြမ်းအား တပ်ကိုယ်စားလှယ်တစ်ဦးမှ ဆွေးနွေးစဉ် နာယကကိုပါ စွပ်စွဲပုတ်ခတ်မှုများ ပြုလုပ်ခဲ့


Image may contain: 2 people, text
ခြေဥပြင်ရေးဥပဒေကြမ်းအား တပ်ကိုယ်စားလှယ်တစ်ဦးယနေ့ ဆွေးနွေးစဉ် နာယကကိုပါ စွပ်စွဲပုတ်ခတ်မှုများ ပြုလုပ်ခဲ့၍ နာယက က သတိပေးစကားပြောခဲ့ရသည်။

IS ခေါင်းဆောင်ကျဆုံးခဲ့တဲ့ စစ်ဆင်ရေးမှာအသုံးပြုခဲ့တဲ့ ခွေးကို ထရမ့် မိတ်ဆက်ပြသ


Image may contain: 4 people, people smiling, people standing and suit

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ IS အကြမ်းဖက်ခေါင်းဆောင် အဘူဘာအယ်ဘက်ဒါဒီကို နှိမ်နင်းခဲ့တဲ့ စစ်ဆင်ရေး အတွင်း အသုံးပြုခဲ့တဲ့ ခွေး “ ကိုနန်” ကို တနင်္လာနေ့က မိတ်ဆက်ပြသခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့အား အသစ်ပြောင်းလဲဖွဲ့စည်းပေးရန်တောင်းဆို


Image may contain: 4 people, people sitting and indoor

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့အားအယုံအကြည်မရှိ၍ အသစ်ပြောင်းလဲဖွဲ့စည်းပေးရန် အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံကို ဘင်္ဂါလီဒုက္ခသည်ပြန်ပို့မည့် ၁+၁+၂ ဖော်မြူလာ တရုတ် သံအမတ် အကြုံပြု


Image may contain: 5 people, indoor

ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာက တရုတ်သံအမတ် လီကျင့်မင်က ဘင်္ဂါလီဒုက္ခသည်များကို မြန်မာနိုင်ငံ ပြန် ပို့ရေး “ ၁+၁+၂ “ ဖော်မြူလာကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်္ဂါလီဒုက္ခသည်ရေးရာ နှီးနှောဖလှယ်ပွဲအတွင်း အကြုံပြုခဲ့ပါတယ်။

ဟာသ သရုပ်ဆောင် ကစ်ကစ် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်


Image may contain: 1 person, sitting
ကျောက်ကပ်ရောဂါ ဝေဒနာ ခံစားနေရတဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်ဟာ ယနေ့၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ မနက် ၁၀ နာရီ ၄၀ အချိန်၊ ရန်ကုန်မြို့၊ ကုတင် ၅၀၀ ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ "မကစ်က ကွယ်လွန်သွား ပါပြီ"လို့ ကစ်ကစ်ရဲ့ ကျန်းမာရေးကို ရာသက်ပန် အလှူ တာဝန်ယူထားတဲ့ သရုပ်ဆောင် ခင်သဇင်က ဧရာဝတီကို အတည်ပြု ပြောကြားပါတယ်။

စက်မှုဝန်ကြီးဌာနကို စီမံ၊ဘဏ္ဍာဝန်ကြီးဌာန နှင့်ပေါင်းရန် လွှတ်တော်ကသဘောတူအတည်ပြုပေး


No photo description available.
စက်မှုဝန်ကြီးဌာနကို စီမံ၊ဘဏ္ဍာဝန်ကြီးဌာနနှင့်ပေါင်းစည်းခြင်းသည် နိုင်ငံတော်၏အကျိုးစီးပွားကို ရယူပေးမည့် ပေါင်းစည်း မှုဖြစ်သောကြောင့် သဘောတူပေးပါရန် စက်မှုဝန်ကြီးဦးစိုးဝင်းက လွှတ်တော်ကို တင်ပြခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော်နာယကက မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲများသဖြင့် ဝန်ကြီးဌာန ၂ခု ပေါင်းခြင်းအားယနေ့ လွှတ်တော်ကသဘောတူအတည်ပြုပေးလိုက်သည်။

နိုင်လွတ်လုံနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားချက်ထုတ်

No photo description available.
နိုင်လွတ်လုံ သည် နိုင်ငံသားအချင်းချင်း ထိခိုက်နစ်နာစေရန် ပြုမှုရာမှ ပေါ်ပေါက်သည့်ပြစ်မှုများနှင့် သက်ဆိုင်ခြင်းမရှ ိကြောင်းကို သတိပြုဆောင်ရွက်ကြရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေအရာရှိများကို ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်ပြီး အသိပေးလိုက်သည်။

မြန်မာတွင် ဓာတုလက်နက်သိုလှောင်ထားဖွယ်ရှိဟု အမေရိကန် စွပ်စွဲ


Image may contain: one or more people and text

မြန်မာနိုင်ငံဟာ နိုင်ငံတကာဆိုင်ရာ တားမြစ်ချက်ကို ချိုးဖောက်ပြီး ဓာတုလက်နက်သိုလှောက်ထားဖွယ် ရှိတယ်လို့ အမေရိကန်က နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

NLD အစိုးရလက်ထက်ကျင်းပမည့် ၂ဝ၂ဝ ရွေးကောက်ပွဲကို အယုံအကြည်မရှိဟု ကြံ့ခိုင်ရေးနှင့်မဟာမိတ် ပါတီ၂ဝကျော်ပြော


Image may contain: 4 people, people sitting, people standing and indoor
NLD အစိုးရလက်ထက် ကျင်းပရန် ရှိနေသည့် ၂ဝ၂ဝရွေးကောက်ပွဲအပေါ် ယုံကြည်မှုမရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ(USDP) အပါအဝင် ပါတီ ၂ဝကျော်က ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ Orchid Hotel တွင်ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

၁၉၈၈ မှ ၂၀၁၀ ခုနှစ်ကာလအတွင်း နိုင်ငံ၏အမျိုးမျိုးသောသယံဇာတများကို အလွန်အကျွံထုတ်ယူခဲ့ကြဟု ဆို


Image may contain: one or more people, people sitting, outdoor and indoor

၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ကာလအတွင်း နိုင်ငံ၏အမျိုးမျိုးသောသယံဇာတများကို အလွန်အကျွံ ထုတ်ယူခဲ့ကြကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြား လိုက်သည်။

ICJ တရားရုံး၌တရားစွဲဆိုခြင်းကိုကြိုတင်သိနေသလားဟု အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ မေးခွန်းထုတ်


Image may contain: 1 personImage may contain: 3 people, shoes

ICJ တရားရုံးတွင် နိုဝင်ဘာလ ၁၈ ရက်က တရားစွဲဆိုပြီးနောက် ၂၀ ရက်တွင် မြန်မာနိုင်ငံက ရှေ့နေငှားပြီးဖြစ်နေသဖြင့် တရားစွဲဆိုခြင်းကိုကြိုတင်သိရှိနေသလားဟု အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးသိမ်းကြည်က မေးခွန်း ထုတ်လိုက်သည်။

AA အဖွဲ့ဖမ်းဆီးထားသော တံတားအင်ဂျင်နီယာနှင့်ကျွမ်းကျင်လုပ်သားတို့လွတ်မြောက်ရေးကြိုးပမ်းပေးရန် ဆောက်လုပ်ရေးဒုဝန်ကြီး တောင်းဆို


Image may contain: 3 people, people sitting
AA လက်နက်ကိုင်အဖွဲ့ဖမ်းဆီးထားသော တံတားအင်ဂျင်နီယာနှင့်ကျွမ်းကျင်လုပ်သားတို့လွတ်မြောက်ရေး ကြိုးပမ်းပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးကျော်လင်းကတောင်းဆိုလိုက်သည်။

နိုင်ငံကောင်းအောင် ပို့ပေးနိုင်သည့် အစိုးရတစ်ရပ်ဖြစ်လာစေရန် လက်ရှိရွေးကောက်ပွဲကော်မရှင်နှင့် မဖြစ်နိုင် ဟု ဦးသိန်းညွှန့်ပြော


Image may contain: 2 people, people sitting
နိုင်ငံကိုအကောင်းဘက်ရောက်အောင် ပို့ပေးနိုင်သည့် အစိုးရတစ်ရပ်ဖြစ်ပေါ်လာရန်အတွက် လက်ရှိရွေးကောက်ပွဲ ကော်မရှင်နှင့် မဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဌ ဦးသိန်းညွှန့်ပြော ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ House of Orchid ဟိုတယ်တွင် နိုင်ငံရေးပါတီ များကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုလိုက်သည်။

ဘင်္ဂါလီစခန်းတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခြံစည်းရိုးစခတ်


Image may contain: outdoor and nature
ကော့က်စ်ဘဇားခရိုင်မှာရှိတဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေရဲ့စခန်းတွေနားမှာ သံဆူးကြိုးခြံစည်းရိုး တွေ စခတ်နေပြီလို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာပြောပါတယ်။

၀ိုင်းမော်မြို့နယ်၌ တရုတ်နိုင်ငံအလံတပ် ကုန်တင်ယာဉ်များကို မြန်မာ့အာဏာပိုင်အဖွဲ့ အစည်းများ အရေးယူခြင်းမရှိ


Image may contain: bus and outdoorImage may contain: outdoor

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ တရုတ်နိုင်ငံအလံ တပ်ဆင်ပြီး ကုန်တင်ယာဉ်ကြီးများ သွားလာလျှက်ရှိ သည်။

Monday, November 25, 2019

မီဒီယာ၊ အနုပညာရှင်များနှင့် ပြည်သူကိုလွှမ်းမိုးနိုင်စွမ်းရှိသူတို့သည် ငြိမ်းချမ်းရေးမြှင့်တင်ရေးနှင့် ပြဿနာများဖြေရှင်းရေးတွင် ပိုမို အရေးပါလာဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား



ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့သို့ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာ၊ အနုပညာရှင်များနှင့် ပြည်သူကိုလွှမ်းမိုးနိုင်စွမ်းရှိသူတို့သည် ငြိမ်းချမ်းရေးမြှင့်တင်ရေးနှင့် ပြဿနာများဖြေရှင်းရေးတွင် ပိုမို အရေးပါလာကြောင်း ပြောကြားသည်။

ICJ ကိစ္စ နိုင်ငံတော်အတိုင်ပင်ခံ ဘက်မှ ရပ်တည်ထောက်ခံပွဲ မန္တလေးတွင် ပြုလုပ်မည်


မန္တလေးမြို့တွင် ICJ ကိစ္စ နိုင်ငံတော်အတိုင်ပင်ခံဘက်မှ ရပ်တည်ထောက်ခံပွဲပြုလုပ်သွားမည်ဖြစ်ပြီး ယင်းထောက်ခံပွဲ ကျင်းပနိုင်ရေး အစည်းအဝေးကို နိုဝင်ဘာလ (၂၅) ရက်နေ့ နေ့လည်ပိုင်းက ဗြဟ္မာစိုရ်လူမှုကူညီရေးအသင်းရုံးတွင် ပြုလုပ်ခဲ့သည် ။

ပထမဦးဆုံး ကမ်းခြေစိုက် စက်သေနတ်ကို အင်ဒိုနီးရှားရေတပ် စမ်းသပ်ပစ်ခတ်



အင်ဒိုနီးရှားရေတပ်ဟာ ကမ်းခြေစိုက် ၇၆ မမ စက်သေနတ်ကို ပထမဦးဆုံး စမ်းသပ်ပစ်ခတ်မှုပြုလုပ်ခဲ့ပါတယ်။

