Wednesday, July 04, 2012

ဒေါ်အောင်ဆန်းစုကြည်ပါဝင်သော လွှတ်တော်လုပ်ငန်းကော်မတီဖွဲ့စည်း

လွှတ်တော်နိုင်ငံရေးနှင့်လွှတ်တော်ပြင်ပနိုင်ငံရေးကို ပိုမိုထိရောက်စွာ ချိတ်ဆက်လုပ်ဆောင်နိုင်ရန် ယနေ့ ဇူလိုင်(၃)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်း အဝေးဆုံးဖြတ်ချက်များအရ ကော်မတီ(၂)ရပ်ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

ဒီချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဥရောပခရီးစဉ်သတင်းစာရှင်းလင်းပွဲအပြီး  နေ့လည် (၁၁း၀၀)  မှ (၁၂း၃၀)အထိ တစ်နာရီခွဲကြာကျင်းပပြီးနောက် လွှတ်တော်ရေးရာကော်မတီ   နှစ်ခုဖွဲ့စည်း လိုက်ခြင်း ဖြစ်သည်။

iPad အမည်ကိစ္စ Apple ဒေါ်လာ သန်း ၆၀ ပေးလျော်လိုက်



တရုပ်နိုင်ငံမှာ iPad အမည် ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ အဆုံးသတ်သွားစေတဲ့ ဆုံးဖြတ်ချက် တခုကို တရုတ် တရားရုံး တခုက ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒါကတော့ ကမ္ဘာကျော် Apple က တရုပ်နိုင်ငံ မှာ iPad အမည်ကို ပိုင်ဆိုင်ထားတဲ့ Proview ကုမ္ပဏီကို အမေရိကန် ဒေါ်လာ သန်း ၆၀ ပေးလျော်ဖို့ ဖြစ်ပါတယ်တဲ့။

အဓိက တရုတ်ဈေးကွက်မှာ လူကြိုက်များတဲ့ Tablet computer နဲ့ပတ်သက်တဲ့ အရောင်းဈေးကွက်မှာ အဟန့်အတားဖြစ် နေတာကို ဖယ်ရှားနိုင်ဖို့ အခုလို ဆုံးဖြတ်တာလို့လည်း AP သတင်းဌာနမှာ ဖော်ပြ ထားပါတယ်။

စက်ဘီးနင်းရင်း အွန်လိုင်းတက်မယ်



ဓာတ်ပုံ- MacTube
ကွန်ပျူတာ သုံးစွဲသူတွေဟာ ကျန်းမာရေးကို အနည်းနဲ့အများ ထိခိုက်ကြပါတယ်။ ကွန်ပျူတာရှေ့ တနေကုန် ထိုင်အလုပ်လုပ်ကြတဲ့သူတွေမှာ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ချိန်တောင် မရှိတာတွေလည်း အများသားပါ။

နိုင်ငံတကာစံမီ အပြောင်းအလဲ ဘယ်က စလဲ ???



မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုမှာ နိုင်ငံတကာ စံချိန်နဲ့အညီ ထင်ရှားတဲ့ ပြောင်းလဲမှု တခုကို မြင်တွေ့ ရပါတယ်။

ဒါကတော့ တချိန်က ကားနံပတ်တွေကို မြန်မာ အက္ခရာ၊ မြန်မာ နံပတ်တွေနဲ့သာ ရေးသားကြပေမယ့် အခုတော့ အင်္ဂလိပ် အက္ခရာ၊ အင်္ဂလိပ်နံပတ်တွေ ပြောင်းလဲ အသုံးပြုပါပြီ။

Tuesday, July 03, 2012

သုဝဏ္ဏကွင်းတွင် သမိုင်းသစ် ရေးထိုးနိုင်ခဲ့သည့် မြန်မာ ယူ-၂၂ ~ မလေးရှား ၁-၂ မြန်မာ

From : soccer myanmar
ယနေ့ ညနေပိုင်းက သုဝဏ္ဏ ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် အေအက်ဖ်စီ ယူ-၂၂ ဘောလုံးပြိုင်ပွဲ အုပ်စု (G) ခြေစစ်ပွဲ နောက်ဆုံး အဆုံးအဖြတ် ပွဲစဉ်တွင် အိမ်ရှင် မြန်မာလူငယ် အသင်းက တိုက်စစ်မှူး ကောင်းစည်သူ ခြေစွမ်းပြ ဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။

ထိုရလဒ်ကြောင့် မြန်မာအသင်းသည် ပွဲကြည့် ပရိသတ် ၂၈၀၀၀ ကျော်ရှေ့မှောက်တွင် အရှေ့တောင် အာရှ နိုင်ငံများအနက် ၂၀၁၃ အာရှ အသက် ၂၂နှစ်အောက် ပြိုင်ပွဲကြီးအား ပထမဆုံး ခြေစစ်ပွဲ အောင်သည့် နိုင်ငံအဖြစ် မော်ကွန်း ရေးထိုးနိုင်ခဲ့သည်။ မြန်မာအသင်းနှင့် အတူ ရမှတ်တူ ဂိုးကွာခြားချက် အရ အုပ်စုဗိုလ် ဖြစ်ခဲ့သည့် တောင်ကိုရီးယား အသင်းမှာလည်း ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။

“အပေါင်းလက္ခဏာတွေ အများကြီးတွေ့ပါတယ်”

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း အပါအ၀င် လွှတ် တော် ရေးရာ ဥက္ကဌ တွေနဲ့ ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါမှာ ရှိတဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အ ထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်(ရန်ကုန်- ရုံးခွဲ)မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။

၂၀၀၇ ခုနှစ် သြဂုတ်လ လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြ ကာလ အတွင်း က တခြားသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့်အတူ တွေ့ရသည့် ကိုမင်းကိုနိုင်
အဲဒီ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

တရုတ်နှင့် ဆက်ဆံရေး NLD အလေးထား

ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ – ဧရာဝတီ)
ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်နိုင်ငံများ နီးစပ်သည့်အပေါ် တရုတ်နိုင်ငံက စိုးရိမ်နေမှုနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ဆက်ဆံရေးအပေါ် အလေးထားကြောင်းနှင့် စနစ်ချင်း မတူသော်လည်း အိမ်နီးချင်းကောင်းများ အဖြစ် လက်ခံထားကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းဖို့ အစဉ်တစိုက်ပဲ ကြိုးစားခဲ့ပါတယ်။ ဆက်ပြီးတော့ ကြိုးစားသွားမယ်။ ကြိုးစားသလောက် အသီးအပွင့် ရမယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ရန်ကုန် NLD ရုံးချုပ်တွင် ယနေ့ကျင်းပသော ဥရောပခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် လွတ်မြောက်

ယနေ့ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ – 88 Generation facebook မှ)
နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ အကျဉ်းထောင် အသီးသီးမှာရှိနေတဲ့ နိုင်ငံသားနဲ့ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူစုစုပေါင်း ၈၀ကို ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့မှာပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ပေးလိုက်ရာမှာ နိုင်ငံရေးအကျဉ်းသား ၂၄ ဦး ပါတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသား အကျဉ်းသား ၄၆ ဦးကို သမ္မတအနေနဲ့ နိုင်ငံတော် တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်စည်းလုံးရေး၊ နိုင်ငံရေးဖြစ်စဉ်တွေမှာ အားလုံးပါဝင်နိုင်ရေးနဲ့ လူသားချင်း စာနာ ထောက်ထားတဲ့အနေနဲ့ ပုဒ်မ ၄၀၁ (၁) အရ အခုလို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ကို ပေးလိုက်တယ်လို့ ဒီနေ့ထုတ် အစိုးရ သတင်းစာတွေက ဆိုပါတယ်။

Facebook, Twitter မှတ်ချက်ကြောင့် စလုံးမှာ ၂ ယောက် အဖမ်းခံရ




Facebook နဲ့ Twitter မှာ လူမျိုးရေးခွဲခြားတဲ့မှတ်ချက်တွေ ရေးသားမှုနဲ့ ဆယ်ကျော်သက် ၂ ယောက်ကို စင်္ကာပူရဲတွေက ထိန်းသိမ်းလိုက်တယ်
လို့ ဂျကာတာပို့စ် သတင်းစာ http://www.thejakartapost.com/news/2012/07/02/singapore-police-arrest-2-making-racist-remarks-online.html မှာ ရေးထားပါတယ်။
အသက် ၁၇ နှစ်အရွယ် အမျိုးသား ၂ ယောက်ပါ။

ပြီးခဲ့တဲ့လကုန်ပိုင်း သူတို့ရဲ့ ရေးသားချက်တွေဟာ မတူကွဲပြားတဲ့လူမျိုးစုတွေကြား ရန်မီးပွားအောင် သွေးထိုးပေးရာရောက်တယ်လို့ ရဲက ဆိုပါတယ်။

ဘာတွေ ဖြစ်ခဲ့သလဲ?

Burma - Myanmar စစ်တမ်းရလဒ်





ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၁၃-၃၀ ဥရောပခရီးစဉ်တလျှောက် ဟောပြောချက်၊ ဆွေးနွေးမှု၊ သတင်းစာ ရှင်းလင်းပွဲတွေမှာ မြန်မာပြည်ကို Burma လို့ပဲ ခေါ်ခဲ့ပါတယ်။

ခရီးစဉ်အဆုံးသတ်ချိန်မှာ ရွေးကောက်ပွဲကော်မရှင်က ဒီအကြောင်းကို သတင်းစာကတဆင့် အများသိအောင် သဘောထားကြေညာချက် ထုတ်လိုက်ပါတယ်။

မြန်မာနိုင်ငံအမည်ဖော်ပြတဲ့အခါ Burma အစား Myanmar လို့သာ သုံးနှုန်းဖို့ NLD ကို အသိပေး အကြောင်းကြားထားပါတယ် တဲ့။

"၃၃၀ လွှတ်ပေးပါ"

ဒီနေ့ ပြုလုပ်တဲ့ NLD သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ - ဧရာဝတီ)

NLD ရဲ့ စာရင်းမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်လိုက်ပါ လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီမနက် ရန်ကုန်မှာ ပြုလုပ်တဲ့ NLD သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ အားလုံး လွှတ်ပေးပါ။ ကျမတို့ စာရင်းက ၃၃၀ ကျန်ရှိနေသေးတယ်။ ၃၃၀ လုံး လွှတ်ဖို့ တောင်းဆိုပါတယ်” တဲ့။

အဆိုတော် Engelbert မြန်မာနိုင်ငံတွင် ဖျော်ဖြေမည့် အစီစဉ် ဖျက်သိမ်း

ဓာတ်ပုံ-The Guardian

ဇူလိုင် ၁၁ ရက်နေ့ မှာ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်း အမျိုးသားကဇတ်ရုံမှာ ဖျော်ဖြေတင်ဆက်မယ့် ကမ္ဘာကျော် အဆိုတော်ကြီး Engelbert Humperdinck Live Show အစီစဉ်ကို ဖြတ်သိမ်းလိုက်ကြောင်းကို MRTV-4 တွင်ကြေငြာခဲ့ပါတယ်။

လက်မှတ်တွေလဲ ကြိုတင်ရောင်းချခဲ့ပြီးမှ အဆိုတော်ကြီးရဲ့ ကျန်းမာရေးအခြေနေကြောင့် ပွဲစဉ်ကိုဖြတ် သိမ်း လိုက်တာဖြစ်ပါတယ်တဲ့။ မြန်မာနိုင်ငံမှာဖျော်ဖြေမယ့် အစီစဉ်ကိုဖြတ်သိမ်း တာတင်မဟုတ်ပါဘူးတဲ့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ပွဲစဉ်ကိုလဲ ဖြတ်သိမ်းတာဖြစ်ပါတယ်။

လတ်တလော ရန်ကုန် ကားဈေးနှုန်း



ဟံသာဝတီကားဈေးကွက် (ရန်ကုန်) ဇူလိုင်လ ၁ ရက်နေ့ ကားဈေးနှုန်းများ

၂၀၀၂ မော်ဒယ် တိုယိုတာ Mark II(ဓာတ်ဆီ) (၅ဃ) (ကျပ်) သိန်း ၂၀၀
၁၉၉၉ မော်ဒယ် တိုယိုတာ Mark II(ဓာတ်ဆီ) (၅ဃ) သိန်း ၁၆၀

ငြိမ်းချမ်းခြင်း သံစဉ်ည ဂီတပွဲတော်


ဓာတ်ပုံ- CJ myanmar
ကချင်ပြည်နယ်ရှိ စစ်ဘေးတိမ်းရှောင်နေကြသော စစ်ဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ကူညီနိုင်ရန် ရည်ရွယ်ကျင်းပမယ့် " ငြိမ်းချမ်းခြင်း သံစဉ်ည " အကပဒေသာ နှင့် ဂီတဖျော်ဖြေပွဲကို ဇူလိုင်လ ၉ ရက်နေ့မှာ မန္တလေး Oriental House မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် ၃၀၀၀ိ/- ကျပ် နှုန်းဖြင့် ရောင်းချ သွားမှာဖြစ်ပါတယ်။

မြန်မာ့ရေနံ နဲ့ ဓာတ်ငွေ့လုပ်ငန်း ပြဿနာ




စွမ်းအင်ဝန်ကြီးဌာနလက်အောက်ခံ မြန်မာ့ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းဟာ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်ကိုင်နေပေမယ့် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုမရှိတဲ့ အစိုးရဌာနဖြစ်တယ်လို့ ဇွန်လ (၁၄) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်မှာ ပြောတဲ့မိန့်ခွန်းမှာ ထည့်ပြောသွားတာပါ။ IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က သတ်မှတ်တဲ့ စည်းကမ်းကျင့်ဝတ် Code of Good Practices on Fiscal Transparency ကို လက်မခံမခြင်း မြန်မာ့ရေနံဓါတ်ငွေ့လုပ်ငန်းနဲ့ လက်မတွဲသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးစကားပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၉ ရက် လွှတ်တော်တက်မယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၉ ရက်နေ့မှာ လွှတ်တော်အစည်းအဝေးကို တက်ရောက် မှာ ဖြစ်ကြောင်း NLD ပါတီက ဒီကနေ့ ထုတ်ဖော်ပြောကြားပါတယ်။
ဇူလိုင် (၄) ရက်နေ့မှာ စတင်ကျင်းပမဲ့ လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးမှာ ခွင့် (၃) ရက်ယူထားပေမဲ့ ဒေါ်အောင်ဆန်း စုကြည် ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း NLD ပြောခွင့် ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် မြန်မာဘင်္ဂလီများကို လက်ခံရန် အတည်ပြု

 မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ဇူလိုင် ၁ ရက်မှ ၂ ရက်နေ့အထိ ဒက္ကားမြို့မှာ ကျင်းပနေသည့် အစည်းအဝေးတွင် မြန်မာ့ ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့က မြန်မာ့ဘင်္ဂလီများအား လက်ခံရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလာမှ နိုင်ငံခြားရေးဝန်ကြီး Mijarul Quaves ဦးဆောင်သော အဖွဲ့တို့ ယမန်နေ့က အစည်းအဝေးတွင် မြန်မာ့ဘင်္ဂလီများကို လက်ခံရန် တင်ပြချက်အား ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သောအဖွဲ့က လက်ခံအတည်ပြုလိုက်ကြောင်းဖြစ်သည်ဟု Mijarul Quaves ၏ ပြောရဲဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

တိုင်းရင်းသားပေါင်းစုံညီလာခံ ကျင်းပဖို့ မြန်မာအစိုးရကြေညာ


မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲတွေနဲ့ ပြေလည်မှုရဖို့ ရည်ရွယ်ပြီး တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ညီလာခံတခု ကျင်းပ ပေးမယ်လို့ အစိုးရတာဝန်ရှိသူတွေဘက်က ပြောနေပေမဲ့လည်း ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် သံသယဖြစ်စရာတွေလည်း ရှိနေပါတယ်။ အထူးသဖြင့်တော့ ဒုက္ခသည်တွေ ထောင်သောင်းချီပြီး ဆက်လက်ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်နေတဲ့ မြန်မာနိုင်ငံ မြောက် ပိုင်း ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာမို့ မြန်မာအာဏာပိုင်တွေဟာ အပြောနဲ့အလုပ် မညီဘူးလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က တုံ့ပြန်ခဲ့တာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက စုံစမ်း တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှ ဒုက္ခသည် ရခိုင်တိုင်းရင်းသားများအား သွားရောက်ကူညီ လှူဒါန်းကြတဲ့ အနုပညာရှင်များနဲ့ ယနေ့ပြည်ထောင်စု ဝန်ကြီး(၃)ဦးရဲ့ သတင်းစာရှင်းလင်းပွဲ..

အနုပညာရှင်များမှ စစ်တွေမြို့ ရှိ ဒုက္ခသည်များသို့ လှူဒါန်း
ဇူလိုင် ၁ ရက်နေ့ မနက်၆နာရီက ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီး အနုပညာရှင်များ မှ စစ်တွေမြို့ ရှိ ဒုက္ခသည်များသို့ အလှူငွေ ကျပ် သိန်း ၉၀၀ ကျော်နှင့် အ၀တ်အထည် အထုပ် ၉၀ ကျော် ကို ဒုက္ခသည် စခန်းများ သို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အစိုးရဌာနများ အားနည်းချက် ဦးရွှေမန်းထံ စီးပွားရေးလုပ်ငန်းရှင်များတင်ပြ

အစိုးရဌာနအချို့၏ စီမံခန့်ခွဲမှု အားနည်းချက်၊ အစိုးရ၏ မှားယွင်းသည့် မူဝါဒများ ချမှတ်မှုနှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် စနေနေ့က တွေ့ဆုံဆွေးနွေးရာ တွင် ထောက်ပြပြောဆို ဝေဖန်သွားကြသည်။

ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်ဝင်းအတွင်းရှိ MICT Park ခန်းမတွင် ကျင်းပသည့် ဆွေးနွေးပွဲတွင် စီးပွားရေး လုပ်ငန်းရှင် များနှင့် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များမှ ထောက်ပြပြောဆိုသွားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ခိုင်က လယ်သမားများ လက်ရှိကြုံတွေ့နေရသည့် စိုက်ပျိုးစရိတ် ထုတ်လုပ်စရိတ် ကြီးမြင့်သည့် အခြေအနေကို တင်ပြခဲ့ပြီး လယ်သမားများကို အကူအညီပေးသည့် အစိုးရ၏ မူဝါဒမှာလည်း ထိရောက်မှုမရှိဟု ဝေဖန်ပြောဆိုသွားသည်။
shwemann
အစိုးရဌာနအချို့၏ စီမံခန့်ခွဲမှု အားနည်းချက်၊ မှားယွင်းသည့် မူဝါဒများချမှတ်မှုနှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တွေ့ဆုံဆွေးနွေး (ဓါတ်ပုံ မဇ္ဈိမ)

နယ်စပ်ကုန်သွယ်ရေး ကျဆင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ် အခွန်ထိခိုက်

မောင်တောမြို့တဘက်ကမ်းရှိ တာ့ခ်နာဖ်ဆိပ်ကမ်း (ဓာတ်ပုံ – Shahnoor Habib Munmun)
၂၀၁၁-၂၀၁၂ စီးပွားရေးနှစ် နှစ်ဝက် ကာလအတွင်း မြန်မာပြည်မှလာသော ကုန်ပစ္စည်းများမှ ရရှိသည့် အခွန်ငွေသည် မျှော်မှန်းထားသည်ထက် တာကာသန်းတရာ (ကျပ်သန်းတထောင်) ခန့် လျော့နည်းနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာ့ခ်နာဖ် (Teknaf) ဆိပ်ကမ်း အကောက်ခွန်ဌာနက တနင်္ဂနွေနေ့တွင်  ပြောဆိုလိုက်သည်။
ဤကာလအတွင်း ရရှိသည့် အခွန်ငွေမှာ တာကာ သန်း ၃၂၀  ခန့်သာ ဖြစ်ပြီး ဤသို့ အခွန်ငွေ လျော့နည်းသွားရခြင်းမှာ ပြီးခဲ့သည့်လဆန်းပိုင်းက အစပြုခဲ့သည့် ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှု၊ ကာလ အတန်ကြာ ဖြစ်ပေါ်နေသော မှောင်ခိုကုန်သွယ်ရေး၊ တရားမ၀င် ကျူးကျော်ဝင်ရောက်မှုတို့နှင့် ဆက်စပ်နေသည်ဟု အကောက်ခွန်ဌာနက ပြောသည်။

ဟံသာဝတီ နိုင်ငံတကာ လေဆိပ်စီမံကိန်း စတင်တော့မည်

ဟံသာဝတီလေဆိပ် စီမံကိန်းနှင့် ပတ်သက်သည့် ရှင်းလင်းပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ – မေစစ်ပိုင် / ဧရာဝတီ)
မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်လာမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ခေါ်ယူကာ စတင်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်က ပြောသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အကျယ်အဝန်းအားဖြင့် ဧက ၉၀၀၀ ကျော် ရှိမည်ဖြစ်ပြီး ရန်ကုန်မြို့မှ မိုင် ၅၀ ကျော် ကွာဝေးသည့် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ပဲခူးမြို့နယ် ကျောက်တိုင်တန်း ကျေးရွာတွင် ဆောက်လုပ်မည် ဖြစ်ကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် ရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာလား၊ ဗမာလားနဲ့ တိုင်းရင်းသား ပြဿနာ

ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို သတိပေးတဲ့ သတင်းနဲ့အတူ အခုဖြစ်ပေါ်နေတဲ့ နိုင်ငံအခေါ်အဝေါ် ဝေါဟာရ အငြင်းပွားမှုမှာ နိုင်ငံရေးသဘော အဓိက အလေးနက်ထား စဉ်းစားရမယ့် အချက်က တိုင်းပြည်မှာ ဆယ်စုနှစ်များစွာ စွဲကပ်နေတဲ့ တိုင်းရင်းသား ပြဿနာနဲ့ သက်ဆိုင်တယ်။ အကြောင်းက နိုင်ငံကို ခေါ်ဝေါ် ညွှန်းဆိုတဲ့ အင်္ဂလိပ် မြန်မာ မူကွဲနှစ်မျိုးစလုံး၊ “မြန်မာ (Myanmar) နဲ့ ဗမာ (Burma)” ဟာ နိုင်ငံမှာ ရှေး ဓားမဦးချ အခြေချ မှီတင်းနေထိုင်နေတဲ့၊ မြန်မာ မဟုတ်တဲ့ တခြား တိုင်းရင်းသား လူမျိုးစုအားလုံးကို ကိုယ်စားပြု ဖော်ဆောင်နိုင်မှု အားနည်းနေလို့ဖြစ်တယ်။

သူရဦးရွှေမန်းနဲ့ နားလည်မှု ရခဲ့ကြောင်း ၈၈ ပြော


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဇူလိုင် ၁ ရက်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ – ၈၈ မျိုးဆက်ကျောင်းသားများ)
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တွေဟာ ပထမဆုံးအကြိမ် နှစ်ဘက် အပြန်အလှန် ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေး နိုင်ခဲ့ပြီး နားလည်မှု တည်ဆောက် နိုင်ခဲ့တယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

နောက်ဆုံးနေ့တွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်လိုကျော်ဖြတ်နေသလဲ

၂၀၁၀ ပြည့်နှစ် စက်တင်ဘာလက တရုတ်နိုင်ငံသို့ တရားဝင်အလည်အပတ် သွားရောက်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ – Reuters)
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကွယ်လွန်ပြီဆိုတဲ့ ကောလာဟလသတင်းတခု လူမှုကွန်ရက် Facebook ပေါ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က  ပျံနှံ့ခဲ့ပါတယ်။
ဒီလိုမျိုး “သေပြီ” ဆိုတဲ့သတင်း ခဏခဏ ဖြစ်ဖူးပေမယ့် ခိုင်လုံတဲ့သတင်းရပ်ကွက်တွေရဲ့ အတည်ပြုချက်မပါဘဲ ကောလာဟလ ပြောဆိုကြတာမျိုးမို့ တကယ့်သတင်း မဖြစ်ခဲ့ပါဘူး။
တကယ် သူသေမသေ ဆိုတာကို နီးစပ်သူများနဲ့လည်း ဧရာဝတီက စုံစမ်းဖူးတာကြောင့် ရင်းနှီးသူတွေအဆိုအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အိမ်မှာအနားယူနေပြီး အားလပ်တဲ့အခါ စာဖတ်တယ်လို့ သိရပါတယ်။

My Blog List