ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)နှင့် ၁၀၅ မိုင်ကြားရှိ နမ်တောင်း (Namtau)တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အောက် အရပ်သားကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)မှ မှုးယစ်ဆေး တိုက်ဖျက်ရေးကို အရေးယူ ဖမ်းဆီးမှုစတင်လုပ်ဆောင်နေကြောင်းသိရသည်။
KIO မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီများနှင့် ဒေသခံအမျိုးသမီးအဖွဲ့များ၊ လူငယ်များပေါင်းပြီး တိုက်ဖျက်ရေးကို စက်တင်ဘာ ၁ ရက်နေ့မှစပြီး ပြင်းထန်စွာလုပ်ဆောင်ခဲ့ကြောင်း ဒေသခံတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
“ကျတော်တို့ ဒီဘက်မှာရှိနေတဲ့ အရပ်သားကာကွယ်ရေးတပ်ဖွဲ့များနဲ့ ကျေးရွာသားများက စီမံကိန်းများချပြီး လိုင်ဇာဗဟိုဌာနချုပ် ညွှန်ကြားချက်အရ ဘိန်းဖျက်မှုကို စတင်လုပ်ဆောင်လာခြင်းဖြစ်တယ်။ ဒီနေ့ ဖမ်းတဲ့သူတွေ စိတ်ဆုံးဖြတ်ပြီး ရောက်လာ သူ ၉၂ ယောက် ရှိတယ်” ဟု ဆိုသည်။
ကျေးရွာရှိ ရပ်မိရပ်ဖများမှ ပါဝင်ပြီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ထိန်းချုပ်ရာနေရာတိုင်းတွင် စစ်ဆေးဖမ်းဆီးမှုများလုပ်ဆောင်ပြီး အသင်းတော်ဆရာ/မ များမှလည်း တရားဒေသနာများဝေငှခြင်းကြောင့် ကိုယ်တိုင်စိတ်ဆုံးဖြတ်ချက်ဖြင့် ရောက်ရှိလာသူများရှိကြောင်းသိရသည်။
ထိုနေ့ ဖမ်းဆီးသည့် သူများသည် မုန်ဂူးဒေသ (Munggu)၊ မုန်ဘော်ဒေသ (Mungbaw) များနှင့် နမ်တောင်း (Namtau) ဒေသကျေးရွာ များမှဖြစ်ကြောင်း သိသည်။
“ဘိန်းစားတဲ့သူ ရောင်းတဲ့လူတွေကို camp လိုပြုလုပ်ပြီး လုပ်ဆောင်ပေးထားတယ်။ ကိုယ့်ရွာထဲမှာရှိတဲ့ မှုးယစ်ဆေးစားနေတဲ့သူတွေ ရောင်းနေ တဲ့သူတွေကို ဖျက်ပေးတာ အခုစလာတာဟုတ်တယ်” ဟု MHH တပ်ခွဲ (၅) တာဝန်ရှိသူတစ်ဦှးပြောသည်။
ထိုနေ့တွင် ၁၀ ဦးထံမှ မူးယစ်ပစ္စည်းများဖမ်းဆီးရမိသည်။ ထိုသူများကို ထိပ်တုံးခတ် ဒဏ်ခတ်ထားပြီး မှုးယစ်ဆေးများကိုမူ အများပြည်သူရှေ့တွင် မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်းလည်း အရပ်သားကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၅)မှ ပြောသည်။
ယခုချိန် လာရှိုးဘက်မှ ရောက်ရှိလာသည့် မြန်မာအစိုးရ ခလရ (၆၉) တပ်ဖွဲ့မှ ၎င်းမူးယစ်တိုက်ဖျက်သည့် ဒေသဝန်းကျင်တွင်ရောက်ရှိနေကြောင်းသိရသည်။
အဓိက ထိုသို့ပြုရခြင်းရည်ရွယ်ချက်သည် ကချင်ပြည်သူလူထုသည် မြန်မာအစိုးရ၏ ပစ်ခတ်တိုက်ခိုက်သေဆုံးမှု မရှိသလောက်ရှိသော်လည်း ဘိန်းစားပြီးသေဆုံးတာ အများဆုံးဖြစ်နေခြင်းကြောင့် ယခုလိုပြုလုပ်ခြင်း ဖြစ်ကြောင်း ဆိုသည်။ ရှမ်းပြည်မြောက်ပိုင်းတိုင်းတွင် မှုးယစ်ဆေး ဘိန်းတိုက်ဖျက်မှုကို KIO အရပ်သား ကာကွယ်ရေးတပ်ဖွဲ့ MHH တပ်ဖွဲ့ (၅) မှ ပထမဆုံး စတင်ခဲ့ခြင်းဖြစ်သည်။
KIO သည် အစိုးရနှင့် စစ်ရေး စတင်တင်းမာလာချိန်မှစ၍ ဘိန်းတိုက်ဖျက်ရေး အစီစဉ်များကို ၎င်းထိန်းချုပ် နယ်မြေတွင်း နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျက်ရှိသည်။
KIO ဗဟိုဌာနချုပ်လိုင်ဇာနှင့် အခြား ထိန်းချုပ်နယ်မြေတွင် မှုးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို နှစ်စဉ် နှစ်တိုင်းပြုလုပ်လျက်ရှိပြီး ၎င်းတိုက်ဖျက်ရေးနေ့ကို ၂၀၁၀ အောက်တိုဘာလမှစတင်ကာ ပြင်းထန်စွာ ပြုလုပ်လာခဲ့သည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment