Sunday, October 20, 2013
နှစ်ဖက်တပ်များ ပြန်လည်နေရာ ချထားရေးကိစ္စ အဆင်ပြေမှသာ နိုင်ငံလုံး ဆိုင်ရာ
အပစ်အခတ် ရပ်စဲရေးတွင် လက်မှတ်ရေးထိုးမည်ဟု ကြေညာထားသော ကရင်တိုင်းရင်းသား
တိုးတက်ရေး ပါတီ (KNPP) နှင့် အစိုးရအဖွဲ့တို့ တပ်ပိုင်းဆိုင်ရာ
နေရာချထားရေး အတွက် အောက်တိုဘာလ ၂၁ ရက်နေ့တွင် လွိုင်ကော်မြို့၌
တွေ့ဆုံသွားမည် ဖြစ်ကြောင်း လွိုင်ကော်မြို့နယ် (KNPP) ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီးရယ် က ပြောကြားသည်။"အစိုးရဘက်က တပ်တွေက အခုနောက်ပိုင်း ပိုပြီးတော့ များလာတယ်။ အဲဒါကို လျှော့ချဖို့ ဆွေးနွေးမှာပါ" ဟု ၄င်းက ပြောကြားသည်။
KNPP နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်မည်မှာ ဟုတ်မှန်သော်လည်း
တွေ့ဆုံမည့်ရက်ကို အတိအကျ မသိသေးကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)
မှ ဒေါက်တာမင်းဇော်ဦးက ပြောဆိုသည်။
"အရင်ဆွေးနွေးပွဲတွေမှာ မပြတ်ခဲ့တဲ့ အချက်တွေကို ဆွေးနွေးသွားမှာပါ" ဟု ၄င်းကဆိုသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို တက်ရောက် လက်မှတ်ထိုးရန် အတွက်
KNPP ထိန်းချုပ်နယ်မြေ အတွင်းရှိ အစိုးရတပ်များ လျှော့ချရေးကို
တောင်းဆိုသွားမည် ဖြစ်ကြောင်း KNPP က ထုတ်ပြန် ကြေညာထားသည်။ ၂၀၁၂
ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ အပစ်အခတ် ရပ်စဲထားသော KNPP အဖွဲ့သည်
အစိုးရနှင့် ခုနစ်ကြိမ်မျှ တွေ့ဆုံဆွေးနွေးထားပြီး ဖြစ်သော်လည်း
နှစ်ဖက်တပ်များ နေရာချထားရေး အတွက် ဆွေးနွေးထားခြင်း မရှိသေးကြောင်း KNPP
ထံမှသိရသည်။
The Voice Weekly
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ
ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook
နဲ့ Youtube...
3 hours ago
No comments:
Post a Comment