19.12.2013
၁၉.၁၂.၂၀၁၃ရက်နေ့
၀၂၃၀အချိန် မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်၊ သူရလမ်း၊ အမှတ်(၉၀)၊
ဒေါ်ခင်သန်း၏နေအိမ်အောက်ထပ်တွင် ငှားရမ်းနေထိုင်သူ မျိုးမြင့်အောင်သည်
နေအိမ်အိပ်ခန်းအတွင်း၌ လျှပ်စစ်မီးပူအား မီးပလပ်ထိုးထားရာမှ အပူလွန်ကဲကာ အနီးရှိ အကြော်ကြော်ရာတွင်အသုံးပြုသည့် ပွဲအိတ်များအားမီးကူးစက်ေ
လောင်ကျွမ်းခဲ့သဖြင့် နေအိမ်အပါအ၀င် အခြားအိမ်ခြေ(၁၅)လုံး
မီးလောင်ကျွမ်းခဲ့ပါသည်။
အဆိုပါမီးလောင်ရာနေရာသို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီး တင်ဝင်း၊ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး
ဝင်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး
ဦးကျော်သူရ၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး
စိုင်းဝင်းအေး၊အကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး မျိုးမင်းဦးနှင့်
အနောက်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး
တို့ ရောက်ရှိခဲ့ကြပြီး မီးသတ်ဦးစီးမှူး ဦးကြည်ဝင်းဦးစီကာ မီးသတ်ဦးစီး
ဌာနမှ အုပ်ချုပ်မှုယာဉ် (၂)စီး၊ အထောက်အကူပြုယာဉ် (၄)စီး၊
မီးသတ်ယာဉ်(၅၀)စီးဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ပြီး ၀၃၂၅အချိန်တွင်
မီးငြိမ်းသွားခဲ့ကာ မီးလောင်မှုကြောင့်တန်းဘိုးငွေကျပ် (၇၃)သိန်းခန့်
ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၄၅)စု၊ လူဦးရေးစုစုပေါင်း (၂၀၈)ဦး
အိမ်းမဲ့အိမ်မဲ့ဖြစ်ကာ မစိုးရိမ်ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံတွင်
ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိခဲ့ရသောကြောင့် မီးပေါ့ဆစွာအသုံးပြုသူ
မျိုးမြင့်အောင်အား မရမ်းကုန်းမြို့မရဲစခန်း(ပ)၅၁၉/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့်
အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ
ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook
နဲ့ Youtube...
3 hours ago
No comments:
Post a Comment