Tuesday, July 16, 2013
အင်ဒိုအရှေ့ဖျား အတန်ငယ် ဝေးလံသီခေါင်သော ဒေသတစ်ခုတွင် အဆိုပါ
မတော်တဆဖြစ်စဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပရိသတ်များကြား အပြန်အလှန်
အငြင်းပွားရာမှ အဓိကရုဏ်းသဖွယ် ဖြစ်လာပြီး လူအများ ကစဥ့်ကလျား ပြေးလွှားခဲ့ကြခြင်း ဖြစ်သည်
အင်ဒိုနီးရှား နိုင်ငံတွင် လက်ဝှေ့ပွဲတစ်ခု ကျင်းပပြုလုပ်နေစဉ်အတွင်း
ဖြစ်ပွားသော လူအုပ်ပြိုကျမှုကြောင့် လူ(၁၈)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
အင်ဒိုအရှေ့ဖျား အတန်ငယ် ဝေးလံသီခေါင်သော ဒေသတစ်ခုတွင် အဆိုပါ
မတော်တဆဖြစ်စဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပရိသတ်များကြား အပြန်အလှန်
အငြင်းပွားရာမှ အဓိကရုဏ်းသဖွယ် ဖြစ်လာပြီး လူအများ ကစဥ့်ကလျား
ပြေးလွှားခဲ့ကြခြင်း ဖြစ်သည်။ ရှုံးနိမ့်သွားသည့် လက်ဝှေ့သမားကို
အားပေးသူများက ရန်ပွဲကို စတင်ခဲ့ခြင်းဟုလည်း ရဲများက ဆိုသည်။
အုတ်အော်သောင်းနင်း ပြေးလွှားကြရင်း လူအုပ်ပြိုကျမှု ဖြစ်ပွားရာမှ
လူအများအပြား သေဆုံးခဲ့သည့် အနိဋ္ဌာရုံ ဖြစ်စဉ်သို့ ဦးတည်သွားကြောင်း
ပါပူအာခရိုင် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အိုင်ဂီဓီ ဆူမာတာ ဂျာယားက
ရှင်းပြခဲ့သည်။ "(၁၇)ယောက် သေတယ်။ အဲဒီထဲမှာ အမျိုးသမီး
(၁၂)ယောက်ပါတယ်။ (၃၈)ယောက်က ဒဏ်ရာတွေရလို့ ဆေးရုံတက်ပြီး ကုသမှု
ခံယူနေရပါတယ်"ဟု ဆူမာတာ ဂျာယားက AFPသို့ ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က
ဒေသတွင်း ချန်ပီယံလုပွဲ တစ်ခုကို လူပေါင်း (၁၅၀၀)ကျော် အားပေး
ကြည့်ရှုခဲ့ကြပြီး နောက်ပိုင်းတွင် ပြဿနာ ဖြစ်ပွားလာခြင်းဟု သိရသည်။
မိမိတို့ အားပေးသူ ရှုံးနိမ့်သွားသည့်နောက် နာဘီရီမြို့ရှိ အားကစားရုံတွင်
ပရိသတ် အချို့က ခုံများဖြင့် ပစ်ပေါက်ကြရာ လူအများ အထိတ်တလန့် ပြေးလွှားပြီး
လူအုပ်ပြိုမှုဆီ ဦးတည်သွားခဲ့သည်။
"အကုန်လုံး ထပြေးကြတယ်။
ထွက်ပေါက်ဆီ လုပြေးကြတာပါ။ နောက်တော့ လူတော်တော်များများ လဲကုန်သလို
အနင်းလည်း ခံကြရတယ်"ဟု ဆူမာတာ ဂျာယားက ဆိုသည်။ မျက်မြင်တစ်ဦးကမူ
"အားကစားရုံက ဂိတ်(၅)ခုရှိတယ်။ ဒါပေမဲ့ အဲဒီပွဲမှာ ဂိတ်(၂)ခုပဲ
ဖွင့်ထားပါတယ်။ ကျွန်တော်ကတော့ ပြဿနာ စတာနဲ့ ကိုယ်နဲ့အနီးဆုံး ဂိတ်ပေါက်ကို
ပြေးတာပဲ"ဟု ပြောကြားခဲ့သည်။ (၂၀၁၁)ခုနှစ်က အင်ဒို၏မြို့တော် ဂျကာတာတွင်
ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မလေးရှားနှင့် ကစားစဉ်ကလည်း
လူအုပ်ပြိုကျမှုကြောင့် လူ(၂)ဦး သေဆုံးဖူးသည်။ (၂၀၀၈)ခုနှစ်၊ ဖေဖော်ဝါရီလက
ဘန်ဒွန်းတွင် Rockဂီတပွဲ တစ်ခုသို့ လူပေါင်းများစွာ သွားရောက် အားပေးရာမှ
လူအုပ်ပြိုကျမှု ဖြစ်ပေါ်ပြီး လူငယ်(၁၀)ဦး သေဆုံးခဲ့ဖူးသည်။ ထိုနှစ်၊
စက်တင်ဘာလတွင်ပင် ဂျာဗားအရှေ့ဘက်၌ ရာမာဒန် အထိမ်းအမှတ် ငွေကြေးဝေငှမှု
တစ်ခုအတွက် စုရုံးရာမှ လူအုပ်ပြိုကျပြီး (၂၁)ဦးထက်မနည်း
အသက်ဆုံးရှုံးခဲ့ရသည်။
Planet.com.mm
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment