မူလစာမျက်နှာ
သတင်း
ဆောင်းပါး
အိတ်ဖွင့်ပေးစာ
NLD
၈၈ မျိုးဆက်
ကာတွန်း
နိုင်ငံတကာရေးရာ
စီးပွားရေးသတင်း
နည်းပညာ
အထူးသတင်း
အနုပညာ
ဓာတ်ပုံ
အထွေထွေ
Sunday, December 02, 2012
အစိုးရမှဥပဒေနှင့်အညီ လုပ်ဆောင်ကြောင်း ကြေညာချက်ပယ်ဖျက်ပြီးနောက် သပိတ်စခန်းများအား နိုင်ငံတကာ အဓိကရုဏ်းနှိမ်နင်းရေး နည်းစနစ်အတိုင်းသာ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခုခံပြောကြားမှု နိုင်ငံပိုင်မီဒီယာများ ဖော်ပြ
မုံရွာဆေးရုံတွင် ဆေးကုသမှုခံယူနေသော သံဃာတော်များ
အစိုးရမှ ဥပဒေနှင့်အညီ လုပ်ဆောင်ကြောင်း ကြေညာချက် ပယ်ဖျက်ပြီးနောက် သပိတ်စခန်းများအား နိုင်ငံတကာ အဓိကရုဏ်းနှိမ်နင်းရေးနည်းစနစ်အတိုင်းသာ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ခုခံပြောကြားမှုကို နိုဝင်ဘာလ ၃၀ ရက် ညသတင်းများအပြီး၌ နိုင်ငံပိုင်မီဒီယာများတွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး သူရသွင်ကိုကိုက နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီတွင် သပိတ်စခန်းများကို ဖြိုခွင်းခဲ့ခြင်းသည် မလွှဲမရှောင်သာဘဲ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်းနှင့် နိုင်ငံတကာ အဓိကရုဏ်းနှိမ်နင်းရေး နည်းစနစ်များအတိုင်းသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ အကြိမ်ကြိမ်အသံချဲ့စက်များဖြင့် သက်ဆိုင်ရာ သပိတ်စခန်းများမှာ အသိပေးကြေညာပြီး ဆောင်ရွက်ခဲ့သော်လည်း ၂၉ ရက်နေ့ သုံးနာရီမှာတော့ မည်သည့်နည်းနှင့်မှ ထွက်ခွာနိုင်သည့် အနေအထားမှာ မရှိတဲ့အတွက် ထပ်မံအသိပေး မေတ္တာရပ်ခံပြီးတော့ မလွှဲသာမရှောင်သာဘဲ ၃ နာရီမှာ သပိတ်စခန်းလေးခုကို ကျွန်တော်တို့ နိုင်ငံတကာစံချိန်စံညွှန်များဖြင့် ခွင့်ပြုထားတဲ့အတိုင်းပဲ မီးသတ်ပိုက်များဖြင့် ဖြိုခွဲခြင်း၊ မျက်ရည်ယိုဗုံးသုံးခြင်း၊ မီးခိုးဗုံးသုံးခြင်းများကို မလွှဲသာမရှောင်သာဘဲ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ရပါတယ်။ အဲလိုဆောင်ရွက်ခဲ့တဲ့ နေရာမှာ အင်အားကိုလည်း အတတ်နိုင်ဆုံး အသင့်အတင့်သာ သုံးခဲ့ကြောင်း တွေ့ရှိရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံပိုင်မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုများတွင် မုံရွာပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွဋ်၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာလှဘုန်းနှင့် မှုခင်းဆရာဝန်ကြီး ဒေါက်တာဌေးတင်ချစ်တို့လည်း ပါဝင်ခဲ့ပြီး မီးလောင်ဒဏ်ရာများမှာ သာမန်မီးလောင်မှုများသာဖြစ်ပြီး နိုင်လွန်သင်္ကန်း၊ ပလတ်စတစ်စသည့် ပစ္စည်းများ မီးလောင်ပြီး ခန္ဓာကိုယ်ပေါ် ကျသည့်အတွက်သာ အကွက်လိုက်လောင်ကွက်များ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသွားခဲ့သည်။
ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာလှဘုန်းက “အဲဒီနေ့မနက် ကျွန်တော်တာဝန်ကျတဲ့အချိန်မှာ ရဟန်းသံဃာတွေ ခွဲစိတ်ဆောင်ကို ရောက်လာပါတယ်။ ရောက်ရှိလာတဲ့ အများစုဟာ မီးလောင်တဲ့ဒဏ်ရာတွေ ချည်းပါပဲ၊ လူနာတွေကို စစ်ဆေးရာမှာ သာမန်မီးလောင်မှု ဒဏ်ရာတွေအဖြစ် မြင်တွေ့ခဲ့ရပါတယ်။ မီးလောင်ခံရတဲ့အကွက်တွေမှာ ပလတ်စတစ်အစနဲ့ ချည်ထည်မဟုတ်တဲ့ နိုင်လွန်သင်္ကန်းစတွေ မီးနဲ့ထိတွေ့ပြီး သံဃာတော်တွေရဲ့ အရေပြားကို ထိကပ်ခံရပြီး မပြင်းထန်တဲ့ အနာပေါက်တချို့ ရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက အတွင်းလူနာတွေအဖြစ် အထူးအစီအစဉ် တစ်ရပ်အနေနဲ့ ကြပ်မတ်ကုသ ဆောင်ရွက်လျက်ရှိပါတယ်။ အချိန်ပြည့်ကုသပေးလျက် ရှိပါတယ်” ဟု ပြောကြားသည်။
“ပြင်လိုက် အပေါ်ယံမီးလောင်တဲ့ ဒဏ်ရာတွေကို သုံးသပ်တဲ့အခါမှာ ပုံမှန်မီးစွဲလောင်လို့ရတဲ့ ဒဏ်ရာအမျိုးအစား ဖြစ်ပါတယ်။ အကွက်လိုက်၊ ဧရိယာအလိုက် အသေးလေးတွေမှာ အနည်းငယ်နက်တဲ့ ဒဏ်ရာအမျိုးအစားလေးတွေလည်း တွေ့ရပါတယ်။ ဒါတွေကလည်း ပူပြီးတော့ မီးလောင်နေတဲ့ အရာဝတ္ထုပစ္စည်းတွေ ခန္ဓာကိုယ်နဲ့ထိကပ်ရင်၊ ခန္ဓာကိုယ်ပေါ်ကျရင် ရနိုင်တဲ့ ဒဏ်ရာအမျိုးအစားတွေ ဖြစ်ပါတယ်” ဟု မှုခင်းဆရာဝန်ကြီး ဒေါက်တာဌေးတင်ချစ်က ပြောကြားခဲ့သည်။
“ စီအန်ဗုံးတွေသုံးရင် ထိပြီးရင် ကပ်သွားတယ်။ ကပ်ပြီးရင် မီးလောင်တယ်။ သူက ပြင်းအားအများကြီး သုံးလိုက်လို့ရတယ်။ ပါဝင်တဲ့ပစ္စည်းကို ပြင်းအားအများကြီးသုံးရင် များသလောက် မီးလောင်ဘုတွေလို ဖြစ်တယ်။ မီးလောင်နိုင်တာပဲ။ အဲဒါအပြင် Benzene ကိုသုံးရင် ဒီတိုနေတာလို မီးလောင်နိုင်တဲ့ပစ္စည်းကို ထည့်လိုက်ရင် မီးလောင်တဲ့ Petroleum Jelly လိုမျိုး ထည့်ထားရင် အသားမှာ ကပ်သွားတယ်။ လောင်ရင် ခွာလို့မရဘူး။ အပေါ်ကအရေပြား လောင်သွားတာပေါ့။ ဆရာဝန်ကြီးတွေ သိပါတယ်။ ဒီအရေပြားက ဘယ်တော့မှ ပြန်ပြီးလုပ်လို့မရတော့ဘူး။ မီးခိုးဗုံးရော၊ မျက်ရည်ယိုဗုံးကြောင့်ရောကတော့ မီးမလောင်နိုင်ဘူး။ မီးခိုးဗုံးမှာတော့ ထည့်တဲ့ပစ္စည်းက ဘာတွေထည့်ထားလဲဆိုတာ သူမပြောဘူးလေ။ နောက်တစ်မျိုးက စီအန်ဘီဆိုပြီးတော့ ရှိတယ်။ အဲဒီစီအန်ဘီကလည်း မျက်ရည်ယိုဗုံးပဲ။ ဒါပေမယ့် ပြင်းပြင်းထန်ထန် ဖြစ်စေတယ်။ မျက်ရည်ယိုဗုံးက သွားရင် မီးခိုးအနောက်ကထွက်ပြီး ခုန်ခုန်သွားတယ်။ မီးလောင်တဲ့ဟာ တစ်ခါမှမဖြစ်ဘူး။ ဒီဟာကို သေသေချာချာ Analysis လုပ်လိုက်မှ သိမှာပေါ့။ အခုက အနံ့လည်း မထွက်ဘူး။ ဘယ်သူမှလည်း မျက်ရည်မယိုဘူးဆိုတော့ တစ်မျိုးကြီးဖြစ်နေတယ်” ဟု အင်္ဂလန်နိုင်ငံ၊ ဆဲလ် ဖို့ဒ်တက္ကသိုလ်မှ ဓာတုဗေဒ ဒေါက်တာဘွဲ့ရခဲ့သူ ဒေါက်တာခင်မောင်ညိုက ပြောပါသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်းများကို နိုဝင်ဘာလ ၂၉ ရက် နေ့နံနက် ၃ နာရီ အချိန်မှစတင်၍ လုံခြုံရေးရဲတပ်ဖွဲ့မှ မီးသတ်ပိုက်များ၊ မီးလောင်ဗုံးများအသုံးပြု၍ လူစုဖြိုခွဲခဲ့သောကြောင့် သံဃာတော်များ အပါအဝင် ရာဂဏန်းဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးက ယင်းနေ့ညနေပိုင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာထားသည်ကို သိရှိလျက် သပိတ်စခန်းများဖွင့်ခြင်း၊ စီမံကိန်းပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ စီမံကိန်းထောက်ပံ့ရေးစနစ်များကို ဖျက်ဆီးခြင်း၊ ဝန်ထမ်းများကို အနှောင့်အယှက်ပေးခြင်းတို့ဖြင့် ဥပဒေနှင့်မညီစွာ လူစုလူဝေးနှင့် ဆူပူဆန္ဒပြလာခဲ့ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရခြင်းသည် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် သတင်းထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်ကို နာရီပိုင်းအတွင်း ပြန်လည်ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
My Blog List
VOA News: သတင်း
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube...
2 hours ago
DVB
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ်
-
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...
2 years ago
သစ်ထူးလွင်
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...
3 years ago
ဒေါက်တာလွဏ်းဆွေ
နောက်ဆုံးရ မြန်မာသတင်းများ
-
နောက်ဆုံးရ မြန်မာသတင်းများအား ပုံပေါ် ကလစ်၍ ဖတ်ရှုပါ။
5 years ago
ဒေါင်းမာန်ဟုန်
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန်
-
[image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...
7 years ago
Narinjara News Burmese Online 24 X 7
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို
-
နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...
7 years ago
ဒီမိုဝေယံ
-
အမေ့သမီးတွေနဲ့ အတူ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နဲ့ အတူရှိနေကြမယ် photo credit Eleven Media Group
7 years ago
မြန်မာ့သားကောင်း
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင်
-
၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...
10 years ago
The Irrawaddy's Blog
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ
-
ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...
10 years ago
ဆုံနေကြ
-
*A Father's Tear (အဖေ့မျက်ရည်) * လူတစ်ယောက်မိခင်များနေ့မှာနှင်းဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့ စည်းပြီးဈေးအ၀မှာသွာ...
13 years ago
မြန်မာပြည်သား
-
ဒေါက်တာမျိုးချစ်
-
No comments:
Post a Comment