Monday, March 03, 2014

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ ပြန်ကျင်းပ


ထိုင်းနိုင်ငံမှာ အရင်လက ဆန္ဒပြပွဲတွေကြောင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲတွေကို ပြန်ကျင်းပနေပါတယ်။

နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မိုးတိမ်တောင် အန္တရာယ် သတိပြုရန်လို

အနောက်တောင် မုတ်သုံလေ ရာသီဥတု မကျရောက်မီ မိုးဦး၊ လေဦး ကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ မိုးတိမ်တောင်များ ဖြစ်ပေါ်လာပြီး လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့် အန္တရာယ်များ ရှိလာနိုင်ခြင်းကြောင့် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မတ်လ ၂ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

ဂျပန်နိုင်ငံရဲ့ သတင်းစာမှာ ဖော်ပြခြင်းခံရတဲ့ နန်းခင်ဇေယျာ


ဂျပန်ရုပ်သံလိုင်းတစ်ခုက ဧည့်လမ်းညွှန်တစ် ယောက်ရဲ့အကြောင်းကို ဂျပန်အနုပညာရှင်များ နဲ့အတူ မြန်မာနိုင်ငံကMiss Myanmar တစ်ဦးလည်းဖြစ်၊ ဧည့်လမ်းညွှန် တစ်ဦးလည်းဖြစ်တဲ့ နန်းခင်ဇေယျာနဲ့ မတ်လ ၂၇ ရက်နေ့ မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးမှာဖြစ်ကြောင်း သိရပါတယ်။ 

လူတစ်ဖက်သားကို အရမ်းတွေးပေးတတ်တဲ့သူမို့ သူ့ကို သဘောကျ ချစ်မိသွားတာလို့ ဖွင့်ဟခဲ့တဲ့ သက်မွန်မြင့်



အနုပညာခြေလှမ်းစိပ်စိပ်နဲ့ သူချစ်တဲ့ပရိသတ်တွေအတွက် မနားတမ်းကြိုးစားတင်ဆက်နေသူ အကယ်ဒမီ သက်မွန်မြင့်ဟာ ခုဆိုရင် အိမ်ထောင်ရှင်မတစ်ယောက် ဖြစ်နေပြီဆိုပေမယ့်လည်း သူချစ်တဲ့အနုပညာ အလုပ်တွေကိုတော့ မပျက်မကွက် ကြိုးစားချပြနေဆဲပါ။ 

ရန်ကုန်ဆေးရုံကြီးဟာ Varian ကုမ္ပဏီရဲ့ ကင်ဆာရောဂါကု ခေတ်သစ် နည်းပညာ တပ်ဆင်ပေးလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးဆေးရုံဖြစ်လာ


ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးဟာ Varian ကုမ္ပဏီကနေ ကင်ဆာရောဂါကု ခေတ်သစ် နည်းပညာ တပ်ဆင်ပေးလိုက်တဲ့  မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးဆေးရုံဖြစ်လာပါတယ်။  ဓာတ်ရောင်ခြည် ကုထုံးနဲ့ ကင်ဆာရောဂါ ကုသဖို့ နည်းပညာပါ။ ဖေဖော်ဝါရီလ အစောပိုင်းတုန်းက ရန်ကုန်ဆေးရုံကြီးမှာ ဒီနည်းပညာသစ် စက်ကြီးတွေကို ပြသခဲ့ပြီး ဖွင့်ပွဲကို ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးဖေသက်တင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အရောင်းဆိုင်ပါ တယ်လီနောရုံးချုပ်စဖွင့်




နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိ


မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုကို ပထမဦးဆုံး ဖြေလျှော့ပေးခဲ့သည့် ဥရောပသမဂ္ဂ နိုင်ငံဖြစ်သည့် နော်ဝေနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး Børge Brende က မြန်မာနိုင်ငံသို့ ပထမဦးဆုံး ခရီးစဉ်အဖြစ် မတ်လ ၁ ရက်နေ့က စတင် ရောက်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လိင်တူချစ်သူ အမျိုးသား နှစ်ဦး၏ မင်္ဂလာသက် (၁၀) နှစ်ပြည့် အခမ်းအနား Excel Treasure Hotel တွင် ပြုလုပ်



နှစ်ပေါင်း (၃၀)ဝန်းကျင် နောက်ပိုင်း ပထမဆုံးအကြိမ်တောင်သူလယ်သမား ညီလာခံကျင်းပ



“တောင်ဖီလာဆရာတော်ကြီး၏ သြဝါဒ”



“သတိဆိုတာမျိုးဟာ နှစ်သက်ဖွယ် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို ကြုံတွေ့တဲ့အခါမှာဖြစ်စေ၊ ကြောက်လန့်ဖွယ် သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို ကြုံတွေ့တဲ့အခါမှာ့ဖြစ်စေ၊ အမျက်ထွက်စရာအကြောင်း စိုးရိမ်စရာအကြောင့်နှင့် ကြုံတွေ့ လာတဲ့အခါမှာဖြစ်စေ၊ ဆင်းရဲကို မတွေ့ဖူးတဲ့သူဟာဆင်းရဲကို ရုတ်တရက် တွေ့ကြုံဆုံစည်းလိုက်ရတဲ့အခါမှာဖြစ်စေ အလွန် ချုပ်တည်းနိုင်ခဲပါတယ်။

အိန္ဒိယသူပုန် ခေါင်းဆောင်များကို ပြန်လွှဲပေးရန် မြန်မာထံ အိန္ဒိယ တောင်းဆိုမည်


အိန္ဒိယ-မြန်မာ နယ်စပ် ဒေသများတွင် ခြေကုပ် ယူထားကြသည့် အိန္ဒိယအစိုးရ ဆန့်ကျင်သည့် သူပုန်ခေါင်းဆောင်များကို အိန္ဒိယဘက်သို့ ပြန်လွှဲ ပြောင်းပေးရန် အတွက် မတ်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းက မြန်မာ အစိုးရထံ တောင်းဆိုသွားမည်ဟု ပြောကြားကြောင်း The Telegraph သတင်းစာတွင် ဖော်ပြထားသည်။

ဘယ်နေ့ သေမလဲ သိချင်ရင် သွေးစစ်ရင် သိနိုင်ပြီ


မိမိ ဘယ်နေ့ သေမယ်ဆိုတာ သိချင်ရင်တော့ သွေးစစ်ကြည့်ရင် အဖြေထွက်နေပြီလို့ သုတေသန ပြုချက် တခုက ထုတ်ဖော်ပြောဆိုလာပါတယ်။ 

ရန်ကုန်လေဆိပ်ကို အပြောင်းအလဲ ခပ်ကြီးကြီးလုပ်လိုက်ပြီ



တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မီဒီယာများပထမဆုံးအကြိမ် တွေ့ဆုံမည်



တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပထမဆုံးအကြိမ်အဖြစ် မီဒီယာ များနှင့် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

ယူကရိန်းမှာ စစ်ဖြစ်နိုင်တဲ့ အခြေအနေရှိနေလို့ဆို



ယူကရိန်းနိုင်ငံ Crimea ဒေသမှာ ရုရှားစစ်တပ်က ဝင်ရောက်နေတာဟာ ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံ အပေါ် စစ်ကြေညာလိုက်တာဖြစ်တယ်လို့ ယူကရိန်းယာယီအစိုးရက ပြောလိုက်ပါတယ်။

ဒုက္ခသည်နေရာချပေးရေးကိစ္စ သြစီဆွေးနွေးမယ်



သြစတြေးလျအစိုးရပိုင် Manus ကျွန်းထိန်းသိမ်းရေးစခန်းနဲ့ ဒုက္ခသည်နေရာချထားပေး ရေးကိစ္စတွေကို စကားပြောဆို ဆွေးနွေးဖို့အတွက် သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Scott Morrison က ပါပူဝါနယူဂီနီနိုင်ငံကို ရောက်ရှိနေပြီလို့ သိရပါတယ်။

တရုတ်နိုင်ငံက ဓားထိုးမှုကြောင့် လူပေါင်း ၃၀ကျော် သေဆုံး


တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ အကြမ်းဖက် အုပ်စုတခုရဲ့ ဓားထိုး တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၃ ဦး သေဆုံးသွားပြီး ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။တရုတ်နိုင်ငံ ကူမင်မြို့က အကြမ်းဖက် အုပ်စုတစ်စုက ဓားထိုးတိုက်ခိုက်မှုကြောင့် လူပေါင်း ၃၃ဦးသေဆုံးခဲ့သလို ၁၃၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကလွဲရင် MSF ဆက်လက်ဆေးကုသခွင့်ရ



နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ကို မြန်မာအစိုးရက မြန်မာနိုင်ငံမှာ အလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့ပေမယ့် အခုအခါမှာ ရခိုင်ပြည်နယ်ကလွဲပြီး တခြားနေရာမှာ ပြန်လည်လုပ်ခွင့်ပေးလိုက်ပါပြီ။ 

မင်္ဂလာနံနက်ခင်းလေးမှာ သရဏံသုံးပါး ဆောက်တည်ကြရအောင်......


>နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
>နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ 
>နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရုံးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက်သွားမည်ဖြစ်ပြီး ပထမဦးဆုံး အတွင်းရေးမှူးချုပ်အား သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးတစ်ဦးအား ခန့်အပ်သွားရန် သဘောတူ


ဘင်းမ်စတက်နိုင်ငံများ၏ အကြိုညှိနှိုင်း ဆွေးနွေးပွဲများကို နေပြည်တော်ရှိ Royal Kumudra Hotel တွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပလျက်ရှိရာ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရုံးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက်သွားမည်ဖြစ်ကြောင်းနှင့် ပထမဦးဆုံး အတွင်းရေးမှူးချုပ်အား သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးတစ်ဦးအား ခန့်အပ်သွားရန် ယခုဘင်းမ်စတက်အကြို ဆွေးနွေးပွဲများအတွင်း သဘောတူထားကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် ဆန္ဒထုတ်ဖော်ပွဲများကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ဆက်တိုက်ပြုလုပ်



၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် ဆန္ဒပြ တောင်းဆိုမှုများကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် သက်ဆိုင်ရာဒေသခံ ပြည်သူများနှင့် အရပ်ဘက် လူ့အဖွဲ့စည်းတို့မှ ဆက်တိုက်ပြုလုပ်လျက် ရှိသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်၊ စွမ်းအင်ကဏ္ဍများတွင် နော်ဝေနိုင်ငံ၏ အတွေ့ အကြုံများကို မျှဝေပေးရန် အစီအစဉ်ရှိဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီး ပြောကြား



မြန်မာနိုင်ငံ၏ လျှပ်စစ်၊ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူသည့် ကဏ္ဍများတွင် နော်ဝေနိုင်ငံ၏ အတွေ့အကြုံများကို မျှဝေပေးရန် အစီအစဉ် ရှိသည်ဟု မတ် ၂ ရက်မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် သံတမန်လမ်းရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ အဆောက်အဦတွင် ပြုလုပ်ခဲ့သည့် သဘာဝ သယံဇာတနှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ မြန်မာနိုင်ငံ၏ အလားအလာနှင့် ပတ်သက်သည့် စားပွဲဝိုင်းဆွေးနွေးပွဲတွင် နော်ဝေနိုင်ငံခြားရေးဝန်ကြီး Mr. Borge BRENDE က ပြောကြားခဲ့သည်ဟု မတ် ၂ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားမှ သတင်းဖော်ပြချက်အရ သိရသည်။

BIMSTEC တာဝန်ရှိသူတွေ နေပြည်တော်မှာစည်းဝေး


ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ (BIMSTEC) စည်းဝေးပွဲကို ဒီကနေ့ နေပြည်တော်မှာ တာဝန်ရှိသူတွေ စတင်ကျင်းပပါတယ်။ BIMSTEC အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲကိုတော့ တနင်္လာနေ့ ကျင်းပမှာဖြစ်ပါတယ်။

မတ္တရာလယ်သမားတွေရဲ့ ထွန်တုံးတိုက်ပွဲ



မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ရှိ သိမ်းဆည်းခံထားရတဲ့ ရွာတွေအပါအဝင် လွန်ခဲ့တဲ့ ၂၈ နှစ်ခန့်က သိမ်းယူခဲ့တဲ့ လယ်မြေတွေကို ပြန်ရရေး ရွာပေါင်း ၁၄ ရွာခန့်က ရာနဲ့ချီတဲ့လယ်သမားတွေဟာ ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့ကြပါတယ်။ 

ထိုင်းရွေးကောက်ပွဲ ပြန်လည်ကျင်းပခဲ့



ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲထည့်ခွင့်မရတဲ့ ပြည်နယ်တချို့ကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကပဲ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးခဲ့ပြီး ငြိမ်းချမ်းစွာ ကျင်းပပြီးစီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

My Blog List