Wednesday, August 21, 2013
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိက ဆန်စပါးစိုက်ပျိုးရာ ရွှေဘိုခရိုင်တွင်
ယခုနှစ် အတွင်း ဆည်ရေ မရရှိခဲ့ခြင်းကြောင့် ဆန်အထွက်နှုန်းများ
လျော့ကျခဲ့သဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ မနောသုခဆန် များကို မှာယူတင်သွင်း
ရောင်းချနေရကြောင်း မုံရွာမြို့ ဆန်ပွဲရုံအများစုမှ ပွဲရုံ ပိုင်ရှင်များက
ပြောကြားသည်။
"နှစ်တိုင်း ဧရာဝတီတိုင်းက ဆန်ကို ဝယ်သုံးရတာပဲ၊ ဒါပေမဲ့
မနှစ်က ဧပြီလ တစ်လတည်းပဲ ဧရာဝတီတိုင်းကဆန် မှာသုံးရတယ်၊ ဒီနှစ်ကတော့
ဧပြီလကနေ အခု သြဂုတ်လအထိကို မှာသုံးနေရတုန်းပဲ၊ ဆန်ဈေးတွေကလည်း တက်တယ်၊
မနောသုခ စဝယ်တုန်းက တစ်တင်းခွဲဝင် တစ်အိတ်ကို တစ်သောင်းလေးထောင်လောက်
ပေးရတယ်။ အခုတစ်အိတ်ကို ခုနစ်ထောင်လောက် တက်နေပြီ။ နှစ်သောင်းတစ်ထောင်ထိ
ပေးဝယ်နေရပြီ" ဟု မုံရွာမြို့ အေးသာယာ ရပ်ကွက် ရတနာလှိုင် ဆန်ပွဲရုံမှ
ပွဲရုံပိုင်ရှင် ဦးတင်လှိုင်ကပြောကြားသည်။ မုံရွာမြို့တွင်
ပြန်လည်ရောင်းချမည့် ဆန်များကို ပုသိမ်နှင့်မြောင်းမြမြို့ တို့မှ
သင်္ဘောဖြင့် မုံရွာသို့ အရောက်ဝယ်ယူရပြီး ယခုနှစ် ဧပြီလမှ
သြဂုတ်လအတွင်းမုံရွာ ဆန်ဈေးကွက်သို့ ဆန်တင်းပေါင်း ရှစ်သောင်းနီးပါးခန့်
ဝင်ရောက်နိုင်ကြောင်း ၄င်းက ခန့်မှန်းပြောကြားသည်။
စပါး
အဓိကစိုက်ပျိုးထုတ်လုပ်ရာ ဒေသများဖြစ်သော ရွှေဘိုခရိုင်အတွင်းရှိ ရေဦးနှင့်
တန့်ဆည်မြို့ သို့လည်း ဧရာဝတီ တိုင်းဒေသကြီးမှ မနောသုခဆန်များကို
လက်ရှိအချိန်တွင် တင်ပို့နေရကြောင်း၊ ရွှေဘိုခရိုင်အတွင်း အဓိကစိုက်ပျိုးသော
စပါးများမှာ ဧရာမင်း၊ ပေါ်ဆန်းစသည့်
မျိုးကောင်းစပါးများ ဖြစ်သည့်အတွက်
၎င်းတို့ကို ရောင်းချ၍ ဈေးသက်သာသော မနောသုခဆန်များ ပြန်လည်စားသုံးသည့်
အတွက်စပါး ထွက်ရာဒေသများ သို့လည်း ဧရာဝတီတိုင်း ဆန်များကို တင်ပို့နေရ
ကြောင်း ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ယခုနှစ်အတွင်း
စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း အဓိက စပါးစိုက်ပျိုးသည့်ဒေသ ဖြစ်သော
ရွှေဘိုခရိုင်အတွင်းနွေစပါး စိုက်ခင်းများမှာ သဖန်းဆိပ်ဆည်ရေ မရရှိသည့်
အတွက် စိုက်ဧက သုံးသိန်းနီးပါး ရှိသော်လည်း စိုက်ပျိုးဧကတစ်သိန်းသာ
စိုက်ပျိုးနိုင်ခဲ့ကြောင်း ရွှေဘိုခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ
စာရင်းဇယားများအရ သိရသည်။
The Voice Weekly
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ
ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook
နဲ့ Youtube...
3 hours ago
No comments:
Post a Comment