Sunday, September 29, 2013
ရွှေတိဂုံ စေတီတော်မြတ်ကြီးတွင် ကပ်လှူမည့် ငါးကြိမ်မြောက် ရွှေသင်္ကန်း
ကပ်လှူခြင်းအတွက် ကြေးပြား ကျိုကြိတ်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ
ဖြစ်၍ ယင်းကပ်လှူခြင်းကို ၂၀၁၅ နှစ်ဆန်းပိုင်း နောက်ဆုံးထား ကပ်လှူ
ပူဇော်သွားမည် ဖြစ်ကြောင်း ယင်းစေတီတော် ဝက်ဘ်ဆိုက်မှ တစ်ဆင့် The Voice ၏
မေးမြန်းချက်ကို ဖြေကြားသည်။
ရွှေသင်္ကန်းကို ၂၀၁၄ ခုနှစ် အောက်တိုဘာ
လလယ်ပိုင်းမှ စတင်ကာ ၂၀၁၅ နှစ်ဆန်းပိုင်းအထိ ကပ်လှူပူဇော်သွားမည်
ဖြစ်ကြောင်း ယင်းစေတီ ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်မှ သိရသည်။
ရွှေတိဂုံစေတီတော် မျက်ပါး သင်္ကန်းများ ကပ်လှူထားသော ပထမ ကြေးဝန်းနှင့်
ဒုတိယကြေးဝန်းတွင် ရွှေစင်ပြား (Gold Coating) အသစ် ကပ်လှူပူဇော်ရန်နှင့်
ယခင်ကပ်လှူ ပူဇော်ခဲ့သော ၅၀ ရာခိုင်နှုန်း ပျက်စီးသည့် ရွှေစင်ပြားများကို
အစားထိုး ကပ်လှူရန် ဖြစ်ကြောင်း ယင်းစေတီတော် ဂေါပကအဖွဲ့ ထုတ်ပြန်ချက်မှ
သိရသည်။
ရွှေပြားခတ် လုပ်ငန်းများမှ အသုံးပြု ပြီး ကြေးဘောင်၊
ကြေးပြားနှင့် ဖြတ်စ လေးတန်ကို ပြန်လည် ကျိုကြိတ်၍ တစ်ပေပတ်လည်
ကြေးနီပြားများနှင့် ၁၀ လက်မ ပတ်လည် ကြေးနီပြားများ ပြုလုပ်၍ ရွှေတိဂုံ
စေတီတော်ကြီးတွင် ရွှေသင်္ကန်းအဖြစ် ကပ်လှူသွားမည် ဖြစ်သည်။
စေတီတော်မြတ်ကြီး၏ လေးကြိမ်မြောက် ရွှေသင်္ကန်းကို ၂၀၀၉ ခုနှစ်တွင်
ကပ်လှူပူဇော်ခဲ့ပြီး ရွှေပြား အရေအတွက် ၁၀,၆၃၆ ချပ်၊ ကြေးပိဿာချိန် ၁၇,၇၃၁
ဖြင့် စေတီတော်ကြီး၏ ငှက်ပျောဖူး၊ အောက်ကြာနု၊ ကြာမှောက်၊ ကြာလန်၊ ရွဲ၊
ဖောင်းရစ်၊ သပိတ်မှောက်၊ ရင်စီး၊ ခေါင်းလောင်း၊ ပဉ္စမ၊ စတုတ္ထ၊ တတိယ
ကြေးဝန်းများတွင် ကပ်လှူပူဇော်ခဲ့ကြောင်း ယင်းစေတီတော် ဝက်ဘ်ဆိုက်၏
ကြေညာချက်မှ သိရသည်။
HMS
The Voice Weekly
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ
ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook
နဲ့ Youtube...
21 hours ago
No comments:
Post a Comment