သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရသည် မုံရွာတက္ကသိုလ် ဓမ္မာရုံတွင် ပထမဆုံးအကြိမ် အဖြစ် သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ကျောင်းသား၊ ကျောင်းသူများကို တရားဟောခဲ့ကြောင်း ယင်းတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံမှ သိရသည်။
Tuesday, August 12, 2014
နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်အမြန်ဆုံး လက်မှတ်ထိုးရန် နိုင်ငံရေးပါတီများတောင်းဆို
နိုင်ငံရေးပါတီ ၆၆ ပါတီ က ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် နိုင်ငံလုံး ဆိုင်ရာပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို အမြန်ဆုံးလက်မှတ် ရေးထိုးကြရန် သက်ဆိုင်သူ အားလုံးကို အလေးအနက်တိုက်တွန်းလိုက်သည်ဟု သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက် သည်။
မြန်မာ့အလှနှင့် နိုင်ငံတကာ Miss ပြိုင်ပွဲများသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေတဲ့ ဟန်သီ
ယခုလ ၂၁ ရက်နေ့တွင် နောက်ဆုံးပြိုင်ပွဲ ကျင်းပတော့မည့် Miss Golden Land Myanmar 2014 တွင် ပြိုင်ပွဲဝင်နေသော ခါးနံပါတ်(၁၅) ဟန်သီသည် ပြိုင်ပွဲကာလအတွင်း Online Voting ပေးသည့် Missosology တွင် မဲအများဆုံး ရရှိခဲ့ပြီး Myanmar's Choice Award တွင်လည်း မဲအများဆုံးဖြင့် ဦးဆောင်လျက်ရှိကြောင်း သိရသည်။
အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားများဟု သံသယရှိသူ ၄၀ ကို ကိုဆိုဗိုရဲတပ်ဖွဲ့ ဖမ်းဆီး
ကိုဆိုဗိုရဲတပ်ဖွဲ့က အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားတွေလို့ သံသယရှိသူ ၄၀ ကို သြဂုတ် ၁၁ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ဆီးရီးယားနဲ့ အီရတ်နိုင်ငံမှာ စစ်သွေးကြွတွေနဲ့ ပူးပေါင်း တိုက်ခိုက်နေသူတွေလို့ သံသယရှိသူတွေကို ဖမ်းဆီးလိုက် တာဖြစ်ကြောင်း ဘောလ်ကန်ဒေ သ နိုင်ငံငယ်လေးရဲ့ အာဏာာပိုင်တွေက ပြောပါတယ်။
ဂါဇာဒေသအတွက် နောက်ထပ် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲပေးရန် အီဂျစ်၏ ကမ်းလှမ်းချက်ကို အစ္စရေး သဘောတူ
ဂါဇာဒေသ စစ်မက်ပဋိပက္ခ အတွက် အီဂျစ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးစဉ် အဆိုပြုထားသည့် နောက်ထပ် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးတို့ဘက်က လက်သင့်ခံလိုက်ပြီ ဖြစ်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။
မြန်မာ့ ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော်ကို ဂျွန်ကယ်ရီ ဘာကြောင့် မဝေဖန်ခဲ့လဲ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံ ကို ရောက်ရှိလာပြီး သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့နဲ့ တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ဖို့ တိုက်တွန်းပြောဆိုခဲ့ပေမယ့် မြန်မာ့ ပြုပြင် ပြောင်းလဲရေးမှာ အဓိကျတဲ့ မြန်မာ့တပ်မတော်ကို ဒီမိုကရေစီ အရေးမှာ ပါဝင်ဆောင်ရွက်ဖို့ ဝေဖန် တိုက်တွန်း တာမျိုး မလုပ်ဆောင်ခဲ့ပါဘူး။
နိုင်ဂျီးရီးယားတွင် အီဘိုလာရောဂါ ခံစားနေရသူ ၁၀ ဦးရှိပြီ
နိုင်ဂျီးရီးယားမှာ အီဘိုလာ ရောဂါခံစားနေရသူ ၁၀ ဦး ရှိသွားပြီလို့ အစိုးရက ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နေ့က အတည်ပြုပါတယ်။နောက်ဆုံး အတည်ပြုခဲ့တဲ့ ၇ ဦးကနေ ၁၀ ဦးအထိ တိုးသွားတာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားမှာ အခုအထိ အီဘိုလာရောဂါလူနာတွေထဲက ၂ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေး
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် တို့သည် ဒေါ်အောင်ဆန်းစုကြည်နေ အိမ်တွင် တနင်္ဂနွေနေ့က မိနစ်၅၀ ကြာ တွေ့ ဆုံဆွေးနွေး ခဲ့ကြသည်။
သမိုင်းဝင် တူရကီသမ္မတ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် အာဒိုဂန် အနိုင်ရ
တူရကီနိုင်ငံတွင် သြဂုတ်လ ၁၀ ရက်နေ့က ကျင်းပပြုလုပ်သော တိုက်ရိုက် သမ္မတ ရွေးကောက် တင် မြှောက်ပွဲ၌ လက်ရှိဝန်ကြီးချုပ် ရီဆတ်တေယစ်အာဒိုဂန် ပြန်လည် အနိုင်ရရှိသွားသည်ဟု ရွေးကောက်ပွဲ အာဏာပိုင်များက ထုတ်ဖော် ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
သန်းခေါင်စာရင်း ကောက်ယူမရသော ရခိုင်နှင့် ကချင်ဒေသများ လူဦးရေစာရင်း ခန့်မှန်းထုတ်ပြန်မည်
ယခုလအတွင်း ထုတ်ပြန်မည့် ၂၀၁၄ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ ရှေ့ပြေး လူဦးရေစာရင်းတွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိသော ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် တို့၏ လူဦးရေစာရင်းကို ခန့်မှန်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။
ဆွမ်းဘုန်းမပေးဘဲ လမ်းလျှောက်ဆန္ဒပြကိုယ်တော် ရန်ကုန်ရောက်
ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသား ၂၉ ဦးကို ပြန်လွှတ်ပေးရန်ဟုဆိုကာ မကွေး ပရိယတိ္တစာသင် တိုက်မှ ဆရာတော် ဦးရက္ခ၀ံသသည် ပဲခူးမှ စတင်၍ ၄၅ ရက် ဆွမ်းဘုန်းမပေးဘဲ လမ်းလျှောက် ဆန္ဒထုတ်ဖော်ပြီး သြဂုတ် ၁၁ ရက်က ရန်ကုန်သို့ ရောက်ရှိလာသည်။
၈၈ အရေးအခင်းတွင် ရှေ့တန်းရောက်နေဟု သူရ ဦးရွှေမန်းပြော
၈၈ အရေးအခင်းကာလတွင် ရှေ့တန်းစစ်ဆင်ရေးသို့ သွားရောက်နေရသည်ဟု ဗိုလ်ချုပ်ကြီးဟောင်းဖြစ် သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ် ၁၁ ရက် ပြည်သူ့လွှတ်တော် ဇမ္ဗူ သီရိဆောင်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
၎င်းက “၈၈- ၈၉ က မိမိသည် ဒု-တပ်ရင်းမှူး၊ တပ်ရင်းမှူးဘ၀ တာဝန်နဲ့ကာလ ဖြစ်တယ်၊ အရေး အခင်းပေါ်တဲ့အခါမှာ မိမိပထမဦးဆုံး ရောက်ရှိတဲ့ နေရာက အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်းတို့ကို တာဝန်ယူရပါတယ်။
ရက်သတ္တပတ်ကြာတဲ့အခါမှာ ရှေ့တန်းစစ်ဆင်ရေးကို သွားရောက်ခဲ့ရပါတယ်”ဟု ပြောသည်။
ဖြူးမြို့နယ်၊ ကညွတ်ကွင်းတွင် ၁၉၄၇ ခုနှစ်က မွေးဖွားခဲ့သူ ဗိုလ်ချုပ်ကြီး(ဟောင်း) သူရဦးရွှေမန်းသည် ၁၉၈၈ ခုနှစ်က ကေအင်န်ယူနှင့် ဖြစ်ပွားခဲ့သည့် မဲသဝေါစစ်ဆင်ရေးတွင် သူရသတ်္တိနှင့် စစ်ရေးစွမ်းရည် ထက်မြက်၍ သူရဘွဲ့ရရှိခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ရေးအကျဉ်းတွင် ဖော်ပြထား သည်။
သမ္မတ ဦးသိန်းစိန်၏ ၈၈ အရေးတော်ပုံကာလ မှတ်တမ်း ပြည်သူသို့ ထုတ်ပြန်ရန် ဘားမားကမ်ပိန်း ယူကေက တောင်းဆိုထားသေးသည်။
Mizzima - News in Burmese
ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြရန် ကချင်အာဇာနည်နေ့တွင် ကေအိုင်အိုဥက္ကဋ္ဌ တိုက်တွန်း
ကချင်တော်လှန်ရေးအတွင်း ကျဆုံးသွားသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်နှင့် ရဲဘော် ရဲဘက်များအား ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ၃၉ နှစ်မြောက် အာဇာနည်နေ့မိန့်ခွန်းတွင် တော်လှန်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားကြရန် ဥက္ကဋ္ဌ ဦးဇောင်းဟရာက တိုက်တွန်းလိုက်သည် ဟု KIO ၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆာက ပြောသည်။
အီရတ်က ဆူနီ စစ်သွေးကြွတွေကို နှိမ်နှင်းဖို့ သြစီနဲ့ ကန်ဆွေးနွေးကြမယ်
သြစတြေးလျ နိုင်ငံ ကာကွယ်ရေးဝန်ကြီး David Johnston နဲ့ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Chuck Hagel တို့ ဒီကနေ့ တွေ့ဆုံ စကားပြောကြမှာ ဖြစ်ပြီး အီရတ်နိုင်ငံက အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ရပ်စဲနိုင်ဖို့အတွက် သြစတြေးလျနိုင်ငံအနေနဲ့ စစ်ရေးထောက်ပံ့မှု တွေကို ဘယ်လို တိုးချဲ့လုပ်ဆောင်သွားရမလဲဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ နှစ်ဆန်းပိုင်းတွင် စတင်ရန် ဆန္ဒရှိကြောင်း ဦးအောင်မင်း ပြောကြား
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီး နောက်တွင် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ရန် ဆန္ဒရှိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း က ပြောကြားသည်။
မန္တလေး ညမထွက်ရအမိန့် ရုပ်သိမ်း
လူနှစ်ဦးသေဆုံးတဲ့အထိ ဆူပူအကြမ်းဖက်တာတွေဖြစ်ခဲ့တာကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရတဲ့ မန္တလေးမြို့မှာ ဒီကနေ့ ညနေ ၆ နာရီကစတင်ပြီး တားမြစ်မိန့်ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ တလကျော်ကြာမြင့်ခဲ့တဲ့ ညမထွက်ရ ကန့်သတ်အမိန့်ကို သတ်မှတ်ချိန် အဆင့်ဆင့် လျှော့ပေးခဲ့ရာက ဒီကနေ့ အပြီးတိုင်ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။
မြန်မာ့ ပထမဆုံးသမ္မတ စ၀်ရွှေသိုက်၏ စတုတ္ထဇနီး ၉၆ နှစ်အရွယ်တွင် ကွယ်လွန်
မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စ၀်ရွှေသိုက်၏ စတုတ်္တမြောက်ဇနီး၊ မြို့နယ်ပညာရေးမှူး(ငြိမ်း)ဒေါ်မြ၀င်းသည် အသက် (၉၆)နှစ် အရွယ်တွင် သြဂုတ် ၁၀ ရက် မွန်းလွဲနာရီခွဲခန့်က တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်ဟု သမီးဖြစ်သူ ဒေါ်စ၀်ဟေမာသိုက်က မဇ္ဈိမကို အတည်ပြုသည်။
ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းဝင်သူပိုင် ဟော်တယ် နိုင်ငံခြားရေးဝန်ကြီး Kerry တည်းခို
အမေရိကန်အစိုးရက ပစ်မှတ်ထား ဒဏ်ခတ်အရေးယူထားသူတစ်ဦး ပိုင်ဆိုင်တဲ့ဟိုတယ်မှာ တည်းခိုခဲ့ တာကြောင့် ရန်ကုန်မှာတော့ လူပြောများတဲ့ သတင်းတပုဒ်ဖြစ်လာပါတယ်။ ဒါပေမယ့်လည်း ခရီးစဉ် အတွင်း နိုင်ငံခြားရေးဝန်ကြီး တည်းခိုဖို့ စီစဉ်ဆောင်ရွက်ပေးသူဟာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကတော့ တုံ့ပြန်ခဲ့ပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် နိုင်ငံရေးပါတီတို့ ဆွေးနွေးမှု မကျေမလည်ဖြစ်
မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများကို ဆွေးနွေးရန် အချိန်ပေးမှု နည်းပါးလွန်းသဖြင့် မကျေမလည် ဖြစ်ခဲ့သည်။
ဓမ္မစေတီခေါင်းလောင်းရှိနိုင်သည့် နေရာမှ နုန်းများဆယ်ယူ ရေငုပ်သမား ဆယ်ဦးသုံးထားပြီး သုံးရက်အတွင်း ပြီးနိုင်ဟုဆို
ဓမ္မစေတီခေါင်းလောင်းရှိနိုင်သည်ဟု ယူဆထားသည့်နေရာတွင် ဆောင်ရွက်နေသည့် နုန်းဆယ်ယူခြင်း လုပ်ငန်းများ သုံးရက်အတွင်း ပြီးစီးနိုင်မည်ဟု ခေါင်းလောင်းဆယ်ယူရေးအဖွဲ့မှ ဦးဝင်းမြင့်က သြဂုတ် ၁၁ ရက်တွင် မဇ်္ဈိမကို ပြောသည်။
တက္ကသိုလ်တွင် အမတ်များ အတွေ့အကြုံရှင်းနေစဉ် လှုပ်ရှားခွင့်မပြုဟူသည့်စာ ပါမောက္ခတစ်ဦး ဖြန့်ဝေ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် စာသင်ကျောင်းများတွင် နိုင်ငံရေးပါတီ များ၏ လှုပ်ရှားမှုကို ခွင့်မပြုဆိုသည့် စာကို တက္ကသိုလ်မှ ပါမောက္ခတစ်ဦးက လာရောက် ဝေငှခဲ့သည်။
၄၃၆ ပြင်ဆင်ရေးလက်မှတ် ငါးသန်း ထိုက်သင့်သည့် အကျိုးရမည်ဟု ဦးရွှေမန်းပြော
အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းတို့ ပူးပေါင်း ကောက် ယူထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ် ငါးသန်းခန့်သည် ထိုက်သင့်သည့် အကျိုးသက်ရောက်မှု ရရှိနိုင်မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက်္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ် ၁၁ ရက်တွင် ပြောသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်များသည် ထိုက်သင့်သည့် အကျိုးသက်ရောက်မှုရှိနိုင်ဟု ပြည်ထောင်စုလွှတ်တော် နာယကပြော
ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၄၃၆ ပြင်ဆင်ရေး ဆန္ဒပြု လက်မှတ်ငါးသန်းခန့်သည် လွှတ်တော်တွင် ထိုက်သင့်သည့်အကျိုး သက်ရောက်မှုရှိနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားလိုက်သည်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-



























