Sunday, November 30, 2014

ပါတီအသီးသီး၏ ပြင်ဆင်လိုသည့် အချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာဥပဒေကြမ်းတွင် ထည့်သွင်းမည်


(၁၁) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများတွင် ပါတီအသီးသီးမှ ပြင်ဆင်လိုကြောင်း ဆွေးနွေးခဲ့ သည့်အချက်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်းသွားမည်ဖြစ် ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ ဥက္ကဠ ဦးအေးမောက် က ပြောကြားသည်။

Friday, November 28, 2014

အမေရိကန်လေကြောင်းလိုင်းနှစ်ခု ရန်ကုန်နှင့် မန္တလေးလေဆိပ်များအတွက် နည်းပညာကူညီမည်


အမေရိကန်လေ ကြောင်းလုပ်ငန်းနှစ်ခုဖြစ်သည့် ဟန်နီဝဲလ်  (Honeywell)နှင့် ဟုခ်ျစ် (Hughes) တို့က  ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေ ဆိပ်များ၏ လေယာဉ်အတက် အဆင်းလမ်းကြောင်းများအ တွက် PBN ခေါ် ဂြိုဟ်တုအခြေခံ လမ်းကြောင်းပြစနစ်ကို တပ်ဆင် ပေးမည်ဟု အဆိုပါလေကြောင်း လုပ်ငန်းများက ကြေညာသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် အဓိကရင်းနှီးတည်ဆောက်သူကို သမ္မတ တိုက်ရိုက်ရွေးချယ်မည်ဟုဆို


နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၏ အဓိက ရင်းနှီးတည်ဆောက်သူကို သမ္မတက တိုက်ရိုက် ရွေးချယ်သွားမည်ဖြစ်ကြောင်း ကျောက်ဖြူအထူးစီးပွားရေး ဇုန် စီမံခန့်ခွဲရေး ဆပ်ကော်မတီမှ သတင်းရရှိသည်။

ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဒီဇင်ဘာ၂၇ရက်တွင် ကျင်းပမည်


၂ဝ၁၃ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေး အပ်ပွဲကြီးအား ဒီဇင်ဘာ ၂၇ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Event Park တွင် ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။ ''MEP မှာလုပ်ဖို့က သေချာသ လောက်ပါပဲ။ အဲဒီနေရာမှာလုပ်ရခြင်း ရဲ့ အဓိကရည်ရွယ်ချက်က အနုပညာ ရှင်တွေကို ယခင်နှစ်တွေက ထက် ပို ပြီးတော့ဖိတ်ချင်တဲ့အတွက် MEP ကို ရွေးလိုက်ရတာပါ'' ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း က ပြောသည်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ရန် ညှိနှိုင်း ဆောင်ရွက်မည်ဟု ဦးသိန်းစိန် ပြော


ရန်ကုန်နှင့် မန္တလေးမြို့အပါအ၀င် နယ်မြို့များတွင်ပါ ကျောင်းသားများ၏ သပိတ်မှောက် ဆန္ဒပြတောင်းဆို နေသည့် အမျိုးသားပညာရေးဥပဒေကို ဥပဒေလမ်းကြောင်းအတိုင်း ပြင်ဆင်ရန် ညှိနှိုင်း ဆောင်ရွက်မည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စနိုင်ရေး NCCT နဲ့ MPC ညှိနှိုင်း


တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ အစိုးရအကြား ရပ်တန့်နေတဲ့ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ ညှိနှိုင်းနေကြကြောင်း သိရပါတယ်။မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) က ကိုယ်စားလှယ်တွေနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ် စဲ ရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ခေါင်းဆောင်တွေ မနေ့ က ဆွေးနွေး ညှိနှိုင်းခဲ့ကြတာပါ။

သရဖူ အသိမ်းခံခဲ့ရတဲ့ အလှမယ် ဂျူးစံသာ ဒီတခါ တကယ်သွားပြိုင်ရပြီ


လွန်ခဲ့တဲ့ လေးလလောက်က Miss Globe Myanmar 2014 အဖြစ် ရွေးချယ်ခံထားရပြီး တူရကီနိုင်ငံကို သွားပြိုင်ခါနီး ၁၀ ရက်လောက်အလိုမှ Organization ဘက်က သရဖူ (crown) ပြန်သိမ်းခဲ့လို့ သွားမပြိုင် လိုက်ရတဲ့ အလှမယ် ဂျူးစံသာကို မှတ်မိကြဦးမလားပဲ။ 

Kim Jong-un ညီမ အစိုးရအတွင်း အဓိကနေရာ ရရှိ


မြောက်ကိုရီးယားနိုင်ငံ ​ခေါင်းဆောင်ရဲ့ ​ညီမဟာ ​မြောက်ကိုရီးယားနိုင်ငံအတွက် ​အရေးကြီးတဲ့ ​ရာထူးကို ​ရရှိကြောင်း ​သတင်းမှာ ​ဖော်ပြထားပါတယ်။ခေါင်းဆောင် ​Kim ​Jong-un ​ရဲ့ ​ညီမငယ် ​Kim ​Yo-jong ​ဟာ ​အသက် ​၂၇ ​နှစ်သာ ​ရှိဦးမယ်လို့ ​ယူဆကြပြီး ​အရေးကြီးတဲ့ ​ဌာနတစ်ခုရဲ့ ​ဒုညွန်ကြားရေးမှူး ​ရာထူးကို ​ရရှိသွားတာ ​ဖြစ်ပါတယ်။

အီဘိုလာ ကာကွယ်ဆေးကို ကုမ္ပဏီကြီး ၃ ခုက ထုတ်လုပ်မယ်


ပင်မ ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီကြီး ၃ ခု ဖြစ်တဲ့ GlaxoSmithKline၊ Johnson & Johnson နဲ့ Merck ကုမ္ပဏီတို့က နောက်နှစ်မှာ အီဘိုလာ ကာကွယ်ဆေး ထုတ်လုပ်ဖို့ ကတိပြု ထားတယ်လို့ ကျန်းမာရေး သုတေသန လုပ်ငန်းဆိုင်ရာ ရန်ပုံငွေ ထောက်ပံ့ရေး ပရဟိတ အဖွဲ့အစည်း တစ်ခုရဲ့ အကြီးအကဲက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

၆ ပွင့်ဆိုင် ဆွေးနွေးရေးဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် ဖြစ်တယ်လို့ နားလည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော


ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြု ခဲ့တဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးရေးဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေး အကြောင်း ဆွေးနွေ့းဖို့ ဖြစ်တယ်လို့ သူ့အနေနဲ့ နားလည်ကြောင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

ပျူမြို့ဟောင်းများတွင် ကမ္ဘာ့အမွေနှစ် ကျောက်စာတိုင်များ လိုက်လံစိုက်ထူ


ပျူမြို့ဟောင်းဖြစ်ကြသည့် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာရှေးဟောင်း မြို့များတွင် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) ယူနက်စကို အသိမှတ်ပြု WORLD HERITAGE LOGO တံဆိပ်ပါ ကမ္ဘာ့အမွေနှစ် အသိအမှတ်ပြု ကျောက်စာတိုင်များကို စတင်စိုက်ထူနေပြီဟု သရေခေတ္တရာ မြို့ဟောင်း တူးဖော်ရေး လုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောသည်။

မွမ်ဘိုင်း အကြမ်းဖက် တိုက်ခိုက်ခံရမှု ခြောက်နှစ်ပြည့် အခမ်းအနား ကျင်းပ


၂၀၀၈ ခုနှစ်က လူပေါင်း ၁၆၆ ဦး သေဆုံးခဲ့သော မွန်ဘိုင်းအကြမ်းဖက် တိုက်ခိုက်မှုဖြစ်ရပ် ခြောက်နှစ်ပြည့် သည့် အမှတ်တရအခမ်းအနားများကို အိန္ဒိယနိုင်ငံတွင် နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့သည်။ အဆိုပါ အကြမ်းဖက်မှု ဖြစ်စဉ်တွင် အသက်ရှင်ကျန်ရစ်သူများက ယင်းထိတ် လန့်စရာ အဖြစ်ဆိုးကို မည်သည့် အခါမှ မေ့ပျောက်နိုင်မည် မဟုတ်ဟု ပြောကြားကြသည်။ 

NLD ထမင်းစားဖိတ်မှု နောက်တစ်ကြိမ်မှ လက်ခံမည်ဟု တပ်ကိုယ်စားလှယ် ပြော


NLD ဖိတ်ကြားသည့် ယနေ့ ညစာစားပွဲသို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တို့ မတက်ရောက်
နိုင်ခဲ့သော်လည်း နောက်တစ်ကြိမ် ဖိတ်ကြားလာပါက တက်ရောက်နိုင်လိမ့်မည်ဟု ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းက မီဒီယာကို ပြောသည်။

NLD က ဖိတ်ကြားသော နေပြည်တော် တွေ့ဆုံပွဲသို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ မတက်ရောက်နိုင်ခဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် တပ်မတော်နှင့် NLD အမြင်ကွဲလွဲနေခြင်းကို ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖြေရှာသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


NLD ပါတီက ဖိတ်ကြားသော နေပြည် တော်တွေ့ဆုံပွဲသို့ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များ မတက်ရောက်နိုင်ခဲ့ ကြောင်း သတင်းရရှိသည်။ မတက်ရောက်နိုင်သည့် အကြောင်းအရင်းမှာ ဖိတ်စာရချိန်
နှင့်တွေ့ဆုံရန် စီစဉ်ထားသည့်အချိန်ကပ်သွားသဖြင့် စီစဉ်ချိန်မ ရခြင်းနှင့်စီစဉ်ထားသည့်အချိန်တွင် တပ်မ တော်သားများ၏ နှုတ်ဆက်ပွဲတစ်ခုရှိနေခြင်း ကြောင့်ဖြစ်ကြောင်း သိရှိရသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခြင်းသည် မြန်မြန်တွေ့ဆုံဆွေးနွေးမည်ဆိုပါက ပြည်သူနှင့် တိုင်းပြည်အတွက် ကောင်းမွန်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခြင်းသည် မြန်မြန်တွေ့ဆုံဆွေးနွေးနိုင်မည်ဆိုပါက ပြည်သူနှင့်တိုင်းပြည် အတွက် ကောင်းမွန်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၇ ရက်တွင်  မီဒီယာများနှင့် တွေ့ဆုံရာ၌ ပြောကြားသည်။

အီဘိုလာကုသဆေး လူသားနှင့်စမ်းသပ်မှု ပထမအဆင့် အောင်မြင်

  
အီဘိုလာရောဂါ ကာကွယ်ကုသဆေးကို လူသားတွေနဲ့ စမ်းသပ်မှု ပထမအဆင့် အောင်မြင်တယ်လို့ အမေရိကန်သုတေသနပညာရှင်တွေက နိုဝင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒါကြောင့် အီဘိုလာ ဆေးထုတ်လုပ်နိုင်ဖို့ တဆင့်နီးစပ်လာတာလို့လည်း ဆိုပါတယ်။

အမျိုးသားပညာရေးဥပဒေအား အလိုမရှိကြောင်း မန္တလေးမြို့တွင် ဆန္ဒပြခဲ့ပြီး တောင်းဆိုချက်များ လိုက်လျောခြင်းမရှိပါက သပိတ်မှောက်ဆန္ဒပြမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်မည်ဟုဆို


မန္တလေးမြို့တွင် အမျိုးသားပညာရေး ဥပဒေအား ကျောင်းသားသမဂ္ဂများစုပေါင်း၍ သပိတ်မှောက်ဆန္ဒပြမှု အား မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ မန္တလေးခရိုင်ကျောင်းသားသမဂ္ဂများနှင့်အတူ ရန်ကုန်၊ မြင်းခြံ၊ ကျောက်ဆည်၊ မုံရွာ၊ စစ်ကိုင်း၊ ကန့်ဘလူ၊ တောင်ငူ အစရှိသည့် ကျောင်းသား သမဂ္ဂများ စုပေါင်းပြီး အင်အား ၆ဝ ခန့်က နိုဝင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီ အချိန်ခန့်မှ စတင်ကာ ညနေ ၆ နာရီ အချိန်ခန့်အထိ မြို့အတွင်း လမ်းလျှောက်ချီ တက်ကာ ဆန္ဒပြဟောပြောမှုများ၊ မြို့တော်ခန်းမရှေ့(ကျုံးနံဘေး) ၌ ထိုင်သပိတ် ဆင်နွှဲခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၆ ပွင့်ဆိုင် အတွက် တိုင်းရင်းသားကိုယ်စားလှယ် ဒေါက်တာအေးမောင်


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် နိုင်ငံရေးပြဿ နာတွေကိုဖြေရှင်း သွားဖို့ ၆ ပွင့်ဆိုင် တွေ့ဆုံပွဲ လုပ်ဖို့လိုအပ်တယ်လို့ ပြည်ထောင်စု လွှတ်တော်မှာ အဆို တင်ပြ အပြီး ၂ ရက်အကြာမှာ ဒီ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ မှာ ပါဝင်ရမယ့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ကို ဒီကနေ့ မနက် အစောပိုင်း လွှတ်တော်ထဲမှာ ရှိတဲ့ နိုင်ငံရေးပါတီ ၁၄ ပါတီက ခေါင်းဆောင်တွေက လျှိ့ဝှက် မဲပေးရွေးချယ် ခဲ့ကြပါတယ်။

နော်ဝေဘုရင်နှင့်မိဖုရား မြန်မာနိုင်ငံ လာမည်


နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ် ဘုရင်နဲ့ မိဖုရား ဆွန်ယာတို့ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို မကြာမီကာလအတွင်း တရားဝင်လာရောက်လည်ပတ်မယ်လို့ အစိုးရက ဒီနေ့ သတင်းထုတ်
ပြန်လိုက်ပါတယ်။

Thursday, November 27, 2014

လေယာဉ်ဘရိတ်စနစ်ကြောင့် ဆာဘီးယားခရီးသည်များ လေယာဉ်ဆင်းတွန်းရ



ဆာဘီးယားနိုင်ငံတွင် ခရီးသည်များသည် လေယာဉ်၏ဘရိတ်စနစ် ချွတ်ယွင်းမှုကြောင့် လေယာဉ်ကို ဆင်းတွန်းခဲ့ရ ကြောင်း Sky news သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အေးခဲသည့်ရာသီဥတုကြောင့် လေယာဉ်သောင်တင်နေသည့် အတွက် ခရီးသည်များက အပူချိန် အနုတ် ၅၂ စင်တီဂရိတ်အောက်တွင် လေယာဉ်ကို ၀ိုင်းတွန်းခဲ့ကြရခြင်းဖြစ်သည်။ 

အီဂျစ်တွင် အစိုးရ ဆန့်ကျင်ဆန္ဒပြသူ ဆယ်ကျော်သက် ၇၈ ဦးကို ထောင်ချ



မူဆလင်ညီနောင်ပါတီဘက်မှ ရပ်တည်၍ အစိုးရအား ဆန့်ကျင်ဆန္ဒပြခဲ့သည့် အသက် ၁၃ နှစ်မှ ၁၇ နှစ်အတွင်းရှိ ဆယ်ကျော်သက် ၇၈ ဦးတို့ကို အီဂျစ် တရားရုံးတစ်ခုက ထောင်ဒဏ်ကျခံရန် ပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း BBC တွင် ဖော်ပြပါရှိသည်။

ထိုင်း ရွေးကောက်ပွဲ ၂၀၁၆ မှ ကျင်းပနိုင်ချေရှိ


အထွေထွေ ရွေးကောက်ပွဲကို လာမည့်နှစ်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ၂၀၁၆ ခုနှစ်အထိ ကြန့်ကြာသွားနိုင်သည်ဟု ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်က ပြောကြားလိုက်ကြောင်း Reuters တွင် ဖော်ပြပါရှိ သည်။

၂၀၁၅ ရွေးကောက်ပွဲသည် အသွင်ကူးပြောင်းရေးအတွက် အရေးကြီးသော အလှည့်အပြောင်းဟု သမ္မတပြော



၂၀၁၅ အထွေထွေရွေး ကောက်ပွဲသည် တိုင်းပြည်၏ ဒီမို ကရေစီအသွင် ကူးပြောင်းရေး အတွက် အဓိကကျသော အလှည့် အပြောင်းကြီးတစ်ခုဖြစ် ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သည်။ နိုင်ငံရေးပါတီ ၆၀ ကျော် တက် ရောက်သော နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံ ပွဲတွင် နိုင်ငံတော်သမ္မတက အထက်ပါအတိုင်းထည့် သွင်းပြောကြား ခဲ့ခြင်း ဖြစ်ပြီး တွေ့ ဆုံပွဲကို ယခုလ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်သဘောထားတင်းမာမှုကြောင့် ၆ ပွင့်ဆိုင်သည့်တိုင် ဖွဲ့စည်းပုံ ပြင်ရေး မလွယ်ဟုဆို



စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲ ပြဋ္ဌာန်းခဲ့တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ သမ္မတဦးသိန်းစိန်၊ ကာချုပ်၊ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားပြု ခေါင်းဆောင် ၁ ဦးပါဝင်သော ၆ ပွင့် ဆိုင် တွေ့ဆုံရန် ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တောင်းဆိုလိုက်သော်လည်း တပ်မတော်၏ သဘောထားတင်းမာမှုကြောင့် ၆ ပွင့်ဆိုင်သည့်တိုင် အခြေခံဥပဒေ ပြင်ဆင်ရန် မလွယ်ကူကြောင်း နိုင်ငံရေး အသိုင်း အဝိုင်းက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲ



အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အရင်စစ်အာဏာရှင်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ် အောင်ဆန်း စုကြည်ကို သမ္မတဖြစ် မလာအောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ထဲမှာ ပုဒ်မ ၅၉(စ)ကို အသေအချာ ထည့်သွင်းထားခဲ့ပါ တယ်။ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ဒါဟာ ဘယ်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကိုမှရည်ရွယ်ပြီး ထည့်သွင်း ထားခဲ့တာမဟုတ်ဘူးလို့ ဘယ်လောက်ပဲပြောဆိုနေနေ ဒေါ်အောင် ဆန်းစုကြည်ကိုပဲ ရည်ညွှန်းတယ်လို့ ပြည်တွင်း ပြည်ပ

နိုင်ငံရေးနဲ့ သတင်းမီဒီယာ အသိုင်းအဝိုင်းက လက်ခံထားကြပါတယ်။ 

My Blog List