ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့
တိုင်းရင်းသားလက်နက်ကိုင် တပ်တွေ
တိုက်ပွဲဖြစ်လို့ ပလောင်ပြည်သူ ၁၀ဝဝ
ကျော် ဘေးလွတ်ရာကို ထွက်ပြေး
တိမ်းရှောင်နေရပါတယ်။
ပလောင် စစ်ပြေးဒုက္ခသည်များရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့ နယ်နဲ့ နမ့်ဆန်မြို့ နယ်ထဲမှာ
ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ပွဲတွေဆက်နေတဲ့အတွက်ထွက်ပြေးတိမ်းရှောင်သူ တထောင်ကျော်
သွားပြီလို့တအောင်းပလောင်ကျောင်းသားနှင့်လူငယ်များအစည်းအရုံးအဖွဲ့ဝင် လွေးပိုးရိန်းက
ပြောပါတယ်။
“အဓိကကေတာ့ သူတို့က မန်တုံမှာကျေတာ့ နယ်စပ်တွေမှာလည်း မနီးတဲ့အခါကျေတာ့
တောထဲမှာ ထွက်ပြေးကြတာများတယ်။
၁၀ဝ၀ ကျော်လောက်ရှိမယ်။ ကလေးတွေ၊ အမျိုးသမီးတွေပါတယ်။ အမျိုးသားတွေက အသက်ကြီးပိုင်းတွေများတယ်။
လူလတ်ပိုင်းတွေက စစ်ထဲဝင်ရမှာစိုးလို့ နယ်စပ်တွေသွားပြီး အလုပ် လုပ်ကြတာတွေ
ရှိတယ်။
”တိုက်ပွဲတွေဟာ ကေအိုင်အေ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ ကွတ်ခိုင်မြို့
အေနာက်ခြမ်းနဲ့ မန်တုံမြို့နယ် တောင်ဘက်၊ နမ့်ဆန်မြို့နယ် မြောက်ဘက်ခြမ်း၊
နမ့်တူမြို့နယ် မေဝါရွာ အနီးတဝိုက် ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
အစိုးရတပ်ရင်း ၅ ခုက အင်အား တေထာင်လောက် အဲဒီဒေသထဲ ဝင်ရောက်လှုပ်ရှားလာရာက
ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်၊ တေအာင်း အမျိုးသား လွတ်မြောက်ရေး
တပ်မေတာ်၊
ရှမ်းပြည်တပ်မေတ်ာမြောက်ပိုင်းကတပ်ရင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့
ပလောင်လူငယ်
အဖွဲ့က ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူအများစုဟာ မန်တုန်မြို့နယ် ပန်ခါးကြီး၊ ပန်ခါးလေး၊ နားအော့၊ ဆန်ကော၊
ကုန်းပေါင် စတဲ့ရွာနဲ့ နမ့်တူမြို့နယ် မေဝါရွာဘက်က ရွာသားတြွေဖစ်ပြီး စိုးရိမ်မကင်းဖြစ်ပြီး
နေထိုင်နေရတဲ့ ရွာတွေပါဆိုရင် စုစုပေါင်း ၁၀ ရွာလောက်ရှိမယ်လို့ ဆိုပါတယ်။
အဲဒီစစ်ဘေးရှောင်ပြည်သူတွေဟာ မန်တုံမြို့ပေါ်နဲ့ တောတွင်း ထွက်ပြေးနေပြီးတောတွင်း
က လူတွေအတွက် အကူအညီပေးဖို့ ခက်တယ်လို့ ဆိုပါတယ်။
ဒီလိုတိမ်းရှောင်တဲ့အတွက် ရွက်နုလက်ဖက်တွေ မဆွတ်ခူးနိုင်ဘဲ ရင့်ရော်ကုန်လို့
နစ်နာကြတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဖက်မှာလည်း တိုက်ပွဲတွေပြင်းထန်လို့ စစ်ရှောင် ဒုက္ခသည်
၆ ထောင်ကျော် ဖားကန့်မြို့ ပေါ် တက်ပြေးကြသလို ကချင်ပြည်နယ် တခုတည်းတင်
စစ်ရှောင်ဒုက္ခသည်ပေါင်း ၉ သောင်းဝန်းကျင်ကို ရောက်နေပြီလို့ ကယ်ဆယ်ရေး
လုပ်သားတွေက ပြောပါတယ်။
DVB (မြန်မာပိုင်း)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment