Thursday, June 13, 2013
ဂရိနိုင်ငံမှာ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ငွေသုံးစွဲမှုကို လျော့ချတဲ့အနေနဲ့
နိုင်ငံပိုင် ရုပ်မြင်သံကြားအစီအစဉ်နဲ့ ရေဒီယိုအစီအစဉ်အားလုံးကို ရုတ်တရက်
ပိတ်ချလိုက်တဲ့အတွက် အလုပ်သမားသမဂ္ဂကတွေက သပိတ်မှောက်နေကြပါတယ်။
မြို့တော် အေသင်မြို့ရှိ နိုင်ငံပိုင် ရုပ်မြင်သံကြား ရုံးချုပ်ရှေ့မှာ
ထောင်နဲ့ချီတဲ့ လူတွေ ဆန္ဒပြကြတာဖြစ်ပြီး တခြားပုဂ္ဂိလပိုင် မီဒီယာက
သတင်းထောက်တွေနဲ့၊ ရုပ်မြင်သံကြား အစီအစဉ်တွေလည်း ဝိုင်းဝန်း သပိတ်မှောက်
နေကြပါတယ်။ပုဂ္ဂလိက ရုပ်မြင်သံကြား ဌာနတွေက ဆန္ဒပြတဲ့အနေနဲ့
သတင်းအစီအစဉ်ကို မထုတ်လွှင့်တော့ပဲ ဇာတ်လမ်းတွေကိုသာ ထုတ်လွှင့် ပြသကြတယ်လို့
သိရပါတယ်။
အစိုးရ ရုပ်မြင်သံကြား ဝန်ထမ်းတွေနဲ့ ရေဒီယို
အစီအစဉ်ဝန်ထမ်းတွေက သူတို့ကို ကြိုတင်အကြောင်းကြား တာတွေ မလုပ်တာကို
ဆန့်ကျင်ကြသလို တချို့ တဝက်ကိုသာ အလုပ် ထုတ်တာမဟုတ်ပဲ ဌာနတစ်ခုလုံးကို
ရုတ်တရက် ပိတ်ချလိုက်တဲ့ အတွက်လည်း ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။
ဂရိနိုင်ငံက တင်ရှိနေတဲ့ ကြွေးမှီတွေကို ဆပ်နိုင်ဖို့ အသုံးစရိတ်ကို
လျော့ချတဲ့အနေနဲ့ ခုလို အစိုးရပိုင် ERT ရုပ်မြင် သံကြား အစီအစဉ်ကို
ပိတ်ချတာ ဖြစ်တယ်လို့ ဂရိအစိုးရက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ဖို့ နိုင်ငံရေးပါတီတွေနဲ့ သမဂ္ဂအဖွဲ့တွေက အစိုးရကို တိုက်တွန်းထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ
ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook
နဲ့ Youtube...
55 minutes ago
No comments:
Post a Comment