Tuesday, July 16, 2013
မြိတ်ခရိုင်အတွင်းရှိ လူထုအကျိုးပြု လုပ်ငန်းများနှင့် ဖွံ့ဖြိုးရေး
လုပ်ငန်းများ လုပ်ဆောင်ရန် ဖွဲ့စည်းထားသော မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး
အဖွဲ့အား ငွေရှင်ကြေးရှင်များက လက်ကိုင်တုတ်သဖွယ် အသုံးချနေခြင်းနှင့်
လူထုအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက်
မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဥက္ကဋ္ဌ ရာထူးမှနုတ်ထွက်ကြောင်း ဇူလိုင်
၁၄ ရက်က မီဒီယာများနှင့် တွေ့ဆုံကာ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့သာလျှင်
အသုံးချခဲ့ပြီး အကျိုးပြု လုပ်ငန်းတွေ ဆောင်ရွက်ပေးမယ်လို့ ကတိပေးထားတာကို
အကြိမ်ကြိမ် ပျက်ကွက်ခဲ့ပါတယ်။ အဲဒီတော့ အဖွဲ့ကို သေးသိမ်အောင်
အလုပ်ခံရခြင်း ဖြစ်တဲ့အပြင် လက်ကိုင်တုတ်အဖြစ် အသုံးချ မခံလိုတော့တဲ့ အတွက်
နုတ်ထွက်လိုက်ရခြင်းဖြစ်... ''ကျွန်တော်တို့ အဖွဲ့ကို ၂၀၁၂
ခုနှစ် စက်တင်ဘာ ၁ ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ရဲ့ ရည်မှန်းချက်ကတော့
မီးရရှိရေး၊ ရန်ပုံငွေမတည်ပြီး လူထုအကျိုးပြု လုပ်ငန်းတွေ၊ ပရဟိတ
လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ တစ်နှစ်နီးပါး
အတွင်းမှာ ကျွန်တော်တို့ အဖွဲ့ကို အာဏာပိုင် တချို့နှင့် ကုမ္ပဏီတချို့က
လက်ကိုင်တုတ်သဖွယ် အသုံးချလာပါတယ်။ လော့လော့ကျေးရွာမှာ တည်ဆောက်မယ့်
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့သာလျှင်
အသုံးချခဲ့ပြီး အကျိုးပြု လုပ်ငန်းတွေ ဆောင်ရွက်ပေးမယ်လို့ ကတိပေးထားတာကို
အကြိမ်ကြိမ် ပျက်ကွက်ခဲ့ပါတယ်။ အဲဒီတော့ အဖွဲ့ကို သေးသိမ်အောင်
အလုပ်ခံရခြင်း ဖြစ်တဲ့အပြင် လက်ကိုင်တုတ်အဖြစ် အသုံးချ မခံလိုတော့တဲ့ အတွက်
နုတ်ထွက်လိုက်ရခြင်း ဖြစ်ပါတယ်။ တစ်ဦးစ နှစ်ဦးစ ကျန်ခဲ့ပေမယ့်
အဖွဲ့ကတော့ ဖွဲ့စည်းပုံ ပျက်သွားပါပြီ'' ဟု ဥက္ကဋ္ဌဖြစ်သူ ဦးဆန်းလွင်က
ပြောကြားခဲ့သည်။
ဦးဆန်းလွင်မှာ လော့လော့ကျေးရွာတွင်
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်း ဖြစ်မြောက်စေရန်
အတွက် အဓိက ဦးဆောင်လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်ကာ ကျောက်မီးသွေး စီမံကိန်းမှာ
မီးရရှိရေးထက် လူထုကျန်းမာရေး၊ စီးပွားရေး၊ လူမှုပတ်ဝန်းကျင် အားလုံးကို
ထိခိုက်စေနိုင်ကြောင်း သဘောပေါက် လာသဖြင့် နုတ်ထွက်ရခြင်း ဖြစ်ကြောင်း
ကြေညာချက်တွင် ရေးသားထားကြောင်း သိရသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment