Monday, December 01, 2014

နေတိုး ကမ်းလှမ်းလို့ ရုပ်ရှင်ရိုက်မယ့် ရတနာမိုင်



နေတိုး၏ ကမ်းလှမ်းမှုကြောင့် ရုပ်ရှင်ကားကြီးတစ်ကားတွင် အဆိုတော်ဇာတ် ရုပ်ဖြင့်ပါဝင်သရုပ်ဆောင်သွားမည်ဖြစ် ကြောင်း ရတနာမိုင်ကပြောသည်။ ‘‘ရိုက်မယ့်ရက်တော့ အတိအကျတော့မသိရသေးဘူး။ ကာရိုက်တာကတော့ အပြင် Lifeအတိုင်းအဆိုတော်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ရမှာပါ’’ဟု ရတနာမိုင်ကပြောသည်။ 

တာလီဘန်များ တိုက်ခိုက်မှု အရှိန်မြင့်လာချိန် ကာဘူးလ်ရဲချုပ် ရာထူးမှနှုတ်ထွက်



အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်၌ လွန်ခဲ့သည့် ရက်သတ္တ နှစ်ပတ်အကြာမှစ၍ တာလီစစ်သွေးကြွများက နိုင်ငံခြားသားများကို တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာချိန်တွင် ကာဘူးလ် မြို့တော်ရဲတပ်ဖွဲ့မှ ရဲချုပ် ဗိုလ်ချုပ် ဇာဟဲသည် ရာထူးမှ နှုတ်ထွက်လိုက်ပြီ ဖြစ်သည်။ 

ထိုင်းအိမ်ရှေ့မင်းသား ကြင်ယာတော်ကို ချီးမြင့်တဲ့နာမည် ရုပ်သိမ်း


ထိုင်းနိုင်ငံ ​အိမ်ရှေ့မင်းသားရဲ့ ​ကြင်ယာတော်ရဲ့ ​ဆွေမျိုးတချို့ ​အဂတိ လိုက်စားမှုနဲ့ ​ဖမ်းဆီးခံရပြီးနောက် ​အိမ်ရှေ့မင်းသားက ​ဇနီးဖြစ်သူကို ​ချီးမြင့်ထားတဲ့နာမည်ကို ​ပြန်လည်ရုပ်သိမ်းလိုက်ပြီ ​ဖြစ်ပါတယ်။ထိုင်းနိုင်ငံ ​အိမ်ရှေ့မင်းသားရဲ့ ​ကြင်ယာတော်က ​အသက် ​၄၂ ​နှစ်အရွယ် ​Srirasmi ​ဖြစ်ပြီး ​ကြင်ယာတော်ကို ​Akharaphongpreecha ​ဆိုတဲ့ ​နာမည်ကို ​ချီးမြင့်ခဲ့ပါတယ်။

ဟောင်ကောင်မှာ ဆန္ဒပြသူတွေ ရဲနဲ့ ထိပ်တိုက်ရင်ဆိုင်မှု ထပ်မံဖြစ်ပွား


ဟောင်ကောင်ကျွန်းမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက အစိုးရရုံးစိုက်ရာနေရာကနေ တခြားနေရာ တွေကို တိုးချဲ့ဆန္ဒပြဖို့ ကြိုးစားနေတဲ့အချိန် ရဲတပ်ဖွဲ့တွေ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။Admiralty အရပ်မှာရှိတဲ့ အဓိက လမ်းမကြီးကို ဆန္ဒပြသူတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေကြတာမှာ သန်း ခေါင်ကျော် တနင်္လာနေ့ အစောပိုင်းမှာ ရဲက တားထားတဲ့နေရာကို ဆန္ဒပြသူတွေက ဖြတ်ကျော်သွားနိုင်ခဲ့ပါ တယ်။ ရဲတပ်ဖွဲ့ဘက်ကလည်း မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေအသုံးပြုပြီး ပြန်လည် ခုခံခဲ့တဲ့အတွက် လူအတော်များများ ထိခိုက်ဒဏ်ရာရပြီး အနည်းဆုံး ၁၈ ယောက်လောက်လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါ တယ်။

နော်ဝေဘုရင် မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီး လာရောက်




၂၀၁၅ ရွေးကောက်ပွဲ မဲဆန္ဒရှင် အမည်စာရင်း ရန်ကုန်တွင် စတင်ပြုစုနေ


၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ လွတ်လပ်ပြီး တရာမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန် မဲဆန္ဒရှင် အမည် စာရင်း မှန်ကန်စွာ ရရှိရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်ကို စံပြအဖြစ် စတင်ပြုစုနေပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာထားသည်။

Sunday, November 30, 2014

၆ ပွင့်ဆိုင်ငြင်းသည့် သမ္မတနှင့် ကာချုပ်သဘောထားအပေါ် အမြင်များ


လွှတ်တော်ထဲ ၆ ပွင့်ဆိုင်ဆွေးနွေးဖို့ အတည်ပြုခဲ့ပြီးတဲ့နောက် ရက်ပိုင်းအတွင်း မှာပဲ သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က ရှေဆင့်နောက်ဆင့် ဆိုသလို ငြင်းဆိုခဲ့ကြပါတယ်။ ဒီအပေါ် နိုင်ငံရေးပါတီတွေ နဲ့ လူမှုအဖွဲ့အစည်း တွေက ခေါင်းဆောင်တချို့ရဲ့ အမြင်တွေကို မေးမြန်းထားပါတယ်။

အုပ်ချုပ်ရေးမဏ္ဍိုင်မှာ အာဏာလွန်ဆွဲမှု ကြီးမားလာနေပြီလား


လက်ရှိမြန်မာ့နိုင်ငံရေးဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်၃ရပ် ပိုင်ခြားအုပ်ချုပ်တယ်လို့ ဆိုပေမယ့် လက်တွေ့မှာတော့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး အာဏာလွန်ဆွဲမှုဟာ ကြီးမားလာတယ်လို့ ၈၈မျိုးဆက်အဖွဲ့က ကိုမြအေးက နိုဝင်ဘာ ၂၉ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ 

ရှမ်းပြည် ဆင်းရဲနွမ်းပါးမှု ထက်ဝက်လျှော့ချမည်ဟု ဒုသမ္မတပြောကြားချက် မဖြစ်နိုင်ဟု ဆို



တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ဒုတိယအဆင်းရဲဆုံး ပြည်နယ်အဖြစ် သတ်မှတ်ခံထားရသည့် ရှမ်း ပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုကို ထက်ဝက်လျှော့ချမည်ဟု ရှမ်းတိုင်းရင်းသားဖြစ်သည့် ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောဆို ခဲ့သော်လည်း ကျန်ရှိသည့် သက်တမ်းတစ်နှစ် အတွင်းတွင် မဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကပြောဆိုလိုက်သည်။

သမ္မတ ဦးသိန်းစိန်ကို အနားယူသင့်ပြီဟု အစ်ကိုဖြစ်သူ ဦးထွန်းမြင့်ဆို



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ယခုရာထူးတာဝန် သက်တမ်းကုန်ပါက ဆက်လက် တာဝန်မထမ်းဆောင် စေ လိုကြောင်း သမ္မတ၏တစ်ဦးတည်းသော အစ်ကိုဖြစ်သူ ဦးထွန်းမြင့်က ပြောကြားလိုက်သည်။နိုဝင်ဘာလ ၂၅ ရက်က သမ္မတ ဦးသိန်းစိန်၏ ရာထူးသက်တမ်းအတွင်း ပထမဆုံးအကြိမ်အဖြစ် ဇာတိ ကျေးရွာဖြစ်သော ဧရာဝတီတိုင်းဒေသ ကြီး၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာရှိ မိသားစုလှူဒါန်းထားသော သမုဒ္ဒရံသစေတီတော် ထီးတော်တင်လှူပွဲသို့ လာရောက်စဉ် အစ်ကိုဖြစ်သူ ဦးထွန်းမြင့် က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

စာရေးဆရာ ထင်လင်းဦး ကို သံဃာတွေ သပိတ်မှောက်ကံဆောင်


NLD ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် စာရေးဆရာ ထင်လင်းဦးကို စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ နယ်လုံးဆိုင်ရာ သံဃာတော်များက နိုဝင်ဘာလ ၂၉ရက်နေ့ မနေ့က မွန်းလွဲ ၂ နာရီမှာ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပြီး သပိတ်မှောက် ကြတယ်လို့သိရပါတယ်။ ချောင်းဦးမြို့၊ မေဃဝန်ကျောင်းတိုက်၊ ဝိသုံဂါမ မဟာ သိမ်တော်ကြီးမှာပြုလုပ်တဲ့ ကံဆောင်ပွဲကို သံဃာတော် အပါး ၂၅ဝ ကျော်တက်ရောက်ခဲ့ကြတယ်လို့ချောင်း ဦးမြို့ မဟာဓမ္မာရုံကျောင်းတိုက် ဆရာတော် အရှင် ဓမ္မပီယ က RFA ကိုမိန့်ကြားပါတယ်။

ပုပ်ရဟန်းမင်းကြီး ထိပ်တန်းမွတ်စလင်ခေါင်းဆောင်နှင့် ယှဉ်တွဲ ၀တ်ပြု


တူရကီနိုင်ငံကို ၃ ရက်ကြာ အလည်အပတ်ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ မနေ့က အထင် ကရဗလီပြာကြီးကို ရောက်ရှိခဲ့ပြီး ထိပ်တန်း မွတ်စလင်ခေါင်းဆောင်နဲ့ ယှဉ်တွဲဝတ်ပြုခဲ့ပါတယ်။ ၁၇ ရာစု ဗလီကြီးထဲမှာ မွတ်စလင်ဘာသာရေးခေါင်းဆောင်နဲ့တွဲပြီး ၂ မိနစ်ကြာ ၀တ်ပြုဆုတောင်းခဲ့ပါတယ်။ 

မန္တလေးမြို့တွင်းရှိ စက်မှုလက်မှုလုပ်ငန်းများ စက်မှုဇုန်သို့ ပြောင်းရန် ညှိနှိုင်း



မန္တလေးမြို့တွင်းမှ စက် မှုလက်မှုလုပ်ငန်းအချို့ကို စက်မှု ဇုန်သို့ ပြောင်းရွှေ့ရန် ညှိနှိုင်းနေ ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုဝန် ကြီးဦးကျော်မြင့်က ပြောသည်။ ‘‘တချို့က မြို့တွင်းပိုင်းမှာ လုပ်ငန်းလုပ်နေတာလေးတွေ ရှိ တယ်။ သူတို့ကို စက်မှုဇုန်ဘက် ပြောင်းရွှေ့လုပ်ကိုင်ပေးဖို့ ညှိနှိုင်း နေတယ်။ 

နည်းပညာတက္ကသိုလ်များ၏ အောင်စာရင်းဟောင်းများ ပြန်လေ့လာရန် ကော်မတီတစ်ရပ်ဖွဲ့



မကြာမီက ထွက်ရှိခဲ့သည့် နည်းပညာတက္ကသိုလ်များ၏ အောင်စာရင်းတွင် အကျအရှုံးများခဲ့သည့်အပေါ် ကော်မတီတစ်ခု ဖွဲ့စည်းပြီး ယခင်ပညာသင်နှစ်များရှိ အောင်စာရင်း အောင်ချက်များကို ပြန်လေ့လာရန် စတင်ဆောင် ရွက်နေပြီဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သတင်းရရှိသည်။

အခြေခံပညာကျောင်းသားများ ကျောင်းသို့ ဖုန်းယူဆောင်ခွင့် မပြုသော်လည်း ၀ှက်၍ ယူဆောင်မှုများ ရှိနေဆဲ


အခြေခံပညာအထက် တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းတွင်းသို့ လက်ကိုင် ဖုန်းယူဆောင် ခြင်း မပြုရန် တားမြစ်ထားသော် လည်း ကျောင်းသူ၊ ကျောင်းသားများမှာ တယ်လီဖုန်းများ သိုဝှက်၍ ယူဆောင် လာကြခြင်းကြောင့် ရှောင်တခင်စစ်ဆေးနေရကြောင်း သတင်းရရှိသည်။

အလုပ်သမား၊ လယ်သမား အဖွဲ့ချုပ်ငါးခု ပူးပေါင်းရန် လက်မှတ်ရေးထိုး


အလုပ်သမား၊ တောင်သူလယ်သမားနှင့် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့ချုပ် ငါးခုတို့ ပူးပေါင်း၍ အင်အားကြီး အဖွဲ့ချုပ် တစ်ရပ်အဖြစ် ဖွဲ့စည်းရန် နိုဝင် ဘာ ၂၈ ရက်က နားလည်မှုစာ ချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။၂၀၁၂ မှစ၍ အသင်းအဖွဲ့များဖွဲ့စည်းခွင့်ပြုပြီးနောက် သုံးနှစ်အတွင်း အလုပ်သမား၊ လယ်သမား အဖွဲ့ချုပ် ငါးခုမှ ပထမအကြိမ် သွေးစည်းညီညွတ်ရေးအဖွဲ့အစည်းတစ်ရပ်အဖြစ် ဖွဲ့စည်းရန် ရည်ရွယ်ချက်ရှစ်ချက် ဖြင့် နိုဝင်ဘာ ၂၈ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

အီဂျစ်သမ္မတဟောင်း မူဘာရက် တရားသေလွတ်


အီဂျစ်နိုင်ငံမှာ ၂၀၁၁ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုတွေအတွင်း ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့မှုမှာ သမ္မတဟောင်း Hosni Mubarak ပါဝင် ပတ်သက်နေတယ်လို့ဆိုတဲ့ စွဲချက်တွေအားလုံးကို ကင်းလွတ်ခွင့် ပေးလိုက်ပါတယ်။

မြန်မာနယ်စပ်လုံခြုံရေး သြစတြေးလျ ကူမည်


မြန်မာနိုင်ငံနယ်စပ်လုံခြုံရေး ပိုမိုခိုင်မာတောင့်တင်းဖို့ Australia အစိုးရက အကူအညီပေးမယ့် ၅ နှစ်စီမံ ကိန်းတရပ်ကို ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Australia အစိုးရနဲ့ မြန်မာအစိုးရကြား နားလည် မှုစာချွန်လွှာအရ မြန်မာနိုင်ငံရဲ့ နယ်စပ်ရေးရာ စီမံခန့်ခွဲရေး၊အုပ်ချုပ်ရေး၊သင်တန်းပို့ချရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ နည်းပညာနဲ့ နည်းစနစ်ပိုင်းအကူအညီပေးရေးတွေအတွက်ကို Australia လူဝင်မှုကြီးကြပ် ရေးဌာနက အကူအညီတွေပေးမှာ ဖြစ်ပါတယ်။

နျူကလီယားထိပ်ဖူးတပ် ဒုံးကျည် ရုရှား အောင်မြင်စွာစမ်းသပ်


ကမ္ဘာ့တိုက်ကြီးတခုကနေ တခြားတခုကို လှမ်းပြီးပစ်ခတ်နိုင်တဲ့ ရေအောက်ကနေပစ်လွှတ်တဲ့ နျူကလီးယား ထိပ်ဖူးတပ် မစ်ဇိုင်းဒုံးကျည် တခုကို ရုရှားနိုင်ငံက အောင်အောင်မြင်မြင် စမ်းသပ်နိုင်လိုက်ပါပြီ။ Bulava မစ်ဇိုင်းဒုံးကျည်ကို အာတစ်ဒေသ၊ Barents ပင်လယ်ရေအောက် ကြမ်းပြင်မှာရှိနေတဲ့ နျူကလီယား ရေငုပ် သင်္ဘောပေါ်ကနေ သောကြာနေ့မှာ ပစ်လွှတ်စမ်းသပ်ခဲ့တာလို့ မော်စကိုမှာရှိတဲ့ ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။

ထိုင်ဝမ်ဝန်ကြီးချုပ် ရာထူးကနုတ်ထွက်


ထိုင်ဝမ်ကျွန်းတဝှမ်းမှာကျင်းပခဲ့တဲ့ ဒေသဆိုင်ရာရွေးကောက်ပွဲတွေမှာ တရုတ်အစိုးရလိုလားတဲ့ လက်ရှိ အာဏာရပါတီ ထင်ထားတာထက် ပိုမို ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ထိုင်ဝမ်ဝန်ကြီးချုပ်ဟာ ရာထူး ကနေ နုတ်ထွက်သွားပါတယ်။

ထိုင်ဝမ်ဒေသဆိုင်ရာ ရွေးကောက်ပွဲကျင်းပ တရုတ်နှင့် နီးစပ်သော မူဝါဒ အကဲဖြတ်ခံရမည်


ထိုင်ဝမ်ဒေသဆိုင်ရာ ရွေးကောက်ပွဲများကို ကျင်းပလျက်ရှိပြီး အာဏာရ ကူမင်တန်ပါတီ (KMT) က တရုတ်နှင့် နီးစပ်သော မူဝါဒ ချမှတ်ကျင့်သုံးနေခြင်းကို ပြည်သူများက ရွေးကောက်ပွဲတွင် စစ်ဆေး အကဲဖြတ်ပေးသွားမည် ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဌနှင့် အဖွဲ့များအား တွေ့ဆုံ




အစိုးရလက်အောက် အရပ်ဘက်လူ့အဖွဲ့အစည်းများ အခြေအနေ ဦးမင်းကိုနိုင် ဟောပြော


အိုဆာကာ တက္ကသိုလ်ရဲ့ ဖိတ်ကြားချက်အရ  ဂျပန်နိုင်ငံကိုရောက်နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်ဟာ အိုဆာကာမြို့ တက္ကသိုလ်မှာ လက်ရှိ မြန်မာအစိုးရ လက်အောက်က အရပ်ဘက်လူ့အဖွဲ့ အစည်းများအခြေအနေ ခေါင်းစဉ်နဲ့ ဒီနေ့ ဟောပြောခဲ့ပါတယ်။

ဗြိတိန်မှာ ခေတ်သစ်ကျွန် ၁၃,၀၀၀ ရှိ


ဗြိတိန်နိုင်ငံမှာ လူမှောင်ခိုကူးခံရသူ ၁၃,၀၀၀ ရှိပြီး အဲဒီသူတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ ဒါမှမဟုတ်လည်း ခေတ်သစ် ကျွန်တွေအဖြစ် အသုံးချခံနေရတယ်လို့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အစိုးရက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ အရင် အစိုးရက ကောက်ခံရရှိ ထားတဲ့ စာရင်းဇယားတွေထက် ၄ ဆလောက် ပိုများနေတာလည်း ဖြစ်ပါတယ်။

ပါတီအသီးသီး၏ ပြင်ဆင်လိုသည့် အချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာဥပဒေကြမ်းတွင် ထည့်သွင်းမည်


(၁၁) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများတွင် ပါတီအသီးသီးမှ ပြင်ဆင်လိုကြောင်း ဆွေးနွေးခဲ့ သည့်အချက်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်းသွားမည်ဖြစ် ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ ဥက္ကဠ ဦးအေးမောက် က ပြောကြားသည်။

My Blog List