ရွေးကောက်ပွဲတွေ ကျင်းပဖို့ လပိုင်းလောက်သာ လိုတော့တဲ့ အချိန်မှာပဲ နိုင်ငံရေး ပါတီတွင်းက ဘဏ္ဍာရေး သုံးစွဲမှုတွေ၊ ပါတီဝင်တွေရဲ့ ပိုင်ဆိုင်မှု တွေကို အများပြည်သူ သိရှိနိုင်အောင် ထုတ်ပြန်ဖို့ တိုက်တွန်းမှု တွေ လည်း ထွက်ပေါ်လာနေပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ အာဏာရပါတီက တော့ ဒီလိုထုတ်ပြန်ကြေညာဖို့ မလိုဘူးလို့ ပြောပါတယ်။
Wednesday, August 26, 2015
Tuesday, August 25, 2015
ကိုးကန့်တပ် လက်နက်သာချရန် ကာချုပ်ပြောကြား
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရာမှာ MNDAA (ကိုးကန့်တပ်မတော်) ဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရအဖွဲ့နဲ့ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တို့ကို စတင်တိုက်ခိုက် တဲ့အတွက် ငြိမ်းချမ်းရေးလုပ်လို့ မရကြောင်းနဲ့ လက်နက်စွန့်ရမှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အတိုက်အခံပါတီက အနိုင်ရမည်ဆိုပါကလည်း ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဟု ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ဆို
ဒီမိုကရေစီလိုလားသည့် အတိုက်အခံကအနိုင်ရလျှင်လည်း သမိုင်းဝင် နိုဝင်ဘာလအထွေထွေ ရွေးကောက် ပွဲရလဒ်ကို မိမိလက်ခံမည်ဟု မြန်မာနိုင်ငံတွင် အရှိန်အ၀ါကြီးမားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ကတိပြုလိုက်ပါသည်။
NDAA တာဝန်ရှိသူများက မိုင်းလားတွင် ရွေးကောက်ပွဲကျင်းပခွင့်မပြုနိုင်ဟု ဆို
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင်အတွင်း ပါဝင်သည့် မိုင်းလားမဲ ဆန္ဒနယ်တွင် ရွေးကောက်ပွဲ ကျင်းပ နိုင်ရန်အတွက် ကော်မရှင်မှ ကိုယ်စား လှယ်လောင်းစာရင်း တင်သွင်းခွင့်ပြုခဲ့ သော်လည်း မိုင်းလားြီဗဗ( ရှမ်း ပြည်နယ် အရှေ့ပိုင်မဟာမိတ် ဒီမိုက ရက်တစ်တပ်ပေါင်းစု) တာဝန်ရှိသူများ က ရွေးကောက်ပွဲ ကျင်းပ ခွင့်မပြုနိုင်ဟုဆိုကာ ပယ်ချခဲ့ကြောင်း သတင်းရရှိသည်။
အပစ်ရပ်စာချုပ်မှာ အားလုံးပါဝင်နိုင်ရေး ကြိုးပမ်းပေးဖို့ KNU ကို ကရင်ကွန်ရက် တိုက်တွန်း
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးလက်မှတ်ရေးထိုး ပါဝင်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ကြိုးပမ်းအ ကောင်အထည်ဖော်ပေးဖို့ KPSN ကရင်အရပ်ဘက် လူမှုအဖွဲ့အစည်းများကွန်ရက်က ဒီကနေ့ အရေးပေါ် ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
မဲပေးခွင့်ရှိသူစာရင်း ကြေညာမယ့် ရက် စက်တင်ဘာလထဲကို နောက်ဆုတ်
လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းတွေကို လာမယ့်စက်တင်ဘာလမှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ အရင်က သြဂုတ်လနောက်ဆုံးပတ်မှာ ထုတ်ပြန်ကြေညာဖို့ စီစဉ်ထားပေမယ့် ရေဘေးသင့်ဒေသတွေက မဲဆန္ဒနယ် မြေတွေ အခြေအနေကြောင့် ပြောင်းရွှေ့လိုက်တာလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသိန်းဦး က ပြောပါတယ်။
သဘောထားကွဲလွဲမှု မရှိကြောင်း NLD နဲ့ ၈၈ အဖွဲ့တို့ ပူးတွဲထုတ်ပြန်
၈၈မျိုးဆက် ငြိမ်းချမ်းရေးအဖွဲ့နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား သဘောထားတွေ ကွဲကုန်ကြ ပြီဆို ပြီး ရေးသားပြောဆိုနေကြတာဟာ မှားယွင်းကြောင်း ဒီကနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်ပြောဆို လိုက်ပါတယ်။
မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲသည့် နိုင်ငံ၌သာမက ချမ်းသာပြီး ပညာရေးစနစ် မြင့်သည့် နိုင်ငံများမှာပင် ဘွဲ့ရပြီး အလုပ်မရှိသည့် အခြေအနေများ ရှိနေ၍ အသက်မွေးဝမ်းကျောင်း ပညာများကို အားပေးရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲသည့်နိုင်ငံတွင်သာမက ချမ်းသာပြီးပညာရေး စနစ်မြင့်သည့် နိုင်ငံများ၌ပင် ဘွဲ့ ရပြီး အလုပ်မရှိသည့် အခြေအနေများ ရှိနေ၍ အသက်မွေးဝမ်းကျောင်း ပညာများကို အားပေးရန် သြဂုတ် ၂၃ ရက်က ကော့မှူးမြို့နယ်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ HTCA ဟိုတယ် လုပ်ငန်းခွင်ဆိုင်ရာ အခမဲ့ သင်တန်းကျောင်း၏ ပထမအကြိမ်သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားတွင် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ရေပူဆရာတော် ရှစ်ကြိမ်မြောက်ရုံးချိန်း၌ ကျောက်မျက်ဥပဒေနှင့် ပတ်သက် ၍ တရားလိုပြ သက်သေ နှစ်ဦးအား စစ်ဆေးပြီး သာသနာညှိုးနွမ်းစေမှုနှင့် သစ်စုပုံထားမှုကို သြဂုတ် ၂၆ ရက်တွင် စစ်ဆေးမည်
သြဂုတ် ၂၄ ရက်က ပြုလုပ်သော ရေပူ ဆရာတော် ရှစ်ကြိမ်မြောက်ရုံးထုတ်တွင် ကျောက်မျက်ဥပဒေနှင့် ပတ်သက်၍ တရားလိုပြ သက်သေနှစ်ဦးကို စစ်ဆေးပြီး သာသနာညှိုးနွမ်းစေမှုနှင့် သစ်စုပုံထားမှုအား သြဂုတ် ၂၆ ရက်တွင် ပြင်ဦးလွင်မြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
အာရှနိုင်ငံများအနက် မြန်မာသည် ရွေးကောက်ပွဲ ကော်မရှင်အပေါ် ယုံကြည်မှုအနည်းဆုံးဖြစ်
အရှေ့အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် ရွေးကောက်ပွဲကော်မရှင်အပေါ် ယုံကြည်မှု အနည်းဆုံးဖြစ်ပြီး အများစုမှာ မယုံကြည်ဟု မကြာမီကကောက်ယူ ခဲ့သော စစ်တမ်းအရသိရသည်။ ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းနှင့် အာရှဘာရိုမီတာ ဆာ ဗေးအဖွဲ့တို့ပူးပေါင်း ကာ တိုင်းနှင့်ပြည်နယ် ၁၄ ခုတို့ရှိ မြို့များတွင် ၂၀၁၅ ဇန်နဝါရီမှ မတ်လအထိ လူမှုသဘော ထားစစ်တမ်းတစ်ခု ကောက်ယူခဲ့ရာ ၃၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်ကြောင်း အာရှဘာရိုမီ တာဆာဗေးမှ သုတေသနပညာရှင် မစ္စဘရစ်ဂျက်ဝဲလ်ရှ်ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်လောင်းစိစစ်မှု ကန့်ကွက်သူမရှိ အောင်မြင်
၂၀၁၅ အထွေထွေရွေး ကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်လောင်းစိစစ်လွှာ ကန့်ကွက်သူမရှိအောင်မြင်ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။‘‘ကန့် ကွက်သူ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ် စားလှယ်လောင်းစိစစ်မှုကတော့ ပြီးစီးပါပြီ။ နည်းဥပဒေအရ ထုတ် ပြန်ကြေညာပေးပါ့မယ်’’ဟု တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြတ်စိုးက ပြောကြားသည်။
“ဦးပိုင်သည် စစ်မှုထမ်းဟောင်းများ၊ တပ်မတော်သားများ၊ ပြည်သူများ အတွက်ဟု ကာချုပ် ပြော”
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အနေဖြင့် တပ်မတော်သားမိသားစုဝင်များ၏ သက်သာချောင်ချိရေး၊ စစ်မှုထမ်းဟောင်း များ၏ သက်သာချောင် ချိရေး၊ ပြည်သူလူထု၏ သက်သာချောင် ချိရေးများ ဆောင်ရွက်ပေးနိုင် ရန်နှင့် နိုင်ငံတော် စီးပွားရေးအား အထောက်အကူပြုရန် ရည်ရွယ်ချက် များဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မနေ့က စာနယ်ဇင်း ကောင်စီ (ယာယီ)နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ခြင်း သည်။
ဘန်ကောက်ဗုံးခွဲမှု သံသယရှိသူ ထိုင်းနိုင်ငံအတွင်း ရှိနေဆဲဟု ထိုင်းရဲချုပ်ပြော
ပြီးခဲ့တဲ့တပတ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ဧရာဝဏ်နတ်ကွန်းကို ဗုံးခွဲခဲ့သူလို့ သံသယရှိသူဟာ ထိုင်းနိုင်ငံထဲမှာ ပဲ ရှိနေဦးမယ်လို့ ထိုင်းရဲချုပ်က သြဂုတ် ၂၄ ရက်နေ့က ပြောဆိုပါတယ်။ ဧရာဝဏ်နတ်ကွန်း ဗုံးခွဲတိုက်ခိုက်ခံရပြီး တပတ် ပြည့်ခဲ့တဲ့တိုင် ဘယ်သူက ဘယ်အတွက်ကြောင့် ဗုံးဖောက်ခွဲတယ်ဆိုတာကို ထိုင်းရဲတပ်ဖွဲ့က ဘာတခုမှ တိတိကျကျ စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။
သူရဦးရွှေမန်း ပါတီမှ နုတ်ထွက်ပါက ထူးခြားသော ပြောင်းလဲမှု မရှိနိုင်ဟုဦးဌေးဦး ပြောကြား
ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဋ္ဌရာထူးမှ ထုတ်ပယ်ခံရသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီမှ နုတ်ထွက်ပါကလည်း ပါတီတွင်းထူးခြားသော ပြောင်းလဲမှု မဖြစ်နိုင်ကြောင်း လက်ရှိယာယီဥက္ကဋ္ဌ တာဝန် ယူထားသော ဦးဌေးဦးက The Voice သို့ ပြောသည်။
ဦးသိန်းစိန်ကို သမ္မတ ထပ်ဖြစ်ရန် လိုလားသူ ၁၆ ရာခိုင်နှုန်းရှိဟု စစ်တမ်းဆို
လက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်သူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို လာမည့် သက်တမ်းအတွက် သမ္မတ ထပ်ဖြစ်ရန် လိုလားသူ ၁၆ ရာခိုင်နှုန်း ရှိကြောင်း အာရှဘာရိုမီတာ ဆာဗေးအဖွဲ့ ပါမောက္ခ Ms. Bridget Welsh က ပြောကြားသည်။
ဘာသာကူးပြောင်းရေး ဥပဒေလက်မှတ်မထိုးဖို့ သမ္မတ ဦးသိန်းစိန်ကို HRW တောင်းဆို
မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ ဘာသာကူးပြောင်းရေးဆိုင်ရာ ဥပဒေကြမ်း နဲ့ တလင်တမယားစနစ် ကျင့် သုံးရေး ဥပဒေကြမ်းတွေကို လက်မှတ်မထိုးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုက တောင်းဆိုလိုက် ပါတယ်။
ရွေးကောက်ပွဲ လွတ်လပ်မျှတမှုရှိရေး NLD နှင့် ၈၈ ပွင့်လင်းအဖွဲ့ ပူးပေါင်း ဆောင်ရွက်မည်
လာမယ့် ရွေးကောက်ပွဲတွေကို လွတ်လပ်မျှတမှုရှိရှိ ကျင်းပနိုင်ရေးအတိုက်အခံပါတီ NLD အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသား တွေနဲ့ တိုင်းရင်းသားတွေ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကြေညာလိုက် ပါတယ်။ NLD နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကြား သဘောထား ကွဲလွဲမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ အခုလို လက်တွဲဆောင်ရွက်မယ့် အစီအစဉ်တွေ ထွက်ပေါ်ခဲ့တာ ပါ။ အသေးစိတ် မဆုမွန်က တင်ပြထားပါတယ်။
အားလုံးပါမှ အပစ်ရပ်ရေး လက်မှတ်ထိုးမည်ဟု တိုင်းရင်းခေါင်းဆောင်တွေ ပြော
တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် SD နဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တို့ ကနေ တပြည်လုံး အတိုင်းအတာ အပစ်ခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ် NCA လက်မှတ် ရေးထိုးရေးအ တွက် ထိုင်းနိုင်ငံအတွင်း (၄) ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ တိုင်းရင်းသား အားလုံးစုံ ပါဝင်ရေးမူအတွက် ဆက်လက် ကြိုးပမ်းသွားဖို့နဲ့ လက်တွေ့ဖြစ်နိုင် တဲ့ နည်းလမ်းကနေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချတယ်လို့ အဖွဲ့ခေါင်းဆောင် တွေက ပြောပါတယ်။
တရုတ်စီးပွားရေးအပေါ် စိုးရိမ်မှုကြောင့် ကမ္ဘာ့အစုရှယ်ယာဈေးတွေ ကျဆင်း
တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေတာ ကြောင့် တနင်္လာနေ့ ကမ္ဘာတ၀ှမ်း အစုရှယ်ယာ ဈေးနှုန်းတွေနဲ့ ရေနံဈေးနှုန်း တွေ ကျဆင်းသွားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက Dow Jones အစုရှယ်ယာ ဈေးကွက်ဟာ ဈေးဖွင့်ပြီး မိနစ်ပိုင်း အတွင်းမှာ ၅ ရာခိုင်နှုန်း ဈေးထိုးကျ သွားခဲ့ပါ တယ်။
မျိုးစောင့်ဥပဒေ သမ္မတဦးသိန်းစိန် လက်မှတ်မထိုးဖို့ HRW တိုက်တွန်း ရထားတိုက်ခိုက်မှု ဟန့်တားသူတွေ ပြင်သစ်ဂုဏ်ပြု
သောကြာနေ့က နယ်သာလန် ပြင်သစ်ပြေးဆွဲတဲ့ Thalys ကျည်ဆံရထားပေါ်မှာ လက်နက်အမြောက် အများနဲ့ တိုက်ခိုက်ဖို့ ကြံတဲ့သူကို ဝိုင်းဖမ်းပေးခဲ့တဲ့ အမေရိကန် နိုင်ငံသား ၃ ဦးနဲ့ ဗြိတိသျှနိုင်ငံသား ၁ ဦးတို့ကို ပြင်သစ်သမ္မတ Francois Hollande က ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး Legion of Honor ဂုဏ်ထူး ဆောင်ဆုတွေကို ဒီကနေ့ပဲ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။
နိုင်ငံသားပြဿနာကြောင့် ကိုယ်စားလှယ်လောင်းတချို့ အမည်စာရင်း ပယ်ဖျက်ခံရ
မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်က စတင် စိစစ်နေချိန်မှာပဲ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်လောင်းတချို့ရဲ့ လျှောက်လွှာတွေလည်း ပယ်ချခံနေရပါတယ်။
B – 52 ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယားတွင် ချထားရန် အမေရိကန် အသင့်ရှိ
ကိုရီးယား ကျွန်းဆွယ် တင်းမာမှုဖြစ်ပွားနေချိန်တွင် အမေရိကန်နိုင်ငံက သူရဲ့ B – 52 အမျိုးအစား မဟာဗျူဟာ မြောက်ဗုံးကြဲ လေယာဉ်များကို တောင်ကိုရီးယားနိုင်ငံတွင် ဖြန့်ချထားရန် အသင့်ဖြစ်နေပြီလို့ ဆိုကြောင်း တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်က ဆိုပါတယ်။ အဲဒီအတွက် အမေရိကန်နဲ့ တောင်ကို ရီးယား ၂နိုင်ငံ ဆွေးနွေးနေကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ကင်မင်ဆု ကပြောတယ်လို့ သိရပါတယ်။ အလားတူ နြူကလီးယား စွမ်းအင်သုံး အမေရိကန် ရေငုတ်သင်္ဘောဟာ လည်း ဂျပန်နိုင်ငံ ယိုကို ဟားမား ဆိပ်ကမ်းကို မကြာခင်ရောက်မယ်လို့လည်း သိရပါတယ်။
ကြိုတင်မဲပေးရာမှာ ပွင့်လင်းမြင်သာဖို့ Carter Center တိုက်တွန်း
မကြာခင်ရောက်လာတော့မယ် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာမှုရှိရေးအတွက် နိုင်ငံ တကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ကြိုတင်မဲပေးရာမှာ လေ့လာနိုင်အောင် စီစဉ် ပေးဖို့ Carter Center လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုက် တွန်းလိုက်ပါတယ်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

























