၁၈-၁၂-၂၀၁၃
လာမယ့်နှစ် ဇန်န၀ါရီ ၁၂ ရက်ကစပြီး မြန်မာနဲ့ ကမ္ဘောဒီးယား အပြန်အလှန်
ဗီဇာ လျှောက်ထားစရာ မလိုပဲ ၀င်ထွက်သွားလာခွင့် ရတော့မယ်လို့
ကမ္ဘောဒီးယားသံရုံးရဲ့ တာဝန်ရှိသူ မြန်မာအရာရှိက အတည်ပြုပြောဆိုပါတယ်။
မြန်မာအစိုးရနဲ့ ကမ္ဘောဒီးယားအစိုးရတို့အကြား နှစ်နိုင်ငံဗီဇာ ကြိုတင်
လျှောက်ထားစရာ မလိုပဲ အပြန်အလှန် သွားလာခွင့် လက်မှတ်ရေးထိုးပြီးနောက် သူက
ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ
ကမ္ဘောဒီးယားနိုင်ငံကို သွားရောက် လည်ပတ်လိုသူတွေဟာ ဖနွမ်းပင် ဒါမှမဟုတ်
ဆီရမ်ရိလေဆိပ်မှာ ၁၄ ရက် ဗီဇာရမှာ ဖြစ်ပြီး ဗီဇာကြေးလည်း ပေးစရာ မလိုပါဘူး။
အလားတူ ကမ္ဘောဒီးယားနိုင်ငံသားတွေလည်း မြန်မာနိုင်ငံကို လာတဲ့အခါ
ဗီဇာကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံဟာ
ဖိလစ်ပိုင်နိုင်ငံနဲ့ အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်
လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။
ဒီဗွီဘီ
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ
ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook
နဲ့ Youtube...
2 hours ago
No comments:
Post a Comment