လွှတ်တော်ကို တရုတ်ထောက်လှမ်းမှု သြစတြေးလျ စုံစမ်းစစ်ဆေး


Image may contain: people sitting

တရုတ်နွယ်ဖွား သြစတြေးလျနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို မဲလ်ဘုန်း ပြည်နယ်လွှတ်တော်မှာ ထောက်လှမ်း ရေးပြုလုပ်ဖို့ လွှတ်တော်အမတ်နေရာအတွက် တရုတ်က ဝင်ရောက်ယှဉ်ပြိုင်ခိုင်းခဲ့တယ်ဆိုတဲ့ အမှုကို သြစတြေးလျက စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။

ICJ တရားရုံးသို့ သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်အတိုင်ပင်ခံ၏ ဆောင်ရွက်မှုကို နိုင်ငံသားအားလုံးက NLD ပါတီနှင့်အတူ ရပ်တည်ထောက်ခံမည်ဟု ယုံကြည်ကြောင်း NLD ပါတီထုတ်ပြန်


Image may contain: textImage may contain: text 

မန္တလေး ကျောက်မျက်ပြပွဲတွင် ရောင်းချထားသည့် ကျောက်စိမ်း လော့တွဲ(၂၈၀) ကျော် လာရောက်ထုတ်ယူခြင်းမရှိသေး


မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပသည့် အရိုင်းဖြတ်သား အချောထည် ကျောက်စိမ်း ကျောက်မျက်ပြပွဲတွင် ရောင်းချ ထားသည့် ကျောက်စိမ်း လော့တွဲ(၂၈၀) ကျော် လာရောက်ထုတ်ယူခြင်းမရှိသေးကြောင်း ပြပွဲကျင်းပရေးကော်မတီက သိရသည် ။

ဟောင်ကောင်ဒေသရွေးကောက်ပွဲ ဒီမိုကရေစီအမတ်တွေသောင်ပြိုကမ်းပြိုအနိုင်ရ၊ ဘာပဲဖြစ်ဖြစ် တရုတ်နယ်မြေတစိတ်တပိုင်းပဲလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော


Image may contain: 1 person, standing and text
ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့ကောင်စီဝင်လောင်းတွေက ဟောင်ကောင်ခရိုင်ကောင်စီရွေးကောက်ပွဲတွေမှာ သိသိသာသာအများစုအနိုင်ရခဲ့ပြီး သောင်ပြိုကမ်းပြိုနေရာတွေအနိုင်ရခဲ့ပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာန ဝက်ဘ်ဆိုက်ဒ်လွှင့်တင်

Image may contain: 1 person 

ဂူတာပြင်ဖြစ်စဉ် စစ်တရားရုံး ဖြင့် စစ်ဆေးတော့မည်


No photo description available.
တပ်မတော်အက်ဥပဒေ(The Defence Services Act ) ၊ တပ်မတော်နည်းဥပဒေများ(The Defence Services Rules )နှင့် အညီဖွဲ့စည်းခဲ့သည့် ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံး ( Court of Inquiry )က ဂူတာပြင်ကျေးရွာဖြစ်စဉ်အချို့တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်သင့်သည်ဟု တင်ပြခဲ့သည့် ထင်မြင်ယူဆချက်အရ စစ်ဘက်တရားစီရင်ရေး၏ လုပ်ငန်းစဉ်များ ( Process of Military Justice)အတိုင်း ဆောင်ရွက်လျက်ရှိရာ ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိရသူများအပေါ် အကျဉ်း စစ်တရားရုံးချုပ် ( Summary General Court-Martial) ဖြင့် ရုံးထိုင်စစ်ဆေးခြင်းအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်၌ စတင်စစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုုတ်ပြန်သည်။

My Blog List