ယာနူကိုဗစ်ခ်ျဟာ တိုင်းပြည်ဘဏ္ဍာငွေတွေကို ဘီလျံနဲ့ချီပြီး ခိုးယူခဲ့တယ်လို့ ယူကရိန်းဝန်ကြီးချုပ်သစ် Arseniy Yatsenyuk ကစွပ်စွဲလိုက်ပါတယ်။
Friday, February 28, 2014
အီလက်ထရောနစ် ဥပဒေကို ထောင်ဒဏ်လျှော့ပေါ့ ပြင်ဆင်အတည်ပြု
လွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ အတည်ြပုခဲ့တဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုလိုက်ကြောင်း ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
ဝန်ကြီးချုပ်နဲ့ဆွေးနွေးဖို့ ထိုင်း အတိုက်အခံ လမ်းဖွင့်
ထိုင်းနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Suthep Thaugsuban က ဝန်ကြီးချုပ် Yingluck Shinawatra နဲ့ ဆွေးနွေးမယ်လို့ အရိပ်အမြွက် ပြောကြား လိုက်ပါတယ်၊ လနဲ့ချီ ကြာနေပြီဖြစ်တဲ့နိုင်ငံရေးပြဿနာကို အဆုံးသတ်နိုင်ဖို့ ဘယ်လိုဆွေးနွေး ညှိုနှိုင်းမှုကိုမှ မလုပ်နိုင်ဘူးဆိုပြီး အတိုက်အခံခေါင်းဆောင်က အရင်က ငြင်းဆန်နေခဲ့တာဖြစ်ပါတယ်။
မြန်မာ့လူ့အခွင့်အရေး တိုးတက်မှု ကန် အသိအမှတ်ပြု
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ရာမှာ စိန်ခေါ်မှု အများအပြား ရှိနေသေးပေမဲ့လည်း ဆက်ပြီး အားပေးသွား ရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ၂၀၁၃ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ချိန်မှာ မြန်မာနိုင်ငံ နဲ့ပတ်သက်ပြီး ၀န်ကြီး ကယ်ရီက အဲဒီလိုပြောသွားတာပါ။
ကော်မရှင် အမေးဖြေဆိုဖို့ ရင်လတ် ကိုယ်စားလှယ် စေလွှတ်
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်က သူမကို လာဒ်စားမှုနဲ့ တရားစွဲဆိုထားတဲ့ ကိစ္စတွေ ဖြေကြား ပေးဖို့အတွက် သူမရဲ့ရှေ့နေကို လာဒ်ပေးလာဒ်ယူမှုတိုက်ဖျက်ရေးကော်မရှင်ဆီ ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။
YES အထည်ချုပ်လုပ်သားတွေ ၃ရက်မြောက် ဆက်လက်ဆန္ဒပြ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ က YES အထည်ချုပ်စက်ရုံက အလုပ်သမားတစ်ထောင်ကျော်ဟာ နေ့စဉ်ကြေးတိုးပေးဖို့ စက်ရုံအတွင်းမှာ ၃ ရက်မြောက်နေ့အဖြစ် တောင်းဆိုဆန္ဒပြနေကြပါတယ်။
Thursday, February 27, 2014
အဲပုဂံလေကြောင်း အရှုံးပေါ်ဟု ဦးတေဇ ၀န်ခံ
အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှု အမည်ပျက်စာရင်းသွင်းခံထားရသူ ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇက အဲပုဂံ လေကြောင်းလိုင်း အရှုံးပေါ်နေကြောင်း ဖေဖော်ဝါရီ ၂၅ရက်နေ့ ပူတာအိုမြို့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန် ဦးဝီရသူ မိန့်ကြား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန် ၉၆၉ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်သော ဆရာတော် ဦးဝီရသူက တိုက်တွန်းပြောဆို လိုက်သည်။
ဧည့်လမ်းညွှန်များ ဧည့်လမ်းညွှန် လိုင်စင်ကတ် ချိတ်ဆွဲ ထားရန်နှင့် ပြည်ပနိုင်ငံ အလံများ လွှင့်ထူ၍ ခရီးစဉ်လှည့်လည်ခြင်း မပြုရန် သတိပေး
ဧည့်လမ်းညွှန်များကို ခရီးစဉ် လှည့်လည်ရာတွင် ဧည့်လမ်းညွှန် လိုင်စင်ကတ် ချိတ်ဆွဲထားရန်နှင့် ပြည်ပနိုင်ငံ အလံများ လွှင့်ထူ၍ ခရီးစဉ် လှည့်လည်ခြင်း မပြုမိစေရန် သတိပေး အကြောင်းကြား ထားကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းမြတ် က ပြောကြားသည်။
ပလောင်ဒေသ လက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်းရေး သမ္မတထံ တောင်းဆိုမည်
တပ်မတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့များအကြား ထိုးစစ်ဆင် တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေး
ခဲ့သော ပလောင်ဒေသခံများအတွက် လက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်းရန် တောင်းဆိုချက် ခြောက်ချက် ကို နိုင်ငံတော်သမ္မတထံ ယခုရက်ပိုင်းအတွင်း တောင်းဆိုသွားမည် ဖြစ်ကြောင်း တအာင်း အမျိုးသမီး အဖွဲ့အစည်း၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်လိုည်းပိုငယ် က ပြောကြားသည်။
ဆရာစံတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်နားခံရမှုအပေါ် မကျေနပ်သဖြင့် ရပ်ကွက်နေပြည်သူများ ဆန္ဒပြ
ဗဟန်းမြို့နယ် ဆရာစံတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်နားခဲ့ခြင်းကို ရပ်ကွက်နေပြည်သူများမှမကျေနပ်သဖြင့် ဖေဖော်ဝါရီ၂၅ရက်က ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်မြောက်ပိုင်း ၂၉ရပ်ကွက်အတွင်းရှိဘောလုံးကွင်းနှင့်ပတ်သက်၍ ရှင်းလင်း
ဒဂုံမြို့သစ်မြောက်ပိုင်း ၂၉ရပ်ကွက်အတွင်းရှိ ပြည်သူများသည် ၎င်းတို့ရပ်ကွက်မှ ပိုင်ဆိုင်ထားသော ဘောလုံးကွင်းအား နိုင်ငံခြား ဧည့်သည် ဒေါ်တင်တင်ဝင်းက ဝယ်ယူလိုက်ခြင်နှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၆ရက်က MJNရုံးတွင် ရှင်းလင်းခဲ့သည်။
“ဝ”မျိုးနွယ်စုများအား အမျိုးမျိုးကွဲပြားခေါ်ဝေါ်နေခြင်းနှင့် ပတ်သက်၍ “ဝ”ဟု တစ်မျိုးတည်းသာ ခေါ်ဆိုရန် ဆုံးဖြတ်
“၀”လူမျိုးစုများအားအမည်နာမ အမျိုးမျိုးကွဲပြားခေါ်ဝေါ်နေခြင်းနှင့် ပတ်သက်၍ “၀”လူမျိုးဟုသာ တစ်စုတစ်မျိုး တစ်လုံးတည်း ခေါ်ဝေါ်အသုံးပြုနိုင်ရန် ရှမ်းပြည်နယ်မြောက်ပိုင်း“၀”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီက ယမန်နေ့ ဖေဖော်ဝါရီ(၂၄)ရက်တွင် တရားဝင်ပြောကြားသွားပြီး နိုင်ငံတော်သမ္မတရုံးနှင့် အခြားသက်ဆိုင်ရာဌာနများ၊ အစိုးရလူဝန်မှု ကြီးကြပ်ရေးဌာနှင့်၊ မြန်မာနိုင်ငံသန်းခေါင်စာရင်း ကောက်ခံရေးကော်မတီရုံးသို့ အသိပေး တောင်းဆိုထားသည်ဟုလည်း ဆိုသည်။
ရန်ကုန်တက္ကသိုလ်နှင့် ကိုရီးယား တက္ကသိုလ်သုံးခု နားလည်မှုစာချွန်လွှာ ရေးထိုးမည်
အဆင့်မြင့်ပညာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ရန်ကုန် တက္ကသိုလ်နှင့် တောင်ကိုရီးယားနိုင်ငံ တက္ကသိုလ်သုံးခုတို့က ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် နားလည်မှု စာချွန်လွှာများ ရေးထိုးမည် ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ တစ်ဦးဖြစ်သူ ဒေါက်တာအေးအေးသန်းက The Voice သို့ ပြောကြားသည်။
လွှတ်တော်တွင် မထီမဲ့မြင် မလုပ်ရန် သမ္မတရုံး ဝန်ကြီးနှင့် လွှတ်တော် အမတ်ကို သူရဦးရွှေမန်း သတိပေး
လွှတ်တော်အတွင်း မကြာခဏ ကတောက်ကဆ ဖြစ်မှုကြောင့် နှစ်ကြိမ် သတိပေး ခံရဖူးသူ နိုင်ငံတော် သမ္မတရုံး ဝန်ကြီး (၂) ဦးစိုးမောင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေတို့ကို လွှတ်တော်အတွင်း မေးခွန်း မေးမြန်းခြင်းနှင့် ပြန်လည် ဖြေကြားရာတွင် မထီမဲ့မြင် မလုပ်ကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သတိပေး ပြောကြားသည်။
နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ပဒေသာကပွဲ အင်းစိန်ထောင်တွင် ကျင်းပ၊ အင်ပါယာ တေးဂီတအဖွဲ့ ဖျော်ဖြေ
နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပဒေသာ ကပွဲ တစ်ခုကို အင်းစိန် အကျဉ်းထောင် အတွင်းတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ နာမည်ကျော် အင်ပါယာ တေးဂီတ အဖွဲ့က လာရောက် ဖျော်ဖြေခဲ့ကြောင်း အငြိမ်းစား ထောင်မှူးကြီး တစ်ဦးက ပြောကြားသည်။
မန်ချက်စတာ ယူနိုက်တက်ပိုင် ပရီးမီးယားလိဂ် ဆုဖလား မတ်လ ၄ ရက်နေ့ မြန်မာနိုင်ငံ ရောက်မည်
အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေး ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကြိမ် (၂၀) မြောက် ချန်ပီယံ ဖြစ်ခဲ့သည့် မန်ချက်စတာ ယူနိက်တက် အသင်း၏ ဘာကလေ ပရီးမီးယားလိဂ် ဆုဖလားကို DHL ကုမ္ပဏီ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် ပြသမည် ဖြစ်ပြီး မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း DHL ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဆင်းထုတော်တွင်ပျားစွဲ ဖူးမြှော်ကြသူမစဲ
ထူးခြားဖြစ်စဉ်တစ်ခုကို အကြောင်းပြု၍ မှတ်တမ်းတစ်ခု အဖြစ်ပြော ဆိုလေ့ရှိသည်။ ရထားလမ်းဖောက် သည့်နှစ်က၊ လေပြင်း တိုက်သည့်နှစ်က၊ ကျောင်းရေစက်ချတဲ့နှစ်က၊ မီးလောင်တဲ့နှစ်က စသည်ဖြင့်မှတ်တမ်း အဖြစ်ပြောဆိုကြရာတွင် ဂန့်ဂေါမြို့နယ်သူ၊ မြို့နယ်သားများပြောဆိုလေ့ရှိသောစကားမှတ်တမ်းများထဲ၌ ရေကြီးလျှံတဲ့နှစ်ကဟူသော မှတ်တမ်းလည်းတစ်ခု အပါ အဝင်ဖြစ်သည်။
ယူကရိန်း ကြားဖြတ်အစိုးရအတွက် လျာထားသူတွေ လူထုနဲ့ပေးတွေ့
ပျော်ရွှင်မှု အတွက် နည်းလမ်းကောင်း
(၁) ကျန်းမာရေး ကောင်းအောင် ရေများများ သောက်ပါ။
(၂) မနက်စာကို ရှင်ဘုရင်လို စားပါ။ နေ့လယ်စာကို သူဌေးလို စားပြီး ညနေစာကို သူတောင်းစားလို စားပါ။
(၃) သဘဝအစား အစာများကို များများ စားပါ။ ထုတ်လုပ်စာများကို လျော့စားပါ။
နိုင်ငံ့ဂုဏ်ရည် ဆုရထားသူများကို ထောက်ပံ့ငွေ တိုးပေးရန် လွှတ်တော်တွင် ထပ်မံ တိုက်တွန်း
နိုင်ငံတော် လွတ်လပ်ရေးအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့သဖြင့် နိုင်ငံ့ဂုဏ်ရည်ဆု ချီးမြှင့် ခံထားရသူများ အတွက် လစဉ် ချီးမြှင့်နေသည့်ထောက်ပံ့ငွေများကို တိုးမြှင့်ပေးရန် အတွက် အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာ ဆိုင်ရာ ကော်မတီက ဒုတိယ အကြိမ်မြောက် ထပ်မံ တိုက်တွန်းလာကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
သမ္မတရုံးဝန်ကြီး ဦးစိုးမောင်အား လွှတ်တော်၏ ဂုဏ်သိက္ခာကို ထောက်ထား၍ ဖြေကြားခြင်းပြုရန် လွှတ်တော်ဥက္ကဋ္ဌ သတိပေး
လွှတ်တော်သည် ဟန်ပြရုပ်ပြ တည်ဆောက်ထားခြင်း မဟုတ်ကြောင်း၊ ထို့ကြောင့် လွှတ်တော်၏ ဂုဏ်သိက္ခာကိုထောက်ကာ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်းများ ပြုလုပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်သို့ သတိပေး ပြောကြားသည်။
မြန်မာနိုင်ငံရှိ အမျိုးသမီးထု၏ ၄ ပုံ ၁ ပုံသာ မျိုးဆက်ပွားနိုင်သည့် အသက်အရွယ်တွင်ရှိ
မြန်မာ နိုင်ငံ ရှိ စုစုပေါင်း လူဦးရေ ၏ (၅၀) ရာခိုင်နှုန်း ၀န်းကျင် သည် အမျိုး သမီး များ ဖြစ်ပြီး၊ လေးပုံ တစ် ပုံ သည် မျိုးဆက်ပွား နိုင်သော အသက် အရွယ် တွင်ရှိ နေ ကြောင်း နိုင်ငံတော် သမ္မတ ရုံး ၀န်ကြီး ဌာန (၂) မှ ပြည် ထောင်စု ၀န်ကြီး ဦးစိုးမောင် က ပြော သည်။
ရုရှား စစ်ရေးလေ့ကျင့်မှုအပေါ် ဗြိတိန်အစိုးရ စိုးရိမ်မကင်းဖြစ်
ရုရှားနိုင်ငံ ကာကွယ်ရေးတပ်တွေစုပေါင်းပြီး ယူကရိန်းနိုင်ငံ နယ်စပ်နားမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်မယ့်ကိစ္စမှာ ဗြိတိန်နိုင်ငံက စိုးရိမ်မကင်းမှုတွေ ဖြစ်နေပါတယ်။
ယူကရိန်းနိုင်ငံ နယ်စပ်နားမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဖို့ ရုရှားသမ္မတ Vladimir Putin က ညွန်ကြားလိုက်တာဖြစ်ပြီး ရုရှားအနေနဲ့ စစ်ဖြစ်လာရင် အသင့်ဖြစ်အောင် လေ့ကျင့်တာလို့ ဆိုပါတယ်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-























