Monday, July 01, 2013
မြ၀တီနယ်စပ် ကုန်သွယ်မှု လမ်းကြောင်း၏ အဓိက အချက်အချာကျပြီး တစ်ခုတည်းသော ကုန်သွယ်လမ်းကြောင်း ဖြစ်သော ဒေါနတောင်ကျော်လမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တောင်ပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဒေါနတောင် မြေသားပြိုဆင်းမှု များကြောင့် ဇွန် ၂၅ ရက်က မြ၀တီသို့ သွားရောက်သည့် အတက် ယာဉ်တန်း ပိတ်မိနေခဲ့ကြောင်းလည်း သတင်းရရှိသည်။
အဆိုပါ လမ်းပိတ်ဆို့မှုကြောင့် သက်ဆိုင်ရာ လမ်းရှင်းလင်းရေးအဖွဲ့မှ သွားရောက် ရှင်းလင်းခဲ့ပြီး ဇွန် ၂၅ မွန်းလွဲပိုင်းတွင် ဆိုင်ကယ်နှင့် ကားအချို့ စတင်ဖြတ်သန်း နိုင်ခဲ့ကြောင်း သိရသည်။
''မနက်ကတည်းကလာပြီး လမ်းရှင်းကြတာပါ။ ဖြစ်တာတော့ မနက် ၃ နာရီ ခန့်မှာလို့ မှန်းပါတယ်။ ခုနေ့လယ် ၂ နာရီကျော်မှာ ဆိုင်ကယ်နဲ့ ကား တစ်စီးစ နှစ်စီးစ လွှတ်ပါတယ်။ နောက်ထပ် ခဲလုံးကြီးတွေ ပြိုဆင်းလာတဲ့အတွက် ကားသွားလာမှုကို ရပ်ထားပါတယ်'' ဟု လမ်းလုပ်သား အဖွဲ့မှ ခေါင်းဆောင် ဖြစ်သူက ဆိုသည်။
ဒေါနတောင်ကျော် ကုန်သွယ်လမ်းကြောင်းပေါ်ရှိ မိုင်တိုင်အမှတ် (၈၇/၀) ဖြတ်လမ်းကြီးကွေ့လမ်း အပေါ်ဘက် တောင်စောင်းရှိ မြေသားနှင့် ခဲလုံးကြီးများ ပြိုဆင်းကာ ကားလမ်းတွင် ပိတ်ဆို့နေခြင်းဖြစ်သည်။
လမ်းရှင်းမှု အနေအထားအရ ကားလေးတစ်စီးစာ သွားလာ၍ ရပြီဖြစ်သော်လည်း ပေတစ်ရာကျော်ခန့် အမြင့်ရှိသော ချောက်ကမ်းပါး ခဲလုံးများ ပြိုဆင်းမှု အခြေအနေကို ကြည့်ပြီး လမ်းရှင်းခြင်းကို လုပ်ဆောင်နေကြကြောင်း သိရသည်။
''မိုးများရင် တောင်ပြိုတာတွေ မကြာခဏ ဖြစ်တတ်ပါတယ်။ မိုးအရမ်းကြီးရင် အခုလို လမ်းပိတ်တဲ့အထိ ဖြစ်ပါတယ်။ ဒီမိုးတွင်းအစမှာတော့ လမ်းပိတ်တာ ဒီတစ်ခါပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သတိပြုဖို့တော့ လိုပါတယ်။ ဒီလမ်းက အဓိက လမ်းတစ်ခု ဖြစ်နေတော့ တောင်ပြိုလို့လမ်းပိတ်ပြီဆိုရင် ကားတွေ၊ ခရီးသည်တွေ အများကြီး တောင်ပေါ်မှာ ညအိပ်စောင့်ရလိမ့်မယ်'' ဟု ဒေသခံတစ်ဦးက ပြောကြားပါသည်။
ယခုနှစ်တွင်မိုးရွာသွန်းမှု နည်းသော်လည်း အဆိုပါ ဖြတ်လမ်းကြီးကွေ့တွင် တောင်ချောက်ကမ်းပါး ပြိုဆင်းခဲ့သည်မှာ သုံးကြိမ်ရှိခဲ့ပြီဖြစ်ကာ ယခုအကြိမ်သည် အများဆုံးဖြစ်၍ ယာဉ်သွားလာခြင်းများ ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment