ပခုက္ကူဘက်ကမ်းမှ ခရီးသည်နှင့် ဆိုင်ကယ်များတင်ဆောင်၍ ကျောချောင်းကို
ကူးဖြတ်လာသော ကူးတို့လှေတစ်စီးသည် မကွေးတိုင်းဒေသကြီး
ပေါက်မြို့သို့သွားရာ၌ ကမ်းမဖြူဆိပ်အနီးတွင် နစ်မြုပ်မှု တစ်ခုစက်တင်ဘာလ ၎
ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ပြီး ကျောင်းဆရာမ ၄ ဦးနှင့်
လှေလုပ်သား ၆ ဦးအပါအ၀င် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
ချင်းပြည်နယ် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့များနှင့်
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆော၊ ကျော၊ ပေါက်၊ ထီးလင်း၊
ဂန့်ဂေါမြို့များသို့ ပခုက္ကူမြို့မှ သွားရောက်ရာတွင် ရေပြာလမ်းခွဲမှ
အသစ်ဖောက်လုပ်ထားသော လမ်းတွင် တံတားနှစ်စင်း ပြုပြင်နေဆဲဖြစ်သောကြောင့်
ယခင်လမ်းဟောင်းမှသာ သွားလာကြရကြောင်း ထိုသို့ သွားလာရာတွင်
ကျောချောင်းရေစီးချိန်ဖြစ်ပါက ကူးတို့လှေများဖြင့် ကူးဖြတ်ရလေ့ရှိကြောင်း
စက်တင်ဘာလ ၃ ရက်နေ့က ရွာသွန်းခဲ့သော မိုးရေများကြောင့်
ချောင်းရေကျနေစဉ်ဖြတ်ကူးရာမှ ရေအားများ၍ နစ်မြုပ်ခဲ့ကြောင်း သိရသည်။
''လှေနဲ့ ကူးတယ်ဆိုပေမယ့် လူတွေက ရေထဲကနေ ကိုယ်ဖော့ပြီး လှေကိုရေစီးနဲ့
အလိုက်သင့်မျောပြီး တွန်းပေးရတဲ့လှေပါ။ တက်နဲ့ လှော်လို့မရပါဘူး။
မှောက်တဲ့လှေပေါ်မှာ ဆိုင်ကယ်ငါးစီးပါပြီး တစ်စီးထဲဆယ်လို့ရပါတယ်။ ခရီးသည်
ဘယ်နှစ်ဦး တင်လာမလဲမသိတော့ အရေအတွက် အတိအကျ မသိရသေးပါဘူး။ လှေတွန်းတဲ့
လုပ်သားတွေထဲက ကိုးဦးက အသက်ရှင်ပေမယ့် ခြောက်ဦးက ရှာမတွေ့သေးပါဘူး။
ကျောချောင်းက သဲချောင်းဆိုတော့ ကားတွေနစ်တဲ့ အခါမျိုးမှာဆိုရင် သဲဖို့
သွားလေ့ရှိပါတယ်။ ဒီနေ့ စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်း
ရေနည်းနည်းကျသွားတဲ့အထိ ဘာမှတွေ့တာ မရှိသေးပါဘူး''ဟု ပေါက်မြို့မှ
သေဆုံးခဲ့သော ကျောင်းဆရာမတစ်ဦး၏ သူငယ်ချင်းက ပြောကြားသည်။
အဆိုပါလှေပေါ်တွင် ပေါက်မြို့တစ်ဖက်ကမ်း ညောင်ဝန်းပေါက်ကျေးရွာမှ ဆရာမ ၎
ဦးနှင့် နံ့သာရွာမှ ဆရာမတစ်ဦး စီးနင်းလိုက်ပါခဲ့ပြီး လှေသမားမှ
ကယ်တင်နိုင်သောကြောင့် တစ်ဦးသာ အသက်ရှင်ကျန်ခဲ့ကြောင်း၊
နစ်မြုပ်သေဆုံးခဲ့သော ဆရာမ ၄ ဦးအနက် ပေါက်မြို့၊
အောင်တံချွန်တိုးချဲ့ရပ်ကွက်နေ ဒေါ်နှင်းနှင်းဝေ အသက် ၄၅ နှစ်တစ်ဦးသာ
အလောင်းရရှိခဲ့ပြီး စက်တင်ဘာလ ၅ ရက်နေ့က သဂြိုဟ်ခဲ့ကြောင်း သိရသည်။
ရှာဖွေမတွေ့သေးသော ဆရာမ ၃ ဦး အနက် ၂ ဦးမှာ ဒေါ်လှသိန်းနှင့်
ဒေါ်ခင်မြတ်နွယ်တို့ဖြစ်ကြောင်း သိရသည်။
''ကျွန်တော် အဓိကပြောချင်တာကတော့ ရေပြာလမ်းခွဲအသစ်ပေါ်က တံတားနှစ်စင်းကို အမြန်ဆုံး ပြုပြင်ပေးဖို့ပါ။ တံတားတွေက အရင်နှစ် O2B
မုန်တိုင်းကျပြီးကတည်းက ကျိုးပျက်နေခဲ့တာပါ။ အခုလိုမိုးတွင်းကာလမှာ
ခေတ်မမီတော့တဲ့ လှေနဲ့ ဖြတ်ကူးရတဲ့ ဆက်သွယ်ရေးကြောင့် အခုဆိုရင်
ကျွန်တော့်ညီမအပါအ၀င် တန်ဖိုးရှိတဲ့ ကျောင်းဆရာမတွေ အသက်ဆုံးရှုံးခဲ့ရပါပြီ။
ဒီလမ်းဆိုတာလည်း ပခုက္ကူကနေ ချင်းပြည်နယ်ဘက်ကို ဆက်သွယ်ဖို့ အဓိကအရေးကြီး
တဲ့ လမ်းပိုင်းတစ်ခုပါပဲ''ဟု အသက်ဆုံးရှုံးခဲ့ရသော ဒေါ်နှင်းနှင်းဝေ၏
အစ်ကိုဝမ်းကွဲတော်စပ်သူတစ်ဦးက ပြောကြားသည်။
ပခုက္ကူမြို့မှ ပေါက်မြို့သို့ ဆက်သွယ်သည့် ထိုလမ်းကြောင်းမှာ စက်တင်ဘာလ ၃
ရက်နေ့က မိုးရွာသွန်းပြီးနောက်ပိုင်း စက်တင်ဘာလ ၅ ရက်နေ့အထိ
ကားများသွားလာ၍ မရသေးကြောင်း သိရသည်။
အဆိုပါ လှေမှောက်မှုကိစ္စနှင့် ပတ်သက်၍ ပေါက်မြို့ရဲစခန်းသို့ စက်တင်ဘာလ ၅
ရက်နေ့ ည ၉ နာရီမိနစ် ၃၀ ခန့်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်စုံစမ်းကြည့်ပါရန်
ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ဖုန်းဖြင့်
ဆက်သွယ်မေးမြန်းရာ ထိုကိစ္စနှင့်ပတ်သက်၍ ဘာမျမသိရသေးကြောင်းသာ
ဖြေဆိုခဲ့ပါသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment