
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms.Christine Schraner Burgener ဟာ ရခိုင်ပြည်နယ်ခရီးစဉ်ကို နိုဝင်ဘာ(၁၇)ရက်ကနေ (၁၉)ရက်အထိ (၃)ရက်ကြာ သွားရောက်ခဲ့ပါတယ်။ အထူးကိုယ်စားလှယ်ဟာ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှုတွေပြုလုပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုဝင်ဘာလ(၁၈)ရက်မှာတော့ အထူးကိုယ်စားလှယ်နဲ့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို တွေ့ဆုံခဲ့ပြီး တိုက်ပွဲတွေနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ (၂၀၂၀)ရွေးကောက်ပွဲ အခြေနေတွေ စတဲ့အကြောင်းအရာတွေ ဆွေးနွေးခဲ့တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။






























