Saturday, October 5, 2013
ပဲခူး တိုင်းဒေသကြီးအတွင်းရှိ ကျောက်
ကြီးမြို့နယ်မှာ မြေမြှုပ်မိုင်းဒဏ် အများဆုံးခံရသော ဒေသဖြစ်ပြီး
မိုင်းဒဏ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သူ အနည်းဆုံး ၃၃ဝမှ ၅၀၀
အထိရှိနေကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး စစ် တောင်းမြစ်အရှေ့ဘက်ကမ်း၊ အရှေ့ ရိုးမတောင်ခြေနှင့် တောင် ပေါ်ဒေ သဖြစ်သော
ကျောက်ကြီး၊ ရွှေကျင်နှင့် ထန်း တပင်မြို့နယ်တို့ ရှိဒေသခံပြည်သူများမှာ
မြေမြှုပ် မိုင်းများ၏ဒဏ် ကို ပြင်းထန်စွာခံ စားရကြောင်း၊ အထူးသဖြင့်
ကျောက် ကြီးမြို့နယ်မှာ မြေမြှုပ်မိုင်း ဒဏ် ခံရမှုအများဆုံးဖြစ်ကြောင်း
ပဲခူး တိုင်းဒေသကြီး ကျောက်ကြီးမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးဉာဏ်ဆွေဦးက ပြောသည်။ ယင်းသို့ ပြောကြားခြင်းမှာ အောက်တိုဘာ
၃ရက်ကကျင်းပ သော ပြည်သူ့ လွှတ်တော်တွင် နိုင်ငံတော်အတွင်း၌ အေးချမ်းသာ
ယာမှုမရှိခဲ့သည့်ဒေသ များတွင် ရှိသော စစ်ဘေးစစ် ဒဏ်ကြောင့် ခြေလက်အင်္ဂါ
ပြတ်တောက်ချို့ တဲ့ခဲ့ရသူများကို နိုင်ငံတော်အစိုး ရမှ ကူညီပေးရန်
အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ သည့်မေးခွန်းနှင့်စပ် လျဉ်း၍
ပြောကြားခဲ့ခြင်းဖြစ် သည်။
''စစ်ဘေးစစ်ဒဏ်ကြောင့် ဒေသခံတွေက
ခြေလက်တွေပြတ် ပြီးတော့ အခက်အခဲအမျိုးမျိုး ကို ယနေ့တိုင်တွေ့ကြုံနေရပါ
တယ်။ တချို့က ခြေထောက်နှစ် ဖက်စလုံးပြတ်တဲ့သူတွေရှိသလို တချို့က
တစ်ဖက်ပြတ်နေတဲ့သူ တွေရှိပါတယ်။ ဒီမြို့နယ်တွေက အသက်အန္တရာယ်ရှိတာသိပါ
လျက်နဲ့ စားဝတ်နေရေးချို့တဲ့ တဲ့အတွက် တောင်ခြေဒေသတွေ၊ တောင်ပေါ်
တောင်ယာလုပ်ငန်း တွေမှာ မျှစ်ချိုး၊ ဟင်းသီးဟင်းရွက် ရှာဖွေစားသောက်ရင်းနဲ့
မျှစ်တစ် ချောင်းနဲ့ ခြေထောက်တစ်ချောင်း ကို လဲလှယ်နေကြရပါတယ်။ ဟင်း
ရွက်တစ်ညွန့်၊ ဝါးတစ်လုံးနဲ့ ခြေ ထောက်နှစ်ချောင်းစွန့်လွှတ်နေ
ရတဲ့အဖြစ်ဆိုးတွေ မကြာခဏ ကြုံနေကြရပါတယ်''ဟု ဦးဉာဏ် ဆွေဦးက ပြောသည်။
အပစ်အခတ်ရပ်စဲပြီးသော် လည်း မြေမြှုပ်မိုင်းဟောင်းများ မကြာခ ဏပေါက်
ကွဲမှုကြောင့် နေရာ၌ပင်သေဆုံးခြင်း၊ ခြေလက် ပြတ်ခြင်းများကို ရင်နင့်ဖွယ်ရာ
ကြုံတွေ့နေရပြီး မိသားစုပါ စား ဝတ်နေရေး၊ လူမှုရေးအတိဒုက္ခ ရောက်နေကြောင်း
သိရသည်။
ယင်းနှင့်ပတ်သက်၍ ကျန်း မာရေးဝန်ကြီးဌာနမှ ပဲခူးတိုင်း
ဒေသကြီး အရှေ့ဘက်ရှိ မြို့နယ် များသည် ကရင်ပြည်နယ် စီမံချက် ဝင်မြို့များ
တွင်ပါဝင်သဖြင့် အ ပြည်ပြည်ဆိုင်ရာကြက်ခြေနီအ သင်း၏ အထောက် အပံ့ဖြင့် ကျန်း
မာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ခြေတုလက်တု တပ်ဆင်ပေးခြင်း အပြင်
ခရီးစရိတ်များပါထောက် ပံ့ပေးခြင်းတို့ ကို ဆောင်ရွက်လျက် ရှိကြောင်း၊
အဆိုပါခြေတုလက်တု ဆိုင်ရာ ပြန် လည်သန်စွမ်းရေးဌာ နမှ
ကျောက်ကြီးမြို့နယ်တွင် ခြေလက် အင်္ဂါချို့တဲ့သွားသူများ ကို
မြို့နယ်ကြက်ခြေနီအသင်း များနှင့်ပူပေါင်း ၍ နှစ်စဉ် နှစ်ကြိမ် မှ
သုံးကြိမ်အထိ ဆောင်ရွက်ပေး လျက်ရှိသည့် အပြင် ခြေတုလက်
တုမတပ်ဆင်ရသေးသူများကို ရှာဖွေဖော်ထုတ်တပ်ဆင်ပေး ခြင်းတို့ကို
လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။
အောင်သက်ကို
Yangon Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment