Tuesday, June 19, 2012
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆေင်အား Dublinမြို့က ခမ်းနားကြီး ကျယ်တဲ့ ကြိုဆိုမှု မြင်ကွင်း (ဓါတ်ပုံ)
ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်လူထု ထောင်နဲ့ချီ ကြိုဆို
![]() |
| ဒေါ်အောင်ဆန်းစုကြည် အား အိုင်ယာလန်လူထုကြိုဆိုနေစဉ် Photo - RTE |
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်ပြည်သူတွေ ထောင်နဲ့ချီပြီး မြို့လယ် စင်မြင့်ကြီးမှာ တခမ်းတနား ကြိုဆို ဂုဏ်ပြုခဲ့ကြပါတယ်။
အခမ်းအနားမှာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကတည်းက
ဒေါ်အောင်ဆန်းစုကြည်ကို ဒပ်ဗလင် မြို့သူမြို့သားတွေ ချီးမြှင့်ခဲ့တဲ့ Freedom of the City ဂုဏ်ပြုလွှာကိုလည်း မြို့တော်ဝန် ကိုယ်တိုင် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ရခိုင်ဒေသအတွက် ၈၈ တွေရဲ့ အလှူ
ဦးသိန်းစိန်ရဲ့ ဇွန် ၁၉ မိန့်ခွန်း
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြောကြားသည့် မိန့်ခွန်း
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်မှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသဥက္ကဋ္ဌများ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲ များအား ပြောကြားသော မိန့်ခွန်း
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်မှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသဥက္ကဋ္ဌများ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲ များအား ပြောကြားသော မိန့်ခွန်းအမွန်မြတ်ဆုံးဒါန

သွေးလှူတယ်ဆိုတာ အင်မတန်ကိုမှ မွန်မြတ်တဲ့ အလှူဒါနပါ။ သွေးလှူခြင်းဟာ နာကျင်မှု မရှိသလို အချိန်လည်းပေးစရာ သိပ်မလိုပါဘူး။ ဒါ့အပြင် ကိုယ်လှူလိုက်တဲ့ သွေးကြောင့် တစ်စုံတစ်ယောက် အသက်ရှင်သွားရတယ်ဆိုတဲ့ အသိက အင်မတန်ကိုမှ ပီတိ ဖြစ်စရာပါ။
ယခုအခါ သွေးလှူဘဏ်မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းတာတွေ ရှိသလို အထိမ်းအမှတ်နေ့တွေမှာ မိတ်ဆွေတွေ အုပ်စုလိုက် သွေးလှူဒါန်းတာမျိုးလည်း ရှိနေတာ သာဓုခေါ်စရာပါ။ ဒါပေမဲ့ လူနာတွေပြည့်နှက်နေတဲ့ ဆေးရုံကြီးမှာ လိုအပ်တဲ့ သွေးပမာဏ လုံလောက်တဲ့အထိတော့ မရှိသေးပါဘူး။ ဒါကြောင့် မွန်မြတ်လှတဲ့ အလှူဒါနဖြစ်တဲ့ သွေးလှူခြင်းကို ပြုလုပ်ကြပါလို့ တိုက်တွန်းလိုပါတယ်။
လမ်းပေါ်ထွက်ဆန္ဒပြမှုအကြောင်း ဦးသိန်းစိန် ပြောပြီ
Friday, June 15, 2012
ဦးဝိရသူအာ သံဃမဟာနာယက ၏ ဆင့်ခေါ်စာ
စစ်တွေ လုံခြုံရေး စိတ်မချရသေး

ဓာတ်ပုံများ နဲ့ သတင်း - ခင်သြ/ဧရာဝတီ
ဧရာဝတီ ပင်မ စာမျက်နှာမှာ ဒီမနက် ဖော်ပြလိုက်တဲ့ သတင်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို ထိန်းချုပ်နိုင်ပြီဟု နယ်စပ်ရေးရာ ဝန်ကြီးက ဆိုခဲ့သော်လည်း ယနေ့ နံနက် ၁ နာရီအချိန်က စစ်တွေမြို့တွင်း မီးလောင်မှု ထပ်မံ ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၆၀ ခန့် မီးထဲပါသွားသည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ရုတ်တရက် ချို့ယွင်း
ဓာတ်ပုံ- AP
ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး Didier Burkhalter နဲ့ တွေ့ဆုံပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ်မှာဘဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ရုတ်တရက် မူးဝေအော့အန်ပြီး ကျန်းမာရေး ချို့ယွင်းလို့ အဲဒီ သတင်းစာ ရှင်းလင်းပွဲကို ရပ်ဆိုင်းလိုက်ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း
ရခိုင်ဒေသ ပဋိပက္ခ နဲ့ Dateline Irrawaddy
ရခိုင်ဒေသကို ဗိုလ်ချုပ်ခင်ညွန့် ၁၀ သိန်း လှူ
ဦးခင်ညွှန့်နှင့် မိသားစုက ဒုက္ခသည်များအတွက် အလှူခံဌာနဖွင့်ထားသည့် ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်း ဆရာတော်ထံ သွားရောက် လှူဒါန်းသည်ဟု သိရသည်။
ပြေလည်သွားတဲ့ ရွှေပြည်သာက အလုပ်သမားအရေး
ရခိုင်ဒေသအရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ILO ညီလာခံ မိန့်ခွန်း
ညီလာခံအ၀င် သတင်းထောက်တွေနဲ့ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)
မြန်မာပြည်ကို တာဝန်သိတဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ လာကြဖို့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ILO ညီလာခံမှာ အခုလေးတင် ပြောကြားလိုက်ပါတယ်။
မြန်မာပြည်မှာ မျှော်လင့်ချက်ကုန်ဆုံးနေတဲ့ အလုပ်လက်မဲ့လူငယ်တွေအတွက် လုပ်ငန်းတွေ လိုအပ်တယ်။
ရန်ကုန်မြို့ ဗြိတိသျှသံရုံးရှေ့ ဆန္ဒပြပွဲ
ရခိုင်ဒေသမငြိမ်မသက်မှုများနဲ့ ပတ်သက်ပြီး ပြည်ပအဖွဲ့အစည်းတချို့ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတခု ဒီမနက် ရန်ကုန်မြို့ ဗြိတိသျှသံရုံးရှေ့မှာ ပေါ်ပေါက်ခဲ့ပါတယ်။
ရခိုင်ဒေသမှာ ဖြစ်နေတဲ့ ပဋိပက္ခဟာ ဘာသာရေးပြဿနာကို အခြေခံထားတာ မဟုတ်ဘူးလို့လည်း ဆန္ဒပြသူတွေက ဆိုကြပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှု(Genocide) ဆီ ဦးတည်နေပြီလား ...
ယဉ်ကျေးမှုတိုင်းလိုလိုမှာ လူမျိုး၊ ဘာသာ၊ နိုင်ငံသား၊ အသားအရောင်၊ လိင် စတဲ့ ကွဲပြားခြားနားမှုတွေကို အခြေပြုပြီး ငါတို့နဲ့သူတို့ဆိုတဲ့ '' Us and Them'' ခွဲခြားမှုတွေရှိတတ်ပါတယ်။ ရန်၊ ငါ စည်းခြားတယ်လို့လဲ ဆိုနိုင်တာပေါ့။ ငါတို့ ဂျာမာန်တွေ၊ သူတို့က ဂျူးတွေ၊ ငါတို့က ဟူတူတွေ၊ သူတို့က တွတ်စီတွေ စသည်ဖြင့် လူလူချင်းအမျိုးအစားခွဲခြားလိုက်ခြင်း (Classification) ဟာ Genocide လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများ ဖြစ်ရခြင်းရဲ့ အစမှတ်လို့ ဆိုနိုင်ပါတယ်။မဲဆောက်က အမျိုးသမီး
လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က တွေ့ရတဲ့ ဒေါက်တာစင်သီယာမောင်ပုံ ဖြစ်ပါတယ်။
The Lady of Mae Sot လို့ အမည်ပေးထားတဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ နယ်စပ်ဒေသ လုပ်ငန်းဆောင်ရွက်မှုများအကြောင်း ရေးသားထားတဲ့ ဆောင်းပါးကို http://www.irrawaddy.org/archives/6469 မှာ ဖတ်နိုင်ပါပြီ။
Thursday, June 14, 2012
နယ်မြေအေးချမ်း သွားသော်လည်း ရခိုင် တိုင်းရင်းသားများ နေရပ်သို့ မပြန်ရဲ
ရန်ကုန်၊ ဇွန် ၁၃
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများမှာ ဒေသအချို့တွင် ပြန်လည်တည်ငြိမ်ပြီ ဖြစ်သော်လည်း ဒေသခံ ရခိုင် တိုင်းရင်းသားများမှာ ၎င်းတို့၏ နေရပ်သို့ ပြန်မသွားရဲဘဲ ရှိနေကြောင်း ဘူးသီးတောင်မြို့နယ်တွင် ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားသူများ ထံမှ သိရသည်။
“ဟိုမှာ ဘင်္ဂလီတွေ များတော့ တစ်ယောက်မှ မပြန်ရဲဘူး။ ပြန်သွားရင်လည်း သူတို့မှာ နေစရာအိမ်မှ မရှိတော့တာ” ဟု မောင်တောမြို့ ဗဟိုဘုန်းတော်ကြီးကျောင်းမှ သံဃာတစ်ပါးက မိန့်ကြားသည်။
မန္တလေးကွန်ပျူတာအသုံးပြုသူများ လူမှုကွန်ရက်

ဓာတ်ပုံ-Getty Images
ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များကြောင့် အိုးမဲ့အိမ်မဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေသော ပြည်သူများကို ကူညီ ထောက်ပံ့ရန်အတွက် မန္တလေးမြို့မှ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော မန္တလေးကွန်ပျူတာအသုံးပြုသူများ လူမှုကွန်ယက် (Mandalay Computer Society) မှလူအများပါဝင်သော ယာယီ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းလိုက်ပါသည်။
မြေမြိုသွားတဲ့ ကား

(ဓာတ်ပုံ- Rex)
မြေမြိုတယ်ဆိုတာ ရှေးက ဖြစ်ခဲ့ဖူးတယ်လို့သာ ကြားဖူးကြပါတယ်။ များသောအားဖြင့် မြေမြိုတယ်ဆိုတာ လူကို သာမြေမြိုတာကြားဖူးပါတယ်။ အခုတော့ ကားတစီး မြေမြိုသွားတာပါ။ အခုလို ကားမြေမြိုတာ ကတော့ တရုပ်နိုင်ငံ တောင်ပိုင်း Guilin မြို့မှာ ဖြစ်ပွားခဲ့တာကို ဇွန်လ ၈ ရက်နေ့က YAHOO! NEWS မှာ ဖော်ပြ ထားပါတယ်။Dublin က ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုထားသည့် ဆိုင်းဘုတ်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့တော်၊ အလယ်မှာ ရှိတဲ့ Liberty Hall မှာ အခုလို မီတာ ၂၀ အရှည်ရှိတဲ့ ဆိုင်းပုဒ်ကြီးနဲ့ ကြိုဆိုဖို့ ချိတ်ဆွဲထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် စတင်ထွက်ခွာလာပြီ
ဒေါ်စု မရောက်ခင် ဦးအောင်ကြည် ကြိုးပမ်းမှုကြောင့် ILOက ကန့်သတ်ချက်တွေ ရုပ်သိမ်းတာကို အမေစုကြောင့်လို့ ပြောကြဦးမလားမသိ
(ဇွန်လ ၁၃ ရက်နေ့တွင် ရေးသည်)
ဒီမေးခွန်းဟာ စိတ်ဝင်စားစရာ မကောင်းသေးဘူး။ ကောင်းလာတော့မှာ သေချာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ILO မှာ မိန့်ခွန်းပြောတော့မှာမလို့ ဖြစ်တယ်။ အခု မပြောသေးဘုးနော်။ မိန့်ခွန်းပြောတာနဲ့ ရုပ်သိမ်းတဲ့သတင်း ရောထွက်လာတာနဲ့ ဒေါ်အောင်ဆန်း စုကြည်ကြောင့်ပဲ ILO ဆန်ရှင် ရုပ်သိမ်းသွားသလိုလို အမြတ်ထုတ်မှာ ကြိုမြင်နေလို့ အခုလို ရေးလိုက်တာပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာမှ မဆိုင်ဘူး။
ဒီလင့်မှာ ကြည့် ။ ILO ကလည်း ဒဲ့ကို ရေးထားတယ်။
http://www.ilo.org/global/about-the-ilo/press-and-media-centre/news/WCMS_183287/lang--en/index.htm
“The decision, taken by the International Labour Conference during its annual meeting in Geneva, comes a day before Daw Aung San Suu Kyi, the Chairperson of the National League for Democracy (NLD) and Member of Parliament in Myanmar, addresses the Conference’s plenary on Thursday 14 June.”
အဲဒါက မြန်မာအစိုးရသစ်ကြောင့်ပဲ။ ဘယ်သူ့ကြောင့် ရုပ်သလဲ။ မြန်မာအစိုးရသစ်ကြောင့် ရုပ်တယ်။ အဖြေက ဒါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုးကွယ်နေသူတွေ ၀ိုင်းပြီး အမွှမ်းတင်မှာ ကြိုသိနေလို့ သူ မိန့်ခွန်းမပြောခင် ကြိုပြီးရေးလိုက်တာပဲ ဖြစ်တယ်။ ဒါတွေဟာ သမ္မတဦးသိန်းစိန် အစိုးရရဲ့ စွမ်းဆောင်ချက်- ဒေါ်အောင်ဆန်းစုကြည်နဲ့ မဆိုင်ဘူး။ ရှင်းအောင် ဒီမှာ ထပ်ရှင်းပြမယ်-
ဇွန်လ ၇ ရက်နေ့ ILO အစည်းအဝေးမှာ မြန်မာနိုင်ငံက ၀န်ကြီးဦးအောင်ကြည်နဲ့အတူ အလုပ်ရှင်၊ အလုပ် သမား ကိုယ်စားလှယ်တွေ တက်တယ်။ အဲဒီမှာ ဆန်ရှင်ကြောင့် ဘယ်လိုထိခိုက်နစ်နာနေရတယ် ဆိုတာကို အလုပ်ရှင်ကိုယ်စားလှယ်က တင်ပြတယ်။ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းပြီး ဘယ်လိုတိုးတက်မှုတွေ ရှိလာပြီဆိုတာကို အလုပ်သမား ကိုယ်စားလှယ်က ရှင်းတယ်။
ဦးအောင်ကြည်ရဲ့ ရှင်းလင်းချက်မှာ မြန်မာနိုင်ငံအနေနဲ့ ဘာတွေ လုပ်ဆောင်နေတယ်။ အစိုးရသစ် လ်ကထက်မှာ ဘယ်လိုမျိုးတွေ ဆောင်ရွက်နေတယ ဆိုတာကို တစ်ချက်ချင်း ရှင်းထားတယ်။ ILO နဲ့ မြန်မာနိုင်ငံအကြားမှာ ထားရှိခဲ့တဲ့ ကတိက၀တ်တွေ၊ ကွန်ဗင်းရှင်းတွေအပေါ်မှာ မြန်မာနိုင်ငံအနေနဲ့ ဘယ်လောက်အလေးထားပြီး ဆောင်ရွက်ခဲ့တယ် ဆိုတာကို ရှင်းပြတယ်။ ဒါတွေက တစ်ကယ်လုပ်မှ ရှင်းနိုင်တာ။ တစ်ကယ်မလုပ်ရင် ILO ကလည်း သိနေတာပဲ မဟုတ်လား။ ပြီးတော့ ဦးအောင်ကြည်က တားမြစ်ချက်တွေ ရုပ်သိမ်းပေးဖို့ အချိန်တန်နေပြီ ဖြစ်ကြောင်း တောင်းဆိုခဲ့တယ်။ ဒါကို ဇွန်လ ၁၃ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားတာကို တွေ့ရှိနိုင်ပါတယ်။
အဲဒီနောက် ၂၀၁၂ ခုနှစ် ၁၀၁ ကြိမ်မြောက် ညီလာခံမှာ ILO ရဲ့ Resolution concerning the measures on the subject of Myanmar adopted under article 33 of the ILO Constitution မှာ မြန်မာနိုင်ငံအပေါ် ILO က ပိတ်ဆို့တားမြစ်ထားတဲ့ ကန့်သတ်ချက်တွေ ရုပ်သိမ်းပေးလိုက်တယ်။ ဒါကိုလည်း ILO က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာမှမဆိုင်ကြောင်း သိသာ ထင်ရှားအောင် သတင်းထုတ် တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း မပြောခင် (၁)ရက်အလို ဆိုပြီး ဒဲ့ကြီးကို ထည့်သွင်းဖော်ပြ ထားတာ တွေ့ရှိရတယ်။
ဒါဆိုရင် ရှင်းမယ် ထင်ပါတယ်။ ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပဲ ရုပ်သလိုလို ရောကြိမ်ပြီး ကျိန်းသေ အမှတ်ယူတော့မှာ ကြိုသိနေတဲ့အတွက် ရှင်းလင်းအောင် ကြိုပြီး အသိပေးထားတာနော်။ ကြိုပြောထားရဲ့သားနဲ့ အသားယူလာရင်၊ ဦးသိန်းစိန် လုပ်တာ သူပဲလုပ်သလိုလို အချောင်နှိုက်လာရင် ပိုးစက်ပက်စက် ပြောလိုက်မယ် ဆိုတာ ကြိုပြီး ကြေညာလိုက်တာပဲ ဖြစ်တယ်။
“အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ မြန်မာနိုင်ငံအပေါ် ကန့်သတ်ချက် အများစုကို ရုပ်သိမ်း”
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလုပ်သမား ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
“အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO)မှ မြန်မာနိုင်ငံ အပေါ်တားမြစ် ကန့်သတ်ချက် အများစုကို ရုပ်သိမ်းခြင်း”
၁။ မြန်မာနိုင်ငံမှ အဓမ္မစေခိုင်းမှု ပပျောက်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များ နှင့် စပ်လျဉ်း၍ ၁၉၉၉ ခုနှစ် (၈၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ ညီလာခံနှင့် ၂ဝဝဝ ပြည့်နှစ် (၈၈)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတို့မှ မြန်မာနိုင်ငံအပေါ် တားမြစ် ကန့်သတ်သော ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အဓမ္မစေခိုင်းမှု ပပျောက်ရေး ဆောင်ရွက်ချက်များကို (ILO) အုပ်ချုပ်ရေး အဖွဲ့ဝင် အစိုးရ၊ အလုပ်သမားနှင့် အလုပ်ရှင် ကိုယ်စားလှယ်များ ပါဝင်သော ဆုံးဖြတ် ချက် မူကြမ်း ရေးဆွဲရေး ကော်မတီ (Selection Committee) သည် ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ အသေးစိတ် လေ့လာ သုံးသပ် ဆွေးနွေးခဲ့ကြပြီးနောက် ဆုံးဖြတ်ချက် မူကြမ်းကို ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် (၁ဝ၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ စုံညီ အစည်းအဝေးသို့ တင်သွင်းခဲ့ပါသည်။
၂။ ညီလာခံတွင် (Selection Committee) မှ တင်သွင်းခဲ့သည့် ဆုံးဖြတ် ချက် မူကြမ်းကို တက်ရောက် လာကြသော အစိုးရ ကိုယ်စားလှယ်များ၊ အလုပ်သမား အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အလုပ်ရှင် အဖွဲ့အစည်း ကိုယ်စားလှယ်များက တညီတညွတ်တည်း တစ်ခဲနက် ထောက်ခံ ခဲ့ကြသောကြောင့် ဆုံးဖြတ်ချက်သည် ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁ဝ မိနစ်(မြန်မာစံတော်ချိန် ည ၁ဝ နာရီ မိနစ် ၄ဝ)တွင် အတည် ဖြစ်ခဲ့ပါသည်။
၃။ (၁ဝ၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ က အတည်ပြုခဲ့သော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်မှ လိုရင်း အချက်များမှာ-
(က) ၁၉၉၉ ခုနှစ် (၈၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး ရာ ညီလာခံမှ ချမှတ်ခဲ့သည့် တားမြစ် ကန့်သတ်ချက် အားလုံးကို ရုပ်သိမ်းရန်၊
(ခ) ၂ဝဝဝပြည့်နှစ် (၈၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ ညီလာခံမှ ချမှတ်ခဲ့သည့် တားမြစ် ကန့်သတ်ချက် ငါးချက် ရှိခဲ့ပါသည်။ ယင်းငါးချက်အနက် ကန့်သတ်ချက် အပိုဒ်ခွဲ (ဂ) ဖြစ်သော မြန် မာနိုင်ငံနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ပြန် လည်စဉ်းစား သုံးသပ်ရန် အချက်၊ အပိုဒ်ခွဲ (ဃ) ဖြစ်သော မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကုလသမဂ္ဂ ညီလာခံနှင့် ECOSOC အစည်းအဝေး၌ ဆုံးဖြတ်ချက်များ ချမှတ်ပေးရန် အချက်၊ အပိုဒ်ခွဲ(င) ဖြစ်သော မြန်မာ နိုင်ငံက စုံစမ်းရေး ကော်မရှင်၏ ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင် ရွက်မှုများအား အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသို့ အစီရင်ခံရန် အချက်တို့ကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ပါသည်။ အပိုဒ်ခွဲ (ခ) ဖြစ်သော မြန်မာ နိုင်ငံနှင့် ဆက်ဆံရေးတွင် လိုအပ်သော သုံးသပ်မှုများ ပြုလုပ်ရန် တားမြစ် ကန့်သတ်ချက်ကို တစ်နှစ်ဆိုင်းငံ့ရန် (suspend) ဆုံးဖြတ်ခဲ့ပါသည်။ ထို့အပြင် အပိုဒ်ခွဲ (က) အရ ဆောင်ရွက်သော အထူးအစည်းအဝေး (Special Sitting) ကို ယခုကဲ့သို့ အဓမ်မစေခိုင်းမှု ပပျောက်ရေး လုပ်ငန်း များ ကြိုးပမ်း ဆောင်ရွက်နေသမျှ ရပ်စဲထားရန် ဖြစ်ကြောင်း (Selection Committee) အစည်းအဝေး မှတ်တမ်းတွင် ဖော်ပြထားပါသည်၊
(ဂ) လျင်မြန်စွာ ပြောင်းလဲနေသော မြန်မာနိုင်ငံအတွက် အခွင့်အရေးများ လက်လွတ်ဆုံးရှုံးမှု မရှိစေရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့က မြန်မာနိုင်ငံအပေါ် နည်းပညာ အကူအညီများ ဦးစားပေး ဆောင် ရွက် ပေးသွားရန်နှင့် လိုအပ်သော ဘဏ္ဍာငွေ အရင်းအမြစ်များကို အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ အစည်းများက ထည့်ဝင်ကြရန်၊
(ဃ) နိုင်ငံတော် အစိုးရသည် သတ်မှတ်ထားသော ရည်မှန်းချက်ကာလ ထက်စော၍ အဓမ္မ စေခိုင်းမှု ပပျောက်စေရန် ပူးတွဲ မဟာဗျူဟာကို အလျင် အမြန် အကောင်အထည်ဖော်ရန်၊
၎။ တားမြစ်ကန့်သတ်ချက်များကို ရုပ်သိမ်း၊ ပယ်ဖျက်၊ ဆိုင်းငံ့ခြင်း တို့ကြောင့် မြန်မာပြည်သူ ပြည်သားများ၏ အကျိုးစီးပွားအတွက် EU နှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် အထူး အကျိုးခံစားခွင့်များ ရရှိလာနိုင်ပါသည်။
၅။ (၁ဝ၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ သို့ ပြည်ထောင်စု သမ်မတမြန်မာ နိုင်ငံတော်၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်တို့ ဦးဆောင်၍ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်စဉ်တွင် ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင် စု ရှေ့နေချုပ်တို့မှ နိုင်ငံတကာ အစိုးရအဖွဲ့အစည်းများ၊ အလုပ်ရှင် အဖွဲ့ အစည်းများနှင့် အလုပ်သမား အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များကို တွဆေုံ့ပြီး မြန်မာနိုင်ငံ၏ တိုးတက် ဖြစ်ပေါ်မှုနှင့် အကောင်အ ထည်ဖော် ဆောင်ရွက်နေမှုများအား ပြည့်စုံပီပြင်စွာ ဆွေးနွေးရှင်းလင်းခဲ့ သဖြင့် မြန်မာပြည်သူ ပြည်သားများ၏ ကောင်းကျိုးအတွက် အကျိုး ရလဒ်ကောင်းများ ဆောင်ကြဉ်း ပေးနိုင်ခြင်း ဖြစ်ပါကြောင်း ဖော်ပြအပ် ပါသည်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-














.jpg)