Thursday, September 26, 2013
Fugu ငါးဟင်းဟာ ဂျပန်မှာ နာမည်ကျော်ဟင်းလျာတစ်မျိုးပဲ ဖြစ်ပါတယ်။ ယင်းဟာ
ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါစာရင်းထဲမှာ ပါဝင်တယ် လို့ သိရပါတယ်။
ငါးပူတင်တစ်မျိုးဖြစ်ပြီး
ဂျပန်ခေါ် Fugu ဟာ pufferfish တစ်မျိုး ဖြစ်ပါ တယ်။ ယင်းငါးဟာ
ပင်လယ်ပျော်ငါးဖြစ်ပြီး သူ့အဆိပ်ကို ဘယ် သက်ရှိ သတ္တဝါမှ မခံနိုင်ပါဘူး။
ရေနေ သတ္တဝါချင်းဖြစ်တဲ့ ငါးမန်း တွေတောင် မစားရဲတဲ့ ငါး ဖြစ်ပါတယ်။
သို့ပေမယ့် ဂျပန်မှာကျတော့ စားသောက်ဆိုင် များရဲ့ ဟင်းလျာ ဖြစ်နေပါတယ်။
Thursday, September 26, 2013
ဝိုင်မက်စ်အင်တာနက်အတွက် မိုဘိုင်းဖုန်းအရွယ်စက် နှစ်မကုန်မီ ရောင်းမည်
Thursday, September 26, 2013
ဝိုင်မက်စ်အင်တာနက် အသုံးပြုနိုင်မည့် မိုဘိုင်းဖုန်းအရွယ်အစားခန့်စက် ကို ယခုနှစ်မကုန်မီ စတင်ရောင်း ချပေးသွားမည်ဖြစ်ကြော င်း Redlink ကုမ္ပဏီမှ သိရသည်။ အဆိုပါစက်မှာ လက်တစ်ဝါးခန့် အရွယ်အစား သာရှိမည်ဖြစ်ပြီး ဘက်ထရီ ဖြင့် အားသွင်းအသုံးပြုရမည်လည်းဖြစ်ြေ ကာင်း Redlink တာဝန်ရှိသူတစ်ဦး က ပြောသည်။ ”အဓိကရည်ရွယ်တာကတော့ သယ်ရလွယ်ကူတဲ့ စက်ဖြစ်ဖို့ပါ။ နိုင်ငံတကာမှာတော့ မမ်မိုရီစတစ်ဆိုဒ်လောက်ပဲရှိတဲ့ စက်တောင်ရှိပါတယ်”ဟု ၎င်းက ဆက် ပြော သည်။ ယခင်ထုတ်လုပ် ထား သည့်အိမ်သုံးဝိုင်မက်စ် အင်တာနက်စက်(CPE)ထက်၊ ထုတ်လွှင့်မည့်စွမ်းအင်စနစ်နည်းမ ည်ဖြစ်ပြီး
ယင်းအတွက် တစ်ကိုယ်စာ အသုံးပြုမှု များနှင့် သယ်ယူရလွယ်ကူစေရန် အတွက်သာ
ထုတ်လုပ်မည်ြ ဖစ်ကြောင်းသိရသည်။ လက်ရှိတွင် ၎င်းစက်ဖြင့်
ဝိုင်မက်စ်အင်တာနက်အသုံးပြုနိုင်ရန်
ကွန်ရက်လို အပ်မှု များရှိနေေ သးပြီး ယင်းအတွက် ရန်ကုန်မြို့၌
နက်ဝပ်ခ်ကွန်ရက်တိုးချဲ့မှု များလုပ်ဆောင်နေ ပြီ ဖြစ်ကြောင်း သိရသည်။
ဝိုင်မက်စ်အင်တာနက် အသုံးပြုနိုင်မည့် မိုဘိုင်းဖုန်းအရွယ်အစားခန့်စက်
ပျောက်ဆုံးနေသော ထိုင်းမာလိန်မှူးအား မြန်မာအာဏာပိုင်များ ထိန်းသိမ်းထားသည်ဆိုခြင်း ဇနီးဖြစ်သူထံ အကြောင်းကြားမှု မရှိသေး
Thursday, September 26, 2013
မြန်မာရေတပ်၏ တိုက်ခိုက်ခြင်း ခံရသော ထိုင်းငါးဖမ်းသင်္ဘောမှ မာလိန် မှူးအား မြန်မာအာဏာပိုင်များက ထိန်း သိမ်းထားသည်ဟု ဆိုသော်ငြား နှစ်နိုင်ငံ စလုံးက အကြောင်းကြားခြင်း မရှိသေး ကြောင်း မာလိန်မှူး၏ ဇနီးဖြစ်သူက ပြောသည်။
ထိုင်းမီဒီယာများကမူ မာလိန်မှူး မစ္စတာ ကာယုအား မြန်မာအာဏာပိုင် များကထိန်းသိမ်းထားကြောင်းကို ထိုင်း ရေတပ်မှသိရသည် ဟု ရေး သားဖော်ပြ ကြသော်ငြား သူကိုယ်တိုင်အနေဖြင့်မူ မြန်မာဘက်မှရော ထိုင်းဘက်မှပါ မည်သည့်အကြောင်းကြားချက်မှ မရရှိသေး ကြောင်း မာလိန်မှူး၏ ဇနီးဖြစ်သူ မစ္စ ပီယမ်နန် ဂျန်အွန်က ပြောခြင်းဖြစ် သည်။

ပဲခူးတိုင်းမှ ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်နှစ်ဦးကို ရန်ပုံငွေထိမ်ချန်သည်ဟု စွပ်စွဲကာ တရားစွဲဆိုရန်ပြင်ဆင်
Thursday, September 26, 2013
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်တွင် တံတားတည်ဆောက်ရန်အတွက် အစိုးရမှ ချထားသည့် ရန်ပုံငွေများကို သနပ်ပင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ထိမ်ချန်ထားသည်ဟုဆိုကာ တံတားတည်ဆောက်ရေး ကော်မတီက စက်တင်ဘာလ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ ရှေ့နေ ဦးအောင်စိုး၏ ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောသည်။သနပ်ပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ပါတီမှ ထိမ်ချန်ထားသည်ဆိုသော ငွေကြေးမှာ ကျပ် ၁၂ သိန်းဖြစ်ပြီး အဆိုပါငွေအား တံတား တည်ဆောက်ရေး ကော်မတီသို့ စက်တင်ဘာ ၂၅ မှ တစ်ပတ်အတွင်း ပြန်လည် လွှဲပြောင်းပေးအပ်ခြင်းမရှိ ပါက တရားစွဲဆိုသွားမည်ဟု တံတားတည်ဆောက်ရေး ကော်မတီဝင်များကပြောသည်။

Tuesday, September 24, 2013
ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ဟုန်းရှင်းအလုပ်သမား သပိတ် ပြေလည်မှုရ
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဟုန်းရှင်းအအေးခန်းစက်ရုံက
စက်ရုံပိတ်သိမ်းပြီဟုဆိုကာ အလုပ်သမားများကို အလုပ်ဖြုတ်ခဲ့ခြင်း အပေါ်
မကျေနပ်၍ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယမန်နေ့ ညလုံးပေါက် ဆန္ဒပြခဲ့သော
အလုပ်သမားသပိတ်သည် ယနေ့ ပြေလည်မှုရရှိပြီး သပိတ်စခန်းပိတ်သိမ်း
သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဟုန်းရှင်း အအေးခန်းစက်ရုံက စက်ရုံဒေ၀ါလီခံတော့မည်ဟုဆိုကာ စက်တင်ဘာလ ၁၂
ရက်နေ့မှစတင်ကာ အလုပ်သမား များကို လျှော်ကြေးပေး အလုပ်ဖြုတ်ခဲ့ကြောင်း၊
ယင်းသို့ အလုပ်ဖြုတ်မှုသည် စက်ရုံတွင်း ဖွဲ့စည်းတည်ထောင် ထားသော
အလုပ်သမားသမဂ္ဂကို ဖြိုခွင်းလိုသော ရည်ရွယ်ချက်ကြောင့်ဖြစ်ပြီး မဟာလင်းထက်
နာမည်ဖြင့် စက်ရုံပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း၊ ထို့ကြောင့်
ယင်းသို့ မတရား အလုပ်ဖြုတ်မှုကို အစိုးရက ၀င်ရောက်ဖြေရှင်းပေးရန် ဟုန်းရှင်း
အအေးခန်း စက်ရုံ အလုပ်သမား ၁၄၀ က စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၃
နာရီမှစတင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့တွင် သပိတ် စခန်း ဖွင့်လှစ်ပြီး
ညလုံးပေါက် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
ခင်လပြည့်ဇော် Miss Tourism International 2013 ပြိုင်ဖို့ တရုတ်နိုင်ငံ သွားပြီ
မြန်မာပြည်တွင်းက စာနယ်ဇင်းပွဲမှာ ရေကူးဝတ်စုံနဲ့ ပထမဆုံး
ဓာတ်ပုံအရိုက်ခံခဲ့၊ လမ်းလျှောက်ပြခဲ့တဲ့ မော်ဒယ်လ် ခင်လပြည့်ဇော်ဟာ
တရုတ်နိုင်ငံမှာ ကျင်းပမယ့် Miss Tourism International 2013 ပြိုင်ပွဲကို
သွားရောက်ယှဉ်ပြိုင် နေပြီ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်အထက်လွှတ်တော် အမတ် Ms. Eriko Yamatain နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်အထက်လွှတ်တော်အမတ် Ms. Eriko
Yamatain ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတ မန်ဆောင် ဧည့်ခန်းမ၌
လက်ခံတွေ့ဆုံသည်။ယင်းသို့တွေ့ဆုံစဉ် ဂျပန်ကိုယ်စားလှယ်အဖွဲ့
အနေဖြင့် ဂျပန်အထက်လွှတ်တော် ODA ဆိုင်ရာ လေ့လာရေးအဖွဲ့အဖြစ် လာရောက် ခြင်း
ဖြစ်ပါကြောင်း၊ ယမန်နှစ် ကလည်း ဂျပန်အထက် လွှတ်တော် ODA လေ့လာရေး
အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံအား
ကူညီထောက်ပံ့ရန် ဂျပန်အထက်လွှတ်တော်က အထူးအာရုံစိုက် အလေးထား ဆောင်ရွက် လျက်
ရှိပါကြောင်း၊ အနာဂတ်တွင် မြန်မာနိုင်ငံ၌ ဖြစ်လာနိုင်သည့် အခြေအနေများကို
သုံးသပ်ရန်နှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုရန် လာရောက်လေ့လာခြင်း ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံက
မြန်မာနိုင်ငံအတွက် တရားဝင် ဖွံ့ဖြိုးမှု အကူအညီ (ODA) ချေးငွေ ဒေါ်လာ ၅
ဘီလီယံအား အသစ်စတင် ပေးအပ်ခဲ့ပါကြောင်း ဆွေးနွေး ပြောကြားသည်။
အာရှ-ပစိဖိတ်မှာ ကလေးလုပ်သား ၇၇ သန်း အသုံးပြု
Tuesday, September 24, 2013
ကလေးငယ်တွေကို တရားမ၀င် ခိုင်းစေမှုနဲ့ အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ ခိုင်းစေမှု စတဲ့ ပြဿနာတွေကို အစိုးရတွေက ထုတ်ဖော်ပြောဆိုလာတဲ့အတွက် ကလေးငယ်ခိုင်းစေမှု အရေအတွက် လျော့နည်းလာခဲ့တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း ILO က ကြေညာပါတယ်။ ကမ္ဘာတ၀ှမ်းမှာ ကလေးလုပ်သားပေါင်း ၁၆၈ သန်း ရှိတဲ့အထဲက တ၀က်ခန့်ဟာ အာရှနိုင်ငံတွေမှာ အများဆုံးဖြစ်တဲ့အကြောင်း ဗွီအိုအေသတင်းထောက် Ron Corben သတင်းပေးပို့ထားတာကို မမေစန္ဒီက တင်ပြထားပါတယ်။
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ILO ရဲ့ အစီရင်ခံစာအရ ကမ္ဘာတ၀ှမ်းမှာ ကလေးလုပ်သားပေါင်း ၁၆၈ သန်းရှိတဲ့အနက် ၇၇ သန်းဟာ အာရှ-ပစိဖိတ် နိုင်ငံတွေမှာ အများဆုံး တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီအထဲက ၃၄ သန်းဟာ အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြတဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးနဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှု အပိုင်းတွေကိုပါ တိုက်ရိုက် ထိခိုက်စေခဲ့ပါတယ်။

သင့်ကျန်းမာရေး (အသည်းရောင်စီကုသဆေးသစ်)
Tuesday, September 24, 2013
အမေရိကန်သုတေသီများက နာတာရှည်အသည်းရောင်စီလူနာများရဲ့
(၇၀)ရာခိုင်နှုန်းပျောက်ကင်းစေ မယ့်ဆေးပေါင်းကုသမှု အသစ်တစ်ခုကို
စမ်းသပ်အောင်မြင်ဖို့ မျှော်လင့်နေကြတယ်လို့ ဩဂုတ် (၂၇) (အင်္ဂါနေ့)က
ပြောကြားခဲ့တယ်။အမေရိကန်ဆေးကောင်စီအပတ်စဉ်ထုတ်ဂျာနယ် (JAMA) မှာ
စမ်းသပ်မှု အကျဉ်းချုပ်ဆိုရာမှာသည်ဆေးဟာ လုံခြုံစိတ်ချရပြီး
အကျိုးများစေမယ်လို့စမ်းသပ်တဲ့ဆေးဝါး 'ဆိုဖော့ဗျူပါ' (Sofosbuvir ) ဟာ ကုသမှုလိုင်စင်ရှိပြီးသား 'ရီဗာဗီရင်(Ribavirin)ထက်သာလွန်ကြောင်းဆိုပါတယ်'။သည်ဆေးဟာ ပါးစပ်က သောက်နိုင်ပြီးအပတ်စဉ်ထိုးပေး ရတဲ့
အင်တာဖရွန်(အယ်ဖာ)ကဲ့သို့ စိတ်ဓာတ်ကျ တာ တုပ်ကွေးဖျားတာ၊ သွေးအားနည်းတာစတဲ့
မကောင်း ချက်များလည်း မရှိဘူး။
လူနာ(၁၀)ဦးကို အင်တာ
ဖရွန်ထိုးဆေးနဲ့သည်ဆေး 'ဆိုဖော့ ဗျူပါ' (၄၀ဝ)မီလီဂရမ်နေ့စဉ်တိုက် သွားတာ
ခြောက်လအကြားမှာ လူနာ (၉)ယောက်၌ အသည်းရောင် စီပိုး လုံးဝပျောက်သွားပြီး
'စီကုသမှု' ဆုံးခန်း တိုင်တယ်။ လူနာ(၉)ဦးလုံး ဟာ ကုသချိန်(၁၂)ပတ်ကတည်းက
အသည်းရောင်စီပိုး မတွေ့တော့ဘဲ (၂၄) ပတ်ကြာတဲ့အခါ ရောဂါကုသမှု
ပြီးမြောက်ကြောင်း ဆိုတယ်။
ဆီးဂိမ်းပြိုင်ပွဲတွင်အိပ်ခန်းဆောင်ထိန်းသိမ်းရေးဝန်ဆောင်မှု၌အတွေ့အကြုံမရှိသူများကိုသင်တန်းပေးမည်
ရန်ကုန် ၊ ၂၄-၉-၂၀၁၃
လာမည့် ဆီးဂိမ်း ပြိုင်ပွဲတွင် ဝင်ရောက်
ယှဉ်ပြိုင်မည့် အားကစား သမားများ အတွက် အိပ်ခန်းဆောင် ထိန်းသိမ်းရေး ဝန်ဆောင်မှု များပေးရာ၌
အတွေ့အကြုံ မရှိသူများ အားလည်း သင်တန်းများ ပေး၍ ခန့်အပ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ
စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ
အသင်းသည် နေပြည်တော်ရှိ အားကစားရွာ တွင် နေထိုင်မည့် အားကစားသမားများ၏ အစားအသောက်နှင့် နေထိုင်ရေးအတွက်တင်ဒါအောင် မြင်ခဲ့ကြောင်း ယင်းအတွက်လိုအပ်သော အလုပ်သမားအင်အားအတွက် အတွေ့အကြုံရှိဝန်ထမ်းများအပြင် သင်တန်းသား များကိုပါ အသုံးပြုမည် ဖြစ်ကြောင်း
သိရသည်။
လက်ရှိ အိမ်ခြံမြေ ဈေးနှုန်းကို ထုတ်ပြန်ချက်များဖြင့် ထိန်းချုပ်ရန် မလွယ်ကူ
ရန်ကုန် ၊ ၂၄-၉-၂၀၁၃
ဈေးနှုန်း မြင့်တက် နေသည့် အိမ်ခြံမြေ
ဈေးများကို မည်သည့် ထုတ်ပြန်ချက် ၊ မည်သည့် ကန့်သတ်ချက် များဖြင့် ထိန်းချုပ်ရန် မလွယ်ကူကြောင်း
အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများ ထံမှ သိရသည်။
ရန်ကုန် အိမ်ခြံမြေ ဈေးကွက် အတွင်း
အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက် နေရခြင်းသည် ငွေကြေး ချမ်းသာသူ ၀ယ်လက်များမှ
အလိုရှိသည့် ၀ယ်ယူ လိုသော နေရာများကို ကာလပေါက်ဈေး ထက် ဈေးမြင့်ပေး ၀ယ်ယူနေခြင်း
ကြောင့် ဖြစ်သည်ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူ များက ထောက်ပြ ခဲ့သည်။
Monday, September 23, 2013
ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ တောင်ကြီးမြို့မှာ ပြီးစီး
Monday, September 23, 2013
တောင်ကြီးမြို့မှာကျင်းပခဲ့တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ြ ခင်း ဆွေးနွေးပွဲဟာ ပင်လုံစိတ်ဓာတ်အခြေခံတဲ့ ညီလာခံကြီးရဲ့ အကြိုညီလာခံ သဘောမျိုးဖြစ်တယ်လို့ ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ ပွဲဖြစ်မြောက်ရေးကော်မတီ အဖွဲ့ခေါင်းဆောင်(၂) ကယန်းပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး စောလွင်က ဒီနေ့ ပြောကြားလိုက်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာကျင်းပနေတဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်)ဆွေးနွေးပွဲအပြီးမှာ ဗိုလ်မှူးကြီး စောလွင်က အာအက်ဖ်အေကို ပြောပါတယ်။

ဘုရားကျောင်းဗုံးကွဲမှုကြောင့်လူ ၈၀ သေဆုံးခဲ့ရခြင်းအပေါ် ပါကစ္စတန်ခရစ်ယာန်များဆန္ဒပြ
Monday, September 23, 2013
ဘုရားကျောင်းတစ်ခုအတွင်း လူရှစ်ဆယ်ကျော်သေဆုံးခဲ့ရသည့် အသေခံဗုံးနှစ်လုံးခွဲမှုဖြစ်ပွားပြီးနောက် ခရစ်ယာန်ဘာသာဝင်များသည် ပိုမိုကောင်းမွန်သည့် ကာကွယ်မှုကိုတောင်းဆိုရန် ယနေ့တွင် ပါကစ္စတန်နို င်ငံ တဝှမ်း ဆန္ဒပြကြသည်။ ပါကစ္စတန်နိုင်ငံ၏ မြောက်ပိုင်းမြို့ပက်ရှဝါရှိ သူတော်စင်များ ဘုရားကျောင်း တွင် တနင်္ဂနွေနေ့က တိုက်ခိုက်ခံရခြင်းသည် ပါကစ္စတန်နိုင်ငံတွင်း လူနည်းစုခရစ်ယာန်တို့အပေါ် ပစ်မှတ် ထား တိုက်ခိုက်သည့် တိုက်ခိုက်မှုများထဲတွင် သေဆုံးမှုအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
ခရစ်ယာန်ဘာသာဝင်များသည် အစ္စလာမ္မဘတ်၊ လာဟိုး၊ ကရာချီနှင့် ပက်ရှဝါအပါအဝင် မြို့ငယ်များနှင့် မြို့ကြီး များတွင် အကြမ်းဖက်ခြင်းကို ဆန့်ကျင်ရန်နှင့် အာဏာပိုင်များအနေနှင့် လူနည်းစုများကို ပိုမို ကာကွယ်ပေး ရန်တောင်းဆို ပြခဲ့ကြခြင်းဖြစ်သည်။

ယခု ဘဏ္ဍာနှစ် ငါးလ အတွင်း ကန်ဒေါ်လာ ၄၅၆ ဒဿမ ၄၃ သန်း ကုန်သွယ်မှု လိုငွေပြ
Monday, September 23, 2013
ယခု ဘဏ္ဍာနှစ် ဧပြီမှ ဩဂုတ် ငါးလ တာအတွင်း စုစုပေါင်းကုန်သွယ် မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၄၅၆ ဒသမ ၄၃ သန်း ဖြစ်ပေါ်ခဲ့ ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့ မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်း ကုန်အခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၃-၂၀၁၄ ခုနှစ် ဧပြီလ မှ ဩဂုတ်လအတွင်း မြန်မာနိုင်ငံ ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ ၂၉၅၃ ဒသမ ဝ၂ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အ မေရိကန်ဒေါ်လာ ၁၀၂၁ ဒသမ ၉၄ သန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၃၉၇၄ ဒသမ ၉၆ သန်းဖြစ်ပြီး ပုံမှန်သွင်း ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ် လာ ၃၉၂၃ ဒသမ ၁ရ သန်း၊ နယ် စပ်သွင်းကုန်တန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ ၅၀၈ ဒသမ ၂၂ သန်း၊ စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အ မေရိကန်ဒေါ်လာ ၄၄၃၁ ဒသမ ၃၉ သန်းဖြစ်သောကြောင့် ယခု ဘဏ္ဍာနှစ် ငါးလတာကာလအ တွင်း ကုန်သွယ်မှုလိုငွေမှာ ၄၅၆ ဒသမ ၄၃ သန်းဖြစ်ကြောင်း ဖော် ပြ ထားခြင်းဖြစ်သည်။

ကန့်ဘလူ တပ်သိမ်းမြေများ ပြန်ပေးရန် စိစစ်ပြီးဟုဆို
Monday, September 23, 2013
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း တပ်သိမ်းမြေဧက တစ်သောင်းကျော်ကို မူလလယ်ပိုင် ရှင်များကို ပြန်လည် ပေးအပ်နိုင်ရန် အတွက် လယ်မြေတိုင်းတာ စိစစ်မှုများပြီး စီးသွားပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် မြေစာရင်းဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးမင်း က ပြောကြားသည်။“မြေတိုင်းတာတွေနဲ့ အမှုတွဲ တည်ဆောက်တာတွေ အကုန်ပြီးစီးလို့ အထက်ကို တင်ပြ ထားတယ်။ အထက်က ပြန်ကျလာရင် ပေးရုံပဲ ရှိတော့တယ်” ဟု၎င်းကဆိုသည်။ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်း ကျေးရွာရှိ ကြံစိုက်ပျိုးရေးတပ် (ကစရ) မှ သိမ်းယူထားသော လယ်မြေဧက ၅၀၀၀ ကျော်နှင့် ရေရှင်ကျေးရွာရှိ လယ်မြေဧက ၁၀,၇၀၀ ကို မြေတိုင်းတာမှုများ၊ မြေပုံ ထုတ်ခြင်းများနှင့် အမှန်တကယ် ဆုံးရှုံးနစ်နာခဲ့ကြသည့် တောင်သူများကို ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လယ်ယာမြေ များ ပြန်လည် လွှဲပြောင်းရန်အတွက် မြေလွှဲ အမှုတွဲ တည်ဆောက်မှုများ ပြီးသွား၍ အထက်သို့ တင်ပြ ထားေ ကြာင်း လက်ထောက် ညွန်ကြားရေးမှူးက ပြောကြားသည်။

မန္တလေး-မူဆယ် လမ်း ကြောင်းမှ တစ်ပတ်အတွင်း တရားမဝင် ကုန်ပစ္စည်း ကျပ် ၂၁၇၅ သိန်းဖိုး ဖမ်းဆီးရမိ
Monday, September 23, 2013
မန္တ လေး-မူဆယ် ကုန်သွယ်ရေးလမ်း ကြောင်း မှ ယခုလတစ်ပတ်အတွင်း တရားမဝင် ကုန်ပစ္စည်း တင်သွင်း တင်ပို့မှုများအား ဖမ်းဆီးခဲ့ရာတွင် ကျပ် ၂၁၇၅ သိန်းဖိုး ဖမ်းဆီးရ မိခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ သိရသည်။ယင်းသို့ ဖမ်းဆီးရမိရာတွင် မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်း တွင် ပိတောက်သား သစ်ခွဲသားများ လေးတုံး၊ ခန့်မှန်း တန်ဖိုးကျပ် ၂၅ သိန်းခန့် ဖမ်းဆီး ရမိခဲ့ပြီး တီးတိန်မြို့နယ် ရိဒ်ထုတ် နုတ်အင်အားစခန်းတွင် သင်းခွေ ချပ်အခွံခြောက် ဆိုက်စုံ ၁၅ ကီ လို ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၅၀ နှင့် တမူးမြို့များတွင် နံ့သာနီ ၂၂၆ ချောင်း၊ ၃၅၃၀ ဒသမ ၆ ပိဿာ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၁၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း အ ကောက်ခွန်ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

အခွန်အပြည့်အဝ ရနိုင်ရန် မြေဈေးစံနှုန်း သတ်မှတ်ရခြင်းဟုဆို
Monday, September 23, 2013
ရန်ကုန်မြို့တော်တွင် နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးစံနှုန်း များ သတ်မှတ်ရခြင်းမှာ အဆမ တန် ကြီးမြင့်နေသည့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကို ထိန်းချုပ်ရန် မဟုတ်ဘဲ နိုင်ငံတော်က ဆုံးရှုံးနေသည့် အခွန်များကို အပြည့်အဝ ကောက်ခံနိုင်ရန်အတွက်သာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာမောင်မာင်သိမ်းက ပြောကြားသည်။ မြေဈေးစံနှုန်းကိုသတ်မှတ်ထားခြင်းမရှိသဖြင့် နိုင်ငံေ တ်ာကရသင့်ရထိုက်သည့် အခွန်တစ်ဝက်ခန့်ဆုံးရှုံးနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရက သတ်မှတ် ထားပြီး ဖြစ်သည့် မြေဈေးစံနှုန်းကို စမ်းသပ်အသုံးပြုသွားမည်ဖြစ်ပြီး ယင်းအခြေအနေပေါ် မူတည်ကာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၎င်းကဆို သည်။“One Square Feet ကို တစ်ရာနဲ့ အရောင်းအဝယ်ဖြစ်ရင် အခွန်ဆောင် တဲ့အခါ ၅၀ ပဲ ပြတယ်။ အဲဒါကြောင့်အခွန်ဆုံးရှုံးမှုကိုကာကွယ်တဲ့အနေနဲ့အခွန်ကောက်မယ့်နှုန်းထားကိုသတ်မှတ်တာ”ဟု ဒေါက်တာေ မာင်မောင်သိမ်း က ရှင်းပြသည်။

ကသစ်ပင် ကျေးရွာအုပ်ချုပ်ရေးမှူး အလွဲသုံးစားပြုသည်ဟုဆိုကာ တိုင်ကြားခံရ
Monday, September 23, 2013
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကဝမြို့နယ် ကသစ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် လူအချို့ကို လယ်ယာမြေ အမည်ပေါက် ပြုလုပ်ရာတွင် သတ်မှတ်နှုန်းထားထက် ငွေပိုမိုကောက်ခံခြင်းနှင့် လုပ်ပိုင်ခွင့် အလွဲ သုံးစား ပြုလုပ်ခြင်းတို့ ပြုလုပ်သည်ဟုဆိုကာ ကျေးရွာခံ ၂၀၀ ဦးကျော်က သက်ဆိုင်ရာဌာနခုနစ်ခုမှ တာဝန်ရှိ သူများထံ လက်မှတ်ထိုး တိုင်ကြားထားကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူ ဦးမြင့်နိုင် က ပြောကြားသည်။

ဒီဗီဒီခွေကူးစက်များဖမ်းဆီးရမိ
Monday, September 23, 2013
၂၂.၉.၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဧရာဝဏ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် များသည် ဆင်ဆာမဲ့ခွေများခိုးကူးနေကြောင်း သတင်းအရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၅) ရပ်ကွက်၊ ရွှေမဉ္ဇူလမ်းနေ မလှလှရီ၊ (ဘ)ဦးပေါ်ထွန်း၏နေအိမ်သို့ သက်သေများနှင့်အတူ ၀င်ရောက် ရှာဖွေရာ နေအိမ်နောက်ဖေးခန်းအတွင်းမှ e.copy ဒီဗီဒီခွေကူးစက် ဘောက်(၁၀)ဘောက်ပါ (၂)လုံး၊ e.copy ဒီဗီဒီခွေကူးစက် ဘောက်(၈)ဘောက်ပါ (၁)လုံးနှင့်ဆက်စပ်ကြိုးများ

သေနတ်ကိုင်ဆောင်ရေး ဥပဒေ ပြုပြင်ပြောင်းလဲဖို့ ထပ်မံ ပန်ကြား
Monday, September 23, 2013
အမေရိကန် ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ရေး ဥပဒေ တခုလုံးကို ပြုပြင်ပြောင်းလဲပစ်ဖို့ သမ္မတ အိုဘားမားက ထပ်မံ ပန်ကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဝါရှင်တန်မြို့က ရေတပ် အဆောက်အဦ ၀န်းထဲက ပစ်ခတ်မှုမှာ သေဆုံးရသူတွေ အတွက် အောက်မေ့ဖွယ် အခမ်းအနားမှာ သူက ခုလို ပန်ကြားခဲ့တာ ဖြစ်ပါတယ်။အဲဒီ ပစ်ခတ်မှု အတွင်း သေနတ်သမား တယောက်ရဲ့ လက်ချက်နဲ့ လူ၁၂ယောက် သေဆုံးခဲ့ရပါတယ်။ ဒီလို အကြမ်းဖက်မှုတွေကြောင့် လူ့အသိုင်းအဝိုင်းတွေ အစိတ်စိတ် အမွှာမွှာ ကွဲကုန်တယ် ၊ ခုနောက်ဆုံး ပစ်ခတ်မှုက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ တောင်းဆိုနေတယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ ၀န်ဆောင်နှုန်းထားသတ်မှတ်၍ ရင်းနှီးမြှုပ်နှံသူကို ဆွဲဆောင်လာ
Monday, September 23, 2013
ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ များလည်းပိုမိုများပြားလာပြီးသည့်နောက်ဝန်ဆောင်ခများကိုလည်းအမျိုးမျိုးသတ်မှတ်ထားခဲ့သည်။ မြန်မာနို င်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းက လာမည့်လဆန်းမှစ၍ အိမ်ခြံမြေဝန်ဆောင်ခ နှုန်းထား များအား တစ်ပြေးညီသတ်မှတ်ခြင်းဖြင့်ရင်းနှီးမြှုပ်နှံသူများကိုတိကျသည့် နှုန်းထားသတ်မှတ် ပေးနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။ “အိမ်ခြံမြေလုပ်ငန်းက အခုအချိန်မှာ အမြင့်တက်ဆုံးအချိန်ဖြစ်နေတဲ့အတွက် ဝန်ဆောင်ခတွေ သတ်မှတ်နှုန်းနဲ့အညီလက်ခံဆောင်ရွက်ပေးခြင်းအားဖြင့်ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူတွေကိုဆွဲဆောင် နိုင် ပါလိမ့်မယ်။ကျွန်တော်တို့အသင်းအနေနဲ့ အသင်းဝင်အကျိုးဆောင်တွေကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါ တယ်’’ဟု အဆိုပါအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေ -ရှိ-မရှိ စမ်းသပ်နည်း
Monday, September 23, 2013
မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေ -ရှိ-မရှိစမ်းသပ်နည်း(မင်္ဂလာသတင်းစဉ်)ရေအသက်တမ နက်ဆိုတဲ့စကားကိုလူတိုင်းကြားဖူးကြပါလိမ့်မယ်။ရေသည်မရှိမဖြစ်အဓိကလိုအပ်ချက် ဖြစ်နေသောကြောင့် ရေ ကိုအမျိုးမျိုးရှာဖွေနေကြပါသည်။ တောတောင် မြေပြန့် နေရာမလပ်အောင်ပင် လူတို့သည် ရေကိုရရှိအောင် ကြိုးစားလျက်ရှိကြပါသည်။ ကျေးလက်ဒေသများ၊ မြို့ပြနေရာများတွင်လည်း ရိုးရာပညာ၊ ခေတ်မီစက်ကိ ရိယာများဖြင့် လက်ရိုက်တွင်းများ၊ အဝီစိတွင်းများ စသည်ဖြင့် စမ်းသပ်ရှာဖွေနေကြရာတွင် တချို့ လည်း အောင်မြင်၍ တချို့လည်း မအောင်မြင်ဘဲ ရှိကြပါသည်။ ထိုသို့ အဖြစ်အပျက်များကို စာရေးသူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် လက်တွေ့အောင်မြင်သော ရေရှိရာ နေရာ၊ ပေ အနက် စသည်ဖြင့် တိကျစွာ ရေရှိ-မရှိ စမ်းသပ်သည့် မြန်မာ့ရိုးရာ နည်းပညာကို ဘဒ္ဒန္တ စန္ဒောဘာသ၊ ဥက္ကဋ္ဌ၊ မြို့နယ်သံဃနာယကအဖွဲ့၊ မဟာသိမ်တော်ကျောင်း သာသနာပြု ဆရာတော်ကြီး ၏ ခြေတော်ရင်း တွင် ပညာဆည်းပူးရင်း သရက်တောကျောင်း ရေတွင်း၊ ပြည်သူ့ဆေးရုံ ရေတွင်း၊ လက်ခုပ်ပင်ကျေး ရွာ ရေတွင်း စသည်တို့ကို တူးစဉ်က ကြားနာ မှတ်သားခဲ့ရသည်များကို ပညာဝေငှလိုက်ပါသည်။ မိတ်ဆွေ၊ သင် ရေတွင်း တူးတော့မည်ဆိုလျှင် ရေ ရှိ-မရှိ၊ အတောင် ဘယ်လောက် တူးရမလဲ၊ တိကျစွာ တူးနိုင်ဖို့ အရေးအတွက် ပထမဦးစွာ--- ကွမ်းရွက် ၃၆-ရွက်ကို အညှာမဖြတ်၊ အဖျားမဖြတ်၊ အပေါက်အပြဲ မပါတာ ကို ရေဆေးပြီး (၁)မိနစ်မျှ ရေစိမ်ထားပါ။ ဒုတိယဆင့်တွင် မိမိတူးလိုသည့်မြေနေရာကို ဝါးခြမ်းပြားဖြင့် ရေ အစိုဓာတ် တွေ့သည့်တိုင်အောင် ခြစ်ပါ။
ဒီလှိုင်း(သပိတ်ကျင်း)
အရိပ်ချစ်

အစိုပြန်လာပါက ကွမ်းရွက် (၃၆)ရွက်ကို
ညီအောင် ထပ်၍ တူးမယ့်မြေပေါ်တွင် အထပ်လိုက် မှောက်ချပြီး ၄င်းအပေါ်ကနေ
သပိတ်ဖြစ်စေ၊ နှုတ်ခမ်းညီသော သံပုံးဖြစ်စေ၊ လေလုံသည့် သပိတ်၊ ရေပုံး ရရာကို
ယူပြီး လေမဝင်အောင် မှောက်ထားပါ။ နံနက်မိုးလင်းသည်နှင့် ၄င်းကွမ်းရွက်ကို
အထပ်လိုက် လှန်ပြီး တရွက်ချင်း ဖယ်ကြည့်လိုက်ပါ။ ရေကြော ရေရှိမယ့်နေရာသည်
ဆယ်တောင်အနက်မှာဆိုလျှင် ဆယ်ရွက်မြောက် ကွမ်းရွက် ၏ မျက်နှာပြင်မှာ
ရေဥကလေးတွေ စိုနေပြီး (၉)ရွက်ကနေ အောက်ဆုံး
အရွက်တို့ မှာ ခြောက်သွေ့နေပါသည်။
ရေသည် (၁၅)တောင်မှာ ရှိမည်ဆိုလျှင် (၁၅)ရွက်မြောက် ကွမ်းရွက်တွင်၎င်း၊
အတောင် (၂၀)မှာရှိမည် ဆိုလျှင် အရွက် (၂၀)မြောက် ကွမ်းရွက်တွင်၎င်း
ရေစိုစွတ်ပြီး တွဲခိုနေသည်ကို တွေ့ရပါမည်။ ရေ ရှာ၍ တိကျပြီး
ခေတ်မီကိရိယာများ မလိုဘဲ အလွယ်တကူ ရမည်ဖြစ်ပါကြောင်း ရေးသားရင်း ဆရာတော်အား
ဦးတိုက်လိုက်ပါသည်ခင်ဗျား။ 
ဒီလှိုင်း(သပိတ်ကျင်း)
အရိပ်ချစ်
ဒဗယ်လျူစီဒီအမ်အေ ဆင်းမ်ကတ် ငါးသောင်းကျော် စရောင်းမည်
Monday, September 23, 2013
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဇန်နဝါရီလမှ စတင်၍ ရောင်းချမှု ရပ်ဆိုင်းထားသည့် ဒဗယ်လျူ စီဒီအမ်အေ ဆင်းမ်ကတ် ငါးသောင်းနှစ်ထောင်ကို စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ ကျပ် ၁၅၀၀ နှုန်းဖြင့် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း MPT က ထုတ်ပြန် ကြေ ညာသည်။ စက်တင်ဘာလအတွက် ခွဲဝေရောင်းချမည့် ကျပ် ၁၅၀၀ တန်မိုဘိုင်းလ်ဖုန်းကတ် သုံးသိ န်းခြောက်သောင်းတွင် ဒဗယ်လျူစီဒီအမ်အေ အမျိုးအစားကို ထည့်သွင်း ရောင်းချပေးခြင်း ဖြစ်ပြီး ဂျီအက်စ် အမ် လိုင်းကတ် ၁၅၈,၀၀၀ နှင့် စီဒီအမ်အေ လိုင်းကတ် ၁၅၀,၀၀၀ ပါဝင်ကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဂျာမဏီရွေးကောက်ပွဲ ၀န်ကြီးချုပ်မာကဲလ် မဲအသာစီးရ
ဂျာမဏီနိုင်ငံက ရွေးကောက်ပွဲမှာ အစောပိုင်းရလဒ်တွေအရ ၀န်ကြီးချုပ် Angela
Merkel ဟာ တတိယ အကြိမ် သက်တမ်းကို ဆက်လက် တာဝန်ယူရဖွယ် ရှိနေပါတယ်။
မဲရလဒ်တွေအရ သူဦးဆောင်တဲ့ ရှေးရိုးစွဲ Conservatives တွေအနေနဲ့ လွှတ်တော်မှာ အများစုနေရာရမယ့် အလားအလာတွေလည်း ထွက်ပေါ်နေတာပါ။ ဂျာမဏီနိုင်ငံက ARD နဲ့ ZDF ရုပ်မြင်သံကြား စစ်တမ်းအရ ၀န်ကြီးချုပ်ရဲ့ Christians Democrats တွေက မဲအားလုံးရဲ့ ၄၂ % ကျော် ရရှိခဲ့တဲ့အတွက် အားလုံး ပေါင်း ရင်တောင်မှ လွှတ်တော်မှာ နေရာရရုံလောက်သာရှိတဲ့ အတိုက်အခံပါတီတွေထက် အပြတ်အသတ် အသာ ရခဲ့တာလည်း ဖြစ်ပါတယ်။

| တတိယသက်တမ်းပြန်အနိုင်ရဖွယ်ရှိနေတဲ့ ဂျာမဏီဝန်ကြီးချုပ် Angela Merkel |
ပါကစ္စတန် ခရစ်ယာန် ဘုရားကျောင်း အသေခံဗုံးခွဲမှု ၇၈ ဦးသေဆုံး
| ပါကစ္စတန်နိုင်ငံက နှစ် ၁၃၀ သက်တမ်းရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းအပြင်ဘက်မှာ အစားအသောက် ပေးလှူနေချိန် အသေခံဗုံးခွဲတိုက်ခိုက်ချိန် မြင်ကွင်း။ |
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-