ကရင်ပြည်နယ်အတွင်း ကရင့်လက်နက်ကိုင်အဖွဲ့တွေအကြားအချင်းချင်း ပဋိပက္ခမဖြစ်ရေးနဲ့ အဖွဲ့တွေအကြား ညီညွတ်ရေးအတွက် ကရင်လက်နက်ကိုင်အဖွဲ့တွေက မနေ့က တွေ့ဆုံဆွေးနွေ ခဲ့ကြပါတယ်။ဒီတွေ့ဆုံပွဲမှာ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုး သားအစည်းရုံးကေအန်ယူ ထိပ်တန်းခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်ကျော်သက် ဦးဆောင်တဲ့ DKBA က တပ်မှူးကြီးတွေ၊ ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်တဲ့ DKBA က တပ်မှူးကြီးတွေ၊ KNU/ KNLA (PC) အဖွဲ့က ခေါင်းဆောင်တွေအပြင် KNU/KNLA (PC) အဖွဲ့က ထုတ်ပယ်တာခံ ထားရတဲ့ အဖွဲ့တွေပါ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။