မူလစာမျက်နှာ
သတင်း
ဆောင်းပါး
အိတ်ဖွင့်ပေးစာ
NLD
၈၈ မျိုးဆက်
ကာတွန်း
နိုင်ငံတကာရေးရာ
စီးပွားရေးသတင်း
နည်းပညာ
အထူးသတင်း
အနုပညာ
ဓာတ်ပုံ
အထွေထွေ
Wednesday, March 30, 2016
ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံထားရသူများ ကတိသစ္စာပြု၊ ဒေါ်အောင်ဆန်းစုကြည် ၀န်ကြီးဌာန လေးခုကို တာဝန်ယူမည်
ဆက်လက်ဖတ်ရှုရန် »
“နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်၏မိန့်ခွန်း”(အနှစ်ချုပ်)
-အစိုးရသစ်အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေး၊ ပြည်သူများ၏လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်ရေး
ဆက်လက်ဖတ်ရှုရန် »
သမ္မတဦးထင်ကော်ျအစိုးရသစ် သမိုင်းစာမျက်နှာဖွင့်မည့် မတ်လ ၃၀ ရက်
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအဖွဲ့ဟာ တရားဝင်တာဝန်တွေ စတင်ထမ်းဆောင်ဖို့ ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကျမ်းသစ္စာကျိန်ဆိုကြတော့မှာပါ။
ဆက်လက်ဖတ်ရှုရန် »
ထိုင်းဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို ကော်မရှင်ထုတ်ပြန်
ထိုင်းနိုင်ငံမှာ အဆိုပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဟာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့အပြင် လွန်ခဲ့တဲ့ ၂ နှစ်ကပဲ အာဏာသိမ်းထားတဲ့ စစ်တပ်ကို လုပ်ပိုင်ခွင့် အာဏာတွေ အပ်နှင်းထားလွန်းတယ်လို့ ဝေဖန်မှုတွေ ရှိနေတဲ့ကြားကပဲ အဆိုပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အင်္ဂါနေ့က အများပြည်သူသိအောင် ထုတ်ပြန်လိုက်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းအပေါ် သုံးသပ်ချက်တချို့
သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ဦးထင်ကျော် ဒီကနေ့ မတ်လ ၃၀ ရက်နေ့ ကျမ်းသစ္စာ ကျိန်ဆိုတော့မှာ ဖြစ်တဲ့အတွက် သမ္မတဦးသိန်းစိန်ရဲ့ ၅ နှစ်တာ လုပ်ငန်းတာဝန်တွေ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ပြုပြင် ပြောင်းလဲရေး ဆောင်ရွက် ချက်တွေအပေါ် အမြင်သဘောထားတွေလည်း မြန်မာ့အရေး သုံးသပ်သူတွေကြားမှာ အမျိုးမျိုး ရှိနေပါတယ်။
ဆက်လက်ဖတ်ရှုရန် »
အစိုးရနှင့် ပူးပေါင်းကြီးပွားလာသော ခရိုနီမဟုတ်ဟု ဦးခင်ရွှေပြော
အစိုးရနှင့်ပူးပေါင်းပြီး အောင်မြင်ကြီးပွားလာသည့် ခရိုနီလုပ်ငန်းရှင် မဟုတ်ကြောင်း ဇေကမ္ဘာကုမ္ပဏီအကြီးအကဲ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးခင်ရွှေက ပြောသည်။
မတ်လ ၂၈ ရက်တွင် ရန်ကုန် မြို့ သုဝဏ္ဏလမ်းဆုံရှိ မြန်မာနိုင်ငံဆောက် လုပ်ရေးလုပ်ငန်းရှင်များ အသင်းရုံးခန်း၌ ကျင်းပသည့် သတင်းစာရှင်းလင်း ပွဲတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။
ဆက်လက်ဖတ်ရှုရန် »
သမ္မတသစ် ဦးထင်ကျော်အကြောင်း စာအုပ်ထွက်ရှိ
အချိန်ကိုက်၍ ပေါ်ထွက်လာသော စာအုပ်၏ မျက်နှာဖုံးပုံ
ယနေ့ မတ်လ ၃၀ ရက် တွင် မြန်မာနိုင်ငံ၏ သမ္မတသစ် ဖြစ်လာသူ ဦးထင်ကျော်အ ကြောင်း ရေးထားသည့် စာအုပ်ထွက်ရှိလာကြောင်း သတင်းရရှိသည်။
‘မြန်မာနိုင်ငံ၏ ကိုးဦးမြောက် နှင့် (၅၄)နှစ်အတွင်း ပထမဆုံး အရပ်သား သမ္မတ ဦးထင်ကျော်’ ဟု အမည်ပေးထားသည့် အဆိုပါ စာအုပ်ကို နေရီရီစာအုပ်တိုက်က တန်ဖိုး ၂,၃၀၀ ကျပ်ဖြင့် ပုံနှိပ် ထုတ်ဝေခြင်းဖြစ် သည်။
ဆက်လက်ဖတ်ရှုရန် »
မြန်မာပြည်တောင်ဖျားက အမျိုးသမီးဝန်ကြီးချုပ်အတွက် စိန်ခေါ်မှု
သမ္မတသစ်ဦးထင်ကျော်က တာဝန်ပေး ခန့်အပ်လိုက်သောတိုင်းနှင့်ပြည်နယ် ၁၄ ခု၏ ဝန်ကြီးချုပ်များစာရင်းတွင် အမျိုးသမီးဝန်ကြီးချုပ်နှစ်ဦး ပါဝင်သည်။
ထိုအမျိုးသမီးဝန်ကြီးချုပ် နှစ်ဦးအနက် တစ်ဦးမှာမြန်မာနိုင်ငံတောင် ဖျားပိုင်း တနင်္သာရီတိုင်းကိုတာဝန်ယူအုပ်ချုပ်ရမည့် ဒေါက်တာလဲ့လဲ့မော် ပင်ဖြစ်သည်။
ဆက်လက်ဖတ်ရှုရန် »
သမ္မတဦးထင်ကျော်အာဏာရပြီ
ဆက်လက်ဖတ်ရှုရန် »
Tuesday, March 29, 2016
ထင်သာမြင်သာ ရက် ၁၀၀ စီမံကိန်းနဲ့ ပျားရည်မြစ်တို့ စီးလာပြီ
လာမယ့် မတ်လ ၃၁ ရက်နေ့ဆိုရင်တော့ ပြည်သူအများစု လက်မခံတဲ့အပြင် အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ ဆန့်ကျင်သပိတ်မှောက်နေတဲ့ကြားက စစ်အာဏာရှင်တွေ စိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ သူ့ဖဲသူချိုးပြီး ကျင်းပခဲ့တဲ့ အငြင်းပွားစရာ ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး တိုင်းပြည်အာဏာရယူထားခဲ့တဲ့ ဦးသိန်းစိန်တို့ရဲ့ စစ်ဘောင်းဘီချွတ် အစိုးရဟာ သက်တမ်းကုန်ဆုံးလို့ နိဋ္ဌိတံပါတော့မယ်။
ဆက်လက်ဖတ်ရှုရန် »
တပ်မတော်ကို ကျေးဇူးရှင်အဖြစ် တစ်သက်လုံးခံယူသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
တစ်ရက်စစ်သားဖြစ်ပါက ထာဝရစစ်သားဖြစ်သည်ဆိုသည့်စကားအတိုင်း တပ်မတော်ကို မိမိတို့၏ကျေးဇူးရှင်အဖြစ် တစ်သက်လုံးခံယူသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အငြိမ်းစားအရာရှိကြီးများအား တင်ပြခဲ့သည်။
မတ်လ ၂၇ ရက် တပ်မတော်နေ့ (ဖက်ဆစ်တော်လှန်ရေးနေ့) နေ့လည်ပိုင်း တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပသည့် တပ်မတော်အငြိမ်း စားအရာရှိကြီးများအား ဂါရ၀ပြုစဉ် ပြောဆိုခြင်းဖြစ်သည်။
ဆက်လက်ဖတ်ရှုရန် »
နိုင်သက်လွင်အား ပါတီကိုအသိမပေးဘဲ တိုင်းရင်းသားရေးရာ ၀န်ကြီး ခန့်အပ်သည့်အပေါ် မွန်အမျိုးသားပါတီမှ ကြေညာချက်ထုတ်ပြန်မည်
မွန်အမျိုးသားပါတီမှ နိုင်သက်လွင်အား အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းရင်းသားရေးရာ ၀န်ကြီးအဖြစ် ခန့်အပ်ခဲ့မှုအပေါ် မွန်အမျိုးသားပါတီမှ ကြေညာချက် ထုတ်ပြန်ရန် ရှိနေကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်ကို လာမည့် ဧပြီလ ၂ ရက်နေ့တွင် ပြုလုပ်မည့် မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းဝေးအပြီးတွင် ထုတ်ပြန် မည်ဖြစ်သည်။
ဆက်လက်ဖတ်ရှုရန် »
ရခိုင်အမျိုးသားပါတီ၏ လုပ်ရပ်အပေါ် ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ဦးညီပု ဝေဖန်
မတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမအကြိမ်မြောက်နေ့တွင် ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်များ၏ ပြုမူဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သစ် ဦးညီပုက ဝေဖန်ပြောကြားလိုက် သည်။
ဆက်လက်ဖတ်ရှုရန် »
ANP အမတ်များ ဝန်ကြီနေရာ လက်ခံပါက သိန်း ၅၀၀ လျော်ရမည်
မကြာမီ ရက်ပိုင်းအတွင်း အသစ်ပြန်လည် ဖွဲ့စည်းမည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးနေရာများကို လက်ခံမည်ဆိုပါက ပါတီမှ ထုတ်ပယ်ခြင်း ခံရမည် ဖြစ်သလို၊ ဒဏ်ငွေ ကျပ်သိန်း ၅၀၀ ကိုလည်း ပေးလျော်ရမည်ဟု ရခိုင်အမျိုးသားပါတီမှ ၎င်း၏ လွှတ်တော်ကိုယ်စားလှယ်များကို ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုရန် »
တရုတ်တိုင်ပေတွင် လူစည်ကားသည့် နေရာတစ်ခု၌ ၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ခေါင်းဖြတ်ခံရမှု ဖြစ်ပွား
တရုတ်တိုင်ပေတွင် လူစည်ကားသည့် နေရာတစ်ခု၌ ၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သူမ၏မိခင်ရှေ့ တွင်ပင် လူတစ်ဦးက ခေါင်းဖြတ်ခဲ့သည့် အမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မတ် ၂၈ ရက် နံနက်ပိုင်းက တိုင်ပေမြို့တော် ရှိ မြေအောက်ရထားဘူတာ တစ်ခု အနီးတွင် အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ကလေး မလေးကို သားလှီးဓားတစ်ချောင်းဖြင့် အလစ်အငိုက်တိုက်ခိုက်ခဲ့ခြင
်း ဖြစ် သည်။ သေဆုံးသွားသည့် ကလေးမလေး၏ မိခင်က သမီးငယ်သည် သူမနှင့် တစ်မီတာမျှအကွာတွင် စက်ဘီးစီးနေခဲ့ပြီး လူသတ်သမားက ရုတ်တရက် နောက်မှဆွဲကာ ဓားဖြင့်ခုတ်ခဲ့ခြင်းဟု ထွက်ဆိုခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
အီဂျစ်လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စီး ပြန်ပေးဆွဲခံရ
အီဂျစ်လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စီးကို ခန္ဓာကိုယ် ပေါ်တွင် အသေခံဗုံးခွဲခါးပါတ် ပတ်ထားသော ခရီးသည်တစ်ဦးက ပြန်ပေး ဆွဲထားသည်။
ပြန်ပေးသမားသည် လေယာဉ်မှူးကိုခြိမ်းခြောက်ပြီး လေယာဉ်ကို မူလ လမ်းကြောင်းမှာ ပြောင်းကာ ဆိုင်ပရက်စ်တွင် ဆင်းသက်ခိုင်းထားသည်။
ဆက်လက်ဖတ်ရှုရန် »
တရုတ်သမ္မတထံအိတ်ဖွင့်ပေးစာကြောင့် ပြည်ပရောက်တရုတ်တွေရဲ့ ဆွေမျိုးတွေကို ဖမ်းဆီးထိန်းသိမ်း
သမ္မတရှီကျင့်ဖျင်ကိုပြစ်တင်ဝေဖန်ထားတဲ့အိတ်ဖွင့်ပေးစာတစ်စောင်ကိုဖြန့်ဝေမှုဖြစ်ပွားခဲ့ပြီးနောက် ပြည်ပမှာနေထိုင်ကြတဲ့ အစိုးရနဲ့သဘောကွဲလွဲသူ တွေရဲ့ဆွေမျိုးတွေကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထိန်း သိမ်းခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ဖတ်ရှုရန် »
မြန်မာကလေးတချို့ ထိုင်းနိုင်ငံသားခံယူခွင့်ရကြတော့မည်
ထိုင်းမှာအနေကြာနေထိုင်နေထိုင်နေပြီး ထိုင်း မှာမွေးဖွားပြီး ထိုင်းကျောင်း တွေမှာ တက်ရောက်ပညာသင်ကြားနေတဲ့မြန်မာနိုင်ငံသားတွေရဲ့ ကလေး တွေကို ထိုင်းနိုင်ငံသား၊ထိုင်းမှတ်ပုံတင်တွေ၊ထိုင်းနိုင်ငံမှာနေထိုင်ကျောင်း တက်လို့ ရတဲ့ ထိုင်းနို်င်ငံမှာ နေထိုင်ခွင့်အထောက်အထား လက်မှတ်တွေကို စတင် ထုတ်ပေးတော့မှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
အကြမ်းဖက်မှုတိုးမြှင့်ချေမှုန်းမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ပြောကြား
တနင်္ဂနွေနေ့က အရှေ့ပိုင်းက လာဟိုးမြို့မှာ ခရစ်ယာန်ဘာသာဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ပြင်းထန်တဲ့ အသေခံ ကားဗုံးဖောက်ခွဲမှုအပြီးမှာ အကြမ်းဖက်မှု ဆန့်ကျင်တဲ့ စစ်ဆင်ရေးတွေကို အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် Nawaz Sharif က အလေးအနက်ပြောကြား လိုက်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
အမေရိကန်လွတ်တော် သေနတ်ပစ်ခတ်မှုဖြစ်ပွား
အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ လွှတ်တော် အဆောက်အဦးရဲ့ ဧည့်ကြို ခန်းမ အတွင်းမှာ တနင်္လာနေ့က သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့ နောက် လွှတ်တော် အဆောက်အဦးနဲ့ အိမ်ဖြူတော်တို့ကို ခေတ္တ ပိတ်ထားလိုက်ရပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ရှမ်းပြည်နယ်ဝန်ကြီးချုပ်သစ်ခန့်အပ်မှုအပေါ် တုန့်ပြန်
ရှမ်းပြည်နယ်အစိုးရသစ်ကို ဦးဆောင်မယ့် ဝန်ကြီးချုပ်ဟာ ရှမ်းလူမျိုးဖြစ် သင့်ပြီး ရှမ်းလူထုရဲ့ ယုံကြည်မှု မရှိခဲ့ရင် ဒေသတွင်း လက်နက်ကိုင်တွေကြား စစ်ရေးပဋိပက္ခတွေ တိုင်းရင်းသားအရေးပြဿနာတွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေပိုများမယ် လို့ လက်ရှိ ရှမ်းပြည်နယ်အစိုးရဝန်ကြီးတဦးက ပြောဆိုလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
Fort Wayne အခြေချ မြန်မာဒုက္ခသည်တွေ အမိမြေ ကူညီနိုင်ရေး ကြိုးပမ်း
အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့မှာ ၁၉၉၀ ပြည့်လွန်နှစ်တွေ အတွင်း စစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေခံခဲ့ရချိန်က တိုင်းပြည်စွန့်ခွာ ထွက်ပြေးလာခဲ့ကြတဲ့ မြန်မာလူမျိုး အများဆုံး နေထိုင်ရာ မြို့ဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
အမေရိကန်လွှတ်တော်နဲ့ အိမ်ဖြူတော် လုံခြုံရေးကြောင့် ခေတ္တပိတ်
အမေရိကန်လွှတ်တော်အဆောက်အဦး Capitol ကို လာရောက် လေ့လာကြ သူတွေ စုဝေးရာ ဧည့်ကြိုခန်းမ အတွင်းမှာ တနင်္လာနေ့က သေနတ်ပစ်ခတ် မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် လွှတ်တော် အဆောက်အဦးနဲ့ အိမ်ဖြူတော် တို့ကို ခေတ္တ ပိတ်လိုက်ရပါတယ်။
ဆက်လက်ဖတ်ရှုရန် »
တပ်ကရွေးတဲ့ ဝန်ကြီး ဗိုလ်ချုပ်တွေ
တပ်မတော်ကတင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ၃ ဦးဟာ နာမည်ဆိုးနဲ့ ကျော်ကြား တဲ့ စာရင်းထဲမှာ မပါဝင်ဘဲ နောက်ကြောင်း ရာဇဝင်မှာ အမည်းစက် နည်းတဲ့သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီးများဖြစ်တဲ့ စိန်ဝင်း၊ ကျော်ဆွေနဲ့ ရဲအောင်တို့ဟာ တပ်မတော်မှာ အဆင့်မြင့်ရာထူးတွေ ကိုယူခဲ့၊ အတွေ့အကြုံတွေကို ရှိခဲ့အပြီးမှာ အခုလက်ရှိ အစိုးရသစ်ရဲ့ အရေး ကြီးတဲ့ ဝန်ကြီးဌာန ၃ နေရာကို ယူမှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
NLD အမတ် ၁၄ ဦးကို ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များအဖြစ် အဆိုပြု ခန့်အပ်ပြီ
ဆက်လက်ဖတ်ရှုရန် »
ယခုနှစ် အကယ်ဒမီပွဲအတွက် ရွေးချယ်ခံရတဲ့ ရွှေကြိုတချို့နဲ့ အင်တာဗျူး
ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ ကျင်းပတဲ့အခါမှာ အကယ်ဒမီရရှိတဲ့ အနုပညာရှင်များပြီးရင် ဒုတိယ စိတ်ဝင်စားခြင်း ခံရသူတွေကတော့ အကယ်ဒမီ ဗန်းကိုင်တွေပဲ ဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်များ သပိတ်မှောက်
နိုင်ငံတော်သမ္မတသစ်ဦးထင်ကျော် အဆိုပြုထားသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏အမည်ကို ပြည်နယ်လွှတ်တော်၌ ကြေညာသည့်အချိန်တွင် ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ခန်းမ အတွင်းမှ ထွက်ခွာကာ သပိတ်မှောက်ခဲ့ ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုရန် »
အဂတိတရားကင်းစင်သည့် အစိုးရသစ်တစ်ရပ်အဖြစ် ကြိုးပမ်းသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်သစ် ဦးဖြိုးမင်းသိန်းဆို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဦးဆောင်မည့် ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ အသစ်ကို အဂတိတရား ကင်းစင်သည့် အစိုးရတစ်ရပ် ဖြစ်စေရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်သစ် အဖြစ် အဆိုပြု ခန့်အပ်ခြင်းခံရသူ ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ဆက်လက်ဖတ်ရှုရန် »
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ မြေယာတင်ဒါ ချပေးမှုများအပေါ် ဇေကမ္ဘာ ဦးခင်ရွှေ ဝေဖန်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပုဂ္ဂလိက လုပ်ငန်းများကို မြေယာ တင်ဒါများ ချပေးရာတွင် ပွင့်လင်းမြင်သာမှု မရှိဟု ဇေကမ္ဘာ ဆောက်လုပ် ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေက ဝေဖန်ပြောကြားသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မလစ်ကျေးရွာ အုပ်စုရှိ မြေဧရိယာ ဧက ၅၅ဝ ခန့်အပေါ်တွင် တည်ထောင်မည့် ပုဂ္ဂလိကပိုင် အသေးစား စက်မှုဥယျာဉ် (Light Industrial Park)နှင့်ပတ်သက်၍ တင်ဒါခေါ်ယူခဲ့ရာ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအုပ်စုလီမီတက်က ယင်းတို့၏ပြိုင်ဘက် ကုမ္ပဏီ Excellent Fortune Construction ထက် အစိုးရသို့ ပေးသွင်းငွေ ၁၄ ဆ ပိုမိုပြီး တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသော်လည်း တင်ဒါရှုံးနိမ့်ခဲ့သဖြင့် အစိုးရအဖွဲ့၏ တင်ဒါခေါ်ယူမှု အပေါ် စဉ်းစားစရာဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။
ဆက်လက်ဖတ်ရှုရန် »
NLD ဦးညီပု ရခိုင်ဝန်ကြီးချုပ်ဖြစ်ရေး မတ်လ ၃၀ မှသာ အတည်ပြုနိုင်မည်
ရခိုင်ပြည်နယ် လွှတ်တော်သို့ သမ္မတသစ်ဦးထင်ကျော်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် NLD ပါတီဝင် ဦးညီပုကို အဆိုတင်သွင်းခဲ့သော်လည်း မတ်လ ၂၈ ရက် အစည်းဝေးတွင် အတည်ပြုနိုင်ခဲ့ခြင်း မရှိကြောင်း ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှ သိရသည်။
ဆက်လက်ဖတ်ရှုရန် »
ဝ ဒေသပန်ဆန်းတွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အစည်းဝေးမှ ထုတ်ပြန်ချက်
ဆက်လက်ဖတ်ရှုရန် »
တိုက်ခိုက်မှုကြုံခဲ့သော ဘရပ်ဆဲလ်လေဆိပ် ပြန်လည်ဖွင့်လှစ်မည့်ရက်ကို မသတ်မှတ်နိုင်သေး
အသေခံဗုံးခွဲတိုက် ခိုက်မှုနှစ်ခုကြောင့် ပျက်စီးသွား သော ခရီးသည် ထွက်ခွာဆောင် ကို ပြန်လည်ပြင်ဆင်မှုများ အ ဆင်ပြေခြင်း ရှိ၊ မရှိ ကြည့်ရှုရန် စမ်းသပ်မှုများ လုပ်ဆောင်သွားမည်ဟု ဘရပ်ဆဲလ်လေဆိပ် တာဝန်ရှိသူများက ပြောကြားသည်။
ဆက်လက်ဖတ်ရှုရန် »
ဖုန်းဘီလ်အခွန်ကောက်ခံမှုကို ခေါ်ဆိုသည့်အကြိမ်တိုင်းတွင် ဖြတ်တောက် သည့်စနစ်ဖြင့် ကောက်ခံမည်
မိုဘိုင်းဖုန်းအသုံးပြုသူများအား ကုန်သွယ်လုပ်ငန်းခွန် ၅ရာခိုင်နှုန်းကောက်ခံ ရာတွင် ဖုန်းအသုံးပြုသည့် မိနစ်အလိုက် ကျသင့်ငွေများအပေါ်တွင် ကောက်ခံမည်ဖြစ်ပြီး ဖုန်းဘီလ်များ ၀ယ်ယူဖြည့်သွင်းခြင်းအပေါ် ကောက်ခံမည် မဟုတ်ကြောင်း တယ်လီနော မြန်မာ အမှုဆောင်အရာရှိချုပ် ပတ်တာဖာဘတ်က ပြောသည်။
ဆက်လက်ဖတ်ရှုရန် »
ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်ခဲ့သူအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လချ
ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ညစ်ညမ်းပုံဖန်တီးကာ အသရေဖျက်ခဲ့သည့် ကန်ကြီး ထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းအား ပြစ်မှုထင်ရှားသဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်လကျခံရန် မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ်များအား လွှတ်တော်အသီးသီး၌ အတည်ပြု ခန့်အပ်
ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဦးဖြိုးမင်းသိန်း၊ တနင်္သာရီ တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဒေါ်လဲ့လဲ့မော်တိုင်းဒေသကြီးနှင့် ပြည် နယ်ဝန်ကြီးချုပ်များ၏ အမည်စာ ရင်းများကို သက်ဆိုင်ရာ လွှတ် တော်အများစုတွင် ယမန်နေ့က အသီးသီး အတည်ပြုကြေညာခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
ဝန်ကြီးချုပ်အသစ်များနှင့် ပြည်သူ့အသံ
တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုရှိ လွှတ်တော်များတွင် မတ်လ ၂၈ ရက်က တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ အသီးသီးတင်မြှောက် အတည် ပြုခဲ့သည်။ ထို့ကြောင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် အငြိမ်းစား တပ်မတော်အရာရှိများက ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့်နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် အရပ်သားစစ်စစ် ဒီချုပ်အမတ်များ ၀န်ကြီးချုပ်သစ်များဖြစ်လာသည်။
ဆက်လက်ဖတ်ရှုရန် »
ပြည်သူကို စိတ်ပျက်အောင်မလုပ်ရန် ဒီချုပ်ကိုယ်စားလှယ်များအား ဒေါ်အောင်ဆန်းစုကြည်မှာကြား
အစိုးရအဖွဲ့ဝင် ၀န်ကြီးတာဝန် ထမ်းဆောင်ရ တော့မည့် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ကိုယ်စား လှယ်အဖြစ်မှ နုတ်ထွက်ရတော့မည်ဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များကို နောက်ဆုံး အကြိမ်တွေ့ဆုံမှုအဖြစ် မတ်လ ၂၈ ရက်တွင် နေပြည်တော်လွှတ်တော်ဝင်း အတွင်း ပြုလုပ်ခဲ့ပြီး ပြည်သူများကို စိတ်ပျက်အောင်မလုပ်ရန် ကိုယ်စားလှယ်များအား အထူးမှာကြားခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
Fortune ၏ ကမ္ဘာ့အထူးချွန်ဆုံး ခေါင်းဆောင်များ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် တတိယနေရာ၌ရပ်တည်နေ
Fortune မဂ္ဂဇင်းက သတ် မှတ်သည့် ၂၀၁၆ အတွက် ကမ္ဘာ့အထူးချွန်ဆုံး ခေါင်းဆောင်များ စာရင်း၌ ဒေါ်အောင်ဆန်းစုကြည်က တတိယနေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။
မဂ္ဂဇင်း၏ သတ်မှတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည် ထက် ပိုမိုမြင့်မား သည့် အဆင့် တွင် Amazon လုပ်ငန်းရှင် သူဌေးကြီး ဂျက်ဖ်ဘော့ဇ်နှင့် ဂျာမန်အဓိပတိ အန်ဂျလာမာကယ်တို့ သာ ရှိနေသည်။ အသက်(၇၀)အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သင်္ကေတတစ်ခုအဖြစ် နိုင်ငံတ ကာက အသိအမှတ်ပြုခြင်းခံရပြီး အသစ် တက်လာမည့် အစိုးရတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူမည်ဟု သတင်းများ ပေါ်ထွက်နေသည်။
ဆက်လက်ဖတ်ရှုရန် »
အရေးပေါ်အခြေအနေကြေညာချက် ရုပ်သိမ်းခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်၊ ၁/၂၀၁၆
၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
(၂၀၁၆ ခုနှစ်၊ မတ်လ ၂၈ ရက်)
ဆက်လက်ဖတ်ရှုရန် »
Monday, March 28, 2016
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံညှိနှိုင်း
မြန်မာ့အစိုးရနဲ့ NCA ခေါ် တနိုင်လုံးအတိုင်းအတာပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး ရေးကိစ္စနဲ့ပက်သက်ပြီး အမြင်ကွဲပြားနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကနေ ရှေ့ဆက် ဘယ်လိုပုံစံနဲ့ ပူးပေါင်းဆောင်ရွက်သွားနိုင်မလဲ ဆိုတဲ့အချက်တွေကို မနေ့က ထိုင်းနိုင်ငံမှာအလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေ အခုလို သတင်းပေးပို့ ထားပါတယ်။
ဆက်လက်ဖတ်ရှုရန် »
Lahore မြို့ဗုံးကွဲမှု ၆၅ ဦးထက်မနည်း သေဆုံး
ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း၊ Lahore မြို့က လူစည်ကားတဲ့ ပန်းခြံတခုအတွင်း တနင်္ဂနွေနေ့က အသေခံဗုံးခွဲ တိုက်ခိုက်မှု တခု ဖြစ်သွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၆၅ ဦးသေဆုံးပြီး ၃၀၀ လောက် ထိခိုက် ဒဏ်ရာရသွားတယ် လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဆက်လက်ဖတ်ရှုရန် »
သမ္မတကြီးဦးထင်ကျော်အကြောင်း တစေ့တစောင်း
ပြည်ထောင်စုလွှတ်တော်ကနေ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင် မြှောက်ခြင်း ခံထားရတဲ့ ဦးထင်ကျော်ရဲ့  အကြောင်း တစေ့တစောင်းကို အကိုဖြစ်သူ ဦးဥာဏ်စိုး က ပြောပြထားပါတယ်။ ဦးဥာဏ်စိုး ကို VOA ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်း က တွေ့ဆုံမေးမြန်းထားပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ပြည်နယ်သုံးခု ပဏာမရွေးချယ်ပွဲ Sanders အနိုင်ရ
အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း ပြည်နယ်တွေ ဖြစ်တဲ့ ၀ါရှင်တန်၊ အလက်စကားနဲ့ ဟာဝိုင်အီ ပြည်နယ်တွေမှာ မနေ့ စနေနေ့က ကျင်းပတဲ့ ဒီမိုကရက်တစ် ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေမှာတော့ ဗားမောင့်ပြည်နယ် အထက်လွှတ်တော် အမတ် Bernie Sanders က ပြည်နယ် သုံးခု စလုံးမှာ အနိုင်ရခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
တပ်မတော်သည် ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှု များကို အတူတကွ ပါဝင် ဆင်နွှဲနိုင်စေကြောင်း NLD ၏ (၇၁) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်တွင် တိုက်တွန်း
တပ်မတော်သည် ပြည်သူလူထု အားလုံး တစိုက်မတ်မတ် ကြိုးပမ်းနေကြသည့် ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အတူတကွ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ပါဝင်ဆင်နွှဲ အောင်ပွဲခံနိုင်ပါစေကြောင်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက မတ် ၂၇ ရက်တွင် ထုတ်ပြန်သည့် ၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်တွင် တိုက်တွန်း နှိုးဆော်ထားသည်။
ဆက်လက်ဖတ်ရှုရန် »
အစိုးရသစ်လက်ထက် ရက်ပေါင်း ၁၀၀ အတွင်း မြင်သာထင်သာသည့် အပြောင်းအလဲကိစ္စများလုပ်ရန် စီမံချက်ရေးနေသည်ဟု ကြားသိရကြောင်း NLD နာယက ပြောကြား
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ဦးဆောင်သည့် အစိုးရသစ်လက်ထက် ရက်ပေါင်းတစ်ရာအတွင်း မြင်သာထင်သာသည့် အပြောင်းအလဲ ကိစ္စများ လုပ်ဆောင်ရန် စီမံချက် ရေးနေသည်ဟု ကြားသိရကြောင်း NLD နာယက ဦးတင်ဦးက မတ် ၂၇ရက်တွင် ပြောကြားသည်။
ဆက်လက်ဖတ်ရှုရန် »
ဧပြီ ၁ ရက်တွင် စတင်ကောက်ခံမည့် ဖုန်းခွန်မှာ အသုံးပြုခ ကျသင့်ငွေထဲမှ ကောက်ခံသွားရန်ရှိ
၂၀၁၆ ဧပြီ ၁ ရက်တွင် စတင် ကောက်ခံမည့် ဖုန်းခွန်မှာ အသုံးပြုခ ကျသင့် ငွေထဲမှ နုတ်ယူကောက်ခံသွားရန် ရှိနေကြောင်း သိရသည်။ သုံးစွဲသူအချို့ အနေဖြင့် ဖုန်းဘီလ်ထဲမှ ဖြတ်တောက်ကောက်ခံမည်ဆိုပါက ဖုန်းခွန်ဆောင် ရခြင်းမှ ရှောင်လွှဲနိုင်ရန် ဧပြီ ၁ ရက်မတိုင်မီ ဖုန်းဘီလ်သောင်းချီအထိ ကြိုတင် ဖြည့်သွင်းထားရန် ပြင်ဆင်နေသူများ ရှိနေသည်။ သို့သော် ယင်းမှာ အသုံးပြုခ ကျသင့်ငွေထဲမှ နုတ်ယူaကာက်ခံမည် ဆိုပါက ထူးခြားမည် မဟုတ်ကြောင်း သိရသည်။
“တယ်လီနော ထုတ်ပြန်ထားသလိုပဲ ကျသင့်ငွေထဲကနေ အခွန်ကို ဖြတ် တောက်ကောက်ခံသွားဖို့ ပိုများပါတယ်။ ဒီလိုမျိုးဖြစ်ဖို့ System ထဲကို ထည့်ရမှာဖြစ်ပြီး အခုထိတော့ ဒါကို လုပ်ဆောင်နေတုန်း ဖြစ်ပါတယ်။ MEC နဲ့ ကြိုးဖုန်းတွေလည်း ပါဝင်ပြီး သူတို့လည်း ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါဆောင်ရလို့ ၀န်ထုပ်ဝန်ပိုးဖြစ်မှာ ပူစရာမလိုပါဘူး။ အော်ပရေတာ အသီး သီးက ပရိုမိုးရှင်းတွေ လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ MPT မှာ ဆိုရင်လည်း ငါးမိနစ်စာပဲ ပေးစတဲ့ ပရိုမိုးရှင်းတွေ လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ အသုံးပြုခထဲကနေ အခွန်ကောက်ခံတဲ့အခါ အင်တာနက် သုံးတာတွေ၊ Package Plan ယူတာတွေကိုလည်း ကောက်ခံသွားမှာပဲ ဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးသိန်းဟုတ်က မတ် ၂၆ ရက်တွင် ပြောကြားသည်။
တယ်လီနောနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့၏ ဖြေကြားချက်အရ ယခုကောက်ခံမည့်ပုံစံမှာ ဖုန်းဘီလ်ဖြည့်သွင်းချိန်တွင် ကောက်ခံဦးမည် မဟုတ်ဘဲ သုံးစွဲပြီးချိန်၌သာ ကောက်ခံမည့်ပုံစံ ဖြစ်ဖွယ်ရှိကြောင်း သိရသည်။ ဥပမာ-ဖုန်းငါးမိနစ်စာ ပြောခြင်းအတွက် ၁၂၅ ကျပ်ကျသင့် မည်ဖြစ်ရာ အခွန်မှာ ၆ ဒသမ ၂၅ ကျပ်ကို ကောက်ခံမည့် ပုံစံမျိုးဖြစ်ကြောင်း သိရသည်။ အူရီဒူးကမူ ကောက်ခံမည့် ပုံစံနှင့် ပတ်သက်၍ အတည်ပြုခြင်း မရှိပေ။
ဆက်သွယ်ရေး အော်ပရေတာများ အနေဖြင့် ၂၀၁၆ မတ် ၂၅ ရက်တွင် သုံးစွဲသူများထံသို့ မက်ဆေ့ခ်ျ ပေးပို့ကာ အသိပေးလျက်ရှိသည်။
မိုဘိုင်းဖုန်း သုံးစွဲသည့်အခါ ကျသင့်ငွေများတွင် ထည့်သွင်း ကောက်ခံသွား မည်ဖြစ်ပြီး သုံးစွဲသူများကိုယ်စား ဖုန်းအော်ပရေတာများက နိုင်ငံတော် အစိုးရကို ပေးသွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
" NLD ပါတီကို အတွင်းရေးမှူးငါးဦးက ဆက်လက်ဦးဆောင်မည်´´
အစိုးရအဖွဲ့သစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကို နမူနာယူပြီး အတွင်းရေးမှူး (၅)ယောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆက်လက်ဦးဆောင်သွားမယ်လို့ ပါတီ အတွင်းရေးမှူးတစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ကပြောပါတယ်။
ဆက်လက်ဖတ်ရှုရန် »
Newer Posts
Older Posts
Home
View mobile version
Subscribe to:
Posts (Atom)
My Blog List
VOA News: သတင်း
ဗွီအိုအေ မြန်မာနံနက်ခင်း
-
အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇ နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံ...
1 day ago
DVB
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ်
-
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...
2 years ago
သစ်ထူးလွင်
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...
3 years ago
ဒေါက်တာလွဏ်းဆွေ
နောက်ဆုံးရ မြန်မာသတင်းများ
-
နောက်ဆုံးရ မြန်မာသတင်းများအား ပုံပေါ် ကလစ်၍ ဖတ်ရှုပါ။
5 years ago
ဒေါင်းမာန်ဟုန်
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန်
-
[image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...
7 years ago
Narinjara News Burmese Online 24 X 7
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို
-
နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...
7 years ago
ဒီမိုဝေယံ
-
အမေ့သမီးတွေနဲ့ အတူ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နဲ့ အတူရှိနေကြမယ် photo credit Eleven Media Group
7 years ago
မြန်မာ့သားကောင်း
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင်
-
၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...
10 years ago
The Irrawaddy's Blog
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ
-
ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...
10 years ago
ဆုံနေကြ
-
*A Father's Tear (အဖေ့မျက်ရည်) * လူတစ်ယောက်မိခင်များနေ့မှာနှင်းဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့ စည်းပြီးဈေးအ၀မှာသွာ...
13 years ago
မြန်မာပြည်သား
-
ဒေါက်တာမျိုးချစ်
-