Tuesday, July 16, 2013
မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ်ရှိ စက်မှုဝန်ကြီးဌာန စက္ကူနှင့် အိမ်သုံးပစ္စည်း လုပ်ငန်းပိုင်မြေ ၁၇
ဒသမ ၁၇ ဧကပေါ်တွင် B.O.T စနစ်ဖြင့် ဟိုတယ်လုပ်ငန်း ဆောင်ရွက်ရန် Win &
Win Co., Ltd ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က
ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ခွင့်ပြုချက်ကို
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၁၈/၂၀၁၃ ကြိမ်မြောက်
အစည်းအဝေးတွင် စက်မှုဝန်ကြီး ဌာနမှတစ်ဆင့် တင်ပြသော အဆိုပြုချက်ကို
ဆောင်ရွက် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ Win & Win Co., LTd သည် သစ်နှင့်
သစ်အချောထည် ထုတ်လုပ်ရေး လုပ်ငန်းကို အဓိက လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခု
ဖြစ်သည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည်
ပြီးခဲ့သည့် ဇွန် ၂၉ ရက်က ပြုလုပ်သော ၁၇/၂၀၁၃ ကြိမ်မြောက်
အစည်းအဝေးတွင်လည်း Sanda Hotel Co.,Ltd ကို မန္တလေးတိုင်း ဒေသကြီး
ညောင်ဦးခရိုင် ပုဂံဟိုတယ်ဇုန်(၂)ရှိ မြေကိုးဧက၌ B.O.T စနစ်ဖြင့်
ဟိုတယ်လုပ်ငန်း ဆောင်ရွက်ခွင့် ပေးခဲ့သည်။
မြန်မာနိုင်ငံသို့
နိုင်ငံခြားခရီးသွား ဧည့်သည် ၀င်ရောက်မှု များပြားနေခြင်းကြောင့်
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ
ရင်းနှီးမြှုပ်နှံမှု မြင့်တက်လျက်ရှိပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်အထိ
မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၈၃ ဒသမ ၃၄
ဘီလျံကျော်အထိ ရှိလာကြောင်း သိရသည်။ ထို့အတူ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင်
ရင်းနှီးမြှုပ်နှံပြီးသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည်
အမေရိကန်ဒေါ်လာ ၁၆ ဘီလျံနီးပါး ဖြစ်လာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
စုစုပေါင်း၏ သုံးပုံတစ်ပုံကျော်ရှိသည်။
မြန်မာနိုင်ငံသို့
နိုင်ငံခြား ခရီးသွား ၀င်ရောက်မှု ဆက်တိုက်မြင့်တက် လျက်ရှိပြီး ယခုနှစ်တွင်
၂၀၁၂ ခုနှစ်ထက် ရာခိုင်နှုန်း ၄၀ ၀န်းကျင် တိုးတက် ၀င်ရောက်မည်ဟု
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက ခန့်မှန်းထားသည်။
၂၀၁၂ ခုနှစ်တွင် ရန်ကုန်လေဆိပ်မှ နိုင်ငံခြား ခရီးသွားဧည့်သည်
ခြောက်သိန်းကျော်နှင့် နယ်စပ်အသီးသီးမှ ၀င်ရောက်သူ လေးသိန်းကျော်ရှိပြီး
စုစုပေါင်း တစ်သန်းကျော် လာရောက်ခဲ့သည်။
လက်ရှိမြန်မာနိုင်ငံတွင်
နိုင်ငံသားနှင့် နိုင်ငံခြားသားပိုင် ဟိုတယ် ၇၅၀ နီးပါးရှိပြီး
အခန်းစုစုပေါင်း ၂၇၀၀၀ ကျော်ရှိသည်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင်
လုပ်ငန်းလည်ပတ်နေသော နိုင်ငံခြားဟိုတယ် ၃၀ လုံးရှိပြီး အခန်းပေါင်း ၅၂၀၇
ရှိသည်။ အခန်းပေါင်း ၂၄၀၀ ကျော်ပါဝင်မည့် နိုင်ငံခြား ဟိုတယ်စီမံကိန်း
ရှစ်ခုကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းများ ပြီးစီးပါက
နိုင်ငံခြားဟိုတယ် အခန်းအရေအတွက် ၇၈၅၀ ခန်း ရှိလာမည် ဖြစ်သည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment