ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု ကူညီစောင့်ရှာက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ ကုလသမဂ္ဂအပါအ၀င် အစိုးရမဟုတ်တဲ့ ကူညီရေးအဖွဲ့တွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ၊ ကျန်ရစ်ခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ ရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အကြီးအကျယ်ချို့တဲ့သွားစေတဲ့ လုပ်ရပ်တွေဟာ လူကို လူလိုသဘောမထားတဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ရာရောက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က ပြောလိုက်ပါတယ်။






















