Monday, July 01, 2013
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် အာဆီယံစံနှုန်း ညီခြင်း၊ မညီခြင်း ဆိုသည်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးနှင့် သက်ဆိုင်ခြင်း မရှိဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်သူ ဦးသိန်းညွန့်က ပြောကြားသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ဇွန်၂၉ ရက်က ပြုလုပ်သော စတုတ္ထမဏ္ဍိုင်နှင့် မြန်မာ့ဒီမိုကရေစီ ဟောပြောပွဲတွင် တက်ရောက်လာသူ ပရိသတ်တစ်ဦး၏ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို လက်ခံရမည် ဖြစ်သည့်အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် အာဆီယံစံနှုန်းနှင့် ကိုက်ညီမှု ရှိပါသလားဟူသော မေးခွန်းကို ယင်းကဲ့သို့ ဦးသိန်းညွန့်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဥပဒေများကို ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အတည်ပြုခြင်းများ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာကြီးသည် ယခုအချိန်တွင် ရွာကြီးတစ်ရွာ ဖြစ်နေသည်ဟု ဆိုသော်လည်း တစ်ဦးနှင့်တစ်ဦး နိုင်ငံသားစံနှုန်း၊ ဥပဒေများကို ရေးဆွဲသည့် အခါတွင်မူ မိမိတို့ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မည့် အချက်အလက်များကိုသာ သုံးကြကြောင်း၊ မိမိတို့နိုင်ငံ၏ အချုပ်အခြာ အာဏာကို မိမိတို့ကသာ ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောကြားသည်။
''၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေသည် မိမိတို့နိုင်ငံ ထာဝရအဓွန့်ရှည် တည်တံ့ရန် ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက် အာဆီယံနိုင်ငံများနဲ့ စံနှုန်းတွေ ညီညွတ်ခြင်း၊ မညီညွတ်ခြင်းဟာ ကျွန်တော်တို့နိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးအတွက် ဘာမှထိခိုက်စရာ အကြောင်း မရှိဘူး'' ဟု ဦးသိန်းညွန့်က ဆိုသည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် ပြင်ဆင်ရန် မလိုအပ်ဘဲ ပြင်ဆင်ခဲ့ပါကလည်း ခေတ်နှင့် မလျော်ညီတော့သည့် ငွေဒဏ်များကိုသာ ပြင်ဆင်သင့်ကြောင်း ဦးသိန်းညွန့်က ပြောကြားထားသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလက ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အဆိုတင်သွင်းခဲ့ပြီး ကန့်ကွက်မဲ များသောကြောင့် မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်။
မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို တာဝန်ထမ်းဆောင်မည် ဖြစ်ပြီး ယင်းအတွက် အစိုးရက ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီ ဖြစ်သည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment