Tuesday, August 25, 2015

ကြံ့ခိုင်ရေးပါတီ အမတ်ဟောင်း ဦးရွှေမောင်ကို ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ချ


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ကို ၂၀၁၅ ရွေးကောက်ပွဲ ကော်မရှင် လောင်း အဖြစ်မှ ပယ်ချလိုက်ခြင်းသည် ရခိုင်ပြည်နယ် မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ပိုင်ခွင့်အတိုင်းစိစစ်၍ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း မောင်တော ခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့်က ဧရာဝတီသို့ ပြောသည်။

မိုးကောင်း-ဖားကန့် လမ်း၌ အရပ်သား ကားသမားတဦး သေနတ်ကျည်ဆန် ထိမှန်သေဆုံးမှု ဖြစ်ပွား


ကချင်ပြည်နယ် မိုးကောင်း-ဖားကန့် လမ်းပေါ်ရှိ နမ့်တိန်ကျေးရွာ အနီးတွင် သြဂုတ်လ ၂၂ ရက် နေ့လယ် ပိုင်းက ယာဉ်ကြော ပိတ်ဆို့ရာမှ တပ်မတော်သားတဦးနှင့် အရပ်သားကားသမားတဦး အချင်းများပြီး အရပ်သားကားသမား သေနတ်ကျည်ဆန် ထိမှန်၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟားခါးမြို့ ဘူမိဗေဒ လေ့လာတွေ့ရှိချက်များ စက်တင်ဘာတွင် ထုတ်ပြန်မည်


မြေပြိုမှုများ ဖြစ်ပွားခဲ့သည့် ချင်းပြည်နယ် ဟားခါးမြို့၏ မြေနေရာအနေအထားကို ဘူမိဗေဒပညာရှင် များနှင့် အစိုးရ တာဝန်ရှိသူများက လေ့လာနေပြီ ဖြစ်ကြောင်းနှင့် ထို လေ့လာတွေ့ရှိချက်များကို လာမည့် စက်တင်ဘာလတွင် အသေးစိတ် ထုတ်ပြန်ပေးသွားမည် ဟု ပြည်နယ် အစိုးရအဖွဲ့က သြဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ကိုးကန့်၊ တအာင်း နှင့် ရခိုင်(AA) အဖွဲ့များ လက်နက်စွန့်ရမည်ဟု ကာချုပ်ပြော



Meetingတနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရာတွင် မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ရက္ခိုင့်တပ်မတော် (AA)၊ ပလောင်(တအာင်း) လွတ်မြောက်ရေးတပ်မတော်(TNLA) ၃ဖွဲ့ အနေဖြင့် လက်နက်စွန့်ရမည်ဟု ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာနယ်ဇင်းကောင်စီ(ယာယီ)ဖြင့် မနေ့က တွေ့ဆုံစဉ်ပြောဆိုကြောင်း အစိုးရသတင်းနှင့် စစ်တပ်ပိုင်မြ၀တီ သတင်းတွင် ဖော်ပြထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့တွေ့ဆုံ



Monday, August 24, 2015

သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားအပါအ၀င် အောင်မြင်သည့်ဇာတ်ကားများစွာကို ရိုက်ကူးခဲ့သည့် ငါးထပ်ကွမ်း အကယ်ဒမီဆုရှင် ဒါရိုက်တာမောင်တင်ဦး ကွယ်လွန်


ဒါရိုက်တာမောင်တင်ဦးသည် သြဂုတ် ၂၄ ရက်နံနက် ၉ နာရီတွင် မန္တလေးမြို့ရှိ နေအိမ်၌ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။ အကယ်ဒမီမောင်တင်ဦးသည် ကွယ်လွန်ချိန်တွင် အသက်(၇၅) ရှိပြီး အသည်းရောဂါဝေဒနာဖြင့် ကွယ်လွန် သွားခြင်းဖြစ်ကြောင်း သိရသည်။ 

ဦးရွှေမောင်ကို လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ချ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်ဟောင်း ဦးရွှေမောင်(ခ) ဦးအဒူရော်ဇာက်သည် လာမည့် အထွေထွေရွေးကောက်ပွဲအတွက် တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း လျှောက်ထားရာတွင် ၎င်းမွေးဖွားချိန်တွင် မိဘနှစ်ပါးသည် နိုင်ငံသား မဟုတ်ကြောင်း စိစစ်တွေ့ ရှိရသောကြောင့် ကိုယ်စားလှယ် လောင်း အဖြစ်မှ ပယ်ချလိုက်ကြောင်း မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရွေးကောက်ပွဲ အရာရှိ ဦးဆန်းဝင်းထွန်းက ပြောကြားသည်။

ဗုံးဖောက်ခွဲ သံသယရှိသူ နိုင်ငံက ထွက်ခွာသွားပြီဟု ထိုင်းရဲချုပ်ပြော


ထိုင်းနိုင်ငံ ဘန်ကောက်ဗုံးပေါက်ကွဲမှု နောက်ကွယ်က လူတွေကို ဖမ်းမိဖို့ အတွက် ကံကောင်းဖို့ လိုသလို သံသယရှိသူတွေက နိုင်ငံကနေ ထွက်ခွာ သွားပြီလို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။သြဂုတ် ၂၃ ရက် မနက်ပိုင်းက သတင်းထောက်တွေကို ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်က ပြောဆိုလိုက် တာ ဖြစ်ပါတယ်။

အီရန်မှာ ဗြိတိန်သံရုံးပြန်ဖွင့်


လွန်ခဲ့တဲ့လေးနှစ်က အီရန်နိုင်ငံမြို့တော်မှာ ဆန္ဒပြသူတွေက ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပိတ် ထားခဲ့တဲ့ ဗြိတိန်သံရုံးကို တနင်္ဂနွေနေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ အီရန်နိုင်ငံ တီဟီရန်မြို့မှာရောက် ရှိနေတဲ့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Philip Hammod က အခမ်းအနားနဲ့ သံရုံးပြန်လည် ဖွင့်လှစ်ကြောင်း ကြေ ညာခဲ့ပါတယ်။

လက်ဘနွန်ဆန္ဒပြသူတွေနဲ့ ရဲ ပဋိပက္ခဖြစ်


လက်ဘနွန်နိုင်ငံ မြို့တော် Beirut မှာ ဒုတိယညအဖြစ် ထောင်နဲ့ချီဆန္ဒပြ နေသူတွေကို လုံခြုံရေးတပ်တွေ က မီးသတ်ပိုက်တွေနဲ့ ဖြိုခွဲနှိမ်နင်းခဲ့တာ ကြောင့် တနင်္ဂနွေနေ့နှောင်းပိုင်းက ရဲနဲ့ဆန္ဒပြသူတွေကြား ပဋိပက္ခ ဖြစ်ခဲ့ကြ ပါတယ်။ မြို့တွင်း အမှိုက်တွေကို ရက်ပေါင်းများစွာမသိမ်းတဲ့အပေါ်မှာ မြို့ခံတွေ မကျေမနပ်ဖြစ်ခဲ့ ကြပြီးနောက် စနေနေ့ကစတင်ဆန္ဒပြခဲ့ကြတာပါ။

NCA မှာ အဖွဲ့အားလုံးပါအောင် တိုင်းရင်းသားတွေ ဆက်တောင်းဆိုမည်


တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA ကို အစိုးရနဲ့လက်မှတ်ရေး ထိုးတဲ့အခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး အတူတကွ ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆက်လက်တောင်းဆို ညှိနှိုင်းသွားမယ်လို့ လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ သြဂုတ်လ ၂၁ ရက် ကနေ ၂၃ ရက်နေ့ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိပ်သီး ညီလာခံကနေ အစိုးရကို ဘယ်လိုချဉ်းကပ်တောင်းဆိုမလဲဆိုတဲ့ ဆွေးနွေးမှုတွေ မပြီးပြတ်နိုင်သေး တာ ကြောင့် သြဂုတ်လ ၂၄ ရက်နေ့ထိ နောက်ထပ် တရက်တိုးပြီး ဆက်လက် ဆွေးနွေးသွားမှာဖြစ်ပါတယ်။

လှေစီးဒုက္ခသည် ၄ ထောင်ကျော် အီတလီရေတပ် ကယ်ဆယ်


စနေနေ့က အီတလီကမ်းရိုးတန်းနားမှာ လှေအစီး ၂၀ လောက်က အကူအညီတောင်းချက်တွေကို တုံ့ပြန်ခဲ့ပြီးတဲ့နောက် လစ်ဗျားနိုင်ငံ ကမ်းရိုးတန်းကနေ ထွက်ပြေးလာတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၃, ၀၀၀ လောက် ကို အီတလီရေတပ်က ကယ်တင်ခဲ့ရတယ်လို့ ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။

ထိုင်းနယ်စပ်အနီး အလောင်း ၂၀ ကျော် ထပ်တွေ့


ထိုင်းနိုင်ငံနယ်စပ်အနီး တောအုပ်ထဲကနေ လူမှောင်ခိုကူးခံရသူတွေလို့ ယူဆရသူတွေရဲ့ ရုပ်အလောင်း ၂၄ လောင်းကို ရှာတွေ့ခဲ့တယ်လို့ မလေးရှား ရဲက ဒီကနေ့မှာ ပြောဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ မေလတုန်းက တော့ ရုပ်အလောင်းတွေ မြှုပ်နှံထားတဲ့ ၁၃၉ နေရာကို မလေးရှားနိုင်ငံမြောက်ပိုင်း Perlis ဒေသအတွင်းက စွန့်ပစ်ထားတဲ့ တောတွင်းစခန်းတွေမှာ ရှာတွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အိန္ဒိယ-ပါကစ္စတန် ဆွေးနွေးပွဲ အစီအစဉ်အပေါ်သဘောကွဲ


အိန္ဒိယနဲ့ပါကစ္စတန်တို့အကြားဆွေးနွေးပွဲအစီအစဉ်တွေအပေါ် အပြန်အလှန်အငြင်းပွားပြီးတဲ့နောက်အဆင့် မြင့် အစည်းအဝေး လုပ်မယ့်အစီအစဉ်ကို ပါကစ္စတန်က စနေနေ့မှာ ပယ်ဖျက်လိုက်ပါတယ်။ နှစ်နိုင်ငံက လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တွေဟာ သြဂုတ်လ ၂၃ နဲ့ ၂၄ ရက်နေ့တွေကျရင် နယူးဒေလီမြို့တော်မှာ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားတာပါ။

တင်းမာမှုလျော့ပါးရေး ကိုရီးယား ၂ နိုင်ငံဆွေးနွေးဆဲ


ကိုရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်မယ့်အရေးကို ရှောင်ရှားဖို့ အရေးပေါ် ကြိုးစားတဲ့အနေနဲ့ တောင်နဲ့မြောက် ကိုရီးယားတာဝန်ရှိသူတွေ တနင်္ဂနွေနေ့ အစောပိုင်းက တွေ့ဆုံကြပြီးတဲ့နောက် ဆွေးနွေးပွဲတွေကို ဒီကနေ့ နေ့လယ်ပိုင်းအထိ ရွှေ့ဆိုင်းထားလိုက်ပါတယ်။

အဖွဲ့အားလုံးပါဝင်မှ NCA ကို KNU လက်မှတ်ထိုးမည်


လက်ရှိ မြန်မာအစိုးရနဲ့ ညှိုနှိုင်းဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၇)ဖွဲ့လုံးပါမှ KNU အနေနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးသွားမှာ ဖြစ်တယ်လို့ ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောပါတယ်။ 

မျက်စိလည်နေသော တောဆင်ရိုင်းအုပ်ကြောင့် ရွာသားနှစ်ဦး ထပ်မံဒဏ်ရာရ


နတ်မောက်မြို့ သစ် တောကြိုးဝိုင်းမှ မျက်စိလည် လမ်းမှားကာ ကျောက်ပန်းတောင်းမြို့ နယ်အတွင်းသို့ ရောက်ရှိနေသော တောဆင်ရိုင်းအုပ်စုကို သွားရောက်ကြည့်ရှုသူနှစ်ဦး သြဂုတ် ၂၃ ရက်တွင် တိုက်ခိုက်ခံရ ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။

နောက်တစ်ခွေအတွက် တေးရေးအသစ်တွေကို သီချင်းအပ်နေတဲ့ ရတနာမိုင်


စတုတ္ထမြောက်တစ် ကိုယ်တော်အခွေကို ပုံစံပြောင်းဖန်တီးလို၍ ယခင်သီဆို နေကျသီချင်းအမျိုးအစားပုံစံ များမှခွဲ ထွက်သီဆိုရန် တေးရေးဆရာအသစ် များနှင့် စီစဉ်နေသည်ဟု အဆိုတော် ရတနာမိုင်ကပြော သည်။

တက္ကသိုလ်ကျောင်းသား အချို့ Failed Law လှုပ်ရှားမှု စတင်


မြန်မာနိုင်ငံတွင် မတရားပြဋ္ဌာန်းထားသည့်ဥပဒေများကို ဆန့်ကျင်ကန့် ကွက်ရန်နှင့် မတရားဖမ်းဆီးခံထား ရသော နိုင်ငံ ရေးအကျဉ်းသားများကို အမြန် ဆုံးလွှတ်ပေးရန် သြဂုတ် ၂၃ ရက် ၌ တက္ကသိုလ်ကျောင်းသား ၂၀ ခန့်က Failed Law စာသားပါ စာ ရွက်များကိုင်ဆောင်၍ လှုပ်ရှားမှု စတင်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ပအိုဝ့်ဒေသသို့ စက်တင်ဘာ ၅ ရက်တွင် သွားမည်


ဒီချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်၏ ရွှေ့ဆိုင်း ထားသော ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသခရီးစဉ်ကို စက် တင်ဘာအတွင်း ပြန်လည်စတင်မည်ဖြစ်ကြောင်း တောင်ကြီးခရိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုး က ပြောသည်။

ရေကြီးရေလျှံမှုဖြစ်စဉ်သည် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အခြေ အနေကို စတင်အချက်ပြနေခြင်းဖြစ်ကြောင်း အငြိမ်းစားသစ်တောအရာရှိ သတိပေး


ယခုနှစ်တွင်ဖြစ်ပွားခဲ့ သော ရေကြီးရေလျှံမှုများသည် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်း ကျင်အခြေအနေကို စတင်အ ချက်ပြနေခြင်းဖြစ်ပြီး အစိုးရက ဥပဒေများ ရေးဆွဲကာ ပတ်ဝန်း ကျင်ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများ အမြန်ဆုံးလုပ်ဆောင် သင့်ကြောင်း သစ်တောဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူး ဦးတင်အေးက ပြောသည်။

ဟားခါးမြို့ပြောင်းရွှေ့ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် ဘူမိဗေဒပညာရှင်တို့ ယနေ့ဆွေးနွေးဆုံးဖြတ်မည်


ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ ပြောင်းရွှေ့ရန် မြေပြင်ရှာဖွေရေး ဘူမိဗေဒ ပညာရှင်အဖွဲ့နှင့် ချင်းပြည်နယ် အစိုးရအဖွဲ့တို့ သြဂုတ် ၂၄ ရက်တွင် ဆွေးနွေးဆုံးဖြတ်မည်ဖြစ် ကြောင်း ချင်းပြည်နယ် လျှပ်စစ် ၀န်ကြီး ဦးကျင်လျန်ပေါင်ကပြော သည်။

ကျောင်းသားလေးဦး အာမခံမရ၍ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသားများအားလုံး စာမေးပွဲမဖြေဘဲ သပိတ်မှောက်မည်ဟုဆို


ဖမ်းဆီးခံ ရတနာပုံ ကျောင်းသားလေးဦး၏ စာမေးပွဲ ဖြေဆိုခွင့် အာမခံ ရရှိရန် ရတနာပုံကျောင်းသားများ သမဂ္ဂမှ ကျောင်းသားများက တက္ကသိုလ် နောက်ဆုံးနှစ် စာမေးပွဲများကို ၀င်ရောက်ဖြေဆိုခြင်း မပြုဘဲ သပိတ်မှောက် တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း ကျောင်းသား များထံမှ သတင်းရရှိသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ရာကျော် အမည်စာရင်းတင်သွင်းထား


၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် တိုင်းရင်းသားလူ မျိုး လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ၀င်ရောက်ယှဉ် ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၁၆၃ ဦး ရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်းတင် သွင်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲထက် ကိုယ်စားလှယ်လောင်းဦးရေ တစ်ရာ ခန့်ပိုများ နေကြောင်း သတင်း ရရှိသည်။

ကချင်ပြည်နယ်တွင် ရုတ်တရက်ရေလွှမ်းမိုးမှု သတိထားရန်လို


နီပေါနိုင်ငံ ဟိမ၀န္တာ တောင်ပေါ်တွင် မိုးကောင်းနေ သောကြောင့် ထိုဒေသများမြေပြို မှုအန္တရာယ်ရှိနေပြီး ဒေသချင်းထိ စပ်နေသည့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်လည်း ရုတ်တရက် ရေလွှမ်းမိုးမှု သတိပြုရန်လိုအပ်သည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

My Blog List