Thursday, February 27, 2014

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် မြန်မာပြည်ကို လာရောက်မယ်




ဘင်္ဂလားဒေ့ရှ်နိုင်ငံ ​ဝန်ကြီးချုပ် ​Sheikh ​Hasina ​ဟာ ​မတ်လ ​၃ ​ရက်ကျရင် ​မြန်မာနိုင်ငံကို ​လာရောက်ဖို့ရှိပါတယ်။ ​မြန်မာနိုင်ငံမှာ ​ကျင်းပမယ့် ​ဘင်္ဂလားပင်လယ်အော် ​ဒေသဆိုင်ရာ ​Bimstec ​ညီလာခံကို ​တက်ရောက်ဖို့အတွက် ​လာရောက်မှာ ​ဖြစ်ပါတယ်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းနှင့် ပတ်သက်သော ဥပဒေလေးခု ပြဋ္ဌာန်းပေးရေး ကိစ္စအား သုံးသပ်စဉ်းစားရန် သမ္မတဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော် နာယကထံ သ၀ဏ်လွှာပေးပို့




အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းနှင့် ပတ်သက်သော ဥပဒေလေးခု ပြဌာန်းပေးရေးကိစ္စအား သုံးသပ်စဉ်းစားရန် သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

MSF (AZG) အဖွဲ့အား MoU ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောကြား




ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ကိုင်နေသော MSF(AZG) အဖွဲ့အား MoU ဖျက်သိမ်းလိုက် ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

မြန်မာ့ အပြောင်းအလဲ တပ်မတော် အရေးပါတယ်လို့ အမေရိကန် ပြော




မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ မြန်မာ့တပ်မတော်ရဲ့ အခန်းကဏ္ဍက အရေးပါတဲ့အတွက် အမေရိကန် နိုင်ငံအနေနဲ့ မြန်မာ့ တပ်မတော်နဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ အမေရိကန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တဦးက ပြောဆို လိုက်ပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရေး ၀န်ကြီးနဲ့ အရပ်ဘက်အဖွဲ့တွေ ဆွေးနွေး




၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရာမှာ နိုင်ငံပေါင်း ၁၄ နိုင်ငံက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ သန်းခေါင်စာရင်း ကောက်ယူမှုပုံစံကို ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒီနေ့ ပြောလိုက်ပါတယ်။

မြန်မာစစ်တပ် ပူးပေါင်းစစ်ရေးလေ့ကျင့်ပွဲ





Wednesday, February 26, 2014

ဆီးအိမ်၊ ရင်သား ကင်ဆာနှင့်တစ်ခြားသော ရောဂါများအတွက် ကောင်းမွန် တဲ့ ဂေါ်ဇီထုပ်




ဆီးအိမ်၊ ရင်သား ကင်ဆာနှင့် တစ်ခြားသော ရောဂါများအတွက် ကောင်းမွန်တဲ့ ဂေါ်ဇီထုပ်အစိမ်း စားနိုင်ရင် ပိုမိုကောင်း မွန်ပါတယ်။ ဂေါ်ဖီထုပ်ဟာ ဟင်းချက်ရာမှာ အသုံးဝင်လှတဲ့ အသီးအနှံ့ ဖြစ်ပါတယ်။ အသုပ်ထဲမှာလည်း ထည့်ပြီးစားနိုင်တဲ့အပြင် ဟင်းချိုများနှင့် အခြားသော နေရာတွေမှာပါ သုံးလို့ရတဲ့ စားသုံး အသီးအနှံ တစ်မျိုးဖြစ်လို့ မျှဝေလိုက်ရ ပါတယ်။

ကိုယ်ရောက်နေတဲ့ နေရာကို ရောင့်ရဲကျေနပ် ပါတယ်ဆိုသူ စိုးပြည့်သဇင်




ကိုယ်ရောက်နေတဲ့ နေရာကို ရောင့်ရဲကျေနပ် ပါတယ်ဆိုသူ စိုးပြည့်သဇင်က ‘ဒေါနကို ပြော ပြချင်တယ်’ ဆိုတဲ့ ဇာတ်ကားကို မြဝတီမှာ သွားရောက်ရိုက်ကူးနေ ပါတယ်။ နယ် တွေမှာရှိုးပွဲတွေလည်း ဆိုနေရင်း ဒုတိယစီးရီးခွေအတွက်လည်း စီစဉ်နေတာကြောင့် ဂီတ ဘက်ပိုလုပ်ဖြစ်နေတယ် လို့လည်း ပြောပြပါတယ်။

"ကမ္ဘာ့အမျိုးသမီးကင်းထောက်တွဲဖက်အဖွဲ့ဝင် နိုင်ငံအဖြစ်မြန်မာအား လက်ခံရေးဆုံးဖြတ်တော့မည် "



မြန်မာကင်းထောက်အဖွဲ့ကို ကမ္ဘာ့အမျိုးသမီးကင်းထောက်အဖွဲ့က တွဲဖက်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံမခံအား လာမည့်ထိပ်သီးညီလာခံတွင် အဖွဲ့ဝင်နိုင်ငံကြီးများက ဝိုင်းဝန်းဆုံး ဖြတ်ကြမည်ဟု သိရသည်။ ယခုနှစ် ဇူလိုင်လတွင် ဟောင်ကောင်၌ ကျင်းပမည့် ကမ္ဘာ့အဆင့်ရှိကင်းထောက် ညီလာခံ၌ ထိုသို့ ဆုံး ဖြတ်မည့်အကြောင်းအား အဆိုပြုလွှာတင် ထားသော မြန်မာကင်းထောက် အဖွဲ့ထံသို့ ယခုလအတွင်း အသိပေးလာသည်ဟု ကင်းထောက်ဟောင်းကြီးတစ်ဦးက ဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့တွင် အမျိုးသမီးကိုးဦးနှင့် အစိုးရဌာနများအတွင်း ၃၆ ရာခိုင်နှုန်းကျော်မှာ ဒုတိယညွှန်ကြားရေးမှူးအထက် အမျိုးသမီး အရာရှိများဖြစ်



ပြည်ထောင်စုအစိုးရအဖွဲ့တွင် အမျိုးသမီး ပြည်ထောင်စုဝန်ကြီး နှစ်ဦး၊အမျိုးသမီး ဒုတိယ၀န်ကြီးအဆင့် ခုနစ်ဦး၊ ပြည်သူ့လွှတ်တော် တွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးနှင့် အမျိုးသားလွှတ်တော်တွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် လေးဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးရှိကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးမောင်၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံရေးပဋိပက္ခ ရင်ဆိုင်နေရသော ထိုင်းနိုင်ငံ ပြည်တွင်းစစ်သို့ ဆင်းသက်မည့်အန္တရာယ် ကြုံရနိုင်ခြေရှိဟု လုံခြုံရေးနှင့် စစ်တပ် ထိပ်တန်း တာဝန်ရှိသူများ သတိပေး




ကလေးအများအပြား အပါအ၀င် လူ ၂၁ ဦး သေဆုံးခဲ့ရသော နိုင်ငံရေးပဋိပက္ခလှိုင်းလုံး ရိုက်ခတ်ခံခဲ့ ရပြီးနောက် ထိုင်းနိုင်ငံသည် ပြည်တွင်းစစ်သို့ သက်ဆင်းမည့်အန္တရာယ် ကြုံရနိုင်ခြေရှိသည်ဟု လုံခြုံရေးနှင့် စစ်တပ်ထိပ်တန်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၅ ရက်တွင် သတိပေးခဲ့သည်။

လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်




လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ကော်မရှင် တရပ်ကို ဖွဲ့စည်းရန် နိုင်ငံတော် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ များက အဆိုပြု ခန့်ထားသူ အများစုသည် စစ်အရာရှိ အငြိမ်းစားများ၊ အစိုးရ ၀န်ထမ်းဟောင်းများ ပါဝင်နေခြင်းကြောင့် လွတ်လပ်စွာ စုံစမ်းဖော်ထုတ်ရာ၌ အားနည်းမှု ရှိနိုင်ကြောင်း ဝေဖန်မှုများ ရှိနေသည်။

အမျိုးဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး အတွက် ဥပဒေ(၄)ရပ်အား ပြဌာန်း



“၀” ခေါင်းဆောင်တွေရဲ့ နေပြည်တော် ခရီးစဉ် သမ္မတနဲ့ တွေ့ဆုံရေး မသေချာ




“ဝ” ပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင်ပိုင်း တာဝန်ရှိသူ တချို့ နေပြည်တော် လာရောက်မယ့် ခရီးစဉ်မှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နဲ့ တွေ့ဆုံဖို့ မသေချာကြောင်း UWSA ရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်သူ့ဆန္ဒနှင့်အညီ ချက်ချင်းပြင်ပေးရန် မကွေးတိုင်းအတွင်း မြို့များမှ ပြည်သူများ တီရှပ်ဝတ်တောင်းဆို




၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(ဃ)၊ (စ)နှင့် ပုဒ်မ ၄၃၆ တို့အား ပြည်သူ့ဆန္ဒနှင့်အညီ ချက်ချင်းပြင်ပေးရန် မကွေးတိုင်းအတွင်း မကွေး၊ ရေနံချောင်း၊ မင်းဘူးမြို့များမှ ပြည်သူများ ဖေဖော်ဝါရီ ၂၅ ရက်က တီရှပ်ဝတ်တောင်းဆိုခဲ့ပြီး တောင်တွင်းကြီး၊ အောင်လံ၊ သရက်နှင့် ပခုက္ကူမြို့များတွင် ထိုသို့ပြင်ဆင်ပေးရန် တောင်းဆိုသည့် ပြည်သူများ၏ လက်မှတ်များအားလည်း ပြည်သူ့လွှတ်တော်သို့ တင်ပြရန် စုဆောင်းခဲ့ကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူများထံမှ သိရသည်။

နှင်းဆီပန်းရဲ့အချစ်အဓိပ္ပါယ်များ



1ပွင့် - မင်းကကိုယ့်ရဲ့တစ်ဦးတည်သော အချစ်

2ပွင့် - မင်းနဲ့ကိုယ်နဲ့အပြန်အလှန် မှီခိုဆက်နွယ်နေတယ်

3ပွင့် - I Love You

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး ဦးဝီရသူ လိုလား




ဦးဝီရသူက သူ အပါအဝင် မြန်မာပြည်သူပြည်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေ ချင်ကြတယ်လို့ တနင်္လာနေ့က ဧရာဝတီကို မိန့်ကြားပါတယ်။

 - ဦးဝီရသူနဲ့ NLD ဦးဝင်းတင်တို့ တွေ့ဆုံပွဲအကြောင်း ဆက်သွယ် မေးမြန်း လျှောက်ထားစဉ်မှာ အဲဒီလို မိန့်ကြားလိုက်တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဦးဝင်းတင် မန္တလေးရောက်စဉ် တွေ့ဆုံကြတာပါ။

မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ(၃)လမ်း၌ နေအိမ်ခုနစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကို မြင်တွေ့၍ တစ်ဖက်လမ်းတွင် နေထိုင်သူ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံး




မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ ၃ လမ်းတွင် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၅ နာရီခန့်က နေအိမ်ခုနစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ၎င်းမီးလောင်ကျွမ်းမှု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သည့် တစ်ဖက်လမ်းတွင်နေထိုင်သူ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သတိလစ်လဲကျကာ ဆေးရုံသို့ တင်ပို့ခဲ့ပြီးနောက် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဝေဘာဂီရဲစခန်းမှ စုံစမ်းသိရှိရသည်။

မြန်မာ့အရေး အမေရိကန်နဲ့ ဂျပန်ရဲ့အကူအညီ


  

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ  အခက်အခဲနဲ့ စိမ်ခေါ်မှုတွေ ရှိနေပေမဲ့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ သိသိသာသာကို တိုးတက်လာခဲ့တယ်လို့ ဂျပန် - အမေရိကန် ပညာရှင် တွေက ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးတိုးမြှင်ဖို့ အမေရိကန်သံတမန် တိုက်တွန်း




မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့အတွက် ထိတွေ့ဆက်ဆံဖို့ လိုတဲ့အကြောင်း အမေရိကန် အဆင့်မြင့်အရာရှိတဦးက ပြောလိုက်ပါတယ်။

မြန်မာအပေါ်ထားတဲ့ ကန်ရဲ့ ဒဏ်ခတ်မှု ထပ်မံဖယ်ရှားပေးဖို့ ဂျပန် တိုက်တွန်း




မြန်မာနိုင်ငံအပေါ် ​ထားရှိနေသေးတဲ့ ​အမေရိကန်နိုင်ငံရဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​ထပ်မံပယ်ဖျက်ပေးဖို့ ​ဂျပန်နိုင်ငံက ​တိုက်တွန်းလိုက်ပါတယ်။

စင်ကာပူ စတော့အိတ်ချိန်းတွင် သွားရောက်စာရင်းဝင်ထားသည့် မြန်မာ လုပ်ငန်းရှင်များနှင့် ဆက်စပ်နေသည့် ကုမ္ပဏီသုံးခုရှိ




မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေးကွက်၌ ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းမရှိမီ စင်ကာပူနိုင်ငံ စတော့အိတ်ချိန်းတွင် သွားရောက်စာရင်းဝင်ထားသည့် မြန်မာလုပ်ငန်းရှင်များနှင့် ဆက်စပ်နေသည့် ကုမ္ပဏီ သုံးခုရှိထားကြောင်း သိရသည်။

ယူကရိန်း ၂ပိုင်းကွဲမယ့် အန္တရာယ် ရှိနေဟု ဆို




ယူကရိန်းနိုင်ငံမှာ သမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျ ပြုတ်ကျသွားခဲ့အပြီး နိုင်ငံ နှစ်ပိုင်း ကွဲမယ့် အန္တရာယ်မျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိကြောင်း ယူကရိန်း ကြားဖြတ်အစိုးရ အဖွဲ့သစ် အကြီးအကဲ အိုလက်ဇန်းဒါး တူချင်နော့ဗ်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို လွှတ်တော်အတည်ပြု




လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို အကြီးအကဲနှစ်ဦးအပြင် အဖွဲ့ဝင် ၁၃ ဦးနဲ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

မော်ဒယ် တင်မိုးလွင်ကို ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဂုဏ်ပြုလွှာ ချီးမြှင့်ခဲ့



နိုင်ငံကျော် မော်ဒယ် တင်မိုးလွင်ကို ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်နိုင်ငံခြားသံတမန်ဆက်ဆံရေးဆိုင်ရာ လှုပ်ရှားမှုများ၌ အားကြိုးမာန်တက် ပါဝင်ကူညီပေးခဲ့မှုအတွက်အမှတ်တရ ဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်ပွဲကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ကမြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးတွင် ပြုလုပ်ခဲ့သည်။

My Blog List