26-12-2013
ဥမင်လှိုဏ်ခေါင်းကို သေသပ်စွာ ဖောက်လုပ်တည်ဆောက်ထားခြင်းဖြစ်ပြီး
ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၅ သိန်းအထိ ကုန်ကျနိုင်ကြောင်း
တာဝန်ရှိသူများက ပြောကြား
တရုတ်အာဏာပိုင်းများသည် ပြည်မကြီးနှင့် ဟောင်ကောင်ကို ဆက်သွယ်ထားသော
မှောင်ခိုသမားများ၏ လျှို့ဝှက်ဥမင်လှိုဏ်ခေါင်းတစ်ခုကို
ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရသည်။ ဥမင်လှိုဏ်ခေါင်းကို
ကွန်ကရစ်နံရံများဖြင့် တည်ဆောက်ထားပြီး အတွင်းပိုင်းတွင်
လျှပ်စစ်မီးအလင်းရောင်ရရှိစေရန် ဆောင်ရွက်ထားသည်။ လှိုဏ်ခေါင်းမှာ
ရှန်ဇန်းမြို့ရှိ ကားဂိုဒေါင်တစ်ခုအောက်မှ စတင်ခဲ့ပြီး ပေ ၁၃၀
ခန့်ရှည်လျားကာ ဟောင်ကောင်ရှိ ကျူပင်တောများ ဖုံးလွှမ်းထားသည့်နေရာသို့
ရောက်ရှိရန် တည်ဆောက်ထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မှောင်ခိုဂိုဏ်းများသည် အဆိုပါ ဥမင်လှိုင်ခေါင်းမှတစ်ဆင့်
မိုဘိုင်းလ်ဖုန်းနှင့် အခြား အီလက်ထရောနစ် ပစ္စည်းများကို ဟောင်ကောင်သို့
တင်ပို့ရန် ရည်ရွယ်ခဲ့သည်ဟု တရုတ်အာဏာပိုင်များက ယုံကြည်ကြသည်။
ဟောင်ကောင်တွင် သွင်းကုန်အပေါ် စည်းကြပ်ကောက်ခံသည် အခွန်နှုန်းထားမှာ
တရုတ်ပြည်မကြီးနှင့် မတူညီချေ။ မှောင်ခိုသမားများ အနေဖြင့် နယ်စပ်ဖြတ်ကျော်
ကုန်စည်ပို့ဆောင်ခများနှင့် အခွန်အခများကို တိမ်းရှောင်၍ ကြီးမားသည့်
အမြတ်အစွန်း ရရှိနိုင်ကြောင်း သိရသည်။ ဥမင်လှိုဏ်ခေါင်းကို ပြီးခဲ့သည့်
သီတင်းပတ်အတွင်း ရှန်ဇန်းမြို့ ဆင်ခြေဖုံးရှိ ချန်ဂလင်းကျေးရွာတွင်
စတင်ခြေရာခံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါကျေးရွာတွင် နေထိုင်သည့်
အမျိုးသမီးတစ်ဦးက လွန်ဖောက်သံများ ဆူညံစွာ ကြားနေရကြောင်းနှင့်
အဆောက်အအုံအဟောင်း ပြင်ဆင်မှု ပြုလုပ်သည်ဟု ထင်မြင်ခဲ့ကြောင်း
ပြောကြားရာမှတစ်ဆင့် လျှို့ဝှက် ဥမင်လှိုင်ခေါင်းကို
ခြေရာခံမိခဲ့ခြင်းဖြစ်သည်။
ဥမင်လှိုဏ်ခေါင်းကို သေသပ်စွာ
ဖောက်လုပ်တည်ဆောက်ထားခြင်းဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၅
သိန်းအထိ ကုန်ကျနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ဥမင်လှိုဏ်ခေါင်းမှာ အမြင့် ၃ ပေကျော်ခန့်ရှိပြီး အကျယ် ၂ ပေခန့်ဖြစ်သည်။
ဥမင်လှိုင်ခေါင်း ဦးတည်ဖောက်လုပ်နေသည့် ဟောင်ကောင်ရှိ ကျေးရွာတစ်ရွာသို့
ရောက်ရှိရန် ၆၅ ပေခန့် လိုသေးကြောင်း သိရသည်။ တရုတ်အာဏာပိုင်များက
အင်္ဂါနေ့တွင် အဆိုပါ ဥမင်လှိုင်ခေါင်းကို ဖျက်ဆီးပစ်လိုက်ပြီး လူတစ်ဦးကို
ဖမ်းဆီးခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြသည်။
Planet Myanmar Network
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ
ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook
နဲ့ Youtube...
1 day ago
No comments:
Post a Comment