ပြင်ဆင်ဖွဲ့စည်းမည့် ပြည်ထောင်စုအစိုးရအဖွဲ့ ၀န်ကြီးဌာနများနှင့်
ပြည်ထောင်စုဝန်ကြီးစာရင်းကို လွှတ်တော်ကိုယ်စားလှယ်များက ကြိုတင်သုံးသပ်
ကာနေရာချထားမှုများ ရှိနေကြောင်း သိရသည်။
ဒုဝန်ကြီးအချို့၏ နာမည်စာရင်းများအား စက်တင်ဘာလ ၅ ရက်နေ့က ကျင်းပသည့်
ပြည်သူ့လွှတ်တော် အစည်းအဝေးနှင့် အမျိုးသားလွှတ်တော်
အစည်းအဝေးပြီးဆုံးချိန်တွင် ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေခဲ့ပြီး
ယင်းစာရင်းအား တိုင်းရင်းသားပါတီ ဥက္ကဋ္ဌများထံသို့လည်း စက်တင်ဘာလ ၄ ရက်နေ့က
ဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေခဲ့သော စာရင်းများမှာ
ဦးအေးမြင့်ကြူ (ဒုဝန်ကြီး၊ အားကစားဝန်ကြီးဌာန)၊ ဗိုလ်ချုပ်ဇေယျာအောင်
(တိုင်းမှူး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)၊ ဒေါက်တာမြင့်အောင်(အဖွဲ့ဝင်၊
ပြည်ထောင်စုရာထူးဝန်အဖွဲ့)၊ ဦးကျော်လွင်(ဒုဝန်ကြီး၊
ဆောက်လုပ်ရေးဝန်ကြီးဌာန)၊ ဦးဝင်းရှိန်(ဒုဝန်ကြီး၊
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန)၊ ဒေါက်တာကံဇော်(ဒုဝန်ကြီး၊
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)၊
ဦးမောင်မြင့်(ဒုဝန်ကြီး၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန)၊
ဒေါက်တာကိုကိုဦး(ဒုဝန်ကြီး၊
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)၊ဦးဌေးအောင်(ဒုဝန်ကြီး၊
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန)၊ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်
(ဒုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန) တို့ဖြစ်ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များက အတည်ဖြစ်နိုင်သည်ဟု ယူဆကာ
ကြိုတင်သုံးသပ်နေရာချထားသည့် ၀န်ကြီးဌာနများနှင့် ၀န်ကြီးများစာရင်းမှာ
(၁)ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ (၂)
ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီး ဒုတိယဗိုလ်ချူပ်ကြီးကိုကို၊
(၃)နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီးသိန်းဋ္ဌေး၊ (၄)
နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ (၅)လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၀န်ကြီး
ဒေါက်တာမြတ်မြတ်အုန်းခင်၊ (၆) ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဦးအောင်ကြည်၊
(၇) ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီး ဦးအေးမြင့်ကြူ၊ (၈)လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီး ဦးမြင့်လှိုင်၊ (၉)သစ်တောဝန်ကြီးဌာန
ဝန်ကြီးဦးဝင်းထွန်း၊ (၁၀) ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၀န်ကြီး ဦးဝင်းရှိန်၊
(၁၁)ဆောက်လုပ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်လွင်၊
(၁၂)အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ဝန်ကြီးဌာန၀န်ကြီး ဒေါက်တာကံဇော်၊ (၁၃)မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး
ဦးအုန်းမြင့်၊ (၁၄) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ဦးဝင်းမြင့်၊ (၁၅) ဆက်သွယ်ရေးနှင့် ကြေးနန်းဝန်ကြီးဌာန၀န်ကြီး
ဦးသိန်းထွန်း၊ (၁၆) အလုပ်သမားဝန်ကြီးဌာန၀န်ကြီး ဦးမောင် မြင့်၊
(၁၇)သတ္ထုတွင်းဝန်ကြီးဌာန၀န်ကြီး ဒေါက်တာမြင့်အောင်၊ (၁၈)
သမ၀ါယမ၀န်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်း၊ (၁၉) ပို့ဆောင်ရေးဝန်ကြီးဌာန၀န်ကြီး
ဦးဉာဏ်ထွန်းအောင်၊ (၂၀)ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၀န်ကြီး
ဦးဌေးအောင်၊ (၂၁) အားကစားဝန်ကြီးဌာန၀န်ကြီး ဦးတင့်ဆန်း၊ (၂၂)
စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးအေးမြင့်၊ (၂၃)
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်ဇေယျာအောင်၊ (၂၄)
စွမ်းအင်ဝန်ကြီးဌာန၀န်ကြီး ဦးသန်းဋ္ဌေး၊ (၂၅)
လျပ်စစ်စွမ်းအားဝန်ကြီးဌာန၀န်ကြီး ဦးခင်မောင်စိုး၊ (၂၆) ပညာရေးဝန်ကြီးဌာန
ဝန်ကြီးဒေါက်တာမြအေး၊ (၂၇)ကျန်းမာ ရေးဝန်ကြီးဌာန၀န်ကြီး ဒေါက်တာဖေသက်ခင်၊
(၂၈)သာသနာရေးဝန်ကြီးဌာန၀န်ကြီး သူရဦးမြင့်မောင်၊
(၂၉)သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန၀န်ကြီး ဒေါက်တာကိုကိုဦး၊ (၃၀)
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၀န်ကြီး ဦးခင်ရီ၊ (၃၁)
သမ္မတရုံးဝန်ကြီးဌာန၀န်ကြီး (၁)ဦးသိန်းညွန့်၊ (၃၂) သမ္မတရုံးဝန်
ကြီးဌာန၀န်ကြီး(၂) ဦးစိုးမောင်၊ (၃၃)သမ္မတရုံးဝန်ကြီးဌာန၀န်ကြီး(၃)
ဦးစိုးသိန်း၊ (၃၄)သမ္မတရုံးဝန်ကြီးဌာန၀န်ကြီး(၄) ဦးအောင်မင်း၊ (၃၅)
သမ္မတရုံးဝန်ကြီးဌာန၀န်ကြီး(၅) ဦးလှထွန်း၊ (၃၆)သမ္မတရုံးဝန်ကြီးဌာန၀န်ကြီး(၆)
ဦးတင်နိုင်သိန်း၊(၃၇) ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်တို့
ဖြစ်ကြသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment