စပိန်ကျန်းမာရေးဝန်ကြီး အန်နာ မာတိုဟာ ငွေကြေးမသမာမှုတခုမှာ အကျိုးအမြတ်ယူခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေး တရား သူကြီးတဦးက စွပ်စွဲခဲ့အပြီး နိုဝင်ဘာ ၂၆ ရက်နေ့မှာ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဝန်ကြီးချုပ် မာရီယာနို ရာဂျိုင်းရဲ့ ပြည်သူ့ပါတီပုံရိပ်ကို ထိခိုက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်က လွှတ်တော်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအတွက် ငြင်းခုံဆွေးနွေးမယ့်ရက် မတိုင်မီ တရက်မှာ ခုလိုနုတ်ထွက်ခဲ့တာပါ။
ဗွီအိုအေ မြန်မာနံနက်ခင်း
-
အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇
နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့
နိုင်ငံ...
2 days ago

























